တရားခံဘက်ဂျာယောင်းရဲ့အလောင်းကို စုံစမ်းတွေ့ရှိပြီးတဲ့နောက်
ဟန်ဒါအွန်ကတော့ တရားသူကြီး “ဂန်ဘီနာ” ကို
သံသယဝင်နေခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ
“ဂန်ဘီနာ” အကြောင်း
ပိုမိုသိချင်လာခဲ့တာကြောင့် “ဂန်ဘီနာ” နေတဲ့
တိုက်ခန်းကို ပြောင်းလာခဲ့ပါပြီ။
“ဂန်ဘီနာ” ကတော့ တိုက်ပိုင်ရှင်ပေးတဲ့
ဆန်ကိတ်ကိုထွက်ယူရင်း မျက်နှာချင်းဆိုင်အခန်းကို ပြောင်းလာတဲ့ လူသစ်က
ဟန်ဒါအွန်ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။
တွေ့တွေ့ချင်းမှာပဲ “ဂန်ဘီနာ” တစ်ယောက် ဟန်ဒါအွန်ကို ကြည့်မိရင်း
နှလုံးတွေ တအားခုန်လာပါတယ်။
ဟန်ဒါအွန်ကတော့ “ဂန်ဘီနာ” ကို စနောက်နေတယ်ထင်ခဲ့ပေမယ့် “ဂန်ဘီနာ” တစ်ယောက်ကတော့ ဟန်ဒါအွန့်လက်ပေါ်မှာ
မေ့လဲကျသွားခဲ့ပါတယ်။
အဲ့ဒီနောက်တော့ ဟန်ဒါအွန်က “ဂန်ဘီနာ” ကိုဆေးရုံကို
ခေါ်လာလိုက်ပြီး ခဏအကြာမှာတော့ ဗဲလ်လက်နဲ့ ဂလယ်မိုရီတို့လည်း “ဂန်ဘီနာ” ဆီ ပြာပြာယာယာနဲ့ ရောက်လာခဲ့ကြပါတယ်။
“ဂန်ဘီနာ” ကတော့
ဆေးရုံကုတင်ပေါ်မှာ မေ့နေဆဲဖြစ်ပြီး ဟန်ဒါအွန်ကတော့ အနားမှာရှိနေခဲ့ပါတယ်။
ဟန်ဒါအွန်လည်း ပြာယာခတ်နေကြတဲ့
ဗဲလ်လက်နဲ့ ဂလယ်မိုရီကိုကြည့်ရင်း အကဲခတ်နေခဲ့ပါတယ်။
အဲ့ဒီနောက် “ဂန်ဘီနာ” တစ်ယောက် နိုးလာခဲ့ပြီး
သူ့ရင်ဘတ်သူစမ်းနေခဲ့ပါတယ်။ ဟန်ဒါအွန်က ဆရာဝန်ကိုလှမ်းခေါ်လိုက်ပြီး “ဂန်ဘီနာ” ကို အဆင်ပြေရဲ့လားလို့ မေးလိုက်ပါတယ်။
“ဂန်ဘီနာ” ကတော့ သူ့ကိုယ်သူ
ဘာဖြစ်သွားမှန်းမသိဘဲ ဟန်ဒါအွန်ကို ပြန်ကြည့်လိုက်၊ သူ့ရင်ဘတ်သူ စမ်းလိုက်နဲ့
ကြောင်နေခဲ့ပါတယ်။
နောက်တော့ “ဂန်ဘီနာ” ဟာ ဆရာဝန်ရဲ့ အခန်းထဲမှာ
သူ့နှလုံး တစ်ခုခုဖြစ်တာလားဆိုတာ သိချင်တဲ့အတွက်ကြောင့် ဆရာဝန်ကိုမေးနေခဲ့ပါတယ်။
ဆရာဝန်ကတော့ ဘာမှ ကြီးကြီးမားမား
မဖြစ်ကြောင်းနဲ့ စိတ်ဖိစီးမှုကြောင့် ဖြစ်နိုင်တယ်လို့ ပြောပြခဲ့ပါတယ်။
“ဂန်ဘီနာ” လည်း
ပြန်စဉ်းစားကြည့်တဲ့အခါမှာ ဟန်ဒါအွန်ကိုတွေ့ပြီးမှ ဖြစ်သွားတာကြောင့် စိတ်ဖိစီးမှုက
သူ့ကြောင့် ဖြစ်ခဲ့တာမှန်း တွေးမိသွားပါတော့တယ်။
ဆရာဝန်ကတော့ စိတ်ဖိစီးမှုကို အတတ်နိုင်ဆုံး
ရှောင်ဖို့ပြောခဲ့တာကြောင့် “ဂန်ဘီနာ” လည်း
ဘယ်လိုရှောင်ရမလဲဆိုတဲ့အကြောင်း တွေးနေခဲ့ပါတယ်။
ခဏအကြာမှာတော့ “ဂန်ဘီနာ” ဟာ ဆေးရုံအခန်းထဲကို
ဝှီးချဲနဲ့ရောက်လာခဲ့တာကြောင့် ဟန်ဒါအွန်တစ်ယောက် စိတ်ပူပြီး ဗဲလ်လက်တို့ကို မေးလိုက်ပါတယ်။
ဗဲလ်လက်ကတော့ “ဂန်ဘီနာ” ဘာမှမဖြစ်ဘဲ ဟန်ဆောင်နေတာဖြစ်ကြောင်း ပြောလိုက်တာကြောင့်
ဂလယ်မိုရီက ၀င်တားလိုက်ပါတယ်။
အဲ့ဒီနောက် ဂလယ်မိုရီက
ဟန်ဒါအွန်ဆေးရုံရောက်နေရတဲ့ အကြောင်းရင်းကို ရန်စွာစွာနဲ့ မေးလိုက်ပါတယ်။
ဟန်ဒါအွန်တော့ဘာမှမပြောဘဲ
ဘေးအိမ်မှာနေတာကြောင့် “ဂန်ဘီနာ” ကို ပြန်ပို့ပေးချင်ကြောင်း
ပြောလိုက်ပါတယ်။
“ဂန်ဘီနာ” လည်း ဝှီးချဲပေါ်ကနေ
ရုတ်တရက်ထလိုက်ပြီး ဟန်ဒါအွန်ကိုလည်း ပြောစရာတွေရှိနေတာကြောင့် လိုက်ပို့တာကို လက်ခံလိုက်ပါတယ်။
ကားပေါ်မှာတော့ “ဂန်ဘီနာ” တစ်ယောက် သောက်နေကျ ကိုလာကို
သောက်ရင်း ဘူးအခွံကို ချေနေခဲ့ပါတယ်။
ဟန်ဒါအွန်က ကားမောင်းနေရင်း “ဂန်ဘီနာ” ကို အဆင်ပြေရဲ့လားလို့
စမေးတဲ့အခါမှာတော့ “ဂန်ဘီနာ” က အရင်ကစိတ်မဝင်စားခဲ့ဘဲ
အခုမှလာစိတ်ဝင်စားနေတာ ဘာကြောင့်လဲလို့ ပြန်မေးလိုက်ပါတယ်။
ဟန်ဒါအွန်ကတော့ “ဂန်ဘီနာ” ကို အတည်ပြုစရာရှိတာကြောင့်လို့
ပြန်ဖြေလိုက်ပါတယ်။ “ဂန်ဘီနာ” လည်း နတ်ဆိုးဖြစ်ကြောင်း အရင်ကတည်းက အတည်ပြုခဲ့ပြီးပြီဖြစ်တာကြောင့် ဘာလိုသေးလို့လဲ
ပြန်မေးလိုက်ပါတယ်။
ဟန်ဒါအွန်ကတော့ “ဂန်ဘီနာ”
ရဲ့ အကြောင်းကိုပိုမိုထပ်သိချင်သေးကြောင်း “ဂန်ဘီနာ” ကို ပြုံးရင်းပြောပြလိုက်ပါတယ်။
အဲ့ဒီနောက် ဟွမ်ချွန်းဗီလာမှာနေတဲ့ အဖွားက တွန်းလှည်းကိုဆွဲရင်းလာနေတုန်း လမ်းမှာ
ဗီလာမှာပဲနေတဲ့ မင်ဂျွန်းတို့သားမိနှစ်ယောက်က
အဖွားကို ကူညီပေးခဲ့ပါတယ်။
အဖွားက
မင်ဂျွန်းတို့သားမိနှစ်ယောက်ကို ရှေ့လျှောက် မခွဲဘဲ အတူတူနေဖို့မှာလိုက်ပြီး ရှေ့ကအရင်လျှောက်သွားလိုက်ပါတယ်။
အဲ့ဒီချိန် “ဂန်ဘီနာ” နဲ့ ဟန်ဒါအွန်တို့ကားလည်း
ဗီလာကိုရောက်လာခဲ့ပါတယ်။
“ဂန်ဘီနာ” ကားပေါ်ကဆင်းတဲ့အချိန်မှာတော့ အဖွားနဲ့အတူ မင်ဂျွန်းတို့သားမိနှစ်ယောက်နဲ့
တွေ့ခဲ့ပါတယ်။
မင်ဂျွန်းကအဖွားကို
ကူညီခဲ့တဲ့အကြောင်း “ဂန်ဘီနာ” ကိုပြောပြတဲ့အခါမှာတော့ “ဂန်ဘီနာ” က စိတ်မဝင်စားကြောင်း ခပ်ပြတ်ပြတ်
ပြန်ပြောလိုက်ပါတယ်။
အဖွားက “ဂန်ဘီနာ” ကို ရိုင်းတဲ့အကြောင်းပြောတဲ့အခါ “ဂန်ဘီနာ” တစ်ယောက် တစ်ခွန်းမကျန်
ပြန်ပြောနေခဲ့ပါတယ်။
အဖွားနဲ့ “ဂန်ဘီနာ” တို့နှစ်ယောက်
မကျေပွဲနွှဲမလို့လုပ်နေတုန်း ဟန်ဒါအွန်က ၀င်တားလိုက်ရပါတယ်။
အဖွားကတော့ စိတ်တိုပြီး “ဂန်ဘီနာ” မျက်နှာကို
တံတွေးနဲ့ထွေးကာ ထွက်သွားပါတော့တယ်။
“ဂန်ဘီနာ” လည်း စိတ်တိုသွားပြီး မျက်နှာကိုပြန်သုတ်နေတုန်း
ဗီလာပိုင်ရှင်မိန်းမက “ဂန်ဘီနာ” ကိုတွေ့သွားပြီး
“ဂန်ဘီနာ” အနားကို ပြေးလာပါတော့တယ်။
“ဂန်ဘီနာ” လည်း လန့်သွားပြီး
ထွက်ပြေးမလို့လုပ်နေတုန်း ပိုင်ရှင်မိန်းမက “ဂန်ဘီနာ” ကိုလှမ်းဆွဲလိုက်ပြီး
စိတ်ပူနေကြောင်း တတွတ်တွတ်ပြောကာ ဘုရားကျောင်းသွားဖို့ ပြောနေခဲ့ပါတယ်။
“ဂန်ဘီနာ” တစ်ယောက်လည်း
ဘုရားစကားကြားတာကြောင့် စိတ်ညစ်နေခဲ့ပြီး အမြန်လွတ်အောင် ထွက်ပြေးသွားပါတော့တယ်။
ဟန်ဒါအွန်ကိုလည်း အတင်းဆွဲပြီး
မေးမလို့လုပ်နေတာကြောင့် ဟန်ဒါအွန်လည်း ပိုင်ရှင်မိန်းမဆီက လွတ်အောင်အမြန်ပြေးလာရပါတော့တယ်။
ဟန်ဒါအွန်ဟာ လှေကားကနေတက်လာခဲ့ပြီး “ဂန်ဘီနာ” အခန်းကို
တစ်ချက် ကြည့်လိုက်ပါတယ်။
အဲ့ဒီနောက်တော့
သူ့အခန်းထဲသူပြန်ဝင်သွားပြီး ဝရံတာနားမှာရပ်ရင်း “ဂန်ဘီနာ” ရဲ့
အမှန်တရားကို ဖော်ထုတ်မယ့်အကြောင်း တွေးနေခဲ့ပါတော့တယ်။
တစ်ဖက်မှာတော့ “ဂန်ဘီနာ” တစ်ယောက် သူ့အခန်းထဲမှာ ဗဲလ်လက်နဲ့အတူ
နှလုံးခုန်မြန်သွားခဲ့တဲ့ကိစ္စကို အဖြေရှာမရ ဖြစ်နေခဲ့ပါတယ်။
အဲ့ဒါကြောင့် “ဂန်ဘီနာ” ဟာ သူ့ကိုယ်သူ
