ဂန်ဘိနာတစ်ယောက် ဟန်ဒါအွန်ကို
ဖိုင်မွန်လက်ထဲကနေ ကယ်ခဲ့ပြီးတဲ့ နောက်မှာတော့ ဟန်ဒါအွန်ကိုဖက်ကာ
ရှေ့လျှောက်လည်း ဟန်ဒါအွန်ကို ကာကွယ်ပေးဖို့ ကတိပေးနေခဲ့ပါတယ်။
အဲ့ဒီချိန်မှာပဲ ဖိုင်မွန်က မသေသေးဘဲ
ဂန်ဘိနာကိုထိူးသတ်ဖိူ့ လာနေခဲ့ပါတယ်။ ဟန်ဒါအွန်လည်း
ဖိုင်မွန်လာနေတာကိုမြင်သွားပြီး ဂန်ဘိနာကို မထိုးမိအောင် ကြားကနေ ၀င်ပြီး ခံလိုက်ပါတယ်။
ဖိုင်မွန်က ထိုးသတ်ပစ်ဖို့လုပ်လိုက်တဲ့အချိန်မှာပဲ ဂလယ်မိုရီရောက်လာပြီး
ဖိုင်မွန်ကို တွန်းထုတ်ပစ်လိုက်ပါတယ်။
ဖိုင်မွန်လည်း လဲကျသွားပြီးတဲ့နောက်မှာ ဂလယ်မိုရီက
ဖိုင်မွန်ရဲ့လှံကို ခြေထောက်နဲ့ တက်နင်းထားခဲ့ပါတယ်။.
နောက်တော့ ဂန်ဘိနာက ဖိုင်မွန်ကို သူ့ရဲ့ငရဲဓားနဲ့ ထိုးသတ်လိုက်ပါတော့တယ်။
ဖိုင်မွန်ကိုသတ်ပြီးတဲ့နောက်မှာ ဂလယ်မိုရီက
ကိုယ့်အပြစ်နဲ့ကိုယ် ဂန်ဘိနာကို စိုက်ကြည့်နေခဲ့ပါတယ်။
ဟန်ဒါအွန်ကတော့ ဂန်ဘိနာကို စိတ်ပူပြီး
လက်ကိုကိုင်ထားခဲ့ပါတယ်။
အဲ့ဒီချိန်မှာပဲ ဗဲလ်လက်တို့လည်း
လက်နက်ကိုယ်စီနဲ့ ရောက်လာခဲ့ကြပြီး ဟန်ဒါအွန်တို့ အဆင်ပြေနေတာတွေ့တာကြောင့်
စိတ်အေးသွားကြပါတယ်။
နောက်တော့ ဂန်ဘိနာက ဂလယ်မိုရီကို ပါးရိုက်လိုက်ပါတယ်။
ဂလယ်မိုရီကတော့ ကိုယ့်အပြစ်နဲ့ကိုယ်ဖြစ်တာကြောင့်
ဂန်ဘိနာကို ညာခဲ့မိတဲ့အတွက် တောင်းပန်ခဲ့ပါတယ်။
ဂန်ဘိနာလည်း ဂလယ်မိုရီကို ဗယ်နာတိုဖြစ်လို့ရပေမယ့်
ဟန်ဒါအွန်ကို ထိခိုက်အောင်လုပ်တာကြောင့် ခွင့်မလွှတ်လို့မရကြောင်း
ပြောလိုက်ပါတယ်။
ဂန်ဘိနာရဲ့စကားကြောင့် ဂလယ်မိုရီက ရယ်လိုက်ပြီး နောက်ဆုံးမှာ ဂန်ဘိနာက
ဟန်ဒါအွန်ကြောင့်ပဲ သေရလိမ့်မယ့်အကြောင်း ပြောခဲ့ပြီး ထွက်သွားပါတော့တယ်။
အဲ့ဒီနောက်တော့ ဂန်ဘိနာကို သန့်ရှင်းရေးနတ်ဆိုးအဖွဲ့က
သန့်ရှင်းရေးလုပ်ပေးနေခဲ့ပါတယ်။
ဂန်ဘိနာလည်း သန့်ရှင်းရေးနတ်ဆိူးအဖွဲ့ကို သူ့ကိုဘာကြောင့်
ကူညီရတာလဲလို့ မေးလိုက်ပါတယ်။
သန့်ရှင်းရေး နတ်ဆိုး ယန်းဆောင်းဘင်းလည်း ဂန်ဘိနာရဲ့
ခံစားချက်ကိုနားလည်တာကြောင့်ဖြစ်ကြောင်း ပြန်ဖြေလိုက်ပါတယ်။
ဂန်ဘိနာလည်း ကျေးဇူးတင်တဲ့အကြောင်း ပြန်ပြောလိုက်ပြီး
ကားနဲ့ထွက်သွားပါတော့တယ်။
သန့်ရှင်းေရးနတ်ဆိုးတို့အဖွဲ့လည်း ဂန်ဘိနာရဲ့
ကျေးဇူးတင်တယ်ဆိုတဲ့ စကားကိုကြားပြီး အံ့ဩကာ ဂန်ဘိနာတယောက်
လူသားဆန်လာပြီဖြစ်ကြောင်း ပြောကြရင်း ပြုံးနေခဲ့ကြပါတယ်။
အဲ့ဒီနောက်မှာတော့ ဂန်ဘိနာက
ဘာအဲလ်ကို ဂလယ်မိုရီက ဆင့်ခေါ်ခဲ့တဲ့ နေရာကို သွားခဲ့ပါတယ်။
ခဏအကြာမှာတော့ ဘာအဲလ်ထွက်လာပြီး ဂန်ဘိနာရဲ့လုပ်ရပ်တွေကို
စိတ်ဆိူးနေခဲ့ပါတယ်။
ဂန်ဘိနာလည်း သူ့ကိုသတ်ပြီး ငရဲကိုပြန်ခေါ်သွားဖို့ပြောတဲ့အခါမှာတော့ ဘာအဲလ်က
ဟန်ဒါအွန်ကိုပါ သတ်ပစ်မယ်လို့ပြောလိုက်ပါတယ်။
ဒါကြောင့် ဂန်ဘိနာလည်း စိတ်တိူသွားပြီး ဘာအဲလ်ကို
ပြန်တိုက်ခိုက်ပါတော့တယ်။
သူ့ကိုပြန်ပြီးအာခံတာကြောင့် ဘာအဲလ်က
စိတ်တိုသွားပြီး ဂန်ဘိနာဆီရဲ့ နတ်ဆိုးအစွမ်းတွေကို ပြန်သိမ်းကာ
လူသားတစ်ယောက်လိုပဲနေဖို့ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
အဲ့ဒီနောက်မှာတော့ ဟန်ဒါအွန်ကို
စစ်ဆေးမေးမြန်းတဲ့အခန်းထဲမှာ စုံထောက်ဂျန်မွန်းဂျယ်သေဆုံးရတာနဲ့ပတ်သတ်ပြီး ရဲတွေက မသင်္ကာ ဖြစ်ကာ
စစ်ဆေးနေခဲ့ပါတယ်။
ဟန်ဒါအွန်လည်း သူမဟုတ်တာကြောင့် အချိန်ကုန်ခံပြီး မေးမနေဖို့ ပြန်ပြောခဲ့ပါတယ်။
ဂန်ဘိနာရဲ့ တိုက်ခန်းမှာကတော့ ဗဲလ်လက်အပြင် ဟန်ဒါအွန်ပါ အတူရှိနေခဲ့ကြပါတယ်။
ဂန်ဘိနာက ဟန်ဒါအွန်ကို ရဲတွေစစ်ဆေးမေးမြန်းခဲ့တဲ့
အခြေနေကိုမေးလိုက်ပါတယ်။
ဟန်ဒါအွန်လည်း လိမ်တာတော်တာကြောင့် စိတ်မပူဖို့
ဂန်ဘိနာကိုပြန်ပြောလိုက်ပါတယ်။
ဂန်ဘိနာကတော့ သူနဲ့တူလာပြီဖြစ်ကြောင်း ဟန်ဒါအွန်ကို စနောက်ပြီးပြောလိုက်ပါတယ်။
ဟန်ဒါအွန်က ပြန်ပြုံးရင်း သဘောကျသွားရင်
အကျင့်တွေတူလာတတ်တယ်လို့ပြန်ဖြေတဲ့အခါမှာတော့ ဂန်ဘိနာလည်း ရှက်၉၊
ရှက် ၁၀ (ရှက်ကိုး၊ရှက်တဆယ်) ဖြစ်သွားပါတော့တယ်။
ဗဲလ်လက်တစ်ယောက်ကတော့ ဂန်ဘိနာတို့ အနားမှာ
ပန်းသီးထိုင်ခွာရင်း နားရှက်နေခဲ့ပါတယ်။
အဲ့ဒီနောက် ဂန်ဘိနာက စာတန်လို့ထင်ရတဲ့ လူသတ်သမားဂျေက
ဂျောင်ဆွန်းဟိူဖြစ်နိုင်တဲ့အကြောင်း ဟန်ဒါအွန်ကို ပြောလိုက်ပါတယ်။
ဟန်ဒါအွန်လည်း စိတ်တိုသွားပြီး ဂျောင်ဆွန်းဟိူကို
သွားတွေ့ဖို့ထလိုက်ပါတယ်။
ဂန်ဘိနာက ဂျောင်ဆွန်းဟိူဟာ နတ်ဆိုးဖြစ်နိုင်တာကြောင့်
အရင်တစ်ခါလို မနိုင်ဘဲနဲ့ ဟန်ဒါအွန်သာ ထိခိုက်သွားလိမ့်မယ်ဆိုပြီး ပြောလိုက်ပါတယ်။
ဒါ့ကြောင့် ဟန်ဒါအွန်လည်း လက်လျော့လိုက်ပြီး
ပြန်ထိုင်လိုက်ပါတယ်။
ဂန်ဘိနာက ဂျောင်ဆွန်းဟိုဟာ လူသတ်သမားဂျေဆိုတာ
မသေချာသေးတာကြောင့် သူစုံစမ်းလိုက်မယ့်အကြောင်းပြောလိုက်ပါတယ်။
ဗဲလ်လက်က ဂန်ဘိနာတစ်ယောက် အစွမ်းတွေမရှိတော့တာကြောင့်
ထိခိုက်မှာစိုးရိမ်နေခဲ့တာကြောင့် ဂန်ဘိနာလည်း ဗဲလ်လက်ကို မပြောဖို့ ဟန့်လိုက်ပြီး ဟန်ဒါအွန်ကတော့ ဒါကို
မသိခဲ့ဘဲ ဖြစ်ခဲ့ပါတယ်။
အဲ့ဒီနောက် ဗဲလ်လက်တစ်ယောက် ပန်းသီးခွာနေတာကိုရပ်လိုက်ပြီး
ထွက်သွားပါတယ်။
ဂန်ဘိနာကတော့ ဗဲလ်လက်ကို ပန်းသီးဆက်မခွာလို့ လှမ်းအော်ပြောလိုက်ပြီးနောက် ဟန်ဒါအွန်ကို
ပန်းသီးခွာတတ်လားလို့ လှမ်းမေးလိုက်ပါတယ်။
ဟန်ဒါအွန်လည်း ပန်းသီးခွာပေးနေတုန်း
ဗဲလ်လက်တစ်ယောက်အနောက်ကနေ အခွံကို အထူကြီးခွာနေတဲ့အကြောင်း လှမ်းပြောလိုက်ပါတယ်။
ဟန်ဒါအွန်လည်း ရှက်သွားကာ ပန်းသီးကို
အခွံပါးအောင်ပြန်ခွာနေခဲ့ပါတယ်။
ဂန်ဘိနာကတော့ တုတ်ချောင်းတစ်ချောင်းကိုင်ကာ ဗဲလ်လက်ကို
ဆုံးမဖို့လုပ်ပါတော့တယ်။
မနက်ရောက်တဲ့အခါမှာတော့ ဟန်ဒါအွန်က
နိုဘုံးရဲစခန်းကို ရုံးတက်ဖို့ ပြန်ရောက်လာခဲ့ပါတယ်။
အွန်းဆော့နဲ့ စီနီယာဒုံဟွန်းလည်း ဟန်ဒါအွန်ကိုစိုက်ကြည့်နေခဲ့ကြပြီး ဟန်ဒါအွန်ကတော့
အဖွဲ့မှူးကို နှုတ်ဆက်လိုက်ပါတယ်။
အဖွဲ့မှူးက စစ်ဆေးမေးမြန်းခံရတာ အဆင်ပြေလားလို့
မေးလိုက်ပါတယ်။
ဟန်ဒါအွန်လည်း အဆင်ပြေတဲ့အကြောင်းပြန်ပြောပေမယ့်
စီနီယာဒုံဟွန်းကတော့ ရဲဖြစ်ပြီး အရိုက်ခံလာရကြောင်း ဟန်ဒါအွန်ကို မထိတထိပြောကာ နေရာကနေ ထထွက်သွားခဲ့ပါတယ်။
အွန်းဆော့လည်း ဟန်ဒါအွန်ကို အားနာနေပြီး
စီနီယာဒုံဟွန်းနောက်ကနေ လိုက်သွားပါတယ်။
အဲ့ဒီနောက်မှာတော့ တရားသူကြီးချုပ်က ဂန်ဘိနာရဲ့
လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ နေ့လယ်စာ အတူလာစားနေခဲ့ပါတယ်။
အကုန်လုံးလည်း တရားသူကြီးချုပ် အတူလာစားတာကြောင့်
ပျော်ပျောိရွင်ရွင်နဲ့ စားရင်း စကားပြောနေခဲ့ကြပါတယ်။
အဲ့ဒီချိန်မှာ ပဲ တရားသူကြီးချုပ်က ဂန်ဘိနာအကြောင်း
အစဖော်မေးလိူက်ပါတယ်။
လုပ်ဖော်ကိုင်ဖက်နှစ်ယောက်လည်း ဂန်ဘိနာအကြောင်းသိသလောက်
ပြန်ပြောလိုက်ပြီး ထမင်းဆက်စားနေခဲ့ပါတယ်။
တရားသူကြီးချုပ်လည်း ဂန်ဘိနာရဲ့လုပ်ဖော်ကိုင်ဖက်နှစ်ယောက်ကို
အမြဲအတူတူတွေ့နေရတာကြောင့် တွဲနေတာလားလို့ ထပ်မေးလိုက်ပါတယ်။
လုပ်ဖော်ကိုင်ဖက်နှစ်ယောက်လည်း မဟုတ်တဲ့အကြောင်း အော်ပြောပြီး ငြင်းလိုက်တာကြောင့် တရားသူကြီးချုပ်အပါ၀င်
ကန်တင်းတစ်ခုလုံးလည်း လန့်သွားပါတော့တယ်။
အဲ့ဒီနောက်မှာတော့ လွှတ်တော်အမတ်ဂျောင်နဲ့ သားဖြစ်သူ
ဂျောင်တေးဂျူတို့က ဂန်ဘိနာလာမယ်ဆိုတဲ့အတွက်ကြောင့် စိတ်လှုပ်ရှားရင်းစောင့်နေခဲ့ကြပါတယ်။
ခဏအကြာမှာတော့ ဂန်ဘိနာတစ်ယောက်
ကိုရီးယားရိုးရာ၀တ်စုံ၀တ်လာခဲ့ပြီး လက်ဆောင်တွေပေးကာ လွှတ်တော်အမတ်ဂျောင်ကိူ ဂါ၀ရပြုလိုက်ပါတယ်။
အမတ်ဂျောင်နဲ့သားဖြစ်သူ နှစ်ယောက်လုံးလည်း
အံ့ဩနေခဲ့ပြီး နောက်တော့ ဂန်ဘိနာက အမတ်ဂျောင်ရဲ့သားဖြစ်သူကိူ လက်ထပ်ဖို့ ကမ်းလှမ်းခဲ့ပါတော့တယ်။
အမတ်ဂျောင်တို့လည်း အံ့ဩသွားကြပြီး ခဏအကြာမှာတော့
ထမင်းအတူစားကြပါတယ်။
ဂန်ဘိနာလည်း အခုမှလက်ထပ်ဖို့ပြောရတဲ့အကြောင်းအရင်းက နိုင်ငံရေးထဲ၀င်ချင်တာကြောင့်လို့
အမတ်ဂျောင်ကိုပြောပါတယ်။
ဂျောင်တေးဂျူကတော့
အရင်ကလက်ထပ်ဖိူ့ကိုငြင်းနေခဲ့ပြီး အခုမှ ပြန်လက်ထပ်ချင်ရတဲ့အကြောင်းအရင်းကို ဂန်ဘိနာကိုမေးလိုက်ပါတယ်။
ဂန်ဘိနာလည်း ဂျောင်တေးဂျူကို လက်ထပ်ချင်တာမဟုတ်ဘဲ
ဂျောင်ဆွန်းဟိုကို လက်ထပ်ချင်တဲ့အကြောင်း ပြောပြလိုက်ပါတယ်။
အမတ်ဂျောင်လည်း သဘောကျကာရယ်လိုက်ပြီး
သားဖြစ်သူဂျောင်ဆွန်းဟိူနဲ့ အချင်းချင်းသိအောင် အရင်လုပ်ကြဖို့ ဂန်ဘိနာကိုပြောလိုက်ပါတယ်။
ဂျောင်တေးဂျူတစ်ယောက်ကတော့ ရုတ်တရက်ကြောင်နေခဲ့ပြီး
ဂျောင်ဆွန်းဟိုကတော့ စိတ်ညစ်သွားတဲ့ပုံစံနဲ့ စားလက်စကိူရပ်ကာ ထမင်းဝိုင်းက ထွက်သွားပါတယ်။
အဲ့ဒီနောက် ဂန်ဘိနာလည်း သန့်စင်ခန်းသွားဖို့အတွက်ခွင့်တောင်းလိုက်ပြီး
အမတ်ဂျောင်ကတော့ အားရပါးရရယ်နေရင်း ကျန်ခဲ့ပါတော့တယ်။
ဂန်ဘိနာလည်း သန့်စင်ခန်းလိုက်ရှာရင်း
ဂျောင်ဆွန်းဟိုတစ်ယောက် လျိုဝှက်အခန်းတစ်ခုက ထွက်လာတာကို မြင်လိုက်ရပါတယ်။
ဂျောင်ဆွန်းဟိုက ဂန်ဘိနာကိုတွေ့သွားပြီး
ဘယ်ထိတွေ့လိုက်လဲလို့ မေးလိုက်ပါတယ်။
ဂန်ဘိနာက စကားလမ်းကြောင်းလွှဲကာ ရန်စလိုက်ပါတယ်။
ဂျောင်ဆွန်းဟိုလည်း ဂန်ဘိနာကို ပခုံးနဲ့၀င်တိုက်ကာ စိတ်တိုပြီး ထွက်သွားပါတယ်။
ဂန်ဘိနာက ဂျောင်ဆွန်းဟိူရဲ့
လျိူဝှက်အခန်းကိူစိတ်၀င်စားနေခဲ့ပါတယ်။ ညရောက်တဲ့အခါမှာတော့ ဂန်ဘိနာလည်း