ဘယ်လိုလူမျိုးဖြစ်လဲဆိုတာကို ဗဲလ်လက်ကို ရှာဖွေခိုင်းလိုက်ပါတယ်။
ဒါ့အပြင် စုံထောက်ဟန်ဒါအွန်ကလည်း
ဘေးအခန်းကို ပြောင်းလာတာကြောင့် ဟန်ဘိနာက သူ့လုပ်ရပ်တွေကို ပေါ်သွားမှာ စိုးရိမ်နေခဲ့ပါတယ်။
အဲ့ဒီချိန်မှာ ဂလယ်မိုရီဆီက “ဂန်ဘီနာ” ကို ပြောစရာရှိကြောင်း မက်ဆေ့ခ်ျဝင်လာခဲ့ပါတယ်။
ညရောက်လာတဲ့အခါမှာတော့ “ဂန်ဘီနာ” တစ်ယောက် အပြင်ကို
တိတ်တဆိတ်ထွက်လာခဲ့ပါတယ်။
ဟန်ဒါအွန်လည်း “ဂန်ဘီနာ” အနောက်ကနေ ဖြည်းဖြည်းချင်း
နောက်ယောင်ခံလိုက်လာခဲ့ပါတယ်။
“ဂန်ဘီနာ” ကတော့ ဟန်ဒါအွန် သူ့နောက်က
လိုက်လာတာကို သိနေခဲ့ပါတယ်။
ဒါကြောင့်
လမ်းအကွေ့တစ်နေရာအရောက်မှာတော့ “ဂန်ဘီနာ” က မျက်ခြေဖြတ်သွားခဲ့ပါတယ်။
ဟန်ဒါအွန်တစ်ယောက် “ဂန်ဘီနာ” ကို အမြန်လိုက်ရှာပေမယ့် ရှာမတွေ့ခဲ့ပါဘူး။
“ဂန်ဘီနာ” ကတော့ ဂလယ်မိုရီရဲ့
အချိန်ပိုင်း စတိုးဆိုင်ရဲ့ စတိုခန်းထဲမှာ ထိုင်နေခဲ့ပါတယ်။
ဂလယ်မိုရီက “ဂန်ဘီနာ” အတွက် အအေးယူလာပေးရင်း သူနဲ့အတူ
တွေ့ဆုံပွဲတစ်ခုသွားဖို့ ပြောပြလိုက်ပါတယ်။
ခါအီလူ ကျောက်ကိုခိုးပြီး ငရဲကနေ
ထွက်ပြေးသွားတဲ့ စာတန်လို့ သံသယဝင်မိတဲ့လူကို လိုက်ဖမ်းကြမယ့်
နတ်ဆိုးအချင်းချင်း တွေ့ဆုံပွဲဖြစ်ကြောင်း ပြောပြလိုက်ပါတယ်။
“ဂန်ဘီနာ” က နတ်ဆိုးကို အခုမှဖမ်းရင်
ဘာအကျိုးရှိတော့မှာလဲလို့ ပြောလိုက်ပါတယ်။
ဂလယ်မိုရီကတော့ စာတန်နဲ့
ခါအီလူကျောက်ကို လူစီဖာနဲ့ ဘာအဲလ်ဆီအပ်ရင် ဆုအကြီးကြီး ပြန်ရနိုင်ပြီး အခုလိုဘဝကနေ လွတ်နိုင်ကြောင်း
ပြောပြလိုက်ပါတယ်။
“ဂန်ဘီနာ” လည်း ဂလယ်မိုရီပြောတာကို
စဉ်းစားနေခဲ့ပါတော့တယ်။
တဖက်မှာတော့ ဗဲလ်လက်က “ဂန်ဘီနာ” အကြောင်း
ကျောင်းတစ်ကျောင်းကိုသွားပြီး စုံစမ်းနေခဲ့ပါတယ်။
“ဂန်ဘီနာ” နဲ့ ဂလယ်မိုရီကတော့
တစ်နေရာမှာ ဗဲလ်လက် အလာကို စောင့်နေခဲ့ပါတယ်။
ခဏအကြာမှာတော့ ဗဲလ်လက်လည်း “ဂန်ဘီနာ” တို့ဆီ ပြန်ရောက်လာပြီး သုံးယောက်သား
တစ်နေရာကို ၀င်သွားကြပါတယ်။
ဟန်ဒါအွန်ကတော့ အနောက်ကနေ
လိုက်ချောင်းနေခဲ့ပြီး အခန်းတစ်ခန်းအရောက်မှာတော့ တံခါးကိုဖွင့်ပြီး
၀င်သွားလိုက်ပါတယ်။
အထဲမှာတော့ အကုန်လုံးက ဓားတွေ၊
တူတွေနဲ့ ဟင်းချက်ဖို့ လုပ်နေကြပါတယ်။
ဟန်ဒါအွန်လည်း ကြောင်သွားခဲ့ပြီး “ဂန်ဘီနာ” ကို လှမ်းကြည့်လိုက်ပါတယ်။
အကုန်လုံးက လူယောင်ဆောင်ထားတဲ့ နတ်ဆိုးတွေဖြစ်တာကြောင့် ဝင်လာတဲ့လူသားဟန်ဒါအွန်ကို ဓားနဲ့
ခြိမ်းခြောက်ပြီး လာတဲ့အကြောင်းကို
မေးကြပါတော့တယ်။
ဟန်ဒါအွန်လည်း သူ
ရဲတစ်ယောက်ဖြစ်ကြောင်း ပြောပြတဲ့အခါမှာတော့ “ဂန်ဘီနာ” က သူ့ရဲ့ ကားဒရိုင်ဘာ
နတ်ဆိုးပေါက်စဖြစ်ကြောင်း ပြန်ပြောပြလိုက်ပါတယ်။
နတ်ဆိုးတွေလည်း “ဂန်ဘီနာ” ကို ယူစတီးရှားမှန်း သိသွားတာကြောင့် “ဂန်ဘီနာ” စကားကို နားထောင်ခဲ့ကြပါတယ်။
နတ်ဆိုးက ဟန်ဒါအွန်ကို လူသစ်ဖြစ်တဲ့အတွက်
ခါအီလူကျောက်ကို ခိုးသွားတဲ့ စာတန်ဆိုတဲ့ နတ်ဆိုးအကြောင်း ပြောပြနေခဲ့ပါတယ်။
ဟန်ဒါအွန်လည်း နားလည်တဝက်
မနားလည်တဝက်နဲ့ နတ်ဆိုးပြောတာကို နားထောင်နေခဲ့ပါတယ်။
“ဂန်ဘီနာ” ကတော့ ဟန်ဒါအွန်ကို ဒီနေရာက
အန္တရာယ် များတာကြောင့် အမြန်ထွက်သွားဖို့ ပြောနေခဲ့ပါတယ်။
ဟန်ဒါအွန်ကတော့ နတ်ဆိုးတွေအကြောင်း
စပ်စုချင်ခဲ့ပြီး “ဂန်ဘီနာ” ကိုလည်း
နတ်ဆိုးတွေ အကုန်လုံးက ကြောက်ကြတာမို့ အဆင့်မြင့်နတ်ဆိုးလားလို့ မေးလိုက်ပါတယ်။
“ဂန်ဘီနာ” လည်း ငရဲမှာ သူဟာ အဆင့်
၃ နတ်ဆိုးဖြစ်ကြောင်း ပြောပြရင်း
ဟန်ဒါအွန်ကို အမြန်ထွက်သွားဖို့ တိုက်တွန်းနေခဲ့ပါတယ်။
အဲ့ဒီအချိန်မှာပဲ နတ်ဆိုးတစ်ယောက်က
ဟန်ဒါအွန်ကို ထမင်းဘူးပို့ဖို့
လာခေါ်ခဲ့ပါတယ်။
“ဂန်ဘီနာ” ကတော့ ငြင်းဖို့
အရိပ်အယောင်တွေ ပြပေမယ့် ဟန်ဒါအွန်ကတော့
ထမင်းဘူးပို့ဖို့ လက်ခံလိုက်ပါတယ်။
အဲ့ဒီနောက် “ဂန်ဘီနာ” နဲ့ ဟန်ဒါအွန်တို့လည်း ထမင်းဘူးအတူတူ
လိုက်ပို့ကြရင်း “ဂန်ဘီနာ” တစ်ယောက်
ခြေထောက်နာလို့ လှေကားမှာကျန်ခဲ့ပြီး အနားယူနေခဲ့ပါတယ်။
ထမင်းဘူးလိုက်ပို့ရင်း အိမ်တစ်အိမ်မှာတော့
လူပြည်ကနတ်ဆိုးဥက္ကဋ္ဌက လူသားကိုဖက်ရင်း မျက်ရည်ကျသွားခဲ့ပါတယ်။
ဟန်ဒါအွန်က သူမျက်ရည်ကျတာကို
မြင်သွားခဲ့တာကြောင့် စိတ်တိုသွားပြီး “ဂန်ဘီနာ”
ကိုပြန်ပြောရင် သတ်မယ်ဆိုပြီး ခြိမ်းခြောက်လိုက်ပါတယ်။
နတ်ဆိုးက ဟန်ဒါအွန်ကိုလည်း
လူသားမှန်းသိနေကြောင်း ပြောပြတဲ့အခါမှာတော့ ဟန်ဒါအွန်လည်း မျက်ရည်ကျတဲ့ကိစ္စကို လျှို့ဝှက်ထားပေးမယ်လို့
ပြောပြလိုက်ပါတယ်။
အဲ့ဒီနောက် နတ်ဆိုးက သူ့လိပ်စာကတ်ကိုပေးကာ
ဟန်ဒါအွန့်ကို အကူအညီလိုရင်တောင်းဖို့ ပြောလိုက်ပါတယ်။
ဟန်ဒါအွန်က ဥက္ကဌနတ်ဆိုးကို
ယူစတီးရှားက ဂန်ဘိနာ့ ကိုယ်ထဲဘာလို့ဝင်နေတာလဲလို့
မေးလိုက်ပါတယ်။
နတ်ဆိုးကတော့ သေချာမပြောပြခဲ့ဘဲ “ဂန်ဘီနာ” ဆိုတာနဲ့ ဟန်ဒါအွန်ကို
ထွက်ပြေးဖို့သာပြောရင်း ထွက်သွားပါတော့တယ်။
အဲ့ဒီနောက် “ဂန်ဘီနာ” လည်း နတ်ဆိုးတွေနဲ့ ပြန်ခါနီး
နှုတ်ဆက်ရင်း ဟန်ဒါအွန်နဲ့ နတ်ဆိုးဥက္ကဋ္ဌလည်း ရောက်လာခဲ့ပါတယ်။
“ဂန်ဘီနာ” က နတ်ဆိုးဥက္ကဋ္ဌကို ခပ်ပြတ်ပြတ်
နှုတ်ဆက်စကားပြောလိုက်တာကြောင့် ဟန်ဒါအွန်က ရုပ်လှသလောက် စကားလှလှပြောဖို့
တိုက်တွန်းလိုက်ပါတယ်။
အဲ့ဒီချိန်မှာပဲ “ဂန်ဘီနာ” တစ်ယောက် ရုတ်တရက်
နှလုံးပြန်ခုန်လာပြီး နေလို့မကောင်းသလို
ဖြစ်လာခဲ့ပါတယ်။
နတ်ဆိုးဥက္ကဋ္ဌလည်း “ဂန်ဘီနာ” နဲ့ ဟန်ဒါအွန်ရဲ့ အခြေအနေကို မသင်္ကာ့အကြည့်တွေနဲ့
အကဲခတ်နေခဲ့ပြီး နှုတ်ဆက်ကာ ထွက်သွားပါတော့တယ်။
ဟန်ဒါအွန်လည်း နတ်ဆိုးဥက္ကဋ္ဌက
ကြင်နာတတ်တဲ့သူ ဖြစ်မယ်ထင်တယ်လို့ “ဂန်ဘီနာ”
ကို ပြောပြလိုက်ပါတယ်။
“ဂန်ဘီနာ” လည်း မဖြစ်နိုင်ကြောင်း
ပြန်ပြောရင်း ကိုယ်လမ်းကိုယ်သွားကြဖို့ ပြောလိုက်ပါတယ်။
ဟန်ဒါအွန်က “ဂန်ဘီနာ” ကို
လိုက်ပို့ပေးမယ့်အကြောင်းပြောတဲ့အခါမှာတော့ “ဂန်ဘီနာ” က သူအခုလို
ရောဂါမဖြစ်အောင်နေဖို့က ဟန်ဒါအွန်ကို ရှောင်ရင်ပျောက်နိုင်မှာဖြစ်ကြောင်း ပြောပြလိုက်ပါတယ်။
ဟန်ဒါအွန်လည်း ကြောင်သွားပြီး “ဂန်ဘီနာ” ပြောစကား နားထောင်လိုက်ရပါတော့တယ်။
“ဂန်ဘီနာ” တစ်ယောက်
ဒေါက်ဖိနပ်နဲ့ တွန့်ဆုတ်တွန့်ဆုတ် သွားနေခဲ့ပြီး ဟန်ဒါအွန်ကတော့ ပြုံးပြီးကြည့်နေခဲ့ပါတယ်။
ဟန်ဒါအွန်လည်း “ဂန်ဘီနာ” ကို ကူဖို့ အနားတိုးလာခဲ့ပြီး “ဂန်ဘီနာ” ကတော့ သူ့ကိုမထိဖို့ ပြောနေပါတယ်။
အဲ့ဒီနောက်မှာတော့ ဗဲလ်လက်တစ်ယောက် ဘုရားကျောင်းထဲမှာ ဓမ္မတေးသီချင်းကို သွားဆိုနေခဲ့ပါတယ်။
ဗဲလ်လက်ဟာ ဘုရားကျောင်းထဲမှာ လေကာမျက်မှန်နဲ့
တိုင်ပတ်နေပြီး ဘုရားစာအုပ်ကို သေချာမကိုင်နိုင် ဖြစ်နေခဲ့ပါတယ်။
သင်းအုပ်ဆရာက စေတန်ကိုထွက်သွားဖို့
အမိန့်စကားပြောတဲ့အခါမှာတော့ ဗဲလ်လက်တစ်ယောက် လန့်သွားပြီး ကြောက်နေပါတော့တယ်။
အကုန်လုံးက ဗဲလ်လက်ကို
ကြောင်ကြည့်နေခဲ့ပြီး ရယ်နေကြပါတော့တယ်။
အဲ့ဒီနောက် ဘုရားကျောင်းအပြင်ကို ဗဲလ်လက်နဲ့ မင်ဂျွန်းတို့သားအမိလည်း ထွက်လာခဲ့ကြပြီး
မင်ဂျွန်းက ဗဲလ်လက်ကို
လေကာမျက်မှန် ဘာကြောင့်တပ်တာလဲလို့ မေးနေခဲ့ပါတယ်။
ဗဲလ်လက်ကတော့
မျက်လုံးခြောက်တာကြောင့်လို့ ပြန်ဖြေလိုက်ပြီး မင်ဂျွန်းကို ဘာတွေဆုတောင်းခဲ့တာလဲလို့ ပြန်မေးလိုက်ပါတယ်။
မင်ဂျွန်းကတော့ သူ့အမေနဲ့အမြဲ
ပျော်ပျော်ရွှင်ရွှင်နေရဖို့ ဆုတောင်းခဲ့ကြောင်း ပြောပြလိုက်ပါတယ်။
မင်ဂျွန်းအမေကလည်း
သူ့သားကိုဖက်ရင်း အတူတူဆုတောင်းခဲ့ကြောင်းပြောကာ ပျော်ရွှင်စွာ
လမ်းလျှောက်သွားကြပါတော့တယ်။
ဗီလာပိုင်ရှင် မိန်းမလည်း
ဗဲလ်လက်ကို “ဂန်ဘီနာ” ကိုလည်း တရားပေါက်အောင်
လုပ်ချင်ကြောင်း ပြောပြပါတယ်။
ဗဲလ်လက်ကတော့
မကြားချင်ယောင်ဆောင်ကာ ပိုင်ရှင်မိန်းမနားက အမြန်ထွက်သွားပါတော့တယ်။
တဖက်မှာတော့ ဟန်ဒါအွန်ဟာ ရဲစခန်းကို ပြန်ရောက်လာခဲ့ပါတယ်။
ရောက်ရောက်ချင်း
လုပ်ဖော်ကိုင်ဖက်တွေကို “ဂန်ဘီနာ” က နတ်ဆိုးတစ်ယောက်ဖြစ်ကြောင်း
ပြောပြပါတော့တယ်။
ဟန်ဒါအွန်ရဲ့
လုပ်ဖော်ကိုင်ဖက်ဖြစ်သလို မွေးစားအမလည်းဖြစ်သူ အဖွဲ့မှူးက နတ်ဆိုးဆိုရင် သက်သေယူလာခဲ့ဖို့
ပြောလိုက်ပါတယ်။
ဟန်ဒါအွန်လည်း တွေဝေသွားပြီး
သက်သေရဖို့အတွက် စဉ်းစားနေလိုက်ပါတယ်။
“ဂန်ဘီနာ”
သောက်ခဲ့တဲ့ အအေးဘူးခွံပေါ်မှာလည်း ဂန်ဘိနာ့လက်ဗွေ မပေါ်နေတာကြောင့် ဟန်ဒါအွန်တစ်ယောက် သက်သေရှာဖို့
ခေါင်းစားနေပါတော့တယ်။
အဲ့ဒီချိန်မှာတော့ အရေးပေါ်ဖုန်းခေါ်ဆိုမှုတစ်ခု ဝင်လာခဲ့ပြီး တဖက်က ကူညီပေးဖို့
အကူအညီတောင်းနေခဲ့ပါတယ်။
ရဲတွေနဲ့ ကယ်ဆယ်ရေးတွေလည်း
ရောက်သွားတဲ့အချိန်မှာတော့ ကလေးတွေနဲ့ မိန်းမကို သတ်ထားတဲ့ လူတစ်ယောက် ငိုယိုပြီး
ပြောနေခဲ့ပါတယ်။
အဲ့ဒီလူကတော့
သူပဲအကုန်သတ်လိုက်တာဖြစ်ကြောင်း ငိုနေရာကနေ ရုတ်တရက် ရယ်ရင်း ပြောပြခဲ့ပါတယ်။
ခဏအကြာမှာတော့ ဟန်ဒါအွန်နဲ့
အဖွဲ့မှူးလည်း ရောက်လာခဲ့ပြီး
အခင်းဖြစ်ပွားရာကို လာကြည့်ခဲ့ပါတယ်။
ဟန်ဒါအွန်တစ်ယောက် ငယ်ဘဝက သူ့မိသားစုသေခဲ့ရတာကို ပြန်တွေးမိပြီး ရှော့ခ်ဖြစ်ကာ အပြင်ကို
ပြန်ထွက်လာခဲ့ရပါတယ်။
အဖွဲ့မှူးကတော့ ဟန်ဒါအွန်ကို
ဒီအမှုကို လက်ရှောင်သင့်ကြောင်း ပြောခဲ့ပေမယ့် ဟန်ဒါအွန်ကတော့ ငြင်းဆိုလိုက်ပြီး တရားခံရှိတဲ့နေရာကိုသာ
မေးလိုက်ပါတယ်။
ရဲစခန်းမှာတော့ တရားခံ ဟန်ဆွန်းဘင်းက သူ မသတ်ခဲ့ကြောင်း၊ သူဘာမှ မမှတ်မိတော့ကြောင်း ပြောရင်း
ငိုယိုနေခဲ့ပါတယ်။
ရဲတွေကတော့ သူသတ်ခဲ့ကြောင်း
ဝန်ခံထားတာကြောင့် ဟန်ဆွန်းဘင်းကို ဖမ်းချုပ်ထားပြီး စစ်မေးနေခဲ့ပါတယ်။
အဲ့ဒီနောက် ဟန်ဒါအွန်လည်း
ဟန်ဆွန်းဘင်းကို သီးသန့်စစ်ဆေးမေးမြန်းခန်းထဲမှာ မေးမြန်းနေခဲ့ပါတယ်။
တရားခံကတော့ သူ့ကိုယ်သူ
ယန်းဆွန်းဘင်း မဟုတ်ကြောင်းနဲ့ ဂင်ဆောယူဆိုတဲ့ ကလေးတစ်ယောက်ဖြစ်ကြောင်း ပြောပြလိုက်ပါတယ်။
ခဏအကြာမှာတော့ ဂူဒိုဝန်လို့ခေါ်တဲ့ လူတစ်ယောက်အဖြစ်
ပြောင်းလဲ ပြောဆိုနေပြန်ပါတယ်။
ယန်းဆွန်းဘင်းနဲ့
ငယ်သူငယ်ချင်းဖြစ်ကြောင်းပြောရင်း ယန်းဆွန်းဘင်းအစား မိသားစုကိုသတ်ပေးခဲ့တာလို့ ဟန်ဒါအွန်ကို ပြောပြနေခဲ့ပါတယ်။
ဟန်ဒါအွန်က ဂင်ယူဆောအကြောင်းလည်း
နားထောင်ချင်ကြောင်း ယန်းဆွန်းဘင်းကို ပြောလိုက်ပါတယ်။
ယန်းဆွန်းဘင်းက ဂူဒိုဝန်အဖြစ် ပြောနေရာကနေ ဂင်ယူဆောအဖြစ် ပြောင်းလဲသွားပြီး
သူတားခဲ့ချင်ပေမယ့် ကြောက်နေခဲ့တာကြောင့်လို့ ပြောရင်း ငိုနေခဲ့ပါတယ်။
အဲ့ဒီချိန်
သူ့ပါးသူပြန်ရိုက်လိုက်ပြီး ဂူဒိုဝန်အဖြစ် ပြောင်းလဲသွားပြန်ပါတယ်။ ဟန်ဒါအွန်လည်း
ယန်းဆွန်းဘင်းကို ပြန်ခေါ်ဖို့ပြောတဲ့အချိန်မှာတော့ ယန်းဆွန်းဘင်းကိုယ်ထဲမှာ ဂင်ယူဆောနဲ့ ဂူဒိုဝန်
နှစ်ယောက် အဖြစ် ဝင်လိုက်ထွက်လိုက် ပုံစံနဲ့ဖြစ်နေခဲ့ပြီး သူ့ပါးသူပြန်ရိုက်ကာ ယန်းဆွန်းဘင်းတစ်ယောက်
မေ့လဲသွားပါတော့တယ်။
ရဲတွေနဲ့ ဟန်ဒါအွန်လည်း လန့်သွားခဲ့ပြီး ခဏအကြာမှာတော့ ယန်းဆွန်းဘင်းအဖြစ်
ပြန်နိုးလာခဲ့ပါတယ်။
ယန်းဆွန်းဘင်းကို ထောင်ထဲ
ခဏထည့်ထားလိုက်ပြီး ဟန်ဒါအွန်နဲ့ လုပ်ဖော်ကိုင်ဖက်တွေက သရုပ်ဆောင်နေတာလား၊ တကယ်လားဆိုတာ
ဝေခွဲရခက်နေခဲ့ပါတယ်။
အဲ့ဒီချိန် ယန်းဆွန်းဘင်းရဲ့
ဆေးစစ်ချက်ထွက်လာတာကြောင့် ကြည့်တဲ့အခါမှာတော့ သတိမေ့ရောဂါနဲ့ စိတ်နှစ်ခွရောဂါ ဖြစ်နိုင်ချေများတယ် ဆိုတဲ့
အချက်သာ ထွက်လာခဲ့ပါတယ်။
ဟန်ဒါအွန်လည်း ယန်းဆွန်းဘင်းကို
စိုက်ကြည့်ရင်း ဝေခွဲမရဖြစ်ရင်း တစ်ခုခုကို တွေးနေခဲ့ပါတယ်။
အဲ့ဒီနောက် ဒုတိယအကြိမ် ယန်းဆွန်းဘင်းကို စစ်ဆေးမေးမြန်းတဲ့အခါမှာတော့ ဟန်ဒါအွန်က
ယန်းဆွန်းဘင်းကိုယ်ထဲမှာ ဂူဒိုဝန်နဲ့
ဂင်ဆောယူ နှစ်ယောက်ရှိနေတဲ့ အကြောင်းပြောပြလိုက်ပါတယ်။
ဂင်ဆောယူကိုတော့ သူ့ကိုယ်သူ
ရဲဖြစ်ကြောင်း မပြောဖူးပေမယ့် ဂင်ဆောယူကတော့ သိနေတယ်လို့ ပြောပြတဲ့အခါမှာတော့ ယန်းဆွန်းဘင်းတစ်ယောက်
ကြောင်တောင်တောင် လုပ်နေခဲ့ပြီး သူ,မမှတ်မိကြောင်း ပြန်ငြင်းနေခဲ့ပါတယ်။
အဲ့ဒီနောက် ယန်းဆွန်းဘင်းကို ထောင်ထဲပြန်ထည့်ထားလိုက်ပြီး ဟန်ဒါအွန်လည်း
စောင့်ကြည့်နေခဲ့ပါတော့တယ်။
နောက်နေ့ မနက်မှာတော့ “ဂန်ဘီနာ” တစ်ယောက် ရုံးလာခဲ့ပြီး
ဓာတ်လှေကားစောင့်နေခဲ့ပါတယ်။
“ဂန်ဘီနာ” ရဲ့ ရုံးက
အတို့အထောင်လုပ်ဖော်ကိုင်ဖက်နှစ်ယောက်ကတော့ “ဂန်ဘီနာ” ကို ဆေးရုံသတင်းကြားတာကြောင့် စိတ်ပူနေခဲ့ပြီး