အမတ်ဂျောင်အိမ်က ပြန်သွားပါတော့တယ်။
အဲ့ဒီချိန် အမတ်ဂျောင်အခန်းထဲကို
သားဖြစ်သူ ဂျောင်တေးဂျူက ရောက်လာပြီး သဘောတူညီချက်ကိုမေ့နေပြီလားလို့ မေးလိုက်ပါတယ်။
ဒါ့အပြင် ဂန်ဘိနာကို အိမ်ထဲ ဘာကြောင့်ထပ်ခေါ်ရတာလဲဆိုတဲ့ အကြောင်းရင်းကို
မေးလိုက်ပါတယ်။
အမတ်ဂျောင်ကတော့ အသူံး၀င်နိင်တာကြောင့်လို့ ပြန်ပြောလိုက်ပြီး
ဂျောင်တေးဂျူကတော့ သူ့အတွက်အသုံးမ၀င်တဲ့အကြောင်း ပြန်ပြောခဲ့ပါတယ်။
အမတ်ဂျောင်လည်း ဒါဆို ဟွမ်ချွန်းဗီလာကိစ္စ
အောင်မြင်အောင်လုပ်မှပေါ့လို့ ပြန်ပြောခဲ့ပါတယ်။
ဂျောင်တေးဂျူကတော့ ဒီတိုင်းသာဆက်လုပ်နေမယ်ဆိုရင်
ဒုက္ခရောက်လိမ့်မယ်လို့ အမတ်ဂျောင်ကိုပြန်ပြောကာ ထွက်သွားပါတော့တယ်။
အမတ်ဂျောင်ကတော့ အခန်းထဲမှာပဲ ရယ်ရင်းကျန်ခဲ့ပါတော့တယ်။
တဖက်မှာတော့ အွန်းဆော့နဲ့
စီနီယာဒုံဟွန်းက ဂန်ဘိနာအကြောင်း သတငိးရေးတဲ့ သတင်းထောက်ဆီ လာပြီး ဂန်ဘိနာရဲ့
မူမမှန်တဲ့ အကြောင်းတွေနဲ့ ပတ်သတ်ပြီးလာမေးခဲ့ပါတယ်။
သတငိးထောက်လည်း ဂန်ဘိနာဟာ မတော်တမှုဖြစ်ပြီးထဲက
စေ့စပ်ပွဲပျက်သွားတာဟာ ထူးဆန်းတာကြောင့် သတငိးရေးခဲ့ပေမယ့် ဖြုတ်ချခံရတဲ့အကြောင်း
ပြောပြလိုက်ပါတယ်။
ဒါကြောင့် အာဏာရှိတဲ့ထဲက တစ်ယောက် ပါ၀င်ပတ်သတ်နေနိုင်တယ်လို့
ပြောလိုက်ပါတယ်။
အွန်းဆော့တို့လည်း အမတ်ဂျောင်တို့မိသားစုနဲ့
ပတ်သတ်နေတယ်လို့ ထင်နေကြပါတယ်။
နောက်တော့ ကားပေါ်မှာ စီနီယာဒုံဟွန်းက ဂန်ဘိနာရဲ့စေစပ်ပွဲမပျက်ခင်
ဂန်ဘိနာက ဂျောင်တေးဂျူကို စာပို့ခဲ့တာကြောင့် ဂျောင်းတေးဂျူကိူ စုံစမ်းဖို့အတွက် ပြောနေခဲ့ပါတယ်။
ဒါ့အပြင် ဆေးသမားဖြစ်တဲ့ ညီဖြစ်သူ ဂျောင်ဆွန်းဟိူကိုပါ ထပ်စုံစမ်း စစ်ဆေးဖို့
အွန်းဆော့ကိုပြောလိုက်ပါတယ်။
အွန်းဆော့နဲ့ စီနီယာဒုံဟွန်းလည်း ရဲစခန်းကိုပြန်ရောက်လာပြီး
လမ်းလျှောက်နေတုန်း ဘေးကနေ ဟန်ဒါအွန်က ဖြတ်လျှောက်သွားခဲ့ပါတယ်။
ဒါကြောင့် စီနီယာဒုံဟွန်းက ဟန်ဒါအွန်ကိုလှမ်းခေါ်လိုက်ပြီး သူ့ကိုဘာကြောင့်
နှုတ်မဆက်တာလဲလို့ ဒေါသဖြစ်ပြီးပြောပါတယ်။
ဟန်ဒါအွန်လည်း ဘာမှပြန်မပြောတော့ဘဲ နှုတ်ဆက်တဲ့အခါမှာတော့ စီနီယာဒုံဟွန်းက
ဟန်ဒါအွန်ကိူ အနောက်ကနေလိုက်ခဲ့ဖို့ ပြောပြီး ထွက်သွားပါတော့တယ်။
နောက်တော့ နှစ်ယောက်သား ဆိုင်မှာ ညစာစားနေခဲ့ကြပါတယ်။ စီနီယာဒုံဟွန်းက ဂန်ဘိနာအရင်က
ဓားထိုးခံရတဲ့ကိစ္စနဲ့ ဂျောင်တေးဂျူကပတ်သတ်နေတယ်လို့ ဟန်ဒါအွန်ကို ပြောပြပါတယ်။
ဟန်ဒါအွန်လည်း စီနီယာဒုံဟွန်းကို အရင်က ဂန်ဘိနာကိုပဲ
သံသယ၀င်နေတာမဟုတ်ဘူးလားလို့ ပြန်မေးလိုက်ပါတယ်။
စီနီယာဒုံဟွန်းလည်း ဂန်ဘိနာကို သံသယ၀င်တာမှန်ပေမယ့်
ဂန်ဘိနာလည်း နစ်နာသူဖြစ်ခဲ့တာကြောင့် တရားခံကို ကြိုးစားပြီး ရှာကြည့်ချင်တဲ့အကြောင်း
ပြန်ပြောလိုက်ပါတယ်။
ဟန်ဒါအွန်လည်း စီနီယာဒုံဟွန်းစကားတွေကြောင့် မျက်ရည်ဝဲသွားခဲ့ပါတယ်။
စီနီယာဒုံဟွန်းကတော့ ဆုံးသွားတဲ့ အဖွဲ့မှူးဆိုလည်း ဒီလိုပဲလုပ်မှာပဲဆိုတဲ့အကြောင်း ထပ်ပြောလိုက်ပါတယ်။
အဲ့ဒီနောက်မှာတော့ စီနီယာဒုံဟွန်းလည်း အဖွဲ့မှူး ဂင်ဆိုယောင်းကို မကာကွယ်နိုင်ခဲ့တာကိုပြန်ပြောပြီး
ငိုရင်း တောင်းပန်နေခဲ့ပါတယ်။
ဟန်ဒါအွန်လည်း စီနီယာဒုံဟွန်းကို ကြည့်ကာ
မျက်ရည်ကျနေမိပြီး တောင်းပန်ရင် စားထားတာရှင်းဖို့ပြောလိုက်ပါတယ်။
အဲ့ဒီနောက်နှစ်ယောက်သားရီမောနေခဲ့ကြပြီး အရက်တူတူ သောက်လိုက်ကြပါတယ်။
ဟန်ဒါအွန်လည်း စီနီယာဒုံဟွန်းနဲ့
တွေ့ပြီးပြန်လာရင်း စီနီယာဒုံဟွန်းပြောပြလိုက်တဲ့ ဂန်ဘိနာရဲ့
အရင်ကစိတ်ကျန်းမာရေးဆရာ၀န်တစ်ယောက် ရှိခဲ့တာကြောင့် ဂန်ဘိနာအကြောင်း
သေချာသိလောက်တယ်လို့ပြောပြခဲ့တာကိုတွေးနေခဲ့ပါတယ်။
မနက်ရောက်တဲ့အခါမှာတော့ ဟန်ဒါအွန်လည်း
ဂန်ဘိနာရဲ့စိတ်ကျန်းမာရေး ဆရာ၀န်နဲ့သွားတွေ့ခဲ့ပြီး ဂန်ဘိနာရဲ့အခြေနေကိုမေးခဲ့ပါတယ်။
ဆရာ၀န်က လူနာရဲ့ အချက်လက်တွေမပြောပြနိင်တာကြောင့် ဟန်ဒါအွန်လည်း
ဂန်ဘိနာဓားထိုးခံရပြီး ဆေးရုံတက်နေစဉ်က ဘာထူးခြားတာရှိလဲလို့ ထပ်မေးလိုက်ပါတယ်။
ဆရာ၀န်က
ယောင်္ကျားတစ်ယောက်လာသွားကြောင်းပြောပြလိုက်တဲ့အခါမှာတော့ ဟန်ဒါအွန်လည်း
ဂျောင်ဆွန်းဟို ဓာတ်ပုံကိုပြလိုက်ပါတယ်။
ဆရာ၀န်က လာကြည့်ခဲ့တဲ့လူဟုတ်ကြောင်း ပြန်ပြောခဲ့တာကြောင့် ဟန်ဒါအွန်လည်း
လူသတ်သမားဂျေဆိုတာ ဂျောင်ဆွန်းဟိူဖြစ်နိင်တာ သေချာတာကြောင့်
ဂရုစိုက်နေဖို့အကြောင်း ဂန်ဘိနာကိုလာပြောခဲ့ပါတယ်။
ဂန်ဘိနာလည်း ဂျောင်ဆွန်းဟိူက အရင်တရားသူကြီးဂန်ဘိနာကို သတ်ခဲ့တာဆိုရင် အလောင်းမဖျောက်ဘဲထားခဲ့တာကြောင့်
ထူးဆန်းနေတဲ့အကြောင်း ပြောပြလိုက်ပါတယ်။
ဟန်ဒါအွန်ကတော့ ဂျောင်ဆွန်းဟိုတရားခံဆိုတာ သက်သေ
သေချာမရှိသေးတာကြောင့် ထပ်စုံစမ်းဖို့လိုအပ်ကြောင်း ပြန်ပြောလိုက်ပါတယ်။
နောက်တော့ ဟန်ဒါအွန်က ဂန်ဘိနာအနေနဲ့ ဂျောင်ဆွန်းဟိူကို
ဒီကိစ္စကြောင့် လက်ထပ်ဖို့လုပ်နေတာလားဆိုပြီး မေးလိုက်ပါတယ်။
ဂန်ဘိနာလည်း တကယ်မဟုတ်ဘဲ ဟန်ဆောင်နေတဲ့အကြောင်း ပြောပြလိုက်ပေမယ့်
ဟန်ဒါအွန်က မကြိုက်တဲ့အကြောင်း ပြောလိုက်ပါတယ်။
ဂန်ဘိနာလည်း ဟန်ဒါအွန် သ၀န်တိုနေတာကိုသိသွားပြီး
စိတ်ရှင်းသွားအောင်လုပ်ပေးဖို့ ရိုးရာအ၀တ်ဆိုင်တစ်ခုကို ခေါ်လာခဲ့ပါတယ်။
ဆိုင်ကိုရောက်တဲ့အခါ ရိုးရာ၀တ်စုံအတူတူ၀တ်ကြပြီး ဂန်ဘိနာက
ဟန်ဒါအွန်ကိုခေါ်ကာ ဓာတ်ပုံစက်မှာ ဓာတ်ပုံအတူတူရိုက်ခဲ့ကြပါတယ်။
ဟန်ဒါအွန်တစ်ယောက်ကတော့ ဂန်ဘိနာကို
ဒိတ်နေတာလားလို့မေးလိုက်ပြီး ဂန်ဘိနာကတော့ စိတ်ပျော်ရွှင်အောင် လုပ်ပေးနေတဲ့အကြောင်း ပြန်ပြောခဲ့ပါတယ်။
ဟန်ဒါအွန်လည်း ထမင်းအတူတူစားလိုက်
ရေခဲမုန့်စားလိုက်နဲ့ ဂန်ဘိနာခေါ်ရာနောက်ကို လိုက်နေရပါတော့တယ်။
နှစ်ယောက်သား ပျော်ပျော်ရွှင်ရွှင်နဲ့ တစ်နေ့လုံး
ဒိတ်နေခဲ့ကြပြီး ညရောက်တဲ့အခါမှာတော့ လမ်းအတူတူလျှောက်ရင်း
စကားပြောနေခဲ့ကြပါတယ်။
ဂန်ဘိနာလည်း ဟန်ဒါအွန်ကို ဒီနေ့ပျော်ခဲ့တာကြောင့် ခံစားချက်ကဘယ်လိုလဲလို့စပြီး
မေးလိုက်ပါတယ်။
ဟန်ဒါအွန်လည်း အများကြီးသဘောကျတဲ့အကြောင်း ပြန်ပြောတဲ့အခါမှာတော့
ဂန်ဘိနာလည်း ကြောင်သွားပြီး သူ့ကိုမေးတာမဟုတ်ဘဲ
ခံစားချက်ကိုမေးတဲ့အကြောင်းပြန်ပြောလိုက်ပါတယ်။
ဟန်ဒါအွန်လည်း ခံစားချက်ကောင်းတယ်လို့ပြောတာဖြစ်တဲ့အကြောင်း
ပြန်ပြောတဲ့အခါမှာတော့ ဂန်ဘိနာလည်း နှုတ်ခမ်းဆူပြီး မကျေမနပ်ဖြစ်သွားပါတော့တယ်။
ဟန်ဒါအွန်က စနောက်နေတာဖြစ်တဲ့အကြောင်းပြန်ပြောလိုက်ပြီး ဂန်ဘိနာလည်း
ဟန်ဒါအွန်ကို ချောတယ်လို့ ယောင်ပြီးပြောမိသွားခဲ့ပါတယ်။
အဲ့တာကြောင့်ပဲ ဂန်ဘိနာတစ်ယောက်ရှက်ရှက်နဲ့ အရင်အေရှ့က
ထွက်သွားပါတော့တယ်။
ဟန်ဒါအွန်လည်း ဂန်ဘိနာကို တကယ်လှတယ်ဆိုတဲ့အကြောင်း
ပြန်ပြောလိုက်မိပြီး ပြုံးနေခဲ့ပါတော့တယ်။
တဖက်မှာတော့ ဘုရားကျောင်းမှာ
ပိုင်ရှင်မိန်းမက သူ့သားကိုသတ်ခဲ့တဲ့ လူသတ်သမားဂျေပြန်ပေါ်လာတာကြောင့် ရဲအရာရှိတစ်ယောက်သေသွားခဲ့ပြီး
ရဲအရာရှိအစား သူပဲအသတ်ခံချင်ခဲ့ကြောင်း ပြောကာ ငိုကြွေးနေခဲ့ပါတယ်။
အဲ့ဒီချိန်မှာတော့
ဂန်ဘိနာတစ်ယောက် မိုးရေထဲမှာထီးတစ်ချောင်းနဲ့ ပျော်ရွှင်စွာ လမ်းလျှောက်လာရင်း ထီးမပါဘဲ
မိုးရေထဲလမ်းလျှောက်လာနေတဲ့ ပိုင်ရှင်မိန်းမနဲ့တွေ့ပါတော့တယ်။
ဂန်ဘိနာလည်း Music Videoရိုက်နေတာလားလို့ စနောက်လိုက်ပြီး နောက်တော့
ပိုင်ရှင်မိန်းမဟာ သတိလစ်ပြီး လဲကျသွားပါတော့တယ်။
ဂန်ဘိနာလည်း ပိုင်ရှင်မိန်းမကို
တိုက်ခန်းကိုပြန်ခေါ်လာခဲ့ပြီး အဖျားကျအောင် လုပ်ပေးနေခဲ့ပါတယ်။
ခဏအကြာမှာတော့ ပိုင်ရှင်မိန်းမလည်း နိုးလာခဲ့ပြီး
ဂန်ဘိနာကို ကျေးဇူးတင်တဲ့အကြောင်း ပြောလိုက်ပါတယ်။
ဂန်ဘိနာက ပြန်တော့မလို့လုပ်တဲ့အချိန်မှာတော့ ပိုင်ရှင်မိန်းမက လူသတ်သမားဂျေကို ရှာတွေ့ပြီလားလို့ လှမ်းမေးလိုက်ပါတယ်။
ဂန်ဘိနာလည်း ဘာပြောရမှန်းမသိဖြစ်သွားပြီး
ပိုင်ရှင်မိန်းမကတော့ အိပ်နေတာကနေ ထထိုင်လိုက်ပါတယ်။
ဒါကြောင့်ပဲ ဂန်ဘိနာလည်း ပိုင်ရှင်မိန်းမကို ထူပေးလိုက်ပြီး ပိုင်ရှင်မိန်းမက
သူအရင်က လူသတ်သမားဂျေကိုတွေ့ဖူးတဲ့အကြောင်း ဂန်ဘိနာကို ပြောပြနေခဲ့ပါတယ်။
မိုးတွေရွာတဲ့တစ်ရက်မှာ ပိုင်ရှင်မိန်းမက
သူ့သားသေခဲ့တဲ့နေရာကို ပန်းလေးထားပေးဖို့သွားရင်း လူသတ်သမားဂျေက
ရပ်ကြည့်နေခဲ့တာကို တွေ့သွားခဲ့တာကြောင့် အနားသွားပြီး သူ့သားကိူ
သတ်ခဲ့တာလားလို့မေးတဲ့အခါ လူသတ်သမားဂျေလည်း ပိုင်ရှင်မိန်းမကိုတွန်းထုတ်ပြီး ထွက်ပြေးသွားခဲ့ပါတယ်။
ပိုင်ရှင်မိန်းမလည်း မိုးရေထဲမှာ
ငိုပြီးကျန်ခဲ့ပါတော့တယ်။
ပိုင်ရှင်မိန်းမဟာ လူသတ်သမားဂျေကို ထပ်တွေ့ချင်ပြီး သူ့သားကို ဘာကြောင့်သတ်ခဲ့ရတဲ့အကြောင်းကို
မေးချင်တာကြောင့် ဘုရားသခင်ကို အမြဲဆုတောင်းခဲ့ကြောင်း ဂန်ဘိနာကို
ငိုပြီးပြောပြနေခဲ့ပါတယ်။
အဲ့တာအပြင် လူသတ်သမားဂျေကို ခွင့်လွှတ်ဖို့ကြိုးစားကြည့်ပေမယ့် မရခဲ့ဘဲ ခဏခဏ
သတ်ချင်နေမိတဲ့အကြောင်း ရင်ဖွင့်လိုက်ပါတယ်။
ဂန်ဘိနာကိုလည်း တရားသူကြီးဖြစ်လို့ လူသတ်သမားဂျေကိုရအောင်
ရှာပေးဖို့အတွက် ပိုင်ရှင်မိန်းမကငိုယိုတောင်းဆိုနေခဲ့ပါတယ်။
ဂန်ဘိနာတစ်ယောက်လည်း
စိတ်မကောင်းဖြစ်နေခဲ့ပြီး ငိူချင်နေတာကို မနည်းထိန်းထားခဲ့ရပါတယ်။
အဲ့ဒီနောက်မှာတော့ ဂန်ဘိနာက