အဆင်ပြေလားလို့ မေးနေခဲ့ပါတယ်။
“ဂန်ဘီနာ” ကတော့ အဆင်ပြေကြောင်း
ပြန်ပြောရင်း ခုရက်ပိုင်း
လူတစ်ယောက်နဲ့အတူရှိနေရင် နှလုံးခုန်မြန်လာတာ ဘာကြောင့်လဲလို့ မေးလိုက်ပါတယ်။
လုပ်ဖော်ကိုင်ဖက်နှစ်ယောက်ထဲက တစ်ယောက်ကတော့ “ဂန်ဘီနာ” ကို
နှလုံးခုန်မမှန်တဲ့ရောဂါဖြစ်နေတာကြောင့် အလုပ်ထွက်ပြီး နားလိုက်ဖို့ ပြောလိုက်ပါတယ်။
“ဂန်ဘီနာ” လည်း မချိပြုံးပြုံးပြရင်း နှုတ်ဆက်ကာ
ထွက်သွားပါတော့တယ်။
အဲ့ဒီနောက်တော့ “ဂန်ဘီနာ” က ရုံးခန်းထဲမှာ ဗဲလ်လက်ကို
တရားခံလွတ်နေတဲ့အမှုတွေကို စုံစမ်းရသမျှ ပြောပြခိုင်းနေခဲ့ပါတယ်။
ဗဲလ်လက်လည်း “ဂန်ဘီနာ” ကို ပြောပြနေရင်း နောက်ဆုံးတစ်ခုကတော့
ချန်းအွန်းဒုံက မိသားစု ၃ ယောက်သေတဲ့ လူသတ်မှုအကြောင်း ဖြစ်နေခဲ့ပါတယ်။
“ဂန်ဘီနာ” လည်း စိတ်ဝင်စားသွားပြီး
ဗဲလ်လက်ကို တရားခံရဲ့
ကိုယ်ရေးကိုယ်တာတွေကို စုံစမ်းခိုင်းဖို့ လွှတ်လိုက်ပါတော့တယ်။
ဗဲလ်လက်တစ်ယောက်ကတော့ ရဲစခန်းကိုသွားပြီး SBC က သတင်းထောက်အဖြစ်
ဟန်ဆောင်ကာ ရဲဆီက အမှုကို စုံစမ်းဖို့ လုပ်နေခဲ့ပါတယ်။
“ဂန်ဘီနာ” တစ်ယောက်ကတော့
ရုပ်ရှင်ကြည့်နေရင်း ဟန်ဒါအွန်နာမည်ကို မှန်မှာရေးပြီး ခိုးကြည့်မလို့ လုပ်နေခဲ့ပါတယ်။
အဲ့ဒီချိန် ဗဲလ်လက်လည်း
ပြန်ရောက်လာတာကြောင့် “ဂန်ဘီနာ” တစ်ယောက် ဆက်မရေးတော့ဘဲ
ပုံမှန်ပုံစံ ဟန်ဆောင်လိုက်ပြီး တရားခံနာမည် သိလာလားလို့ ဗဲလ်လက်ကို မေးလိုက်ပါတယ်။
ဗဲလ်လက်က တရားခံနာမည်ကို
ပြောပြလိုက်တဲ့အခါမှာတော့ “ဂန်ဘီနာ” လည်း
မှန်မှာရေးပြီး ကြည့်လိုက်ပါတယ်။
ယန်းဆွန်းဘင်းကတော့ ထောင်ထဲမှာ
ငိုယိုနေတာကို “ဂန်ဘီနာ” လည်း
တွေ့သွားပြီး ကြောင်သွားခဲ့ပါတယ်။
ဗဲလ်လက်ကတော့ ယန်းဆွန်းဘင်းဟာ
စိတ်နှစ်ခွရှိတဲ့သူဖြစ်ပြီး ပုံမှန်အသိစိတ်မရှိနေတာကြောင့် လူသတ်သမား အပြစ်ဒဏ်
ပေးမခံရနိုင်ကြောင်း ပြောပြနေခဲ့ပါတယ်။
“ဂန်ဘီနာ” ကတော့ ဘယ်လိုဖြစ်ဖြစ် လူသတ်ခဲ့တာမို့
လူသတ်သမားဖြစ်ကြောင်း ဗဲလ်လက်ကို ပြန်ပြောပြလိုက်ပါတယ်။
တစ်ဖက်မှာတော့ သေဆုံးသွားကြတဲ့ ယန်းဆွန်းဘင်းရဲ့ မိန်းမရဲ့
အမေဖြစ်သူနဲ့ ညီမက ယန်းဆွန်းဘင်းကို
လာတွေ့ခဲ့ပါတယ်။
အစပိုင်းမှာတော့
ယန်းဆွန်းဘင်းတစ်ယောက် ပုံမှန်ပုံစံ ငိုယိုပြောနေခဲ့ပြီး ရုတ်တရက် ဂူဒိုဝန်ပုံစံအဖြစ် ပြောင်းလဲသွားကာ
သောင်းကျန်းပါတော့တယ်။
ယန်းဆွန်းဘင်းရဲ့ ယောက္ခမနဲ့
ခယ်မလည်း လန့်သွားခဲ့ပြီး ယောက္ခမက သူ့သမက်ယန်းဆွန်းဘင်းကြောင့် သူ့သမီးသေသွားခဲ့တာကို
ဝမ်းနည်းနေခဲ့ပါတယ်။
အဖွားကြီးလည်း သူ့သမီးသေသွားတာကို ဝမ်းနည်းရင်း ယူကြုံးမရဖြစ်ကာ
လမ်းမပေါ်မှာပဲ မေ့လဲသွားပါတော့တယ်။
တစ်ဖက်မှာတော့ ဟန်ဒါအွန်နဲ့ လုပ်ဖော်ကိုင်ဖက်ရဲတွေက
ယန်းဆွန်းဘင်းရဲ့ မိသားစုဝင်တွေရဲ့ သေဆုံးရတဲ့ဒဏ်ရာတွေနဲ့ ပတ်သက်တဲ့အကြောင်း ပြောနေခဲ့ပါတယ်။
မိသားစုဝင်တွေထဲမှာမှ
ယန်းဆွန်းဘင်းရဲ့ သားဖြစ်သူအလောင်းက
ဓားဒဏ်ရာက ၁၃ ချက်ရှိပြီး ဖုန်းကလည်း ပျက်စီးနေကြောင်း တွေ့ရှိခဲ့ကြပါတယ်။
ဟန်ဒါအွန်တစ်ယောက်လည်း သူ့ငယ်ဘဝက
အဖြစ်ဆိုးကို ပြန်ပြန်တွေးမိနေပြီး စိတ်ကို မနည်းထိန်းထားရပါတယ်။
အဲ့ဒီနောက် ဟန်ဒါအွန်က
သူစစ်ဆေးရသလောက် ယန်းဆွန်းဘင်းက စိတ်နှစ်ခွရောဂါရှိသူအဖြစ်
ဟန်ဆောင်နေတာဖြစ်နိုင်ကြောင်း ပြောပြလိုက်ပါတယ်။
“ဂန်ဘီနာ” တစ်ယောက်ကတော့ ရုံးမှာ
တရားသူကြီးချုပ်ကို ပူးပေါင်းစီရင်ချက်ချတဲ့ တရားခွင်ကို ပြောင်းပေးဖို့
တောင်းဆိုနေခဲ့ပါတယ်။
တရားသူကြီးချုပ်က
ငြင်းတဲ့အခါမှာတော့ “ဂန်ဘီနာ” တစ်ယောက် လွှတ်တော်အမတ်ရှောင်ဆီကို
လှမ်းဖုန်းဆက်ပြီး တောင်းဆိုပါတော့တယ်။
လွှတ်တော်အမတ်လည်း လက်ခံပေးလိုက်ပြီး “ဂန်ဘီနာ” ကို အထူးအမှုတွေကို ကိုင်ဖို့
လွှဲပေးလိုက်ပါတယ်။
ရဲစခန်းမှာတော့ ဟန်ဒါအွန်တို့အဖွဲ့ဆီကို တရားသူကြီး “ဂန်ဘီနာ” က ယန်းဆွန်းဘင်းလူသတ်မှုကို တရားစီရင်ချက်ချမယ်ဆိုတဲ့အကြောင်း
ပြောပြခဲ့ပါတယ်။
အကုန်လုံးလည်း အံ့ဩနေခဲ့ပြီး “ဂန်ဘီနာ” က တစ်ယောက်တည်း စီရင်ချက်ချတဲ့အမှုတွေပဲ
ကိုင်တာမဟုတ်ဘူးလားလို့ ရဲတစ်ယောက်က မေးလိုက်ပါတယ်။
ရဲမေလည်း “ဂန်ဘီနာ” က လက်တလော
ပူးပေါင်းစီရင်ချက်ချလိုက်တာလို့ ပြောလိုက်တဲ့အခါမှာတော့ ဟန်ဒါအွန်အပါအဝင် အကုန်လုံး
စိတ်ညစ်နေကြပါတော့တယ်။
“ဂန်ဘီနာ” ရဲ့ ရုံးခန်းထဲကိုတော့
တရားခွင်မှာပါမယ့် တရားသူကြီးနှစ်ယောက် ဝင်လာခဲ့ပါတယ်။
“ဂန်ဘီနာ” က တရားသူကြီးနှစ်ယောက်ကို
ဘာမှဝင်မပြောဖို့ ကြိုခြိမ်းခြောက်ထားလိုက်ပါတယ်။
ညရောက်တဲ့အခါမှာတော့ “ဂန်ဘီနာ” တစ်ယောက် ဗီလာရှေ့မှာ ဟန်ဒါအွန်ကို
ရပ်စောင့်နေခဲ့ပါတယ်။
ဟန်ဒါအွန်လည်း
ကားပေါ်ကဆင်းလာခဲ့ပြီး ဗီလာထဲဝင်မလို့လုပ်တဲ့အချိန်မှာတော့
“ဂန်ဘီနာ” က သူ့နောက်ကို
နောက်ယောင်ခံမလိုက်တော့ဘူးလားလို့ မေးလိုက်ပါတယ်။
ဟန်ဒါအွန်လည်း
သူ့ကိုစောင့်နေတာလားလို့ ပြန်မေးတဲ့အခါမှာ “ဂန်ဘီနာ” လည်း ရှက်သွားပြီး
အမှိုက်ထွက်ပစ်ကြောင်း ညာပြောကာ အရင်သွားနှင့်ဖို့ လုပ်လိုက်ပါတယ်။
ဟန်ဒါအွန်က မနက်ဖန် တရားခွင်မှာ သေချာလုပ်ဖို့
လှမ်းပြောတဲ့အခါမှာတော့ “ဂန်ဘီနာ” လည်း
သူအမြဲသေချာလုပ်တတ်ကြောင်း ပြန်ပြောကာ ပြုံးပြီးထွက်သွားပါတော့တယ်။
မနက်ရောက်တဲ့အခါမှာတော့ တရားခွင်မှာ စစ်ဆေးရေးကို
စတင်ခဲ့ကြပါတယ်။
အမှုစစ်ရှေ့နေတွေလည်း
အပြိုင်အဆိုင် တရားပြိုင်လုနေကြတုန်း ယန်းဆွန်းဘင်းတစ်ယောက် စိတ်ဖောက်လာကာ သူ့ဘေးက အမှုစစ်ကို တိုက်ခိုက်ပါတော့တယ်။
တရားသူကြီး “ဂန်ဘီနာ” လည်း အံ့ဩသွားခဲ့ပြီး
စိတ်နှစ်ခွဖြစ်နေတဲ့ပုံစံလုပ်နေတဲ့ ယန်းဆွန်းဘင်းကို ကြည့်ရင်း ပြုံးနေခဲ့ပါတယ်။
အဲ့ဒီနောက် တရားခွင်ကို
ခဏနားထားလိုက်ပြီး “ဂန်ဘီနာ” တစ်ယောက်
တစ်ခုခုကိုတွေးရင်း ပြုံးနေခဲ့ပါတယ်။
ခဏအကြာမှာတော့ တရားခွင်ပြန်စပြီး “ဂန်ဘီနာ” က
ယန်းဆွန်းဘင်းရဲ့ ကျန်းမာရေး စစ်ဆေးချက်ကို တင်ပြဖို့ပြောလိုက်ပါတယ်။
အဲ့ဒီနောက် ရလဒ်ကိုကြည့်ပြီး
အမိန့်ချမယ့်နေ့ရက်ကို ပြန်ပြောမယ်လို့ပြောကာ ထွက်သွားပါတော့တယ်။