ဟန်ဒါအွန်အပါ၀င် နစ်နာသူမိသားစုတွေရဲ့ ငိုကြွေး၀မ်းနည်းနေကြတာကို မကြည့်ရက်နိင်တာကြောင့် ဂျောင်ဆွန်းဟိုရဲ့ အိမ်ကိုသွားပြီး
သက်သေဖော်ထုတ်မယ့်အကြောင်း ဗဲလ်လက်ကို ပြောပြနေခဲ့ပါတယ်။
ဗဲလ်လက်ကတော့ ဂန်ဘိနာက အရင်လို စွမ်းအားမရှိတော့တာကြောင့် စိတ်ပူပြီး မသွားဖို့တားခဲ့ပါတယ်။
ဒါပေမယ့်လည်း ဂန်ဘိနာကတော့ တရားသူကြီးဖြစ်တာကြောင့် ကြောက်ပေမယ့်လည်း
ရအောင်လုပ်မယ့်အကြောင်း ဗဲလ်လက်ကိုပြန်ပြောလိုက်ပါတယ်။
ဗဲလ်လက်လည်း ဟန်ဒါအွန်ကို သွားတိုင်မယ်ဆိုပြီးလုပ်တဲ့အခါမှာတော့ ဂန်ဘိနာက မတားဘဲ
ငြိမ်နေခဲ့ပါတယ်။
ဗဲလ်လက်လည်း ပြန်လှည့်ပြီး ဘာကြောင့်
သူ့ကိုမတားတာလဲလို့ပြန်မေးလိုက်ပါတယ်။
ဂန်ဘိနာကတော့ ဗဲလ်လက်ကို ယုံတာကြောင့်လို့ပြန်ဖြေလိုက်ပြီး ဟန်ဒါအွန်ကို ဂလယ်မိုရီရန်ကနေသာ
သူမရှိတုန်း ကာကွယ်ပေးဖိူ့ မှာလိုက်ပါတယ်။ ဗဲလ်လက်လည်း ဂန်ဘိနာသွားတော့မှာကြောင့်
စိတ်မကောင်းဖြစ်နေခဲ့ပြီး ဘယ်တော့သွားမှာလဲလို့မေးလိုက်ပါတယ်။
ဂန်ဘိနာကတော့ မကြာခင်သွားမှာဖြစ်ကြောင်း ဗဲလ်လက်ကို ပြန်ပြောလိုက်ပြီး
ပြုံးနေခဲ့ပါတော့တယ်။
တဖက်မှာတော့ ဂျောင်တေးဂျူက အမတ်လောင်းတစ်ယောက်ရဲ့
ကားနောက်ဖူံးထဲကို ပိုက်ဆံတွေထည့်ပေးထားပြီး ပျော်ပျော်ရွှင်ရွှင်
နှုတ်ဆက်နေခဲ့ကြပါတယ်။
လွှတ်တော်အမတ်ဂျောင်ကတော့ ဂေါက်ရိုက်နေခဲ့ပြီး အမတ်လောင်းက
လာနှုတ်ဆက်ရင်း လုပ်ငန်းတွေ အဆင်ပြေအောင်လုပ်မှာမို့ စိတ်မပူဖို့ပြောနေခဲ့ပါတယ်။
အမတ်ဂျောင်လည်း ရယ်လိုက်ပြီးဂျောင်တေးဂျူကို
ဂန်ဘိနာဘယ်အချိန်လာမှာလဲလို့ မေးလိုက်ပါတယ်။
ဂျောင်တေးဂျူလည်း ၇နာရီမှ လာမှာဖြစ်တဲ့အကြောင်း
ပြောတဲ့အခါမှာတော့ အမတ်ဂျောင်က အချိန်တွေကျန်သေးတာကြောင့် ဆက်ပျော်ပျော်နေကြဖို့
ဂျောင်တေးဂျူကိုပြောလိုက်ပါတယ်။
အဲ့ဒီအချိန် ဂန်ဘိနာကတော့ အမတ်ဂျောင်ရဲ့အိမ်ကို ၇နာရီမတိုင်ခင် ရောက်သွားခဲ့ပြီး
အိမ်တော်ထိန်းကို အိမ်မှာ ဘယ်သူမှ ရှိဘူးလားလို့ မေးလိုက်ပါတယ်။
အိမ်တော်ထိန်းက ဂျောင်ဆွန်းဟိုအပေါ်ထပ်မှာရှိပြီး
အိပ်နေပြီဖြစ်ကြောင်းပြောပြလိုက်တာကြောင့် ဂန်ဘိနာလည်း အိမ်တော်ထိန်းကို
လမ်းထိပ်မှာ မုန့်သွား၀ယ်ပေးဖို့ ပိုက်ဆံပေးလိုက်ပါတယ်။
အိမ်တော်ထိန်းလည်း အိမ်မှာ ဘယ်သူမှမရှိတာကြောင့်
သွား၀ယ်ဖို့ကို ငြင်းတဲ့အခါမှာတော့ ဂန်ဘိနာက သူလည်း ဒီအိမ်က ချွေးမဖြစ်တော့မှာ
ဖြစ်ကြောင်း ပြန်ပြောလိုက်ပါတယ်။
အိမ်တော်ထိန်းထွက်သွားပြီးတဲ့နောက်မှာတော့
ဂန်ဘိနာက ဂျောင်ဆွန်းဟို ထွက်လာခဲ့တဲ့ လျိုဝှက်အခန်းကိုသွားရှာပါတယ်။
အဲ့ဒီချိန်မှာတော့ ဂျောင်ဆွန်းဟိုက အပေါ်ထပ်ကနေ
ဂန်ဘိနာကိုကြည့်နေခဲ့ပါတယ်။
ဂန်ဘိနာလည်း ဂျောင်ဆွန်းဟိုရဲ့ လျိူဝှက်အခန်းထဲကို
ခိုးပြီး၀င်သွားလိုက်ပါတယ်။
အခန်းထဲမှာတော့ အနီရောင်ကျောက်တွေနဲ့ထည့်ထားတဲ့
ရေကန်အပြင် ထူးဆန်းတဲ့ ပန်းချီကားတစ်ချပ်လဲရှိနေခဲ့ပါတယ်။
နောက်တော့ အခန်းတစ်ခုကိုတွေ့သွားပြီး ၀င်သွားလိုက်ပါတယ်။
အခန်းကတော့ အိပ်ခန်းတစ်ခုဖြစ်နေခဲ့ပြီး ဂန်ဘိနာတစ်ယောက်လည်း
တစ်နေရာမှာ တစ်ခုခုရှိမလားဆိုတဲ့အတွေးနဲ့လျှောက်ရှာခဲ့ပေမယ့် အမျိုးသမီးနဲ့ကလေးတစ်ယောက်
ရိုက်ထားတဲ့ပုံကလွဲရင် ရှာမတွေ့ခဲ့ပါဘူး။
အဲ့တာကြောင့် ဂန်ဘိနာလည်း အပြင်ပြန်ထွက်လာပြီး
ပန်းချီကားဆီကို ပြန်လာခဲ့ပါတယ်။
ပန်းချီကားကိုကြည့်လိုက်တဲ့အခါမှာတော့ ပန်းချီကားထဲက
ဖယောင်းတိုင်တွေက မီးငြိမ်းနေခဲ့တာကို ဂန်ဘိနာက သတိထားမိသွားခဲ့ပါတယ်။
ဒါကြောင့် လက်နဲ့ ထိကြည့်တဲ့အခါမှာ ဂန်ဘိနာရဲ့လက်လည်း အထဲကို နစ်၀င်သွားပြီး
ပန်းချီကားကလည်း တံခါးပုံစံ အကြီးကြီး ဖြစ်သွားခဲ့ပါတယ်။
ဂန်ဘိနာလည်း တစ်ကိုယ်လုံး၀င်ပြီး
အထဲကို၀င်ကြည့်လိုက်တဲ့အခါမှာတော့ အခန်းတစ်ခုရှိနေပြီး
အဲ့ဒီအခန်းထဲမှာတော့ လူ့ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကို ရေခဲထားတာကို တွေ့လိုက်ရပါတယ်။
ဒါ့အပြင်ဂန်ဘိနာက ထူးဆန်းတဲ့ ဓားတစ်လက်လည်းတွေ့သွားပြီး ကြည့်ဖို့လုပ်နေတုန်းမှာပဲ
အပြင်က အသံတစ်ခုကြားတာကြောင့် အမြန်ပြန်ထွက်လာတုန်းမှာပဲ ဂျောင်ဆွန်းဟိူတစ်ယောက်
ဘေ့စ်ဘောတုတ်နဲ့ ဂန်ဘိနာကို ရိုက်ဖို့လုပ်ပါတော့တယ်။
အဲ့ဒီချိန် တစ်ဖက်မှာလည်း ဂလယ်မိုရီက ဟန်ဒါအွန်ပုံကို ဓားနဲ့ထောက်ကာ
မကျေမနပ်ဖြစ်နေခဲ့ပြီး စာရွက်လိပ်တစ်ခုကိုင်ကာ ထွက်သွားခဲ့ပါတယ်။
ဂလယ်မိုရီရဲ့ အခန်းနံရံမှာတော့
ဂန်ဘိနာရဲ့ဓာတ်ပုံတွေကပ်ထားပြီး ဂန်ဘိနာကိုလေးစားရတဲ့ အကြောင်းနဲ့
ဂန်ဘိနာသောက်တဲ့ ကိုလာဘူးတွေ ရှိနေခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ ရဲစခန်းမှာ ဟန်ဒါအွန်နဲ့
စီနီယာဒုံဟွန်းတို့အဖွဲ့က ဂန်ဘိနာကို ဓားနဲ့ထိုးတဲ့သူကိူစူံစမ်းနေခဲ့ပြီး အမှုပိတ်လိုက်ဖို့ပြောတဲ့သူက
အမတ်ဂျောင်နဲ့ ဂျောင်တေးဂျူ နှစ်ယောက်ထဲက တစ်ယောက်ဖြစ်မယ့်အကြောင်း ပြောနေခဲ့ပါတယ်။
အဲ့ဒီချိန်မှာပဲ အဖွဲ့မှူးကရောက်လာပြီး ဟန်ဒါအွန်တို့ စားနေတာတွေကို ကြည့်လိုက်ပါတယ်။
ခေါက်ဆွဲဘူးတွေစားနေခဲ့တာေကြာင့် အဖွဲ့မှူးလည်း
ဟန်ဒါအွန်တို့ကို ထမင်းစားဖို့မှာပြီး ပိုက်ဆံပေးကာ ထွက်သွားဖို့လုပ်လိုက်ပါတယ်။
ဟန်ဒါအွန်လည်း အားနာသွားပြီး အဖွဲ့မှူးကို
ထမင်းအတူတူစားဖိူ့ ခေါ်လိုက်ပါတယ်။
နောက်တော့ ဟန်ဒါအွန်က ဂန်ဘိနာဆီကို ဖုန်းဆက်လိုက်ပေမယ့် ဂန်ဘိနာကဖုန်းမကိုင်တာကြောင့်
ဗဲလ်လက်ဆီ ဆက်လိုက်ပါတယ်။
ဗဲလ်လက်လည်း ဂန်ဘိနာရဲ့ အကြောင်းစုံပြောပြလိုက်တာကြောင့် ဟန်ဒါအွန်လည်း
စိတ်ပူသွားပြီး အမြန် ကားနဲ့ လိုက်လာပါတော့တယ်။
ဂန်ဘိနာကတော့ နတ်ဆိုးအစွမ်းမရှိတော့တာကြောင့် ဂျောင်ဆွန်းဟို
တိုက်ခိုက်တာကို အလျင်အမြန်မရှောင်နိင်တော့ဘဲ မနည်းပြန်ချနေခဲ့ရပါတယ်။
တိုက်ခိုက်နေရင်း ဂျောင်ဆွန်းဟိုက ပန်းချီကားထဲ မ၀င်တာကြောင့်
ဂန်ဘိနာက အံ့ဩသွားပြီး စာတန်မဟုတ်ဘူးလားလို့မေးလိုက်ပါတယ်။
ဂျောင်ဆွန်းဟိုကတော့ ဘာမှန်းမသိဖြစ်နေခဲ့ပြီး ဂန်ဘိနာကို
တုတ်နဲ့ရိုက်မိသွားပါတော့တယ်။
ဂန်ဘိနာလည်း သတိလစ်သွားပြီး နိုးလာတဲ့အချိန်မှာတော့ အိပ်ခန်းပုံစံအခန်းထဲ ရောက်နေခဲ့ပါတယ်။
ဂျောင်ဆွန်းဟိုက ဓားပုံစံတစ်ခုကို သေတ္တာထဲက ထုတ်နေရင်း အဲဒီကတည်းက သေသွားခဲ့ရမှာလို့
ဂန်ဘိနာကို ပြောနေခဲ့ပါတယ်။
ဒါ့အပြင် ဘယ်လိုပဲကြိုးစားကြိုးစား ဒီအခန်းထဲက
ထွက်နိုင်တော့မှာ မဟုတ်တဲ့အကြောင်း ထပ်ပြောလိုက်ပါတယ်။
ဂျောင်ဆွန်းဟိုရဲ့စကားကြောင့် ဂန်ဘိနာလည်း တံခါးကို လှမ်းကြည့်လိုက်တဲ့အခါမှာတော့
ကုတ်ခြစ်ထားတဲ့အရာတွေကို တွေ့လိုက်ရတာကြောင့် ဂန်ဘိနာလည်း ဘာကြောင့်
အဲ့တုန်းကဂန်ဘိနာကို တိုက်ခိုက်ခဲ့တာလဲလို့ ဂျောင်ဆွန်းဟိူကိုမေးလိုက်ပါတယ်။
ဂျောင်ဆွန်းဟိူလည်း ဂန်ဘိနာကို
တိုက်ခိုက်ခဲ့မိတဲ့အကြောင်းကိုပြန်တွေးရင်း ပြောပြလိုက်ပါတယ်။
အရင်က ဂန်ဘိနာက ဂျောင်တေးဂျူပြန်အလာကိုစောင့်ရင်း အိမ်ထဲကို
လျှောက်ပတ်ကြည့်နေခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ စာအုပ်တစ်အုပ်ကိုဖတ်ဖို့ ဆွဲယူကြည့်ရင်း
ရုတ်တရက် လျိုဝှက်အခန်းက ပွင့်သွားခဲ့ပါတယ်။
အဲ့တာကြောင့် ဂန်ဘိနာလည်း စပ်စုချင်သွားတာကြောင့်
၀င်သွားလိုက်ပြီး အိပ်ခန်းပုံစံအခန်းထဲကို ရောက်လာခဲ့ပါတယ်။
အခန်းထဲမှာတော့ ဗီဒီယိုစက်တစ်ခုရှိနေပြီး ဂန်ဘိနာလည်း
မတော်တဆ ဖွင့်ကြည့်မိသွားပါတယ်။
ဗီဒီယိုထဲမှာတော့ ရေဆာနေတဲ့ အမျိုးသမီးတစ်ဦးကို
ဂျောင်တေးဂျူက ရေဘူးကိုပစ်ပေးရင်း စနောက်ပြီး ပျော်ရွှင်နေခဲ့ပါတယ်။
ဂန်ဘိနာလည်း လန့်သွားကာ ပြန်မလို့လုပ်နေတုန်း ဂျောင်တေးဂျူက
ရောက်လာခဲ့ပါတယ်။
ဂန်ဘိနာလည်း ပြန်တော့မယ့်အကြောင်း ပြောတဲ့အခါမှာတော့
ဂျောင်တေးဂျူလည်း ဗီဒီယိုထဲက အမျိုးသမီးသေသွားတာရော ကြည့်ချင်သေးလားလိူ့
ပြုံးရင်းမေးလိုက်ပါတယ်။
ဂန်ဘိနာလည်း ကြောက်ကြောက်နဲ့ အမြန်ထွက်သွားလိုက်ပြီး ဂျောင်တေးဂျူကတော့ ရပ်ကြည့်ရင်း
ပြုံးနေခဲ့ပါတယ်။
အဲ့ဒီနောက် ဂျောင်တေးဂျူက ဆေးမသုံးရမနေနိင်ဖြစ်နေတဲ့ ဂျောင်ဆွန်းဟိုဆီလာခဲ့ပြီး
ဆေးပေးရင် ဘာမဆိုလုပ်မှာလားလို့ မေးလိုက်ပါတယ်။
ဂျောင်ဆွန်းဟိုကတော့ ဆေးစွဲနေတာကြောင့်
ဘာဖြစ်ဖြစ်လုပ်မယ့်အကြောင်း လက်ခံလိုက်ပြီး ဂျောင်တေးဂျူပစ်ပေးလိုက်တဲ့ ဆေးကို အငမ်းမရ သောက်နေခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ ဂန်ဘိနာတစ်ယောက် ပန်းခြံတစ်ခုမှာရပ်ရင်း ဂျောင်တေးဂျူဆီ
စေ့စပ်ပွဲဖျက်ဖို့ မက်ဆေ့ပို့နေခဲ့ပါတယ်။
အဲ့ဒီချိန်မှာပဲ ဂျောင်ဆွန်းဟိုကရောက်လာပြီး သူ့အစ်ကိုလုပ်ခိုင်းတာကြောင့်
လုပ်ရတာဖြစ်ကြောင်း ပြောရင်း ဂန်ဘိနာကို ဓားနဲ့ထိုးသတ်ပြီး ထွက်ပြေးသွားပါတော့တယ်။
အဲ့တာကြောင့် နတ်ဆိုး ဂန်ဘိနာက အမေဖြစ်သူလည်း
ဒီအခန်းထဲမှာပဲသေသွားတာဆိုရင် သတ်တဲ့သူကို ငရဲပို့ပေးမှာမို့ ဂျောင်ဆွန်းဟိုကို ဘယ်သူလဲဆိုတာ ပြောခိုင်းလိုက်ပါတယ်။
ဂျောင်ဆွန်းဟိုလည်း ဒေါသထွက်သွားပြီး ဂန်ဘိနာကို
လည်ပင်းညစ်ပါတယ်။ ဂန်ဘိနာလည်း အစွမ်းမရှိတော့တာကြောင့် ပြန်မရုန်းနိင်ဖြစ်နေခဲ့ပြီး
သတိလစ်တော့မလို ဖြစ်နေခဲ့ပါတော့တယ်။
တဖက်မှာတော့
ဟန်ဒါအွန်ရဲ့ကားရှေ့ကို ဂလယ်မိုရီက ရောက်လာခဲ့ပြီး ဟန်ဒါအွန်ကို အမတ်ဂျောင်ရဲ့
အိမ်ပုံစံ မြေပုံတစ်ခုကိုပေးလိုက်ပါတယ်။