ဟန်ဒါအွန်ကတော့ “ဂန်ဘီနာ” ပြုံးနေတာကို စိုက်ကြည့်နေခဲ့ပြီး
အကဲခတ်နေခဲ့ပါတယ်။
ယန်းဆွန်းဘင်းလည်း
တရားရုံးအပြင်ကို ထွက်လာတဲ့အခါမှာတော့ သတင်းထောက်တွေက ကျန်ရစ်သူမိသားစုတွေကို ပြောချင်တဲ့စကားကို
ဝိုင်းမေးကြပါတော့တယ်။
တစ်ဖက်မှာတော့ ယန်းဆွန်းဘင်းရဲ့
ယောက်ခမနဲ့ ခယ်မက ယန်းဆွန်းဘင်းကို ကြောက်လန့်တဲ့ပမူအယာနဲ့ ရပ်ကြည့်နေခဲ့ပါတယ်။
ယန်းဆွန်းဘင်းတစ်ယောက်ကတော့
သတင်းထောက်တွေရှေ့မှာ ငိုယိုပြီး ယောက်ခမနဲ့ ခယ်မကို တောင်းပန်နေခဲ့ပါတော့တယ်။
ယန်းဆွန်းဘင်းအကြောင်းသိအပြီးမှာတော့ “ဂန်ဘီနာ” က ယန်းဆွန်းဘင်းဆီကို
သွားဖို့လုပ်နေခဲ့ပါတယ်။
ဗဲလ်လက်က “ဂန်ဘီနာ” ကို ဟန်ဒါအွန်တုန်းကလို မှားပြီး
သတ်မိနိုင်တာကြောင့် တားနေခဲ့ပေမယ့် “ဂန်ဘီနာ”
ကတော့ သူထင်တာမှန်တာကြောင့် ယန်းဆွန်းဘင်းဆီ ထွက်သွားပါတော့တယ်။
ညရောက်တဲ့အခါမှာတော့ “ဂန်ဘီနာ” တစ်ယောက် ယန်းဆွန်းဘင်း ရှိတဲ့
ဆေးရုံထဲကို ရောက်လာခဲ့ပြီး အစောင့်တွေကို တိုက်ခိုက်ကာ ယန်းဆွန်းဘင်းအခန်းထဲ ဝင်လာခဲ့ပါတယ်။
အဲ့ဒီနောက် ယန်းဆွန်းဘင်းကို သတ်ဖို့ ဓားထုတ်ကာ
တဖြည်းဖြည်း ချည်းကပ်လာပါတော့တယ်။
အဲ့ဒီချိန်မှာပဲ ကုတင်အောက်ကနေ “ဂန်ဘီနာ” ရဲ့ခြေထောက်ကို လက်တစ်ဖက်က
လှမ်းဆွဲလိုက်ပြီး “ဂန်ဘီနာ” လည်း
လန့်သွားကာ အောက်ကို ငုံ့ကြည့်လိုက်တဲ့အခါမှာတော့
စုံထောက်ဟန်ဒါအွန်ကြီး ဖြစ်နေခဲ့ပါတော့တယ်။
ချန်းအွန်းဒုံ မိသားစုလူသတ်မှုရဲ့
တရားခံ ယန်းဆွန်းဘင်းတစ်ယောက် “ဂန်ဘီနာ” ရဲ့တရားခွင်မှာ သောင်းကျန်းရာကနေ
တရားခွင်ခဏနားလိုက်ရပါတယ်။
တရားခွင်ခဏနားချိန်မှာတော့ “ဂန်ဘီနာ” က ယန်းဆွန်းဘင်းကို ချုပ်ထားတဲ့
သီးသန့်အခန်းထဲကို ၀င်လာခဲ့ပြီး ယန်းဆွန်းဘင်းကို အခုက ဂူဒို၀မ်လား ဂင်ဆောယူလား
ဘယ်သူလဲလို့မေးလိုက်ပါတယ်။
ယန်းဆွန်းဘင်းကတော့
မမှတ်မိသလိုဟန်ဆောင်နေခဲ့ပြီး “ဂန်ဘီနာ” က ဂူဒို၀မ်ကို
ခေါ်ပေးဖို့ပြောလိုက်ပါတယ်။
“ဂန်ဘီနာ” က ယန်းဆွန်းဘင်းအနားကို ကပ်လာလိုက်ပြီး ဂူဒို၀မ်ကိုသာခေါ်ပေးရင်
လွှတ်ပေးမယ်လို့ပြောလိုက်ပါတယ်။
ယန်းဆွန်းဘင်းလည်း
မသိသလိုပုံစံလုပ်နေခဲ့ပြီး “ဂန်ဘီနာ” လည်း
လှည့်ထွက်သွားဖို့လုပ်တဲ့အချိန်မှာတော့ ယန်းဆွန်းဘင်းက ရုတ်တရက်ယုံလို့ရလားလို့ မေးကာ ဂူဒို၀မ်ပုံစံအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။
“ဂန်ဘီနာ” လည်း ပြုံးကာ
ယန်းဆွန်းဆီပြန်လှည့်လာလိုက်ပြီး ယန်းဆွန်းဘင်းရဲ့
ဇနီးနဲ့ကလေးတွေကိုသတ်ခဲ့တာ ဂူဒို၀မ်လားလို့မေးလိုက်ပါတယ်။
ယန်းဆွန်းဘင်းက ဟုတ်တယ်လို့၀န်ခံကာ
ပြုံးနေခဲ့ပါတယ်။
“ဂန်ဘီနာ” က
ဂင်ဆောယူရောဘယ်မှာလဲလို့ ထပ်မေးတဲ့အခါမှာတော့ ယန်းဆွန်းဘင်းတစ်ယောက်
ချက်ချင်း ဂင်ဆောယူအဖြစ် ပြောင်းလဲသွားကာ ဟန်ဆောင်နေပြန်ပါတယ်။
“ဂန်ဘီနာ” လည်း ယန်းဆွန်းဘင်းကို
ပြုံးပြီးကြည့်နေလိုက်ပြီး လှည့်ထွက်သွားခဲ့ပါတယ်။ ယန်းဆွန်းဘင်းကတော့ ဂင်ဆောယူပုံစံအဖြစ်ဟန်ဆောင်နေရင်း
ကျန်ခဲ့ပါတော့တယ်။
“ဂန်ဘီနာ” က ယန်းဆွန်းဘင်းအကြောင်းကို
သိသွားခဲ့ပြီး တွေးရင်းပြုံးကာ တစ်ခုခုကိုလုပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။
ညရောက်တဲ့အခါမှာတော့ ယန်းဆွန်းဘင်းကို
ထိန်းသိမ်းထားတဲ့ဆေးရုံက ရုတ်တရက် မီးတွေပျက်သွားခဲ့ပါတယ်။
အဲ့ဒီနောက် ယန်းဆွန်းဘင်းရဲ့
ဆေးရုံအခန်းထဲကို “ဂန်ဘီနာ” တစ်ယောက်ရောက်လာခဲ့ပါတယ်။
ယန်းဆွန်းဘင်းရဲ့ ကုတင်အောက်မှာတော့
ဟန်ဒါအွန်က “ဂန်ဘီနာ” ကိုစောင့်ဖမ်းမလို့
စောင့်နေခဲ့ပါတယ်။
“ဂန်ဘီနာ” တစ်ယောက် ယန်းဆွန်းဘင်းကို
ဓားနဲ့ထိုးဖို့လုပ်တဲ့အချိန်မှာပဲ ဟန်ဒါအွန်က ခြေထောက်ကိုလှမ်းဆွဲလိုက်ပါတယ်။
“ဂန်ဘီနာ” လည်း
လန့်ကာပြန်ရုန်းလိုက်ပြီး ဟန်ဒါအွန်လက်ထဲကနေ လွတ်အောင်ထွက်ပြေးခဲ့ပါတယ်။
“ဂန်ဘီနာ” လည်း
ဆေးရုံအနောက်ပေါက်ကနေ ထွက်လာလိုက်ပြီး ဟန်ဒါအွန်ကတော့ “ဂန်ဘီနာ” ကိုမျက်ချေပြတ်သွားခဲ့ပါတော့တယ်။
ဆေးရုံအနောက်မှာတော့ ဂလယ်မိုရီက “ဂန်ဘီနာ” ကိုစောင့်နေခဲ့ပြီး နှစ်ယောက်သား
ဆေးရုံကနေ ထွက်သွားကြပါတယ်။
အဲ့ဒီနောက် ညသန်းခေါင်လောက်မှာ “ဂန်ဘီနာ” တစ်ယောက်
သူ့တိုက်ခန်းသူပြန်လာခဲ့ပါတယ်။
အခန်းအရှေ့မှာတော့ ဟန်ဒါအွန်က
“ဂန်ဘီနာ” ကို စောင့်နေခဲ့ပြီး
ဘယ်ကပြန်လာတာလဲလို့ မယုံသင်္ကာ ပုံစံနဲ့ “ဂန်ဘီနာ”
ကိုမေးလိုက်ပါတယ်။
“ဂန်ဘီနာ” ကတော့
လမ်းလျှောက်ထွက်တဲ့အကြောင်း ဟန်ဒါအွန်ကို ပြုံးကာအေးဆေးပြန်ပြောရင်း
အခန်းထဲ၀င်ဖို့လုပ်လိုက်ပါတယ်။
အဲ့ဒီနောက် ဟန်ဒါအွန်က အနောက်ကနေ
ဆေးရုံထဲမှာ ယန်းဆွန်းဘင်းကိူသတ်ဖို့လုပ်တဲ့အချိန် “ဂန်ဘီနာ” ပြောခဲ့တဲ့စကားတွေကို ပြန်ပြောရင်း “ဂန်ဘီနာ” ကိုအကဲခတ်လိုက်ပါတယ်။
“ဂန်ဘီနာ” က ဟန်ဒါအွန်ကို ဘာလို့ဒီစကားတွေသူ့ကိုလာပြောနေရတာလဲလို့
ပြန်လှည့်ကာမေးလိုက်ပါတယ်။
ဟန်ဒါအွန်က
ဆေးရုံမှာယန်းဆွန်းဘင်းကို လာသတ်တဲ့သူက “ဂန်ဘီနာ” မလားလို့ မေးလိုက်ပါတယ်။
“ဂန်ဘီနာ” ကတော့ စိတ်တိုသွားကာ
လူသတ်သမားကိုကာကွယ်ပေးနေပြီး သူ့ကိုလာစွပ်စွဲနေတယ်လို့
ဟန်ဒါအွန်ကို ပြန်ငြင်းခဲ့ပါတယ်။
ဟန်ဒါအွန်လည်း ဒါက
သူ့အလုပ်ဖြစ်တာကြောင့်လို့ ပြန်ပြောတဲ့အခါမှာတော့ “ဂန်ဘီနာ” က သူ့ကိုဖမ်းချင်ရင်
သက်သေယူခဲ့ဖို့ပြောကာ အခန်းထဲ၀င်သွားပါတော့တယ်။
နောက်နေ့မနက် ရဲစခန်းမှာတော့ အဖွဲ့မှူးက
ယန်းဆွန်းဘင်း သားရဲ့ဖုန်းကပြင်ဖို့ ၁ လလောက်ကြာမှာဖြစ်ကြောင်း ပြောပြနေခဲ့ပါတယ်။
ဟန်ဒါအွန်ကတော့ တရားခွင်ပြန်မစခင်
သက်သေရမှဖြစ်မယ့်အကြောင်းပြောရင်း ခေါင်းစားနေခဲ့ပါတယ်။
တစ်ဖက်မှာတော့ “ဂန်ဘီနာ” ရဲ့ အတို့အထောင်
လုပ်ဖော်ကိုင်ဖက်နှစ်ယောက်က နေ့လယ်စာထမင်းစားကြရင်း “ဂန်ဘီနာ” နဲ့ ဗဲလ်လက်
ခုတလောပျောက်နေကြတဲ့အကြောင်း စကားပြောနေခဲ့ကြပါတယ်။
ခဏအကြာမှာတော့တရားခွင်ပြန်စတင်ခဲ့ပြီး “ဂန်ဘီနာ” ကတော့ ဟန်ဒါအွန်တရားခွင်မှာ မရှိနေတာကို
သတိထားမိသွားပါတယ်။
“ဂန်ဘီနာ” က ယန်းဆွန်းဘင်းကို
အမိန့်မချခင် နောက်ဆုံးထွက်ဆိုချက်ပေးဖို့ပြောလိုက်ပါတယ်။