ဒါ့အပြင် ဂန်ဘိနာက အစွမ်းမရှိတော့တာကြောင့် ဟန်ဒါအွန်ကို
အမြန်ကယ်ပေးဖို့ ဂလယ်မိုရီကပြောလိုက်ပါတယ်။
ဟန်ဒါအွန်လည်း သူနဲ့အတူလိုက်ခဲ့ဖို့ပြောတဲ့အခါမှာတော့ ဂလယ်မိုရီက ဂန်ဘိနာက
သူ့ကိုမကြိုက်တာကြောင့် ငြင်းဆိုခဲ့ပါတယ်။
ဒါကြောင့် ဟန်ဒါအွန်လည်း ကားနဲ့အမြန်မောင်းထွက်သွားခဲ့ပြီး
အမတ်ဂျောင်ရဲ့ကားဂိုဒေါင်ထဲကို ဖျက်၀င်ကာ လျိုဝှက်ခန်းထဲ တန်း၀င်သွားလိုက်ပါတယ်။
အဲ့ဒီမှာပဲ ဂန်ဘိနာကို လည်ပင်းညစ်နေတဲ့
ဂျောင်ဆွန်းဟိုကိုတွေ့သွားပြီး ဟန်ဒါအွန်က လက်သီးနဲ့ အသေထိုးပစ်ပါတော့တယ်။
ဂန်ဘိနာလည်း သေသွားအောင်ထိုးမိမှာစိုးတာကြောင့် လှမ်းတားလိုက်ပြီး
ဟန်ဒါအွန်လည်း ရပ်လိုက်ပါတယ်။
ဂန်ဘိနာကို ကြိုးဖြေပေးနေတုန်း ဂျောင်ဆွန်းဟိူက ထူးဆန်းတဲ့ဓားကိုယူကာ
ထွက်ပြေးသွားပါတယ်။
အဲ့ဒီနောက်မှာတော့ ဂျောင်တေးဂျုနဲ့ အမတ်ဂျောင်တို့လည်း ပြန်ရောက်လာပြီး
သူတို့အိမ်ရှေ့မှာ ရဲကားတွေနဲ့ ရှုပ်ယှက်ခတ်နေတာကိုတွေ့လိုက်ကြရပါတယ်။
ဒါ့အပြင် ဂန်ဘိနာကိုလည်း လူနာတင်ယာဉ်ပေါ်မှာ ထိုင်နေတာကို
တွေ့လိုက်ရတာကြောင့် အံ့ဩနေခဲ့ကြပါတယ်။
ဂန်ဘိနာကတော့ အမတ်ဂျောင်နဲ့ဂျောင်တေးဂျူတို့ကို
လှမ်းကြည့်ရင်းပြုံးနေခဲ့ပါတယ်။
နောက်နေ့ မနက်မှာတော့ ဆေးရုံတက်နေတဲ့ ဂန်ဘိနာဆီ ဂလယ်မိုရီက
လာရောက်တွေ့ခဲ့ပါတယ်။
ဂန်ဘိနာလည်း ဂလယ်မိုရီကို သူ့အနားကိုလာခိုင်းလိုက်ပြီး အရင်ကပါးရိုက်ခဲ့မိတာကြောင့်
ပြန်ရိုက်ဖို့ပြောလိုက်ပါတယ်။
ဂလယ်မိုရီလည်း ဂန်ဘိနာစကားနားထောင်ကာ တစ်ချက်ကို
ပြင်းပြင်းလေးရိုက် ပေးလိုက်ပါတယ်။
အဲ့ဒီနောက် ဂလယ်မိုရီလည်း ဂန်ဘိနာကို အားနာပြီး
ပြန်တောင်းပန်နေပါတယ်။ ဂန်ဘိနာလည်း နာသွားပေမယ့် ဂလယ်မိုရီကို ခွင့်လွှတ်ပေးလိုက်ပါတယ်။
ရဲစခန်းမှာကတော့ စီနီယာဒုံဟွန်းနဲ့
အွန်းဆော့ကို အဖွဲ့မှူးက အမတ်ဂျောင်တို့သားအဖနှစ်ယောက် အခြေနေကိုမေးလိုက်ပါတယ်။
စီနီယာဒုံဟွန်းလည်း သားဖနှစ်ေယာက်လုံးဘယ်မှမသွားဘဲ
အိမ်တွင်းအောင်းကာ စစ်ဆေးတာလဲ မခံဘဲရှောင်နေတဲ့အကြောင်း ပြောလိုက်ပါတယ်။
စီနီယာဒုံဟွန်းလည်း အဖွဲ့မှူးကို ပြောပြနေရင်း
ဟန်ဒါအွန် မရှိတာကြောင့် ဘယ်ရောက်သွားတာလဲလို့ မေးလိုက်ပါတယ်။
အဖွဲ့မှူးလည်း ဟန်ဒါအွန်ကို
ဂန်ဘိနာဆေးရုံဆင်းတာသွားကြည့်ဖို့ လွှတ်လိုက်တဲ့အကြောင်း ပြောပြလိုက်ပါတယ်။
အဲ့ဒီနောက် စီနီယာဒုံဟွန်းတို့လည်း အဖွဲ့မှူးနဲ့ အတူ
ဂျောင်ဆွန်းဟို မောင်းပြေးသွားတဲ့ကားကို cctvမှာကြည့်ရင်း ခြေရာခံဖို့
လုပ်နေကြပါတယ်။
ဟန်ဒါအွန်တစ်ယောက်ကတော့ ဂန်ဘိနာဆီ လာခဲ့ပေမယ့် ဂန်ဘိနာက
ဆေးရုံမှာရှိမနေဘဲ ပိုင်ရှင်မိန်းမနဲ့ မင်ဂျွန်းအမေတို့သာရှိနေခဲ့ပါတယ်။
ဟန်ဒါအွန်က ပိုင်ရှင်မိန်းမကို ဂန်ဘိနာဘယ်သွားလဲ မေးကြည့်တဲ့အခါမှာတော့
ပိုင်ရှင်မိန်းမလည်း ဂန်ဘိနာက သူတို့ရောက်လာထဲကမရှိတာကြောင့် သူလည်းမသိကြောင်း ပြန်ပြောလိုက်ပါတယ်။
ဒါကြောင့် ဟန်ဒါအွန်လည်း ဂန်ဘိနာကို
စိတ်ပူသွားပါတယ်။
ဂန်ဘိနာကတော့ ဘာအဲလ်ကိုဆင့်ခေါ်တဲ့နေရာကို သွားပြီး
ဘာအဲလ်ကိုဆင့်ခေါ်လိုက်ပါတယ်။
ဘာအဲလ်လာတဲ့အခါမှာတော့ ဂန်ဘိနာကစာတန်ကို ရှာတွေ့ပြီဖြစ်တာကြောင့်
သူ့အစွမ်းတွေပြန်ပေးရင် သေချာပေါက်ဖမ်းပေးမယ့်အကြောင်း ဘာအဲလ်ကို ပြောလိုက်ပါတယ်။
ဘာအဲလ်လည်း သူ့ကိုစိတ်ထပ်ပျက်အောင်မလုပ်ဖို့ ပြောလိုက်ပြီး ဂန်ဘိနာကို အစွမ်းတွေပြန်ပေးလိုက်ပါတယ်။
ဂျောင်ဆွန်းဟိုတစ်ယောက်ကတော့ တည်းခိုခန်းတစ်ခုမှာ ထူးဆန်းတဲ့ဓားကိုယူလာပြီး
ပုန်းနေခဲ့ပါတယ်။
အဲ့ဒီချိန်မှာပဲ အခန်းအပြင်က တည်းခိုခန်းပိုင်ရှင်အသံနဲ့ တံခါးခဏဖွင့်ပေးဖို့
ပြောနေခဲ့ပါတယ်။
ဂျောင်ဆွန်းဟိုက ဖွင့်ပေးလိုက်တဲ့အခါမှာတော့
ဂန်ဘိနာနဲ့အတူ ဂလယ်မိုရီနဲ့ ဗဲလ်လက်တို့ဖြစ်နေခဲ့ပါတယ်။
ဂျောင်ဆွန်းဟိုလည်း လန့်သွားခဲ့ပြီးဂန်ဘိနာကတော့
ဘေ့စ်ဘောတုတ်ကိုင်ကာ ဂျောင်ဆွန်းဟိုအခန်းထဲ ၀င်လာပါတော့တယ်။
အဲ့ဒီနောက်မှာတော့ ကားပေါ်မှာ လဲနေတဲ့ လူတစ်ယောက်ကိုထားကာ သန့်ရှင်းေရးနတ်ဆိုးအဖွဲ့က ကားကိူ ဓာတ်ဆီတွေနဲ့
လောင်းနေခဲ့ပါတယ်။
ခဏအကြာမှာတော့ ဂန်ဘိနာက မီးခြစ်ကို ထုတ်လိုက်ပြီး ဓာတ်ဆီတွေပေါ် ပစ်ချလိုက်တဲ့အခါမှာတော့
မီးလောင်ပြီး ကားလည်းပေါက်ကွဲသွားပါတယ်။
ဂန်ဘိနာတစ်ယောက်ကတော့ ကားပေါက်ကွဲတာကိုကြည့်ရင်း ပြုံးပြီး ထွက်သွားပါတော့တယ်။
ဂန်ဘိနာတစ်ယောက် တည်းခိုခန်းမှာပုန်းနေတဲ့ ဂျောင်ဆွန်းဟိုကို
ဆုံးမဖို့လာရှာခဲ့ပြီးတဲ့နောက်မှာတော့ ဂျောင်ဆွန်းဟိုလို့ထင်ရတဲ့
လူရဲ့အလောင်းကို ကားထဲထည့်ကာ မီးရှို့ခဲ့ပါတယ်။
မနက်ရောက်တဲ့အခါမှာတော့ မီးလောင်ခံထားရတဲ့
ကားနဲ့အလောင်းကို ဟန်ဒါအွန်အပါ၀င် ရဲတွေက လာရောက် စစ်ဆေးနေကြပါတယ်။
စီနီယာဒုံဟွန်းနဲ့ အွန်းဆော့တို့က ဂျောင်ဆွန်းဟိုသေတာဟာ
ဂန်ဘိနာကိုပြန်ပေးဆွဲမှုကြောင့်နဲ့ ပတ်သတ်နေနိင်တယ်လို့ထင်ကြေးပေးကြပြီး
အဖွဲ့မှူးကတော့ အလောင်းက ပျက်ဆီးမှုများတာကြောင့် စစ်ဆေးချက်ရလာမှပဲ
ဂျောင်ဆွန်းဟို ဟုတ်မဟုတ် အတည်ပြုရမယ်လို့ပြောနေခဲ့ပါတယ်။
အဲ့ဒီချိန် မှုခင်းရဲတစ်ယောက်က
သက်သေတစ်ခုရှာတွေ့တာကြောင့် အဖွဲ့မှူးကိုလာပေးခဲ့ပါတယ်။
သက်သေကတော့ ဂျောင်ဆွန်းဟို အခုလိုသက်သေရတာဟာ
အစ်ကိုဖြစ်သူနဲ့ အဖေကြောင့်လို့ ရေးထားတဲ့စာတစ်ရွက် ဖြစ်နေခဲ့ပါတယ်။
စာရွက်ရဲ့သက်သေကြောင့် ရဲတွေက အစ်ကိုဖြစ်သူ ဂျောင်တေးဂျူကို
စစ်ဆေးမေးမြန်းခဲ့ပါတယ်။
အွန်းဆော့နဲ့ စီနီယာဒုံဟွန်းတို့လည်း ဂန်ဘိနာက်ို
ပြန်ပေးဆွဲပြီး ခဏခဏ ပြသာနာတွေ ရှာနေတာကြောင့် သတ်ချင်ခဲ့တာလားလို့
ဂျောင်တေးဂျူကို မေးလိုက်ပါတယ်။
ဂျောင်တေးဂျူကတော့ သူသတ်တာမဟုတ်ကြောင်းနဲ့ သူ့လက်နဲ့ သတ်ဖို့တောင် မတန်တဲ့သူဖြစ်ကြောင်း ပြန်ပြောခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ အဖေဖြစ်သူ အမတ်ဂျောင်ကို ဟန်ဒါအွန်နဲ့အဖွဲ့မှူးက စစ်ဆေးမေးမြန်းခဲ့ပါတယ်။
အမတ်ဂျောင်ကတော့ သားဖြစ်သူကို မဆုံးမခဲ့တာဟာ သူ့အပြစ်မို့
အပြစ်ရှိကြောင်း ၀မ်းနည်းစွာပြောပါတယ်။
အဖွဲ့မှူးကတော့ အပြစ်ရှိတယ်ထင်လို့
သားဖြစ်သူရဲ့ဈာပနကို အမြန်လုပ်လိုက်တာလားဆိုပြီး ၀င်ထောက်ကာ အမတ်ဂျောင်ကို ပြောလိုက်ပါတယ်။
အမတ်ဂျောင်က သားဖြစ်သူဟာ ဘယ်လိုဖြစ်ဖြစ်
သေသွားပြီဖြစ်တာကြောင့် လုပ်လိုက်တာလို့ ပြောပါတယ်။
ဟန်ဒါအွန်နဲ့ အဖွဲ့မှူးလည်း အမတ်ဂျောင်ဆီက ဘာသက်သေမှ ထပ်မရလာတာကြောင့်
စိတ်ပျက်သွားပြီး မသင်္ကာသာဖြစ်နေကြပါတယ်။
တဖက်မှာတော့ ဂန်ဘိနာတစ်ယောက်
ဗဲလ်လက်၊ ဂလယ်မိုရီတို့နဲ့အတူ ပျော်ရွှင်စွာ ဈေးဝယ်ထွက်နေခဲ့ပါတယ်။
နိုဘုံးစခန်းမှာကတော့ စီနီယာဒုံဟွန်းက
အဖွဲ့မှူးကို
ဂန်ဘိနာ
ပြန်ပေးဆွဲခံရတဲ့နေ့မှာ ဂျောင်တေးဂျူက ဂေါက်ဖ်ကွင်းမှာ
ဟွမ်းချွန်းဗီလာ ပြန်လည်တည်ဆောက်ရေးအတွက် အရေးပါတဲ့ ၀န်ကြီးတစ်ယောက်နဲ့တွေ့ခဲ့ကြောင်း
cctvထွက်လာခဲ့တာကို ပြောဆိုနေခဲ့ကြပါတယ်။
ဟန်ဒါအွန်က ဘာတစ်ခွန်းမှ၀င်မပြောသေးတာကြောင့်
စီနီယာဒုံဟွန်းက အကျိုးအကြောင်း လှမ်းမေးလိုက်ပါတယ်။
ဟန်ဒါအွန်လည်း
တွေးစရာတစ်ခုရှိနေတာကြောင့်လို့ပြန်ပြောလိုက်ပြီး အလောင်းစစ်ဆေးချက်ရလဒ်ထွက်လာမှပဲ အဖြေကိုကြည့်တာပေါ့လို့ ပြန်ပြောလိုက်ပါတယ်။
အဖွဲ့မှူးက ဟန်ဒါအွန်ပြောတာကို ထောက်ခံလိုက်ပြီး အမတ်ဂျောင်နဲ့ ဂျောင်တေးဂျူကို ဆက်စောင့်ကြည့်နေဖို့ ပြောလိုက်ပါတယ်။
တစ်ဖက်မှာတော့ ဂျောင်ဆွန်းဟိုရဲ့
ဈာပနပွဲကို အမတ်ဂျောင်နဲ့ ဂျောင်တေးဂျူတို့က ကျင်းပနေပါတယ်။
ဈာပနာကို ဂန်ဘိနာတစ်ယောက် အပြာ၀မ်းဆက်၀တ်ကာ
တောက်တောက်ပြောင်ပြောင်နဲ့ ရောက်လာခဲ့ပါတယ်။
ဈာပနခန်းမထဲမှာတော့ ဂန်ဘိနာက
ဂျောင်တေးဂျူနဲ့ အမတ်ဂျောင်ကို မထိတထိ စိတ်တိုအောင် ပြောနေခဲ့ပါတယ်။
ဂျောင်တေးဂျူလည်း စိတ်တိူသွားပြီး
ပြန်ပြောမလို့လုပ်တဲ့အခါမှာတော့ ဂန်ဘိနာက ဂျောင်တေးဂျူကို ဟန်ဆောင်မနေဖို့နဲ့ ၀မ်းနည်းမနေတာ သိတဲ့အကြောင်း ပြောလိုက်ပြီး အမတ်ဂျောင်ကို
နှုတ်ဆက်ကာထွက်သွားခဲ့ပါတယ်။ အမတ်ဂျောင်လည်း ဂန်ဘိနာက
စိတ်၀င်စားဖိူ့ ကောင်းတဲ့သူဖြစ်ကြောင်း ပြောလိုက်ပြီး ဂျောင်တေးဂျူကတော့ အမတ်ဂျောင်ကို ကြည့်နေခဲ့ပါတယ်။
ခဏအကြာမှာတော့ အလောင်းကိုမြေချမှာကြောင့် ကားပေါ်
တင်နေတုန်း အမတ်ဂျောင်က သားဖြစ်သူအတွက်
ငိုကြွေးနေပါတယ်။
ဂျောင်တေးဂျူကတော့ အမတ်ဂျောင်ရဲ့ပုံစံကို လှမ်းကြည့်ပြီး အကဲခတ်နေခဲ့ပါတယ်။
နိုဘုံးစခန်းမှာတော့ အွန်းဆော့က
အလောင်းစစ်ဆေးချက်အဖြေထွက်လာပြီး ဂျောင်ဆွန်းဟိုမဟုတ်ကြောင်း လာပြောပါတယ်။
အဖွဲ့မှုးနဲ့ စီနီယာဒုံဟွန်းလည်း အံ့ဩသွားခဲ့ပြီး
ဂျောင်ဆွန်းဟိုတစ်ယောက် ဂန်၀န်ဒိုကနေ မှောင်ခိုကားစီးသွားတာကို
နောက်ဆုံးခြေရာခံမိပြီးထဲက ပျောက်သွားတာကြောင့် အခုထိအသက်ရှင်နေသေးတဲ့အကြောင်း သိသွားကြပါတယ်။
ဒါကြောင့်ပဲ စီနီယာဒုံဟွန်းလည်း
ဂန်၀န်ဒိုကိုသွားပြန်ရှာဖို့ လုပ်နေတဲ့အချိန်မှာပဲ ဂျောင်ဆွန်းဟိုက
သွားရှာဖို့ မလိုတော့တဲ့အကြောင်းပြောကာ ရဲစခန်းထဲကို ၀င်လာခဲ့ပါတယ်။
ဒါ့အပြင် အကုန်လုံးကိုလည်း
၀န်ခံမယ်ဆိုတဲ့အကြောင်းပြောပါတယ်။
အဲ့ဒီချိန် အခေါင်းကိုဖက်ကာ ငိုနေတဲ့
အမတ်ဂျောင်ဆီကို ဂျောင်ဆွန်းဟိူ အသက်ရှင်နေသေးတဲ့အကြောင်း ၀န်ထမ်းတစ်ယောက်က လာပြောခဲ့ပါတယ်။
အမတ်ဂျောင်လည်း ငိုနေတာကနေ ချက်ချင်းတိတ်သွားပြီး
မျက်နာတည်သွားပါတယ်။
အမတ်ဂျောင်လည်း သူ့သားအသက်ရှင်နေသေးတာလားလိူ့ ၀န်ထမ်းကို
ပြန်ေပြာလိုက်ပြီး ဂျောင်တေးဂျူလည်း အံ့ဩနေခဲ့ပါတယ်။
ရဲစခန်းမှာတော့ ဂျောင်ဆွန်းဟို
ရောက်လာတာကို ဟန်ဒါအွန်တစ်ယောက် အံ့ဩတကြီးနဲ့ စိုက်ကြည့်နေခဲ့ပါတယ်။
လွန်ခဲ့တဲ့၄ရက်ခန့်လောက်မှာတော့ ဟန်ဒါအွန်က ဂန်ဘိနာ
ဆေးရုံဆင်းတာကို အဖွှဲ့မှူးကသွားကြည့်ဖို့လွှတ်လိုက်တာကြောင့် ဆေးရုံကိုလာပါတယ်။
ဆေးရုံမှာတော့ ပိုင်ရှင်မိန်းမနဲ့
မင်ဂျွန်းအမေတို့ပဲရှိနေခဲ့တာကြောင့် စိတ်ပူနေတုန်းမှာပဲ
ဂန်ဘိနာဆီက မက်ဆေ့၀င်လာခဲ့ပါတယ်။
မက်ဆေ့ထဲမှာတော့ ဗီလာရှေ့က ကော်ဖီဆိုင်ကို ညကျရင် လာခဲ့ဖို့ ပြောထားခဲ့ပါတယ်။
ဒါကြောင့် ဟန်ဒါအွန်လည်း ဂန်ဘိနာဆီသွားတွေ့တဲ့အခါမှာတော့ ဂန်ဘိနာက ဂျောင်ဆွန်းဟိုရှိနေတဲ့နေရာကို ပြောပြလိုက်ပြီး ဂျောင်ဆွန်းဟိုကို
သူတစ်ယောက်ထဲ ကိုင်တွယ်မှာကြောင့် ဟန်ဒါအွန်
သိသင့်တယ် ထင်တဲ့အတွက် အကြောင်းစုံကို ပြောပြလိုက်ပါတယ်။
ဂျောင်ဆွန်းဟိုရှိနေတဲ့ နေရာကို
ဂန်ဘိနာနဲ့ ဗဲလ်လက်တို့ရောက်သွားပြီး ဂျောင်ဆွန်းဟိုရဲ့
အခန်းတံခါးဖွင့်တဲ့အခါမှာတော့ ဂန်ဘိနာက ဘေ့စ်ဘောတုတ်နဲ့
ရိုက်မလို့လုပ်လိုက်ပေမယ့် မရိုက်ဘဲ ရပ်လိုက်ပါတယ်။
ဂျောင်ဆွန်းဟိုလည်း သူ့ကိုမရိုက်တာကြောင့်
အံ့ဩနေခဲ့ပါတယ်။
ဂန်ဘိနာကတော့ ဂျောင်ဆွန်းဟိုအသုံးချပြီး လူသတ်သမားဂျေကို ဖမ်းမယ့်အကြံကို ဟန်ဒါအွန်ကိုပြောပြနေခဲ့ပါတယ်။
အဲ့ဒီနောက် ဂျောင်ဆွန်းဟိူရဲ့အခန်းထဲမှာ ဂန်ဘိနာကထိုင်ေနပြီး ဂလယ်မိုရီနဲ့ ဗဲလ်လက်တို့က လူသတ်သမားဂျေရဲ့
သက်သေပစ္စည်းကို လိုက်ရှာခဲ့ပါတယ်။
ခဏအကြာမှာတော့ ဂလယ်မိုရီက ထူးဆန်းတဲ့
ပုဆိန်ကိုရှာတွေ့သွားကြောင့်
ဂန်ဘိနာကိုပေးလိုက်ပြီး
ဗဲလ်လက်နဲ့အတူ အခန်းထဲကထွက်သွားခဲ့ပါတယ်။
ဂျောင်ဆွန်းဟိုလည်း ပုဆိန်ဘူးကို အမြန်ကောက်ယူလိုက်ပြီး
လက်ထဲမှာပိုက်ထားခဲ့ပါတယ်။
ဂန်ဘိနာက ပုဆိန်ပိုင်ရှင်ကဘယ်သူလဲလို့မေးပါတယ်။
ဂျောင်ဆွန်းဟိုကတော့ ဘာမှပြန်မပြောဘဲ နေခဲ့ပါတယ်။
ဂန်ဘိနာက လူသတ်သမားဂျေဟာ အစ်ကိုဖြစ်သူလား အဖေဖြစ်သူလားလို့ မေးလိုက်ပြီး အမေဖြစ်သူလို သတ်တာခံချင်လို့လားလို့ မေးလိုက်ပါတယ်။
ဂျောင်ဆွန်းဟိုလည်း စိတ်တိုနေခဲ့ပြီး အမေဖြစ်သူအကြောင်းမပြောဖို့
ဂန်ဘိနာကို ပြောလိုက်ပါတယ်။
ဒါကြောင့် ဂန်ဘိနာလည်း ဘာမှမဆိုင်တဲ့ သက်သေကိုယူပြီး
ဘာကြောင့်ထွက်ပြေးနေတာလဲလို့ ဂျောင်ဆွန်းဟိုကို မေးလိုက်ပါတယ်။
ဂျောင်ဆွန်းဟိုက ဘာမှပြန်မပြောဘဲငြိမ်နေခဲ့တာကြောင့်
ဂန်ဘိနာက ဂျောင်ဆွန်းဟိူဟာ အိမ်ကိုဖုန်းဆက်ပြီး သက်သေယူထားတာကြောင့် သူ့ကိုမသတ်ဘဲ
ပူးပေါင်းပေးဖို့တောင်းဆိုမယ်ဆိုတာကို သိကြောင်း
ပြောလိုက်ပါတယ်။
ဂျောင်ဆွန်းဟိုလည်း ဂန်ဘိနာသိနေတာကြောင့် အံ့ဩနေခဲ့ပြီး ဂန်ဘိနာကတော့ သက်သေကို ရဲစခန်းကို အပ်ပြီး၀န်ခံလိုက်ဖို့ ပြောလိုက်ပါတယ်။
ဂျောင်ဆွန်းဟိုက ဘာကြောင့်
ဂန်ဘိနာပြောတာကို လိုက်လုပ်ရမှာလဲလို့ပြန်ပြောပြီး ဂန်ဘိနာကို
မယုံကြည်ဖြစ်နေခဲ့ပါတယ်။
ဂန်ဘိနာလည်း အမေဖြစ်သူကိုသတ်သွားတဲ့လူကို သတ်ပေးမှာမို့
လက်စားမချေချင်ဘူးလားလို့
ဂျောင်ဆွန်းဟိုကို
မေးလိုက်ပါတယ်။
ဂျောင်ဆွန်းဟိုလည်း ဂန်ဘိနာကို မယုံသေးတဲ့အကြောင်း ထပ်ပြောပြလိုက်ပါတယ်။
အဲ့တာကြောင့် ဂန်ဘိနာက အိမ်ကိုဖုန်းဆက်ပြီး အစ်ကိုဖြစ်သူနဲ့ အဖေဖြစ်သူက ကယ်ပေးမှာလား သတ်မှာလားဆိုတာနဲ့ ပတ်သတ်ပြီး
လောင်းမယ်လို့ ဂျောင်ဆွန်းဟိူကို ပြောလိုက်ပါတယ်။
တကယ်လို့ ဂန်ဘိနာက သူနိုင်ရင်တော့ သူနဲ့အတူ
ပူးပေါင်းပေးရမယ်လို့ ဂျောင်ဆွန်းဟိုကို ပြောလိုက်ပါတယ်။
အဲ့ဒီနောက် ဂန်ဘိနာလည်း အပြင်ထွက်လာပြီး ဂလယ်မိုရီက
သက်သေကို ဒီတ်ိုင်းလုဖို့ပြောနေခဲ့ပါတယ်။
ဂန်ဘိနာကတော့ တစ်ချိန်ကျ မျက်မြင်သက်သေအဖြစ်
အသုံးချလို့ရတာကြောင့် ၀န်ခံအောင်အရင်လုပ်မယ်လို့ ပြောလိုက်ပါတယ်။
ဗဲလ်လက်လည်း ဂျောင်ဆွန်းဟိုက
၀န်ခံပေးပါ့မလားစိတ်ပူနေတဲ့အကြောင်း ဂန်ဘိနာကိုပြောလိုက်တာကြောင့် ဂန်ဘိနာလည်း စောင့်ကြည့်ရမယ့်အကြောင်း ပြောရင်း ပြုံးနေခဲ့ပါတယ်။
နောက်တော့ ဂျောင်ဆွန်းဟိုလည်း သူ့အိမ်ကို
ဆက်လိုက်ပြီး အစ်ကိုဖြစ်သူ ဂျောင်တေးဂျူကို အကူညီတောင်းလိုက်ပါတယ်။
ဂျောင်တေးဂျူလည်း လူလွတ်ပေးလိုက်မယ့်အကြောင်း
ဂျောင်ဆွန်းဟိူကို ပြန်ပြောလိုက်ပါတယ်။
ဖုန်းပြောပြီးတဲ့နောက်မှာတော့ ဂျောင်တေးဂျူက
အမတ်ဂျောင်နဲ့အတူထိုင်နေခဲ့ပြီး ဂျောင်ဆွန်းဟိုကို အမေဖြစ်သူနဲ့အတူ
သတ်ခဲ့လိုက်ရမှာဖြစ်ကြောင်း ပြောနေပါတယ်။
အမတ်ဂျောင်ကတော့ အေးဆေးလက်ဖက်ရည်သောက်နေခဲ့ပါတယ်။ ခဏအကြာမှာတော့ သက်သေကို ပိုက်ပြီး ရပ်စောင့်နေတဲ့ ဂျောင်ဆွန်းဟိုဆီကို
ကားတစ်စီးရောက်လာပြီး လာခေါ်ခဲ့ပါတယ်။
ဂျောငိဆွန်းဟိုလည်း ကားပေါ်တက်လိုက်ပြီး လမ်းတ၀က်အရောက်မှာ
မူမမှန်တာကြောင့် ကားရပ်ပေးဖို့ပြောနေတုန်း
ဂျောင်ဆွန်းဟိုကို ကားပေါ်ကလူဆိုးက သတ်ဖို့လုပ်ပါတယ်။
ဂျောငိဆွန်းဟိူလည်း ရုန်းကန်နေရင်း
ခဏအကြာမှာတော့ ကားရှေ့ကို ဂလယ်မိုရီတို့နဲ့ သန့်ရှင်းရေးနတ်ဆိုးအုပ်စုက ပိတ်ရပ်ထားခဲ့တာကြောင့် လူဆိူးတွေလည်း ကားကိုရပ်လိုက်ရပါတယ်။
လူဆိုးတွေက
ဆင်းပြီး
ဘယ်သူတွေလဲလို့မေးလာတာကြောင့် ဂလယ်မိုရီနဲ့သန့်ရှင်းရေးနတ်ဆိုး အုပ်စုလည်း နတ်ဆိုးဖြစ်ကြောင်း ပြောပြလိုက်ပြီး လူဆိုးတွေကို
စတိုက်ခိုက်ပါတယ်။
ဂျောင်ဆွန်းဟိုလည်း ကြောင်သွားခဲ့ပြီး
ကားထဲကထွက်လာကာ ရပ်ကြည့်နေခဲ့ပါတယ်။
လူဆိူးတွေကိုချပြီးသွားတဲ့နောက်မှာတော့ ဂန်ဘိနာက ကားပေါ်ကဆင်းလာပြီး သူပြောတာကို လက်ခံပြီလားလို့ ဂျောငိဆွန်းဟိုကို မေးလိုက်ပါတယ်။
ဂျောင်ဆွန်းဟိုလည်း အမေဖြစ်သူကိုသတ်ခဲ့တဲ့လူကို
လက်စားချေပေးမှာလားဆိုပြီး ထပ်မေးလိုက်ပါတယ်။
ဂန်ဘိနာက လက်စားချေပေးမယိ့အကြောင်း ပြန်ပြောလိုက်ပြီး
ဂျောင်ဆွန်းဟိူကို ပါးချပစ်လိုက်ပါတယ်။
ဂျောင်ဆွန်းဟိုလည်း ကြောင်သွားပြီး ဘာကြောင့်လုပ်ရတာလဲလို့
ပြန်မေးပါတယ်။
ဂန်ဘိနာကတော့ လျိုဝှက်အခန်းထဲမှာ
သူ့ကိုပြန်ပေးဆွဲရိုက်ခဲ့တာကြောင့် မကျေနပ်လို့
ပြန်ရိုက်တာဖြစ်ကြောင်းပြောပြလိုက်ပါတယ်။
နောက်တော့ ဂန်ဘိနာက ဂျောငိဆွန်းဟိုကို နှစ်ယောက်ကြားထဲက
ရန်ငြိုးကိုဖျက်ဖို့ ပြောလိုက်ပါတယ်။
ဒါကြောင့် ဂျောင်ဆွန်းဟိုက သူဘာလုပ်ပေးရမယ်ဆိုတာ မေးလိုက်ပေမယ့် ဂန်ဘိနာကတော့ ပြုံးပြီး ကြည့်နေခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ လယ်ကွင်းတစ်ခုမှာ
ကားတစ်စီးနဲ့လူဆိုး အလောင်းတစ်ခုကို တင်ထားခဲ့ပါတယ်။
ဂန်ဘိနာလည်း အလောင်းကိုဘယ်ကရတာလဲလို့ သန့်ရှင်းရေးနတ်ဆိုးအဖွဲ့ကို
မေးလိုက်ပါတယ်။
သန့်ရှင်းရေးနတ်ဆိုးအဖွဲ့လည်း လွန်ခဲ့တဲ့၁၀နှစ်ထဲက သေသွားတဲ့ လူဆိူး အလောင်းဖြစ်ပြီး သက်သေဖျက်ဆီးရင် အသုံးပြုလို့ရကြောင်း ရှင်းပြနေခဲ့ပါတယ်။
ဂန်ဘိနာလည်း သက်သေနောက်တစ်ခုကိုပေးဖို့ တောင်းလိုက်ပါတယ်။
ဂျောင်ဆွန်းဟိုက သူသေရတာဟာ အစ်ကိုဖြစ်သူနဲ့
အဖေဖြစ်သူသတ်တာဖြစ်ကြောင်း စာရေးထားတဲ့ စာရွက်ကိုပေးလိုက်ပါတယ်။
ဂျောင်ဆွန်းဟိုလည်း ဘာကြောင့်ရေးခိုင်းမှန်းနားမလည်တာကြောင့်
ဂန်ဘိနာကို မေးလိုက်ပါတယ်။
ဂန်ဘိနာလည်း အစ်ကိုနဲ့အဖေဖြစ်သူကို လှည့်စားပြီး
အချိန်ဆွဲမယ့်အကြောင်းနဲ့ အဲ့လိုလုပ်မှသာ ဂျောင်ဆွန်းဟိုလည်း အသက်ရှင်လျက်နဲ့ ၀န်ခံနိင်မှာဖြစ်ကြောင်း
ပြောပြလိုက်ပါတယ်။
အဲ့ဒီနောက်မှာတော့ သန့်ရှင်းရေးနတ်ဆိုးအဖွဲ့က
ကားနဲ့အလောင်းကို ဓာတ်ဆီတွေလောင်းခဲ့ပြီး ဂန်ဘိနာကတော့
မီးခြစ်နဲ့ခြစ်ကာ မီးရှို့ပေးလိုက်ပါတယ်။ အဲ့ဒီနောက်တော့ ဂျောင်ဆွန်းဟိုရေးထားတဲ့ သက်သေစာရွက်ကိုလည်း ပစ်ချလိုက်ပြီး ကားလည်းပေါက်ကွဲသွားပါတော့တယ်။
ဂန်ဘိနာလည်း သန့်ရှင်းရေးနတ်ဆိူးတွေကို အခင်းဖြစ်တဲ့ေနရာကို သေချာရှင်းထားဖို့ပြောလိုက်ပြီး ဂျောငိဆွန်းဟိုကိုလည်း
၀န်မခံရသေးခင်ထိ ကာကွယ်ပေးဖို့ ဂလယ်မိုရီနဲ့
ဗဲလ်လက်ကိုမှာလိုက်ပါတယ်။
အဲ့ဒီချိန်မှာတော့ ဟန်ဒါအွန်လည်းရောက်လာခဲ့ပြီး ဂျောင်ဆွန်းဟိုက လန့်သွားကာ ရဲခေါ်လိုက်တာတာလားလို့ ဂန်ဘိနာကိုပြောလိုက်ပါတယ်။
ဟန်ဒါအွန်ကတော့ ရဲအဖြစ်လာခဲ့တာမဟုတ်ဘဲ
နစ်နာသူမိသားစု၀င်အဖြစ်သာ လာခဲ့တာဖြစ်ကြောင်း
ပြန်ပြောလိုက်တာကြောင့် ဂျောင်ဆွန်းဟိုလည်း အံ့ဩသွားခဲ့ပါတယ်။
ဒီကိစ္စတွေပြီးတဲ့နောက်မှာတော့ ဂျောင်ဆွန်းဟိုက ရဲစခန်းကို
သက်သေခံပစ္စည်းဖြစ်တဲ့ ပုဆိန်ကိုထုတ်ပြကာ
၀န်ခံမယ့်အကြောင်း လာပြောပါတယ်။
ဟန်ဒါအွန်ကတော့ အကုန်လုံးကို ကြိုသိနှင့်နေတာဖြစ်ပြီး စစ်ဆေးတဲ့ နေရာမှာ ဘာမှ၀င်မပြောခဲ့ဘဲ ဂျောင်ဆွန်းဟိုရောက်လာတာကိုပဲ
စောင့်နေခဲ့တာဖြစ်ပါတယ်။
အဲ့ဒီနောက်မှာတော့ စစ်ဆေးမေးမြန်းခန်းမှာ
ဂျောင်ဆွန်းဟိုကို ဟန်ဒါအွန်နဲ့ စီနီယာဒုံဟွန်းက စစ်ဆေးနေခဲ့ပါတယ်။
စီနီယာဒုံဟွန်းက ဂန်ဘိနာကို ပြန်ပေးဆွဲရတဲ့အကြောင်းရင်းနဲ့
မသေသေးလို့ ထပ်သတ်ဖို့ကြံစည်တာမဟုတ်လားဆိုပြီး ဒေါသထွက်ကာမေးလိုက်ပါတယ်။
ဂျောင်ဆွန်းဟိုကတော့ မမှတ်မိကြောင်း ပြန်ဖြေနေခဲ့တာကြောင့်
စီနီယာဒုံဟွန်းလည်း ဒေါထွက်သွားပါတယ်။