ယန်းဆွန်းဘင်းရဲ့ ယောက်ခမနဲ့
ခယ်မကလည်း ယန်းဆွန်းဘင်း ထွက်ဆိုချက်ကို နားထောင်နေခဲ့ကြပါတယ်။
ယန်းဆွန်းဘင်းကတော့ သူဟာသူ့မိသားစုကိုသတ်ခဲ့တာကို
မမှတ်မိတာကြောင့် မဟုတ်ကြောင်း ထွက်ဆိုလိုက်ပါတယ်။
နောက်တော့ “ဂန်ဘီနာ” က ယန်းဆွန်းဘင်းကို အမိန့်ချဖို့အတွက်
ပြင်လိုက်ပါတယ်။ “ဂန်ဘီနာ” တစ်ယောက် ယန်းဆွန်းဘင်းကိုအမိန့်ချမလို့ လုပ်နေတုန်းမှာပဲ
တရားခွင်ထဲကို ဟန်ဒါအွန်က၀င်လာခဲ့ပါတယ်။
လက်ထဲမှာတော့ ယန်းဆွန်းဘင်း သားရဲ့
ဖုန်းကို ကိုင်ထားရင်း သက်သေရလာခဲ့တာကြောင့် အဆိုပြုတင်သွင်းချင်ကြောင်း
ပြောလိုက်ပါတယ်။
ဟန်ဒါအွန်းက ရဲစခန်းမှာတုန်းက
ဖုန်းကိုပြင်ဖို့ ၁ လလောက်ကြာမှာဆိုပေမယ့် cloud ဖိုင်ဖွင့်ပြီး သက်သေကိုပြန်ကူးယူခဲ့တာဖြစ်ပါတယ်။
“ဂန်ဘီနာ” ကတော့ ဟန်ဒါအွန်ကို
နောက်ကျမှရတဲ့ သက်သေကိုတင်ပြခွင့်မပြုဘဲ ထွက်သွားခိုင်းလိုက်ပါတယ်။
ဟန်ဒါအွန်ကတော့ ယန်းဆွန်းဘင်း
သားရဲ့ဖုန်းထဲက အသံဖိုင်တစ်ခုကို ရလာခဲ့ပြီး တရားခွင်မှာ
ဖွင့်ချလိုက်ပါတယ်။
အသံဖိုင်ထဲမှာတော့ ယန်းဆွန်းဘင်းဟာ
သူ့သားကို သာမန်အသိစိတ်နဲ့ ရည်ရွယ်ချက်ရှိရှိ သတ်နေခဲ့တာဖြစ်ပြီး
အပြင်ကပြန်လာတဲ့သူ့မိန်းမနဲ့ အိပ်ယာထဲကထလာတဲ့ သမီးငယ်ကိုပါ
သတ်ပစ်ခဲ့တာဖြစ်ပါတယ်။
ဒါ့ကြောင့်ပဲ တရားခွင်က
လူတွေအကုန်လုံးက ယန်းဆွန်းဘင်းကို ဟန်ဆောင်နေတဲ့
လူသတ်သမားမှန်းသိသွားကြပါတော့တယ်။
ဟန်ဒါအွန်ကအသံဖိုင်ကိုဖွင့်ပြခဲ့ပြီး သက်သေအဖြစ်တင်သွင်းခွင့်ပေးဖို့
ထပ်တောင်းဆိုလိုက်ပါတယ်။
“ဂန်ဘီနာ” လည်း ဟန်ဒါအွန်ကို မကျေနပ်တဲ့အကြည့်နဲ့ကြည့်ကာ
တရားခွင်ကို ခဏနားဖို့ပြောပြီး ထွက်သွားခဲ့ပါတယ်။
ရုံးခန်းထဲမှာတော့ “ဂန်ဘီနာ” တစ်ယောက် ဒေါသထွက်နေခဲ့ပြီး
နံရံကို ဖန်ခွက်နဲ့ပစ်ပေါက်လိုက်ပါတယ်။
အဲ့ဒီနောက် လက်သီးကို တင်းတင်းဆုပ်ကာ ဟန်ဒါအွန်ကို ဒေါသတွေထွက်နေပါတယ်။
ခဏအကြာမှာတော့ တရားခွင်
ပြန်စခဲ့ပြီး “ဂန်ဘီနာ” လည်း
တရားခွင်ထဲကို ခပ်တည်တည်နဲ့ပြန်၀င်လာခဲ့ပါတယ်။
ဟန်ဒါအွန်ကတော့ “ဂန်ဘီနာ” ရဲ့ မျက်နာကို အကဲခတ်ရင်း
စိုက်ကြည့်နေခဲ့ပါတယ်။
အဲ့ဒီနောက် “ဂန်ဘီနာ” က ယန်းဆွန်းဘင်းကိူ အမိန့်မချခင်
နောက်ဆုံးထွက်ဆိုချက်ပြောခွင့် ထပ်ပေးလိုက်ပါတယ်။
“ဂန်ဘီနာ” က ယန်းဆွန်းဘင်း
ထွက်ဆိုချက်မပြောခင် မိန်းမကိုဓာတ်လှေကားထဲမှာ ရိုက်နှက်ခဲ့ပြီး ကလေးတွေကိုပါ
နှိပ်စက်ခဲ့တာ ကိုယ်ဘာသာ သိလိုက်ရတဲ့အချိန်မှာ ဘယ်လိုနေလဲလို့
ပြုံးရင်းမေးလိုက်ပါတယ်။
ယန်းဆွန်းဘင်းကတော့
ပထမတစ်ခေါက်ကလိုပဲ သူဘာမှမမှတ်မိဘဲ မိသားစုအတွက်သာ ရှင်သန်လာခဲ့တာပါလို့ပြောနေခဲ့ပါတယ်။
အဲ့ဒီချိန်မှာပဲ “ဂန်ဘီနာ” တစ်ယောက် ယန်းဆွန်းဘင်းပြောတာကို
သေချာမကြားရဘူးလို့ဆိုကာ ယန်းဆွန်းဘင်းအနားကို လာပြီး ထပ်မေးလိုက်ပါတယ်။
ယန်းဆွန်းဘင်းလည်းကြောင်သွားပြီး
တုန်တုန်ရီရီနဲ့ထပ်ဖြေလိုက်ပါတယ်။
“ဂန်ဘီနာ” တစ်ယောက်
ခုံကိုလက်နဲ့ ထုလိုက်ပြီး ယန်းဆွန်းဘင်းကို အသံကျယ်ကျယ်နဲ့ ထပ်ပြောခိုင်းပြန်ပါတယ်။
ယန်းဆွန်းဘင်းလည်း စိတ်တိုလာပြီး “ဂန်ဘီနာ” ကို လည်ပင်းပြေးညစ်ပါတော့တယ်။
အကုန်လုံးလည်း လန့်သွားခဲ့ပြီးအစောင့်ရဲတွေက
ယန်းဆွန်းဘင်းကို မနည်းချုပ်ထားခဲ့ရပါတယ်။
“ဂန်ဘီနာ” ကတော့
မချိပြုံးပြုံးပြရင်း တရားစီရင်တဲ့စင်ပေါ် ပြန်တက်သွားခဲ့ပါတယ်။
ဟန်ဒါအွန်ကတော့ ထူးဆန်းနေတဲ့
“ဂန်ဘီနာ” ကိုကြည့်ပြီး
နားမလည်နိင်ဖြစ်နေခဲ့ရပါတယ်။
အဲ့ဒီနောက် “ဂန်ဘီနာ” က တရားခံယန်းဆွန်းဘင်းကို
အမိန့်ချဖို့ လုပ်လိုက်ပါတယ်။
ဟန်ဒါအွန်ယူလာခဲ့တဲ့ သက်သေဟာလည်း နောက်ကျမှအဆိုပြုတင်သွင်းခဲ့တာကြောင့်
ကိုက်ညီတဲ့ သက်သေအဖြစ် လက်မခံနိင်ကြောင်း “ဂန်ဘီနာ”
ကပြောလိုက်ပါတယ်။
ဟန်ဒါအွန်လည်း “ဂန်ဘီနာ” စကားတွေကိုအံ့ဩသွားခဲ့ပြီး
မယုံနိင်ဖြစ်နေခဲ့ပါတယ်။
အဲ့ဒီနောက် “ဂန်ဘီနာ” က ယန်းဆွန်းဘင်းကို အပြစ်ရှိပေမယ့်
သတိမေ့ရောဂါနဲ့ စိတ်နှစ်ခွဝေဒနာ ခံစားနေရချိန်မှာ အပစ်ကျူးလွန်ခဲ့တယ်လို့
ယူဆရတာကြောင့် အပြစ်မရှိကြောင်း အမိန့်ချမှတ်လိုက်ပါတယ်။
ဒါ့အပြင် စိတ်ရောဂါအခြေနေကြောင့်
၂ နှစ် အချုပ်နှောင်အောက်မှာနေရမယ်လို့ “ဂန်ဘီနာ”
က အမိန့်ချမှတ်ခဲ့ပါတယ်။
တရားခွင်ကလူတွေ အကုန်လုံးလည်း
အံ့ဩသွားခဲ့ပြီး ဟန်ဒါအွန်လည်း စိတ်ပျက်သွားကာ “ဂန်ဘီနာ” ရဲ့ တရားစီရင်ချက်ကို တစ်ယောက်မှ
မကျေနပ်ခဲ့ကြပါဘူး။
“ဂန်ဘီနာ” လည်း ခပ်တည်တည်နဲ့
ထွက်သွားဖို့လုပ်တဲ့အချိန်မှာတော့ ယန်းဆွန်းဘင်းရဲ့ ယောက်ခမဖြစ်သူက “ဂန်ဘီနာ” ကို ကိုယ်ချစ်ရတဲ့သူတွေ အသတ်ခံရရင်ရော
ဒီလိုအမိန့်ချမှာလားလို့ ငိုရင်းလှမ်းပြောနေခဲ့ပါတယ်။
“ဂန်ဘီနာ” လည်း
လှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ ဟန်ဒါအွန်က “ဂန်ဘီနာ” ကို အမုန်းတွေနဲ့ပြည့်နှက်နေတဲ့
မျက်လုံးတွေနဲ့စိုက်ကြည့်နေခဲ့ပါတယ်။
“ဂန်ဘီနာ” တစ်ယောက်လည်း ရုတ်တရက်
နှလုံးခုန်ကာ နေလို့မကောင်းဖြစ်သွားခဲ့ပြီး တရားခွင်က ချက်ချင်းထွက်သွားပါတော့တယ်။
ရုံးခန်းထဲအရောက်မှာတော့ “ဂန်ဘီနာ” တစ်ယောက်
သူ့နှလုံးသူပြန်စမ်းနေခဲ့ရပါတယ်။
ဟန်ဒါအွန်က ယန်းဆွန်းဘင်းကို ခေါ်ဆောင်လာတဲ့အချုပ်ကားနဲ့အတူ
လိုက်ပါလာခဲ့ပြီး လမ်းမှာ တရားခွင်က “ဂန်ဘီနာ”
ရဲ့ပုံစံကိုပြန်တွေးရင်း နားမလည်နိင်ဖြစ်နေခဲ့ပါတယ်။
တစ်ဖက်မှာတော့ ဗဲလ်လက်က
“ဂန်ဘီနာ” ရုံးခန်းထဲ
၀င်လာခဲ့ပြီးဘာကြောင့် ဒီလိုရက်စက်တဲ့အမိန့် ချမှတ်ရတာလဲလို့မေးလိုက်ပါတယ်။
“ဂန်ဘီနာ” ကတော့
သူ့အမိန့်ချတာမှန်ကြောင်း ဗဲလ်လက်က်ုပြန်ငြင်းလိုက်ပါတယ်။
ဗဲလ်လက်လည်း “ဂန်ဘီနာ” ကို မတော်လှန်ရဲတာကြောင့်
လက်ခံလိုက်ရပြီး ယန်းဆွန်းဘင်းပါတဲ့ အချုပ်ကားထဲမှာ ဟန်ဒါအွန်လည်းပါတာကြောင့်
အဆင်ပြေပါ့မလားလို့ “ဂန်ဘီနာ” ကိုပြောပြလိုက်ပါတယ်။
“ဂန်ဘီနာ” လည်း စောင့်ကြည့်တာပေါ့လို့
ဗဲလ်လက်ကိုပြန်ပြောရင်း သက်ပြင်းချကာ သူ့ခုံမှာထိုင်နေလိုက်ပါတယ်။
အဲ့ဒီနောက်မှာတော့ ယန်းဆွန်းဘင်းပါတဲ့ အချုပ်ကားကို
ကားတစ်စီးက ၀င်လိုက်မလိုဖြစ်သွားခဲ့ပါတယ်။