ဒါကြောင့် ဂျောင်ဆွန်းဟိုက စီနီယာဒုံဟွန်းကို
အပြင်ထွက်ခိူင်းမှသာ ၀န်ခံမယ့်အကြောင်းပြောလိုက်တာကြောင့် စီနီယာဒုံဟွန်းလည်း စိတ်တိုတိုနဲ့ပဲ ထွက်သွားလိုက်ရပါတယ်။
ဂျောင်ဆွန်းဟိုလည်း ၀န်မခံခင် ဂန်ဘိနာက
အရင်ဂန်ဘိနာကိုသတ်ခဲ့တာကို အပြစ်ဖုံးပေးမယ့်အကြောင်းနဲ့
အမေဖြစ်သူအသတ်ခံရတာကို လက်စားချေပေးမယ့်အကြောင်း ပြောပြခဲ့တာကို ပြန်တွေးလိုက်ပါတယ်။
အဲ့ဒီနောက်မှာတော့ ဂျောင်ဆွန်းဟိုလည်း အမေဖြစ်သူကို အမတ်ဂျောင်နဲ့ဂျောင်တေးဂျူက လျိုဝှက်ခန်းထဲမှာ အငတ်ထားပြီး သတ်ခဲ့ကြောင်းပြောပြလိုက်ပါတယ်။
ဟန်ဒါအွန်က သက်သေရှိလားလို့မေးတဲ့အခါမှာတော့ ဂျောင်ဆွန်းဟိုက လျိုဝှက်ခန်းထဲမှာ အရင်က ဗီဒီယိုရိုက်ထားတဲ့သက်သေရှိပေမယ့်
အခုဘယ်မှာဖွက်ထားမှန်းမသိကြောင်း ပြန်ပြောခဲ့ပါတယ်။
ဟန်ဒါအွန်က လူသတ်သမားဂျေဆိုတာ အဖေနဲ့အစ်ကိုမှာ
ဘယ်သူလဲလို့မေးလိုက်ပါတယ်။
ဂျောင်ဆွန်းဟိုလည်း အမှန်တရားကို ပြောပြဖို့တွေဝေနေခဲ့ပြီး
ဒီအထိပဲပြောပြမယ့်အကြောင်း ဟန်ဒါအွန််ကိုပြောလ်ိုက်ပါတယ်။
ဟန်ဒါအွန်က ၀န်ခံမယ်ဆိုပြီး ဘာကြောင့်အမှန်တရားကို
ထုတ်မပြောပြတာလဲလို့ မေးလိုက်ပါတယ်။
ဂျောင်ဆွန်းဟိုကတော့ ဂန်ဘိနာကို
ပြန်ပေးဆွဲခဲ့တဲ့ ပြစ်မှုကို ၀န်ခံပြီး အပြစ်ခံယူမယ့်အကြောင်းနဲ့
အမေဖြစ်သူကိုသတ်ခဲ့တဲ့သူကို သေချာပေါက်ဖမ်းပေးဖို့
ဟန်ဒါအွန်ကို ပြန်ပြောလိုက်ပါတယ်။
အဲ့ဒီနောက်မှာတော့ ဟန်ဒါအွန်ကို
အွန်းဆော့က ပုဆိန်ကို ဆေးသိပ္ပံဌာနကို ပို့လိုက်ပြီဖြစ်ကြောင်း လာပြောပြပါတယ်။
ဘေးကထောင်ထဲမှာတော့ ဂျောင်ဆွန်းဟိုကရှိနေခဲ့တာကြောင့်
အွန်းဆော့လည်း အားနာသွားပြီး ဟန်ဒါအွန်ကိုတောင်းပန်ကာ
ထွက်သွားခဲ့ပါတယ်။
ဟန်ဒါအွန်လည်း ဂျောင်ဆွန်းဟိူအနားလာကာ
ပူးပေါင်းပေးတာကြောင့် ကျေးဇူးတင်တဲ့အကြောင်း
လာပြောခဲ့ပါတယ်။
ဂျောင်ဆွန်းဟိုကတော့ ငြိမ်ပြီးနားထောင်ကာ
တိတ်ဆိတ်နေခဲ့ပါတယ်။
တစ်ဖက်မှာတော့
ဂျောင်တေးဂျူတစ်ယောက် ဂျောင်ဆွန်းဟို အသက်ရှင်နေသေးတာကြောင့် ပေါက်ကွဲနေပါတယ်။
အဲ့ဒီချိန်မှာပဲ ၀န်ထမ်းတစ်ယောက်က သတင်းသွားမေးပြီး
ပြန်ရောက်လာခဲ့ပါတယ်။
ဂျောင်တေးဂျူလည်း ရဲကို ဂျောင်ဆွန်းဟိုတစ်ယောက်
ဘာတွေပြောခဲ့လဲဆိုတာကို သိချင်နေခဲ့တာကြောင့် ၀န်ထမ်းကိုမေးလိုက်ပါတယ်။
၀န်ထမ်းလည်း အဲဒီ့အကြောင်းတော့ မသိရသေးဘဲ
ဟွမ်ချွန်းဗီလာပြန်လည်တည်ဆောက်ရေး လုပ်ဖို့ကိုတော့
အဆင်ပြေတော့မယ့်အကြောင်း ပြောပြလိုက်ပါတယ်။
ဂျောင်တေးဂျူကတော့ ဗီလာကိစ္စကို စိတ်မ၀င်စားဘဲ ဂျောင်ဆွန်းဟို ဘာပြောလဲဆိုတာပဲ သိချင်နေခဲ့ပါတယ်။
၀န်ထမ်းက ဂျောင်ဆွန်းဟိုဟာ လက်နက်တစ်ခုကို သက်သေအဖြစ် တင်သွင်းခဲ့တဲ့အကြောင်း ပြောပြလိုက်တာကြောင့် ဂျောင်တေးဂျူလည်း
ဘယ်လိုလက်နက်လဲလို့ ပြန်ေမးလိုက်ပါတယ်။
၀န်ထမ်းလည်း မပြောချင်တဲ့ပုံလုပ်နေတာကြောင့်
ဂျောင်ဆွန်းဟိုက စားပွဲကပစ္စည်းနဲ့ ၀န်ထမ်းမျက်နာကို ထုပစ်ပြီး
မေးလိုက်ပါတယ်။
အဲဒီတော့မှ ၀န်ထမ်းလည်း ပုဆိန်တစ်ခုဖြစ်ကြောင်း
ပြောပြလိုက်ပါတော့တယ်။
ရဲစခန်းမှာတော့ စီနီယာဒုံဟွန်းက ဂျောင်တေးဂျူတစ်ယောက်
ဟွမ်ချွန်းဗီလာ ပြန်လည်တည်ဆောက်ရေးအတွက် လွှတ်တော်အမတ်တွေကို
လာဘ်ထိုးခဲ့တာကို cctv ထွက်လာပြီး မိသွားခဲ့တဲ့အကြောင်း
၀မ်းသာအားရလာပြောပြနေခဲ့ပါတယ်။
အွန်းဆော့နဲ့ဟန်ဒါအွန်က သက်သေဘယ်လိုရသွားတာလဲလို့မေးတာကို
စီနီယာဒုံဟွန်းက ပြန်ဖြေနေရင်း အဖွဲ့မှူးလည်း ဂျောင်တေးဂျုကို ဖမ်းဖို့ပြင်ဖို့ လှမ်းပြောလိုက်ပါတယ်။
အွန်းဆော့လည်း ဂျောင်ဆွန်းဟို ရဲ့ သက်သေလက်နတ်
ပုဆိန်ပေးလိုက်တာကို ဂျောင်တေးဂျူတစ်ယောက်သိသွားပြီလို့ အဖွဲ့မှူးကိုပြောပြနေခဲ့ပါတယ်။
အဖွဲ့မှူးလည်း အွန်းဆော့ကို ချီးကျူးလိုက်ပြီး
ဟန်ဒါအွန်ကိုလည်း ဘာကြောင့် အဲ့တုန်းက
ဘာမှ၀င်မပြောဘဲ အချက်လက်တွေသိသွားမှ အဖြေကိုစောင့်ကြည့်ဖို့ ပြောရတာလဲလို့ မေးလိုက်ပါတယ်။
ဟန်ဒါအွန်လည်း ဂန်ဘ်ိနာပြောခဲ့တာတွေကို ပြန်စဉ်းစားလိုက်ပါတယ်။
ဂန်ဘိနာက အမတ်ဂျောင်နဲ့ ဂျောင်တေးဂျူ
နှစ်ယောက်ထဲက လူသတ်သမားဂျေက ဘယ်သူမှန်းမသိသေးတာကြောင့် ပုဆိန်ကရလဒ်မထွက်လာခင် ဟန်ဒါအွန်က လူသတ်သမားကို ရှင်းနိင်မှာဖြစ်ကြောင်း ပြောပြခဲ့တာကို
ပြန်သတိရလိုက်ပါတယ်။
အဲ့တာကြောင့် ဟန်ဒါအွန်လည်း လူသတ်သမားဂျေက ဘယ်သူမှန်း
မြန်မြန်သိနိင်မှာဖြစ်တာကြောင့်လို့ အဖွဲ့မှူးကိုပြန်ပြောလိုက်ပါတယ်။
အဖွဲ့မှူးတို့လည်း ဘာမှပြန်မပြောတော့ဘဲ ဟန်ဒါအွန်ကိုသာ ကြည့်နေကြပါတော့တယ်။
ဂျောင်တေးဂျုကတော့ ရုံးမှာ စိတ်တိုလာပြီး
အိမ်ပြန်ရောက်တဲ့အခါမှာတော့ အေးဆေး စာဖတ်နေတဲ့ အမတ်ဂျောင်ရဲ့
စာအုပ်ကို ယူကာ လွှတ်ပစ်လိုက်ပါတယ်။
အမတ်ဂျောင်လည်း ဂျောင်တေးဂျူကို ပထမဆုံးတွေ့ခဲ့တဲ့နေ့ကို
မှတ်မိကြောင်းနဲ့ အဲ့နေ့ကလည်း ဒီလိုအကြည့်တွေနဲ့ပဲလို့ ပြောလိုက်ပါတယ်။
ဂျောင်တေးဂျူကတော့ ဂျောင်ဆွန်းဟိုဆီမှာ သက်သေရှိနေတာကြောင့်
ဘယ်လိုလုပ်ကြမလဲလို့ အမတ်ဂျောင်ကိုမေးနေခဲ့ပါတယ်။
အမတ်ဂျောင်ကတော့ သက်သေရှိနေတာမဖြစ်နိုင်တဲ့အကြောင်း ပြန်ပြောလိုက်ပါတယ်။
ဂျောင်တေးဂျူးက သက်သေပျောက်၊မပျောက်သွားစစ်ဆေးဖို့
ပြောလိုက်ပါတယ်။ အမတ်ဂျောင်လည်း အရာအားလုံးက သူလုပ်ခဲ့တာမဟုတ်ဘဲ သူကတော့ရွေးချယ်မှုသာပေးခဲ့တာဖြစ်ပြီး ဂျောင်တေးဂျူကသာ လုပ်ခဲ့တာဖြစ်ကြောင်းနဲ့
သူနဲ့ဘာမှမဆိုင်ကြောင်း ပြောနေခဲ့တာပါ။
ဂျောင်တေးဂျူလည်း အမတ်ဂျောင်ကို သူနဲ့ကြံရာပါလို့ထင်ခဲ့ပေမယ့် ဒီလိုတွေပြန်ပြောတာကြောင့် စိတ်တိုသွားပါတယ်။
ဂျောင်တေးဂျူက ဟွမ်ချွန်း ဗီလာ ပြန်လည်ဖွံ့ ဖြိုးရေးကို ဘာကြောင့် ဖြေးဖြေးပဲ လုပ်နေရတဲ့အကြောင်းရင်းကို သိလားလို့
အမတ်ဂျောင်ကိုမေးလိုက်ပါတယ်။
ဂျောင်တေးဂျူက အမတ်ဂျောင် ငရဲကနေလာတဲ့လမ်းမှာ
ဟွမ်ချွန်းဗီလာနားမှာ အမတ်ဂျောင်ယူလာတဲ့ ကိုင်လမ်လို့ခေါ်တဲ့အရာ
ကျကျန်ခဲ့တာကို သူယူထားကြောင်းပြောပြလိုက်ပါတယ်။
အမတ်ဂျောင်လည်း စိတ်တိုသွားပြီး
ကိုင်လမ်ကိုပြန်ပေးဖို့ကို အော်ပြောပါတယ်။
ဂျောင်တေးဂျူကတော့ အရင်ဆုံး လျိုဝှက်ခန်းထဲမှာ
လက်နက်ရှိမရှိ အရင်သွားစစ်ဆေးဖို့ အမတ်ဂျောင်ကိုပြောလိုက်ပါတယ်။
အဲ့ဒီနောက် နှစ်ယောက်သား လျိုဝှက်အခန်းထဲကို ရောက်လာကြပြီး
ပန်းချီကားထဲက ဖယောင်းတိုင်မီးတွေ လင်းနေသေးရငိ ဘယ်သူမှ ၀င်ထားတာမဟုတ်ကြောင်း
အမတ်ဂျောင်က ဂျောင်တေးဂျူကိုရှင်းပြခဲ့ပါတယ်။
ဂျောင်တေးဂျူကတော့ ပါးစပ်ပိတ်ထားပြီး မြန်မြန်စစ်ဆေးဖို့သာ
အမတ်ဂျောင်ကို ပြန်ပြောလိုက်ပါတယ်။
အမတ်ဂျောင်လည်း ပန်းချီကားထဲက အခန်းထဲကို ၀င်သွားလိုက်ပြီး စစ်ဆေးကြည့်တဲ့အခါမှာတော့ လက်နက်ပျောက်နေခဲ့ပါတယ်။
ဒီအခန်းထဲကို ဂျောင်ဆွန်းဟို မ၀င်နိုင်တာသိနေတာကြောင့်
အမတ်ဂျောင်လည်း ဘယ်သူ၀င်တာဖြစ်နိုင်လဲစဉ်းစားရင်း
ဂန်ဘိနာကို နတ်ဆိုးမှန်းသိသွားခဲ့ကာ ရယ်နေမိပါတယ်။
အဲ့ဒီနောက် အမတ်ဂျောင်က အခန်းတစ်ခုကို ထပ်ဖွင့်လိုက်ပြီး
အထဲမှာ ရေခဲထားတဲ့ အမျိူးသမီးအလောင်းတစ်ခုက ရပ်နေခဲ့ပါတယ်။
အမတ်ဂျောင်လည်း အနားကိုသွားလိုက်ပြီး
မကြာခင်လွှတ်ပေးမယ့်အကြောင်း ပြောကာ ရယ်နေခဲ့ပါတယ်။
နောက်တော့ အမတ်ဂျောင်လည်း ပြန်ထွက်လာပြီး
ဂျောင်တေးဂျူကို လက်နက်မရှိတော့ကြောင်း ပြောပြလိုက်ပါတယ်။
ဂျောင်တေးဂျူလည်း ဒေါသထွက်သွားပြီး အမတ်ဂျောင်ကို ထိုးဖို့
ရွယ်လိုက်ပါတယ်။
အမတ်ဂျောင်ကတော့ ဂျောင်တေးဂျူကို
ပြန်စိုက်ကြည့်နေခဲ့တာကြောင့် ဂျောင်တေးဂျူလည်း လက်ကိုပြန်ဖယ်လိုက်ပြီး တစ်ယောက်တည်း ဒေါသထွက်နေခဲ့ပါတယ်။
ဘယ်သူ့လက်ချက်လဲလို့ မေးတဲ့အခါမှာတော့ အမတ်ဂျောင်က
ဂန်ဘိနာလက်ချက်ဖြစ်ကြောင်း ပြောပြလိုက်ပါတယ်။
ဂျောင်တေးဂျူလည်း ဂန်ဘိနာကနတ်ဆိုးမှန်းသိသွားပြီး
သွားသတ်ဖို့ လုပ်လိုက်ပါတယ်။
အမတ်ဂျောင်လည်း ဂန်ဘိနာကို
သတ်လို့မရကြောင်းလှမ်းပြောလိုက်တာကြောင့် ဂျောင်တေးဂျူလည်း ဒါဆို
ဘယ်လိုလုပ်ရမလဲလို့ ဒေါသတကြီး အော်ပြောလိုက်ပါတယ်။
အမတ်ဂျောင်က သူ့ကို ကိုင်လမ်ပြန်ပေးဖို့နဲ့
သူ့ပိုင်ဆိုင်မှုတွေနဲ့အတူ နိုင်ငံခြားကို
ပို့ပေးမယ့်အကြောင်း ဂျောင်တေးဂျုကိုပြောလိုက်ပါတယ်။
ဂျောင်တေးဂျူကတော့ အမတ်ဂျောင်ကို
မယုံကြည်ကြောင်း ထပ်ပြောလိုက်ပြီး အမတ်ဂျောင်က ကိုင်လမ်သာပေးရင်
နိင်ငံခြားအေးဆေးထွက်သွားရုံပဲလို့ ပြန်ပြောလိုက်ပါတယ်။
နောက်ဆုံးတော့ ဂျောင်တေးဂျုလည်း
စိတ်လျော့ကာ လက်ခံလိုက်ပြီး ရဲတွေထက် မြန်မြန်လှုပ်ရှားဖို့လိုတဲ့အကြောင်း အမတ်ေဂျာင်ကို ပြောကာ ထွက်သွားပါတော့တယ်။
တစ်ဖက်မှာတော့ ဂန်ဘိနာရဲ့အိမ်မှာ
ဂလယ်မိုရီနဲ့ ဗဲလ်လက်တို့က ဂျောင်တေးဂျူနဲ့ အမတ်ဂျောင် ရဲ့
စကားဝိုင်းကို မှန်ထဲကနေကြည့်နေခဲ့ကြပါတယ်။
ဂလယ်မိုရီက ပန်းချီကားထဲ လူ၀င်သွားတာမသိအောင် ဘယ်လိုလုပ်ခဲ့တာလဲလို့ ဂန်ဘိနာကို မေးလိုက်ပါတယ်။
ဂန်ဘိနာကတော့ တံခါးပေါက်မှာ ဖယောင်းတိုင်မီးတွေကို ပြန်ထွန်းခဲ့တာဖြစ်ကြောင်း ပြောလိုက်ပါတယ်။
ဂလယ်မိုရီတို့လည်း ဂန်ဘိနာကိုချီးကျူးနေကြပြီး ဂန်ဘိနာကတော့
ဂျောင်တေးဂျုကို ဆက်ကြည့်ဖို့ မှန်မှာ
နာမည်ကိုရေးလိုက်ပါတယ်။ ဂျောင်တေးဂျူတစ်ယောက်ကတော့ သူ့ရုံးခန်းထဲက အံဆွဲထဲကနေ သေနတ်တစ်လက်ကိုထုတ်ပြီး အကျီထဲထည့်လိုက်ပါတယ်။
အဲ့ဒီချိန်မှာပဲ အမတ်ဂျောင်ဆီက အဆင့်သင်ဖြစ်နေပြီဆိုတဲ့အကြောင်းနဲ့
အိမ်ကိုလာခဲ့ဖို့ကို မက်ဆေ့၀င်လာခဲ့ပါတယ်။
ဂျောင်တေးဂျူလည်း စားပွဲပေါ်က
ဟွမ်ချွန်းဗီလာစီမံကိန်းအတွက် လုပ်ထားတဲ့ တိုက်ပုံစံတွေထဲက
ဟွမ်ချွမ်းဗီလာပုံစံငယ်ရဲ့ တိုက်အောက်ကို ဖယ်လိုက်ပါတယ်။
အဲ့ဒီအောက်မှာတော့ ကိုင်လမ်ရှိနေခဲ့ပြီး ဂျောင်တေးဂျူလည်း လက်ထဲမှာကိုင်ကြည့်ရင်း ကိုင်လမ်ကတော့ တဒုတ်ဒုတ်နဲ့ နှလုံးလိုမျိုး ခုန်နေခဲ့ပါတယ်။
အဲ့ဒီနောက် ကိုင်လမ်ကိုယူကာ အမတ်ဂျောင်ဆီထွက်သွားခဲ့ပါတယ်။
ဂန်ဘိနာနဲ့ ဂလယ်မိုရီတို့လည်း ကိုင်လမ်ကိုတွေ့သွားပြီး
အံ့ဩသွားကြပြီး ဂန်ဘိနာလည်း အမြန် ကိုင်လမ်ရှိရာကို လိုက်သွားဖို့လုပ်ပါတော့တယ်။
ဂလယ်မိုရီက ဂန်ဘိနာအနောက်ကေနလိုက်ခဲ့ဖို့လုပ်တဲ့အခါမှာတော့
ဂန်ဘိနာက သူတစ်ယောက်ထဲသွားမယ့်အကြောင်းပြောကာ ထွက်သွားပါတယ်။
အဲ့ဒီချိန် ဂျောင်တေးဂျူကတော့ အမတ်ဂျောင်ဆီရောက်လာခဲ့ပြီး
အမတ်ဂျောင်ကတော့ နိင်ငံခြားထွက်ဖို့ အချက်လက်တွေ
ပေးနေခဲ့ပါတယ်။
ဂျောင်တေးဂျူလည်း အချက်လက်တွေယူပြီး ထွက်သွားဖို့လုပ်တဲ့အချိန်မှာ
အမတ်ဂျောင်က ကိုင်လမ်ကိုပေးဖို့ပြောလိုက်ပါတယ်။
ဒါကြောင့် ဂျောင်တေးဂျူလည်း ကိုင်လမ်ကို
စားပွဲပေါ်မှာတင်ပေးလိုက်ပါတယ်။
အမတ်ဂျောင်က ယူမလို့လုပ်တဲ့အချိန်မှာတော့ ဂျောင်တေးဂျူက အမတ်ဂျောင်ကို သေနတ်နဲ့ချိန်ထားခဲ့ပါတယ်။
ဂျောင်တေးဂျူက နတ်ဆိုး၀င်နေတဲ့ လူကိုယ်ခန္ဓာကို
သတ်လိုက်ရင် နတ်ဆိုးလည်းသေသွားနိင်တယ်ဆိုတဲ့အကြောင်း အရင်ကပြောပြဖူးတာကို မှတ်ထားကြောင်း ပြောလိုက်ပါတယ်။
အမတ်ဂျောင်က သူဟာ အဖေဖြစ်တာကြောင့် သတ်လို့မရကြောင်း ဂျောင်တေးဂျူကို ပြန်ပြောပါတယ်။
ဂျောင်တေးဂျူကတော့ အဖေဖြစ်သူဟာ လွန်ခဲ့တဲ့ 26 နှစ်ထဲက သေဆုံးသွားပြီဖြစ်ကြောင်းပြောကာ
အမတ်ဂျောင်ရဲ့ နဖူးကိုချိန်ပြီး ပစ်သတ်လိုက်ပါတော့တယ်။
အဲ့ဒီနောက် ဂျောင်တေးဂျုလည်း ကားနဲ့ထွက်သွားပြီး
လေဆိပ်ရောက်တဲ့အခါမှာတော့ ၀န်ထမ်းတစ်ယောက်က လာခေါ်ခဲ့ပါတယ်။
အဲ့ဒီနောက် ဂိတ်၀မှာ ၀န်ထမ်းနှစ်ယောက်က
ဂျောင်တေးဂျူဆီကပတ်စ့်ပို့နဲ့ လက်မှတ်တောင်းလိုက်ပါတယ်။
ဂျောင်တေးဂျူလည်း ပေးလိုက်ပြီး ၀န်ထမ်းက
ပေးစရာထပ်ရှိသေးကြောင်း ပြောကာ ကိုင်လမ်ကိုလုပါတော့တယ်။
ဂျောင်တေးဂျူလည်း ကြောင်သွားပြီး ကိုင်လမ်ကိုပြန်လုနေတုန်း ၀န်ထမ်းနောက်တစ်ယောက်က ဂျောင်တေးဂျူရဲ့ပေါင်ကို ဓားနဲ့ထိူးပစ်လိုက်ပါတယ်။
ဂျောင်တေးဂျုက အော်ရင်း
၀န်ထမ်းကိုကြည့်လိုက်တဲ့အခါမှာတော့ အမတ်ဂျောင်ဖြစ်နေခဲ့ပါတယ်။
ဂျောင်တေးဂျူလည်း ခုနက
အမတ်ဂျောင်ကိုသတ်ခဲ့ပြီးပြီဖြစ်တာကြောင့် ကြောင်နေခဲ့တုန်း အမတ်ဂျောင်ရဲ့
အိမ်ကိုပြန်ရောက်သွားပါတယ်။
အမတ်ဂျောင်ကတော့ သူဟာ
လူတွေရဲ့ဖြစ်ချင်တဲ့ ဆန္ဒတွေကို လှည့်စားတတ်တဲ့အကြောင်းနဲ့ ခုနက ဂျောင်တေးဂျူ အမတ်ဂျောင်ကိုသတ်လိုက်တဲ့ ဟာကလည်း သူဖန်တီးထားတဲ့
ပုံရိပ်ယောင်တစ်ခူသာဖြစ်ကြောင်း ပြောရင်း ရယ်မောနေခဲ့ပါတယ်။
အဲ့ဒီနောက် အမတ်ဂျောင်က ဂျောင်တေးဂျူကို ထောင်ကျရင်
ပိုက်ဆံမပို့ပေးနိုင်တော့ကြောင်းပြောရင်း ဂျောင်တေးဂျူပေါင်က
ဓားကိုဆွဲနှုတ်ပေးလိုက်ပါတယ်။
ဂျောင်တေးဂျူလည်း နာတာေကြာင့် အော်နေခဲ့ပြီး အမတ်ဂျောင်ကတော့ ကိုင်လမ်ကိုယူကာ ရယ်ရင်း ထွက်သွားပါတော့တယ်။
ဂျောင်တေးဂျူဟာ ပေါင်က ဒဏ်ရာကြောင့်
မလှုပ်နိုင်ဖြစ်ပြီး ဒေါသထွက်ရင်း ကျန်ခဲ့ပါတယ်။
ရဲစခန်းမှာတော့ ဂျောင်တေးဂျူက
လူသတ်သမားဂျေဖြစ်ကြောင်း ပုဆိန်ပေါ်က လက်ဗွေရာတွေအရ အဖြေထွက်လာခဲ့ပါတယ်။
အဲ့တာကြောင့် အဖွဲ့မှုးနဲ့ စီနီယာဒုံဟွန်းတို့လည်း
ဂျောင်တေးဂျုကို ဖမ်းဖို့ ထွက်သွားပါတယ်။
.ဟန်ဒါအွန်လည်း စိတ်တိူနေခဲ့ပြီး
လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားနေမိပါတယ်။
အဲ့ဒီနောက် ဟန်ဒါအွန်က လူသတ်သမားဂျေက
ဂျောင်တေးဂျူဖြစ်ကြောင်း ဂန်ဘိနာကို ဖုန်းဆက်ပြီး ပြောပြခဲ့ပါတယ်။
ဂန်ဘိနာလည်း ကားမောင်းနေရင်း
စာတန်လည်းဖြစ်တဲ့အကြောင်း ဟန်ဒါအွန်ကိူ ပြန်ပြောပြလိုက်ပါတယ်။
အဲ့ဒီချိန် ဂျောင်တေးဂျူတစ်ယောက်ကတော့ ပေါင်က
ဒဏ်ရာကို ပတ်တီးစီးပြီး ကားမောင်းထွက်သွားခဲ့ပါတယ်။
ဂန်ဘိနာကတော့ ဂျောင်တေးဂျူထွက်သွားပြီးမှ
အမတ်ဂျောင်တို့အိမ်ကို ရောက်လာခဲ့ပါတယ်။
ဂန်ဘိနာလည်း အိမ်ထဲကို၀င်သွားလိုက်ပြီး
ဧည့်ခန်းထဲမှာ သွေးတွေကို တွေ့လိုက်ရပါတယ်။
တစ်ဖက်မှာတော့ စာတန်ဖြစ်တဲ့
အမတ်ဂျောင်က လျိုဝှက်ခန်းထဲမှာ လူ့ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကိုကြည့်ရင်း ကိုင်လမ်ကိုကိုင်ကာ မသေမျိူးဖြစ်တော့ မှာေကြာင့် ပျော်နေခဲ့ပါတယ်။
အဲ့ဒီနောက် အရှေ့မှာစီထားတဲ့ လူ့ကိုယ်ခန္ဓာအစိတ်အပိုင်းတွေနဲ့
အတူ ကိုင်လမ်ကို ထိုးသွင်းဖို့လုပ်နေတုန်း ဂန်ဘိနာက စာတန်ရဲ့လက်ကို
ဆွဲကိုင်ကာ တားလိုက်ပါတယ်။
အဲ့ဒီနောက် ဂန်ဘိနာက စာတန်ရဲ့ လည်ပင်းကိုညစ်လိုက်ပြီး နံရံကိုပစ်ေပါက်ကာ သတ်ပစ်ဖို့ ဓားကိုထုတ်လိုက်ပါတယ်။
စာတန်လည်း ဂန်ဘိနာကို ယူစတေးရှား နတ်ဆိုးမှန်းသိသွားပြီး
သူ့ကိုအရင်လွှတ်ပေးရင် ဂျောင်တေးဂျူ လူသတ်သမားဂျေဖြစ်လာပုံနဲ့ ဟန်ဒါအွန်မိသားစူအကြောင်း ပြောပြမယ်လို့ပြောလိုက်ပါတယ်။
ဂန်ဘိနာလည်း ဟန်ဒါအွန်ဆိုတာကြောင့် အရင်လွှတ်ပေးလိုက်ပြီး
စာတန်ပြောတာကို နားထောင်လိုက်ပါတယ်။
စာတန်က သူငရဲကလွတ်လာတုန်းက
ဂျောင်တေးဂျူကို အမတ်ဂျောင်အိမ်ေရှ့မှာ ရုတ်တရက်တွေ့လိုက်ရပြီး သူဘာလုပ်ရမလဲဆိုတာကိုသိသွားခဲ့ပါတယ်။
ဂျောင်တေးဂျူက သူ့အဖေဖြစ်သူ အမတ်ဂျောင်ဆီကို လာတွေ့ခဲ့ပြီး ဆိုးလ်တက္ကသိုလ်၀င်ခွင့်ရခဲ့ကြောင်း လာပြောနေပါတယ်။
အမတ်ဂျောင်က ဂျောင်တေးဂျုကို ဆုံးသွားတဲ့အရင်မိန်းမရဲ့ သားဖြစ်တာကြောင့် သားအဖြစ် လူသိမခံချင်ဘဲ ပိုက်ဆံတွေပေးကာ မောင်းထုတ်ခဲ့ပါတယ်။
ဂျောင်တေးဂျူလည်း အဖေဖြစ်သူကိူ
စိတ်တိုသွားပြီး ဆေးလိပ်ပြာခွက်နဲ့ အနောက်ကနေ ခေါင်းကိုရိုက်ကာ သတ်ပစ်လိုက်ပါတယ်။ ဂျောင်တေးဂျူတစ်ယောက်
အဖေကိုသတ်လိုက်မိတာကြောင့် တစ်ယောက်ထဲကြောင်သွားပြီး
ငိုနေတုန်း စာတန်ကရောက်လာခဲ့ပါတယ်။
ဂျောင်တေးဂျုလည်း စာတန်ကို ဘယိသူမှန်းမသိတာကြောင့်
လန့်နေတုန်း စာတန်က သူ့ကိုယ်သူ နတ်ဆိူးဖြစ်ကြောင်းနဲ့ ဂျောင်တေးဂျုကို လူတွေလိုက်သတ်ပြီး သူ့အတွက် ကိုယ်ခန္ဓာအစိတ်ပိုင်းတွေ လိုက်ယူပေးဖိူ့ ပြောလိုက်ပါတယ်။
ဂျောင်တေးဂျူလည်း လူသတ်ပေးရင် သူ့အတွက်ဘာပြန်ရမှာလဲလို့
မေးလိုက်ပါတယ်။
စာတန်ကတော့ ချမ်းသာကြွယ်၀မှုနဲ့
ဆင်းရဲတဲ့အနံ့ပျောက်အောင်လုပ်ပေးမယ်လို့ ဂျောင်တေးဂျူကို
ကမ်းလှမ်းလိုက်ပါတယ်။
ဒါ့အပြင် အဖေဖြစ်သူရဲ့ အချစ်ကိုရမှာဖြစ်ပြီး ဘ၀ကို ချမ်းချမ်းသာသာနဲ့ ဖြတ်သန်းရမယ်လို့ ပြောလိုက်ပါတယ်။
ဂျောင်တေးဂျူလည်း စာတန်ပြောတာကို လက်ခံလိုက်ပြီး
စာတန်ကတော့ အမတ်ဂျောင်ရဲ့ ကိုယ်ထဲကို၀င်သွားခဲ့ပါတယ်။
အဲ့ဒီနောက် အမတ်ဂျောင်ကသေရာက
ပြန်ရှင်လာပြီး ဂျောင်တေးဂျူကို သူ့သားအဖြစ် ကြင်ကြင်နာနဲ့ ခေါ်နေခဲ့ပါတယ်။
ဂျောင်တေးဂျူလည်း ဖခင်မေတ္တာ ငတ်မွတ်နေတာမို့
ဘာမှမမြင်တော့ဘဲ အမတ်ဂျောင်ကို ဖက်ပြီး ငိုနေပါတယ်။
အဲ့ဒီချိန်ကစပြီး ဂျောင်တေးဂျူက ဟန်ဒါအွန်မိသားစုကိုလည်း လိုလေသေးမရှိ အကွက်ကျကျ သတ်ဖြတ်နိုင်ခဲ့ပြီး တခြားလူတွေကိုလည်း
သတ်ဖြတ်ခဲ့ကြောင်း စာတန်က ဂန်ဘိနာကို ပြောပြပါတယ်။
ဂန်ဘိနာလည်း ဒီဟာလေးကြောင့်နဲ့ ဟန်ဒါအွန် မိသားစုအပါ၀င်
အပြစ်မရှိတဲ့ လူပေါင်းများစွာကို သတ်ဖြတ်ခဲ့တာလားလို့ ဒေါသထွက်ရင်း
ဓားနဲ့ထိုးဖို့ လုပ်လိုက်ပါတယ်။
စာတန်လည်း သူသေမှာကြောက်တာကြောင့် ဂန်ဘိနာကို ကိုင်လမ် ပေးကာ ဟန်ဒါအွန်နဲ့ မသေမျိူးအဖြစ် တစ်သက်လုံးနေသွားနိုင်မယ့်
အကြောင်း ကမ်းလှမ်းခဲ့ပါတယ်။
အဲ့ဒီချိန်မှာပဲ စာတန်က
ပုံရိပ်ယောင်တစ်ခုထပ်ဖန်တီးလိုက်ပြီး ဂန်ဘိနာကတော့ ဟန်ဒါအွန်နဲ့ လက်ထပ်ပွဲကျင်းပနေတာကို မြင်နေခဲ့ပါတယ်။ လက်ထပ်ပွဲကျင်းပနေတုန်း
မိုးတွေရုတ်တရက်ရွာလာခဲ့ပြီး စာတန်က ဂါထာတစ်ခုကိုရွတ်လိုက်တဲ့
အသံကို ဂန်ဘိနာတစ်ယောက် ကြားလိုက်ရပါတယ်။
ဒါကြောင့် ဂန်ဘိနာလည်း
အရင်အခြေနေကိုပြန်ရောက်လာခဲ့ပြီး စာတန်ရွတ်လိုက်တဲ့ဂါထာကြောင့် ရေခဲထားတဲ့ အမျိုးသမီးအလောင်းက ထလာကာ ဂန်ဘိနာကို တိုက်ခိုက်ပါတယ်။
ဂန်ဘိနာလည်း ပြန်တိုက်ခိုက်ရင်း အမျိုးသမီးအလောင်းကို
သတ်လိုက်နိင်ခဲ့ပါတယ်။
အဲ့ဒီချိန်မှာတော့ စာတန်လည်း ကိုင်လမ်ကို ယူကာ ကိုယ်ခန္ဓာ အစိတ်ပိုင်းတွေထဲ ထည့်ဖို့ လုပ်နေတုန်း ဂန်ဘိနာက လှမ်းတားကာ
တွန်းထုတ်လိုက်ပါတယ်။
စာတန်လည်း ဘာအဲလ်က နတ်ဆိူးတွေထဲကနတ်ဆိုးဖြစ်တာကြောင့်
မယုံဖို့ပြောလိုက်တော့ ဂန်ဘိနာက နတ်ဆိုးတွေထဲက
နတ်ဆိုးကသူဖြစ်ကြောင်းပြန်ပြောကာ ငရဲဓားနဲ့ထိုးပစ်လိုက်ပါတယ်။
အဲ့ဒီနောက်မှာတော့
သေသွားတဲ့အမတ်ဂျောင်ကိုယ်ထဲကနေ စာတန်က ထွက်လာခဲ့ပါတော့တယ်။
စာတန်လည်း သူ့ရဲ့ပုံအစစ်နဲ့ ဂန်ဘိနာကို တိုက်ခိုက်ရတာမို့
ပိုအဆင်ပြေသွားကြောင်း ပြောလိုက်ပြီး တိုက်ခိုက်ကြပါတော့တယ်။
ဒီတစ်ခါမှာတော့ စာတန်က ပိုပြီးအားသန်ကာ ဂန်ဘိနာကို
ပြန်တိုက်ခိုက်နိုင်နေခဲ့ပါတယ်။
နောက်တော့ စာတန်က ဂါထာတစ်ခုကိုထပ်ရွတ်လိုက်ပြီး
ပန်းချီကားအပြင်က လျိုဝှက်အခန်းကိုပြန်ရောက်သွားခဲ့ပါတယ်။