ဟန်ဒါအွန်လည်း လန့်သွားခဲ့ပြီး
သတိထားဖို့ပြောနေတုန်းမှာပဲ နောက်တစ်စီးက ယန်းဆွန်းဘင်း ထိုင်နေတဲ့ဘက်ခြမ်းကိူ ၀င်တိုက်ပစ်ခဲ့ပါတယ်။
အချုပ်ကားလည်းမှောက်သွားခဲ့ပြီး
၀င်တိုက်ပစ်တဲ့ ကားပေါ်ကနေ မျက်နာဖုံးနဲ့ လူနှစ်ယောက် ဆင်းလာခဲ့ပါတယ်။
ရဲတွေလည်း ကားပေါ်ကဆင်းလာပြီး
သေနတ်တွေနဲ့ ၀င်တိုက်ပစ်တဲ့ကားကို ဝိုင်းထားလိုက်ပါတယ်။
မျက်နှာဖုံးနဲ့ လူနှစ်ယောက်လည်း
ရဲတွေကို မေ့သွားအောင် တိုက်ခိုက်လိုက်ပြီး အချုပ်ကားထဲကယန်းဆွန်းဘင်းကို ဆွဲထုတ်ခဲ့ကြပါတယ်။
ဒါတွေကို ကားမှောက်ဒဏ်ရာကြောင့်
ခဏမေ့ပြီး သတိပြန်ရလာတဲ့ ဟန်ဒါအွန်လည်း တွေ့သွားခဲ့ပြီးအနောက်ကနေ
အမြန်လိုက်တားပါတော့တယ်။
မျက်နှာဖုံးသမားတွေဆီကနေ
ယန်းဆွန်းဘင်းကို လုဖို့ သေနတ်နဲ့ချိန်ထားလိုက်ပြီး မလှုပ်ဖို့
ပြောလိုက်ပါတယ်။
မျက်နှာဖူံးသမားနှစ်ယောက်ထဲက တစ်ယောက်ကတော့
မေ့နေတဲ့ ယန်းဆွန်းဘင်းကို ဂုတ်ကဆွဲခေါ်သွားပြီး ကျန်တစ်ယောက်ကတော့ ဟန်ဒါအွန်ကို တိုက်ခိုက်ခဲ့ပါတယ်။
ဟန်ဒါအွန်လည်း ပြန်ချခဲ့ပေမယ့်
မျက်နှာဖုံးသမားက အင်အားကြီးလွန်းတာကြောင့် မနိင်ဘဲ လဲကျသွားခဲ့ရပါတယ်။
မျက်နှာဖုံးသမားတွေလည်း
ယန်းဆွန်းဘင်းကို ကားပေါ်ပစ်တင်လိုက်ပြီး
မောင်းထွက်သွားခဲ့ပါတယ်။
မျက်နှာဖုံးသမားတွေ ထွက်သွားပြီး သိပ်မကြာခင်မှာပဲ
ရဲကားနှစ်စီးလုံးကလည်း ပေါက်ကွဲထွက်သွားပါတော့တယ်။
တစ်နေရာအရောက်မှာတော့ ယန်းဆွန်းဘင်းကို
မျက်နှာဖုံးသမားနှစ်ယောက်က
ကြမ်းပေါ်ပစ်ချလိုက်ပြီး
သူတို့မျက်နှာဖုံးတွေကို ချွတ်ပစ်လိုက်ပါတယ်။
မျက်နှာဖူံးသမားတွေရဲ့ပါးမှာ ငရဲအမှတ်အသားပါရှိနေပြီး
ဂလယ်မိုရီ ခိုင်းထားတဲ့ လူနှစ်ယောက်ဖြစ်နေခဲ့ပါတယ်။
မျက်နှာဖူံးသမားတွေလည်း ယန်းဆွန်းဘင်းကို
ဂလယ်မိုရီဆီအပ်ခဲ့ပြီး ထွက်သွားပါတော့တယ်။
ရဲစခန်းမှာတော့
ဟန်ဒါအွန်ထိခိုက်သွားတာ သတင်းကြားတာကြောင့် အဖွဲ့မှူးနဲ့ လုပ်ဖော်ကိုင်ဖက်တွေက
စိတ်ပူပြီး ဟန်ဒါအွန်ကို လာမေးခဲ့ကြပါတယ်။
အဖွဲ့မှူးက ဟန်ဒါအွန်ကို
အိမ်မှာနားလိုက်ဖို့ပြောတဲ့အခါမှာတော့ ဟန်ဒါအွန်က တွေ့ရမယ့် လူရှိသေးကြောင်းပြောလိုက်ပါတယ်။
အဖွဲ့မှူးနဲ့
လုပ်ဖော်ကိုင်ဖက်တွေလည်း အံ့ဩသွားပြီး မိန်းကလေးလားလို့
ဟန်ဒါအွန်ကိုမေးလိုက်ပါတယ်။
ဟန်ဒါအွန်ကတော့
မိန်းကလေးနဲ့တွေ့တာမဟုတ်ဘဲ ဗဲလ်လက်နဲ့သွားတွေ့ခဲ့တာဖြစ်ပြီး
ဗဲလ်လက်ကို “ဂန်ဘီနာ” အကြောင်းမေးနေခဲ့ပါတယ်။
ယန်းဆွန်းဘင်းကို ဖမ်းသွားတဲ့ကိစ္စနဲ့
ဆေးရုံမှာလာသတ်တဲ့ကိစ္စတွေဟာ “ဂန်ဘီနာ” လက်ချက်ဟုတ်မဟုတ်
ဗဲလ်လ်ကို မေးလိုက်ပါတယ်။
ဗဲလ်လက်လည်း အအေးသောက်နေရာကနေ
ဟန်ဒါအွန်ကိုပြောပြမလို့လုပ်လိုက်ပြီး ဝေခွဲမရဖြစ်ကာ
သူဘာမှမသိဘူးလို့ပြောပြီး ထွက်သွားပါတော့တယ်။
ဟန်ဒါအွန်လည်း ဗဲလ်လက်ဆီက ဘာမှမသိလိုက်ရတာကြောင့်
စိတ်ညစ်သွားပြီး ဗီလာကိုပြန်လာခဲ့ပါတယ်။
ဗီလာအရှေ့မှာတော့ “ဂန်ဘီနာ” တစ်ယောက် ဟန်ဒါအွန်ကိုရပ်စောင့်နေခဲ့ပါတယ်။
ဟန်ဒါအွန်
ကားပေါ်ကဆင်းလာတဲ့အချိန်မှာတော့ “ဂန်ဘီနာ”
က ကားပေါက်ကွဲတဲ့ကိစ္စကြောင့် စိတ်ပူနေခဲ့ကြောင်း လှစ်ခနဲပြောထွက်သွားပြီးမှ
စိတ်မပူတဲ့ ပုံစံနဲ့ ဟန်ဒါအွန်ကိုပြန်ပြင်ပြောလိုက်ပါတယ်။
ဟန်ဒါအွန်ကတော့ စိတ်တိူနေခဲ့ပြီး
သူသေဖို့ မျှော်လင့်နေခဲ့တာလားလို့ “ဂန်ဘီနာ” ကိုမေးလိုက်ပါတယ်။
“ဂန်ဘီနာ” လည်း
စိတ်ရှူပ်လွန်းတာကြောင့် သေစေချင်ခဲ့တာလို့ ဟန်ဒါအွန်ကိုပြန်ပြောလိုက်ပါတယ်။
ဟန်ဒါအွန်ကသက်သေကိူဘာလိူ့
တင်ပြခွင့်မပေးတာလဲလို့ ထပ်မေးလိုက်ပါတယ်။
“ဂန်ဘီနာ” ကတော့
သက်သေတင်သွင်းတာနောက်ကျတဲ့အတွက်ကြောင့် ဥပဒေအရ လုပ်ရတာပါလို့ပြောလိုက်ပါတယ်။
ဟန်ဒါအွန်က
အမိန့်ရွှေ့ဆိုင်းတာလုပ်လို့ရတာပဲလို့ ပြောတဲ့အခါမှာတော့ “ဂန်ဘီနာ” က သူ့သဘောဖြစ်ကြောင်း ခပ်ချေချေပြန်ပြောလိုက်ပါတယ်။
ဟန်ဒါအွန်လည်း စိတ်ပျက်သွားပြီး
ယန်းဆွန်းဘင်းဘယ်မှာလဲလိူ့မေးလိူက်တဲ့အခါ “ဂန်ဘီနာ” က သူမသိကြောင်းပြောတဲ့အခါမှာတော့
ဟန်ဒါအွန်းက ယန်းဆွန်းဘင်းကို ပြန်ပေးဆွဲသွားတာမလားလို့ မေးလိုက်ပါတယ်။
“ဂန်ဘီနာ” လည်း ရယ်လိုက်ပြီး
ဟန်ဒါအွန်ကို စိတ်ကူးယဉ်၀တ္ထုရေးပါလားလို့ ရွဲ့ပြီးပြောလိုက်ပါတယ်။
ဟန်ဒါအွန်လည်း စိတ်တိုသွားပြီး
လူဖြစ်ပြီး ဒီလောက်ဆိုးရွားရလားလိူ့ “ဂန်ဘီနာ”
ကိုပြောလိုက်ပါတယ်။
“ဂန်ဘီနာ” လည်း ဟန်ဒါအွန်ဆီက
စကားရင့်ရင့်သီးသီးကြားလိုက်ရတာကြောင့် ထိခိုက်ခံစားသွားရပြီး မျက်ရည်ဝဲရင်း
လူမဟုတ်လို့နေမှာပေါ့လို့ ခပ်တည်တည် ပြန်ပြောလိုက်ပါတယ်။
ဟန်ဒါအွန်က “ဂန်ဘီနာ” ကို နစ်နာသူမိသားစုအတွက် အယူခံ၀င်ပြီး
ပြန်လည်ကြားနာစစ်ဆေးပေးဖို့ ပြောလိုက်ပါတယ်။
“ဂန်ဘီနာ” ကငြင်းလိုက်ပြီး
သူ့တရားခွင်က အမြဲမှန်တယ်လို့ ဟန်ဒါအွန်ကိုပြောကာ ထွက်သွားပါတော့တယ်။
ဟန်ဒါအွန်လည်း စိတ်တိုသွားပြီး
သူ့ကားပေါ်က ခုံကိုယူကာ “ဂန်ဘီနာ” ရဲ့
အခန်းရှေ့မှာ ထိုင်စောင့်ဖို့လူပ်လိုက်ပါတယ်။
ဒါမှသာ “ဂန်ဘီနာ” ယန်းဆွန်းဘင်းကို သတ်ဖို့ အပြင်ထွက်လာတဲ့အချိန်
ဖမ်းလို့ရမှာဖြစ်ကြောင်း ဟန်ဒါအွန်ကပြောလိုက်ပါတယ်။
“ဂန်ဘီနာ” လည်း ဟန်ဒါအွန်ကို
စိတ်ပျက်တဲ့ပုံနဲ့ကြည့်ရင်း သူ့အခန်းထဲသူပြန်၀င်သွားခဲ့ပါတယ်။
ည၁၂နာရီလောက်မှာတော့ အိမ်ထဲကို
တစ်ယောက်ယောက်၀င်လာတာကြောင့် “ဂန်ဘီနာ” တစ်ယောက်အိပ်နေရာကနေ နိးလာခဲ့ပါတယ်။
အပြင်မှာတော့ ဟန်ဒါအွန်တစ်ယောက် “ဂန်ဘီနာ” ထွက်အလာကိုဖမ်းမလို့
စောင့်နေခဲ့ပါတယ်။
ခဏအကြာမှာတော့ ရုတ်တရက်
“ဂန်ဘီနာ” ရဲ့အခန်းထဲက အသံတစ်ခုကြားလိုက်တာကြောင့်
ဟန်ဒါအွန်လည်း လန့်သွားခဲ့ပါတယ်။
ဟန်ဒါအွန်လည်း “ဂန်ဘီနာ” တံခါးနားသွားကာ
ဖုန်းခေါ်လိုက်တဲ့အခါမှာတော့ စက်ပိတ်ထားတာကိူသိလိုက်ရပါတယ်။
ဒါကြောင့် တံခါးကိုခေါက်လိုက်ပြီး
အိမ်ထဲမှာအဆင်ပြေလားလို့မေးလိုက်ပါတယ်။
အသံမကြားရတာကြောင့် ထွက်သွားဖို့လုပ်တဲ့အချိန်မှာပဲ
အခန်းထဲက အဆင်ပြေကြောင်းပြောတဲ့ ဂန်ဘိနာ့အသံထွက်လာခဲ့ပါတယ်။
ဟန်ဒါအွန်လည်း ပြန်လှည့်လာပြီး
တကယ်အဆင်ပြေတာလားလို့ပြောရင်း အသံက ဘယ်လိုဖြစ်နေတာလဲလို့မေးလိုက်ပါတယ်။