ဂန်ဘိနာလည်း ရုတ်တရက်ကြောင်သွားတာကြောင့် အငိုက်မိကာ
စာတန်တိုက်ခိုက်တာကို ခံနေရပါတယ်။
အဲ့ဒီနောက် ဂန်ဘိနာလည်း စိတ်ကိုပြန်စုစည်းလိုက်ပြီး
ပြန်ချရင်း ကိုင်လမ်နဲ့ စာတန်မျက်နာကို ရိုက်ပစ်လိုက်ပါတယ်။
အဲ့ဒီချိန်မှာပဲ ငရဲတံခါးကပွင့်လာခဲ့ပြီး ဂန်ဘိနာလည်း
ကိုင်လမ်ကို ငရဲတံခါးထဲကို လှမ်းပစ်လိုက်ပါတယ်။
စာတန်လည်း အမြန်ပြေးယူရင်း ကိုင်လမ်ကို ဖမ်းမိသွားပေမယ့်
ဂန်ဘိနာက ငရဲဓားနဲ့ စာတန်ကို ထိုးပစ်လိုက်ပါတယ်။
ဒါ့ကြောင့် ငရဲကနေ စာတန်ကိုဆွဲခေါ်သွားကာ
ပျောက်ကွယ်သွားပါတော့တယ်။
အဲ့ဒီနောက်မှာတော့ အဖွဲ့မှူးနဲ့
ဟန်ဒါအွန်တို့အဖွဲ့က အမတ်ဂျောင်ရဲ့အိမ်ကို ရောက်လာခဲ့ကြပါတယ်။
အမတ်ဂျောင်အိမ်မှာ သွေးတွေကိုတွေ့လိုက်ရပြီးနောက်
ဟန်ဒါအွန်ဆီကို ဂန်ဘိနာက ဂျောင်တေးဂျူ လွတ်သွားပြီး
ဆိပ်ကမ်းတစ်ခုမှာ ရောက်နေပြီဖြစ်ကြောင်း မက်ဆေ့ပို့လာခဲ့ပါတယ်။
အဲ့ဒီချိန်မှာတော့ ဆိပ်ကမ်းမှာ
ဂျောင်တေးဂျူက သေနတ်ကိုအိတ်ထဲထည့်ကာ မှောင်ခို သဘ်ောနဲ့အတူ ထွက်သွားခဲ့ပါတယ်။
ခဏအကြာမှာတော့ သဘော်က ရုတ်တရက်ရပ်သွားခဲ့တာကြောင့်
သဘ်ောမောင်းသူက ပြင်ပေးဖို့လုပ်နေခဲ့ပါတယ်။
ဂျောင်တေးဂျူလည်း စိတ်ပျက်သွားပြီး
အနားသွားကြည့်တုန်း အခန်းတစ်ခုကနေ ဟန်ဒါအွန်ကထွက်လာပြီး တိုက်ခိုက်ပါတော့တယ်။
ဂျောင်တေးဂျုလည်း သေနတ်နဲ့ ပြန်ပစ်နေရင်း
ကျည်ကုန်သွားတာကြောင့် ဟန်ဒါအွန်က အလစ်၀င်ရောက်ကာ ဂျောင်တေးဂျုကို
ထိုးပါတယ်။
အဲ့ဒီနောက် ဟန်ဒါအွန်က 25 နှစ်လောက်
စောင့်နေရတာကြောင့် မတွေ့တာကြာပြီလို့ ပြောလိုက်ပြီး ဂျောင်တေးဂျုကတော့
ဆုံဖူးတာလားလို့ ပြန်မေးလိုက်ပါတယ်။
ဟန်ဒါအွန်လည်း ဂျောင်တေးဂျူသတ်ခဲ့တဲ့ မိသားစုထဲက
ကျန်ရစ်သူဖြစ်ကြောင်း ပြောပြလိုက်ပြီး ဂျောင်တေးဂျူလည်း မှတ်မိသွားကာ ရယ်နေပါတယ်။
အဲ့ဒီအပြင် အဖွဲ့မှူးဂင်ဆိုယောင်းလည်း ဟန်ဒါအွန်ပြောသလို ပြောခဲ့တဲ့အကြောင်း
ပြောပြလိုက်ပြီး ရယ်နေပါတယ်။
ဟန်ဒါအွန်လည်း ဂျောင်တေးဂျူစကားကြောင့်
ဒေါသအရမ်းထွက်သွားပါတယ်။
အဖွဲ့မှူးဂင်ဆိုယောင်းတစ်ယောက်
လူသတ်သမားဂျေကို လမ်းကြားထဲမှာ သေနတ်နဲ့ ချိန်ထားရင်း ပစ်မလို့လုပ်နေတုန်း
အနောက်ကနေ အဖွဲ့မှူးဂင်ဆိုယောင်း ခြေထောက်ကို သေနတ်နဲ့ လှမ်းပစ်တာခံလိုက်ရပါတယ်။
အရှေ့မှာ ရပ်နေတဲ့သူက ဂျောင်ဆွန်းဟိုဖြစ်ပြီး အနောက်က
သေနတ်နဲ့ပစ်လိုက်တဲ့သူကတော့ ဂျောင်တေးဂျူဖြစ်နေခဲ့ပါတယ်။
အဲ့ဒီနောက် ဒဏ်ရာရနေတဲ့အဖွဲ့မှူး ဂင်ဆိုယောင်းကို
လူမရှိတဲ့တစ်နေရာကို ခေါ်သွားပြီး ဂျောင်တေးဂျူက သတ်ဖို့လုပ်နေခဲ့ပါတယ်။
ဂျောင်တေးဂျူလည်း သေနတ်နဲ့ ချိန်ကာ သတ်ဖို့လုပ်နေတုန်း
အဖွဲ့မှူးဂင်ဆိုယောင်းက သေနတ်ကိုပြန်လုကာ
ပြန်ပစ်ဖို့လုပ်လိုက်ပါတယ်။
အဲ့ဒါကြောင့် ဂျောင်တေးဂျူလည်း သူ
အေးဆေးအဖမ်းခံမယ့်အကြောင်း ပြန်ပြောလိုက်ပြီး အဖွဲ့မှူးလည်း
ဖမ်းဖို့ လက်ထိပ်ထုတ်နေတုန်း ဂျောင်ဆွန်းဟိုက အဖွဲ့မှူးလက်ကို ဓားနဲ့ထိုးပစ်လိုက်တာကြောင့် လဲသွားခဲ့ပါတယ်။
ဂျောင်ဆွန်းဟိုလည်း ဓားနဲ့လူကို ထိုးလိုက်မိတာကြောင့် လန့်နေခဲ့ပါတယ်။
အဲ့ဒီနောက် ဂျောင်တေးဂျုက လဲသွားတဲ့အဖွဲ့မှုးကို
ခြေထောက်နဲ့ပိတ်ကန်ကာ ထိုးပါတော့တယ်။
အဖွဲ့မှူးကတော့ ဂျောင်တေးဂျူကို
သနားစရာကောင်းတဲ့လူဖြစ်ကြောင်း ပြောပါတယ်။
ဂျောင်တေးဂျူလည်း စိတ်တိုသွားပြီး
ပုဆိန်သွားယူဖို့လုပ်ရင်း မှန်ကြည့်ကာ ရယ်နေခဲ့ပါတယ်။
အဲ့ဒီချိန်မှာတော့ အဖွဲ့မှူးက သူ့လက်မှာ
ဂျောင်းတေးဂျူဆိုတဲ့ နာမည်ကို သံနဲ့ရေးခြစ်လိုက်ပြီး သွေးနဲ့ ဂျေဆိုတဲ့
အမှတ်သားကို ကြမ်းပြင်မှာ ရေးလိုက်ပါတယ်။
ဂျောင်တေးဂျူလည်း ပြန်လာပြီး သတ်မလို့လုပ်နေတုန်း အဖွဲ့မှူးရဲ့ လက်က သူ့နာမည်ကိုတွေ့သွားပါတယ်။
ဒါကြောင့် ဂျောင်တေးဂျူတစ်ယောက် စိတ်တိုသွားပြီး ပုဆိန်နဲ့ အရှင်လျက်လျက် အဖွဲ့မှုးလက်ကို ဖြတ်ပစ်ပါတယ်။
ဂျောင်တေးဂျူက ပုံမှန်ဆို သတ်ပြီးမှ ကိုယ်ခန္ဓာ
အစိတ်အပိုင်းတွေကို ယူတာဖြစ်ပေမယ့် အဖွဲ့မှူးကိုတော့ သနားလို့မရတာကြောင့် ရှင်လျက်နဲ့ဖြတ်ပစ်ခဲ့ကြောင်း ဟန်ဒါအွန်ကို ပြောပြကာ ရယ်နေခဲ့ပါတယ်။
ဟန်ဒါအွန်လည်း ပေါက်ကွဲသွားပြီး
ဂျောင်တေးဂျူကို ဆက်တိုက်ထိုးပစ်ကာ သဘ်ောချတဲ့ ကျောက်ဆူးနဲ့ပါ
အနောက်ကနေ ရိုက်ပစ်ပါတယ်။
ဒါ့အပြင် မီးသတ်ဆေးဘူးကို ဘေးချကာ
နစ်နာသူတွေအတွက်မှားသွားကြောင်း တောင်းပန်ဖို့ ဟန်ဒါအွန်က ပြောခိုင်းလိုက်ပါတယ်။
ဂျောင်တေးဂျူကတော့ မှားသွားကြောင်းပြောကာ ဟန်လုပ်ပြလိုက်ပါတယ်။
ဒါကြောင့် ဟန်ဒါအွန်လည်း စိတ်တိုသွားပြီး မီးသတ်ဆေးဘူးနဲ့
ရိုက်ပစ်ဖို့ လုပ်နေတုန်း ဂန်ဘိနာပြောတာကို ပြန်စဉ်းစားမိသွားပါတယ်။
ဆိပ်ကမ်းမှာတုန်းက ဟန်ဒါအွန်က ဂျောင်တေးဂျူကို
သတ်ပစ်မှာဖြစ်ကြောင်း ပြောတဲ့အခါမှာတော့ ဂန်ဘိနာက
သတ်ပစ်လိုက်လို့ ငရဲသွားရရင်လည်း ဂန်ဘိနာက အစွမ်းကုန်ကာကွယ်ပေးမှာဖြစ်ကြောင်းနဲ့ မသတ်ခဲ့ရင်တော့ ဂန်ဘိနာကိုယ်တိုင်တရားစီရင်ပြီး ဥပဒေအတိုင်း အပစ်ပေးမှာဖြစ်ကြောင်း
ပြောခဲ့ပါတယ်။
ဒါ့အပြင် ဟန်ဒါအွန်က သေသွားတဲ့ အဖွဲ့မှူး
ဂင်ဆိုယောင်းနဲ့တုန်းကလည်း ရဲတစ်ယောက်ဆိုတာ ဘယ်ေတာ့မှ
မမေ့သွားဖို့ ကတိပေးထားတာကိုလည်း သတိရသွားခဲ့ပါတယ်။
ဒါကြောင့် မီးသတ်ဆေးဘူးနဲ့ရိုက်မလို လုပ်လိုက်ပြီးမှ ဘေးကိုချကာ ဂျောင်တေးဂျူကို လက်ထိပ်ခတ်ကာ ဖမ်းလိုက်ပါတယ်။
ရဲတွေလည်း မကြာခင်ရောကိလာခဲ့ပြီး ဂျောင်တေးဂျူကို
ဖမ်းသွားပါတယ်။
အဲ့ဒီနောက် သဘော်မောင်းတဲ့သူက ဟန်ဒါအွန်ကို
တော်တဲ့အကြောင်းနဲ့ မိဘတွေက ဂုဏ်ယူနေမယ့်အကြောင်း
ပြောကာ ချီးကျုးလိုက်ပါတယ်။
ဂျောင်တေးဂျူလည်း ကျေးဇူးတင်ကြောင်း ပြန်ပြောကာ
နှုတ်ဆက်ထွက်သွားခဲ့ပါတယ်။
အဲ့ဒီချိန် ကားမှန်ထဲမှာတော့ သဘ်ောမောင်းတဲ့လူက
နတ်သားဂါဘရီရယ်ပုံရိပ် ပေါ်နေခဲ့ပါတယ်။
အဖြစ်ပျက်တွေမတိုင်ခင်က ဂန်ဘိနာက ဂါဘရီရယ်ဆီကို
ဖုန်းခေါ်ခဲ့ပါတယ်။ ဂါဘရီရယ်က ဟန်ဒါအွန် သဘ်ောပေါ်သွားမှာမို့
ကူညီစောင့်ရှောက်ပေးဖို့ အကူညီလှမ်းတောင်းမှာကို ကြိုသိနေကြောင်း ဂန်ဘိနာကို ပြန်ပြောလိုက်ပါတယ်။
ဂန်ဘိနာလည်းအံ့ဩသွားပြီး အရင်က ဟန်ဒါအွန်ကို ကာကွယ်ဖို့ သူ့ဆီအပ်ခဲ့ပြီး အခုမှ ဘာလို့ကူညီတာလဲလို့ ပြန်မေးလိုက်ပါတယ်။
ဂါဘရီရယ်လည်း ဂန်ဘိနာရဲ့ စိတ်ကိုစမ်းသပ်ချင်တာကြောင့်လို့ပြန်ပြောလိုက်ပြီး
ဘယ်လိုဖြစ်ဖြစ် ဟန်ဒါအွန်က ငရဲကိုသွားရမှာဖြစ်ကြောင်းပြန်ပြောလိုက်ပါတယ်။
ဂန်ဘိနာလည်း ဟန်ဒါအွန် ငရဲကိူသွားရရင်တောင် သူက အဆုံးထိ ကာကွယ်ပေးမှာဖြစ်ကြောင်း
ပြန်ပြောပြီး ဖုန်းချသွားခဲ့ပါတယ်။ သဘော်မောင်းသမားအသွင်ယူထားတဲ့
ဂါဘရီရယ်ကတော့ ပြန်တွေးရင်း ဟန်ဒါအွန်ကို လှမ်းကြည့်ကာပြုံးနေခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ ဟန်ဒါအွန်က ဂန်ဘိနာဆီပြေးလာပြီး ဖက်ကာ ငိုနေပါတယ်။ ဂန်ဘိနာလည်း ဟန်ဒါအွန်ကိုပြန်ဖက်ပေးထားရင်း
နှစ်သိမ့်ပေးနေခဲ့ပါတယ်။
မနက်ရောက်တဲ့အခါမှာတော့
တရားရုံးရှေ့မှာ တရားသူကြီးဂန်ဘိနာကို လူထုက ဆန္ဒပြနေကြပါတယ်။
တရားသူကြီးချုပ်ရုံးခန်းထဲမှာတော့
ဂန်ဘိနာရဲ့လုပ်ဖော်ကိုင်ဖက်နှစ်ယောက်လည်း ရှိနေပြီး တရားသူကြီးချုပ်ကတော့
တခြားလွှတ်တော်အမတ်တွေဆီက ဂျောင်တေးဂျူအမှုကို ပိတ်ပေးဖို့ ဖုန်းတွေကို တောက်လျှောက် ပြန်ဖြေပေးနေခဲ့ပါတယ်။
လုပ်ဖော်ကိုင်ဖက်နှစ်ယောက်လည်း ဂျောင်တေးဂျူက
အမတ်တွေကြားမှာ နာမည်ကြီးတဲ့အကြောင်းပြောရင်း
စိတ်ပျက်နေခဲ့ကြပါတယ်။
တရားခွင်ထဲမှာတော့ ဟန်ဒါအွန်အပြင် ဗီလာပိုင်ရှင်မိန်းမနဲ့
နစ်နာသူမိသားစု၀င်တွေအားလုံး ရောက်နေခဲ့ပြီး တရားသူကြီးဂန်ဘိနာကို စောင့်နေခဲ့ကြပါတယ်။
ဂန်ဘိနာလည်း တရားခွင်ကိုသွားဖို့ ရုံးခန်းထဲက
ထွက်တဲ့အချိန်မှာပဲ ဘာအဲလ်က ရောက်လာခဲ့ပါတယ်။
ဘာအဲလ်က ဂန်ဘိနာကို နောက်ဆုံးတာ၀န်အဖြစ် ဂျောင်တေးဂျုကို
အရင်လို ပြစ်ဒဏ်လွှတ်ပေးပြီး ငရဲကိုပို့ပေးဖို့ လာပြောခဲ့ပါတယ်။
ငြင်းပယ်ခဲ့ရင်တော့ ဂန်ဘိနာကို
ငရဲကိုဆွဲခေါ်သွားမှာဖြစ်ပြီး ကြောက်စရာကောင်းတဲ့ သေဆုံးခြင်းနဲ့
အဆုံးသတ်ခံရမယ့်အကြောင်း ဘာအဲလ်က လာပြောခဲ့ပါတယ်။
အဲ့ဒီေနာက် ဂန်ဘိနာလည်း
တရားခွင်ကိုရောက်လာခဲ့ပြီး
ဟန်ဒါအွန်အပါ၀င်
အကုန်လုံးလည်း ဂန်ဘိနာကို မျှော်လင့်နေတဲ့
အကြည့်နဲ့ ဝိုင်းကြည့်နေခဲ့ကြပါတယ်။
ဂန်ဘိနာကတော့ မျက်နာသိပ်မကောင်းပေမယ့် ခပ်တည်တည်နဲ့ပဲ
တရားခွင်မရှိတော့ကြောင်း ပြောလိုက်တာပါ။
နစ်နာသူမိသားစုတွေအကုန်လုံးလည်း ကြောင်သွားခဲ့ပြီး စိတ်ပျက်သွားကြပါတော့တယ်။
ဒါပေမယ့် မမဂန်ဘိနာ တစ်ယောက်ကတော့
အကြံစည်တစ်ခုခုရှိနေတဲ့ပုံနဲ့ ပြုံးနေခဲ့ပါတော့တယ်။
ဟုတ်ကဲ့ပါရှင်။ အပိုင်း ၆ ကတော့
ဒီမှာတင်အဆုံးသတ်သွားခဲ့ပါပြီ။ နောက်နေ့မှာ အပိုင်းဆက်များကို
စောင့်မျှော်အားပေးကြဖို့ ဖိတ်ခေါ်ပါရစေ။
အဆုံးထိအားပေးခဲ့ကြတဲ့
ပရိတ်သတ်အယောက်စီတိုင်းကို
ကျေးဇူးအထူးတင်ရှိပါ ကြောင်းနဲ့၊
ပရိတ်သတ်များနဲ့တကွ
တိုင်းပြည်နဲ့လူမျိုးကို
အဆိပ်မခပ်သူများအားလုံး
ကျန်းမာ၊ ဘေးကင်းကြပါစေကြောင်း
တင်ဆက်သူကျမ “ချစ်ခွန်းချို”မှ
ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်ရှန်။
No comments:
Post a Comment