တစ်ဖက်မှာတော့ “ဂန်ဘီနာ” မဟုတ်ဘဲ ဗဲလ်လက်က “ဂန်ဘီနာ” အသံတုလုပ်ပြီး ပြောနေခဲ့တာဖြစ်ပြီး “ဂန်ဘီနာ” ကတော့ ပြတင်းပေါက်ကနေ
ကြိုးနဲ့ ခုန်ဆင်းသွားခဲ့တာဖြစ်ပါတယ်။
ဟန်ဒါအွန်ကတော့ မသိဘဲ ဗဲလ်လက်နဲ့ ပြောနေရာကနေ
မသင်္ကာဖြစ်လာခဲ့ပြီး အပြင်ကိုထွက်ကြည့်လိုက်ပါတယ်။
ဗဲလ်လက်လည်း ဟန်ဒါအွန် အပြင်သွားတာကို
သိသွားပြီး အပြင်မှာ ချထားတဲ့ ကြိုးကိုအမြန်သွားသိမ်းလိုက်ရပါတယ်။
ဟန်ဒါအွန်အပြင်ရောက်ချိန်မှာ ဗဲလ်လက်က
ကြိုးကိုအမြန်သိမ်းလိုက်တာကြောင့် “ဂန်ဘီနာ”
အပြင်ထွက်သွားတာကို မတွေ့သွားခဲ့ပါဘူး။
နောက်တော့ ယန်းဆွန်းဘင်းတစ်ယောက် အခန်းတစ်ခုမှာနိးလာခဲ့ပြီး
နိးနိးချင်း “ဂန်ဘီနာ” ကိုတွေ့လိုက်ရပါတယ်။
“ဂန်ဘီနာ” ကတော့ ပုဆိန်ကိုင်ရင်း
ယန်းဆွန်းဘင်းကိုကြောက်အောင် ပြောဆိုနေခဲ့ပါတယ်။
ယန်းဆွန်းဘင်းလည်း ကြောက်လန့်ကာ
ထွက်ပြေးရင်း တံခါးတစ်ခုထဲ၀င်သွားခဲ့ပါတယ်။
အခန်းထဲအရောက်မှာတော့
စာသင်ခန်းတစ်ခုဖြစ်နေခဲ့ပြီး ယန်းဆွန်းဘင်းလည်း
ခုံတစ်ခုမှာ၀င်ထိုင်လိုက်ပါတယ်။
အဲ့ဒီနောက် ယန်းဆွန်းဘင်းဘေးမှာ “ဂန်ဘီနာ” ကရောက်နေပြီး ယန်းဆွန်းကို သူ့ကိုယ်သူ
မူလတန်းကျောင်းက ဂင်ဆောယူဖြစ်ကြောင်း မိတ်ဆက်နေခဲ့ပါတယ်။
ယန်းဆွန်းဘင်းလည်း ကြောင်နေခဲ့ပြီး
“ဂန်ဘီနာ” ကို
ဘာလို့ဒီလိုတွေလုပ်နေတာလဲလို့ မေးလိုက်ပါတယ်။
“ဂန်ဘီနာ” က အသက်တူတူပဲကို
ဘာလို့တလေးတစား ပြောနေတာလဲလိူ့ပြောလိုက်ပါတယ်။
ယန်းဆွန်းဘင်းလည်း သူက ၄၄
နှစ်ရှိပြီဖြစ်ကြောင်းပြောပြတဲ့အခါမှာတော့ “ဂန်ဘီနာ” က လိမ်ပြောတဲ့အတွက်ကြောင့်
ဟန်ဒါအွန်လက်ကို ဓားနဲ့ ထိူးစိူက်လိုက်ပါတယ်။
ယန်းဆွန်းဘင်းလည်း
နာသွားခဲ့ပြီးကြောက်ကာအပြင်ကို ထွက်ပြေးသွားပါတော့တယ်။
အပြင်ရောက်တဲ့အခါမှာတော့
ယန်းဆွန်းဘင်း လက်ကဘာမှဖြစ်မနေခဲ့ဘဲ သူနိးလာခဲ့တဲ့ နေရာကိုပြန်ရောက်လာခဲ့ပါတယ်။
ပွဲကြည့်ခုံမှာတော့ “ဂန်ဘီနာ” က ထိုင်ရီနေခဲ့ပြီး ယန်းဆွန်းဘင်းလည်း
လန့်ကာ နောက်တစ်နေရာကို ထွက်ပြေးသွားခဲ့ပါတယ်။
ယန်းဆွန်းဘင်းတစ်ယောက် ဓာတ်လှေကားတစ်ခုကို
ရောက်သွားခဲ့ပြီး ဓာတ်လှေကားထဲမှာ မိန်းမတစ်ယောက်နဲ့ တိုက်မိသွားခဲ့ပါတယ်။
ယန်းဆွန်းဘင်းလည်း ဒေါသထွက်သွားခဲ့ပြီး
တိုက်မိတဲ့မိန်းမကို ရိုက်မလို့ လုပ်တဲ့အခါမှာတော့ “ဂန်ဘီနာ” ဖြစ်နေခဲ့ပြန်ပါတယ်။
ယန်းဆွန်းဘင်းလည်း လန့်သွားခဲ့ပြီး
“ဂန်ဘီနာ” ကတော့ တိုက်မိရင်
လျော်ကြေးပေးရမှာပေါ့လို့ပြောရင်း ဓာတ်လှေကားတံခါးကိုပိတ်ပစ်လိုက်ပါတယ်။
အဲ့ဒီချိန်မှာပဲ ယန်းဆွန်းဘင်းက
အနောက်ကနေတိုက်ခိုက်ဖို့လူပ်တဲ့အချိန်မှာတော့ “ဂန်ဘီနာ” လည်း ယန်းဆွန်းဘင်းကို
ပြန်ထိုးကြိတ်ပါတော့တယ်။
“ဂန်ဘီနာ” လည်း ယန်းဆွန်းဘင်းကို
သူ့ကိူယ်သူ ဘယ်သူလဲသိလားလို့မေးလိုက်ပါတယ်။
ယန်းဆွန်းဘင်းလည်း
တရားသူကြီးမလားလို့ ပြောတဲ့အခါမှာတော့ “ဂန်ဘီနာ” က သူ့ကိုယ်သူ ဂူဒို၀မ်လို့ပြောကာ
ယန်းဆွန်းဘင်းကိုေခြထောက်နဲ့ကန်ပစ်ပါတော့တယ်။
အဲ့ဒီတော့မှ ယန်းဆွန်းဘင်းက
သူ့ကိုယ်သူ ဂူဒိူ၀မ်လို့နာမည်ပေးထားကြောင်း အမှန်ပြောကာ ၀န်ခံပါတော့တယ်။
“ဂန်ဘီနာ” ကတော့
သူ့ကိုလှည့်စားတာအမုန်းဆုံးပဲလို့ ပြောရင်း ယန်းဆွန်းဘင်းမျက်နာကို ကန်ပစ်လိုက်ပါတော့တယ်။
ယန်းဆွန်းဘင်းကိူ
အသေထိုးကြိတ်နေခဲ့ပြီး ယန်းဆွန်းဘင်းလည်း ဓာတ်လှေကား အပြင်ကိုထွက်ဖို့
အော်ဟစ် အကူညီတောင်းနေခဲ့ပါတယ်။
အပြင်ရောက်တဲ့ အချိန်မှာတော့ “ဂန်ဘီနာ” က ယန်းဆွန်းဘင်းကိုကြည့်ရင်း
ရီနေခဲ့ပြန်ပါတယ်။
အဲ့ဒီနောက် ယန်းဆွန်းဘင်းလည်း
ကြောက်လန့်ကာ တံခါးတစ်ခုထဲကို ၀င်ပြေးသွားပြန်ပါတယ်။
အထဲရောက်တဲ့အချိန်မှာတော့ ယန်းဆွန်းဘင်း
မိသားစုနေခဲ့တဲ့အိမ်ဖြစ်နေပြီး ယန်းဆွန်းဘင်းလည်း ကြောင်နေခဲ့ပါတယ်။
အဲ့ဒီနောက် “ဂန်ဘီနာ” တစ်ယောက် ရုတ်တရက်ပေါ်လာခဲ့ပြီး
ယန်းဆွန်းဘင်းကို တူနဲ့ထုဖို့ အနားကပ်လာခဲ့ပါတယ်။
ယန်းဆွန်းဘင်းကတော့
ကြောက်လန့်နေခဲ့ပြီး ဖုန်းနဲ့ အသံသွင်းဖို့ လုပ်ခဲ့ပါတယ်။ “ဂန်ဘီနာ” ကဖုန်းကို ဆွဲယူလိုက်ပြီး
သူ့ကိုအသံသွင်းပြီးတိုင်ဖို့ ကြိုးစားနေတာလားလို့ပြောကာ ရယ်နေခဲ့ပါတယ်။
ယန်းဆွန်းဘင်းကတော့
သူ့ကိုခွင့်လွှတ်ပေးဖို့ “ဂန်ဘီနာ” ကိုလက်အုပ်ချီတောင်းပန်နေခဲ့ပြီး “ဂန်ဘီနာ” ကတော့ ဖုန်းကိုပစ်ချကာ
ယန်းဆွန်းဘင်းကို တူနဲ့ထုပစ်ပါတော့တယ်။
ယန်းဆွန်းဘင်းလည်း ခေါင်းကဒဏ်ရာနဲ့
အပြင်ကို ပြေးထွက်လာခဲ့ပြီး အပြင်ရောက်တဲ့အခါမှာတော့ ခေါင်းမှာဒဏ်ရာတွေ မရှိတော့ပြန်ပါဘူး။
အဲ့ဒီနောက် “ဂန်ဘီနာ” ကို ရုတ်တရက်တွေ့လိုက်ရပြန်တာကြောင့်
ယန်းဆွန်းဘင်းတစ်ယောက် လန့်နေတုန်း ခြေထောက်ကနေ ကြိုးနဲ့
ဆွဲသွားတာခံလိုက်ရပြန်ပါတယ်။
ခဏအကြာမှာတော့ ယန်းဆွန်းဘင်းလည်း ပြန်ပြုတ်ကျလာခဲ့ပြီး
“ဂန်ဘီနာ” က တရားခွင်စတော့မယ်လို့ ပြောလိုက်ပါတယ်။
ယန်းဆွန်းဘင်းလည်း စိတ်တိုလာခဲ့ပြီး
“ဂန်ဘီနာ” ကိုဘယ်သူလဲလို့မေးကာ
သတ်ဖို့ကြိုးစားပြန်ပါတယ်။
“ဂန်ဘီနာ” လည်း ယန်းဆွန်းဘင်းကို
ခုံနဲ့ပြန်လွှဲရိုက်ပစ်လိုက်ပါတယ်။
ယန်းဆွန်းဘင်းတစ်ယောက်
အသက်ချမ်းသာပေးဖို့ “ဂန်ဘီနာ” ကိုဒူးထောက်တောင်းဆိူနေခဲ့ပြီး
“ဂန်ဘီနာ” ကတော့ သူ့ကိုဘာလို့ လာတောင်းဆိူနေခဲ့တာလဲလို့ပြန်မေးလိုက်ပါတယ်။
ယန်းဆွန်းဘင်းကတော့ “ဂန်ဘီနာ” ကို တရားသူကြီးဖြစ်တာကြောင့်လို့
ပြောလိုက်ပြီး “ဂန်ဘီနာ” ကတော့ ၅ ရယ်၊ ၃ ရယ်၊
၁၃ ရယ် ပေါင်းရင်ဘယ်လောက်လဲလို့ ယန်းဆွန်းဘင်းကို မေးလိုက်ပါတယ်။
ယန်းဆွန်းဘင်းလည်း
ကြောင်သွားခဲ့ပြီး ၂၁ရတယ်လို့ပြန်ဖြေလိုက်ပါတယ်။
“ဂန်ဘီနာ” လည်း အဲ့တာဟာ
ယန်းဆွန်းဘင်း ထိုးခဲ့တဲ့ ဓားအရည်အတွက်ပဲလို့ပြောရင်း
စမ်းကြည့်ချင်လားလို့မေးလိုက်ပါတယ်။
ယန်းဆွန်းဘင်းလည်း
ကြောက်သွားခဲ့ပြီး ငိုယိုတောင်းပန်နေခဲ့ပါတယ်။
“ဂန်ဘီနာ” ကတော့ အချက်၂၀လောက် ယန်းဆွန်းဘင်းကို
ထိုးပစ်ခဲ့ပြီး မိသားစုကိုသတ်ခဲ့တဲ့အတွက် နောင်တရလားလို့ မေးလိုက်ပါတယ်။
ယန်းဆွန်းဘင်းလည်း
နောင်တရကြောင်းပြောတဲ့အခါမှာတော့ “ဂန်ဘီနာ”
က ငရဲကိုသွားဖို့ပြောလိုက်ပြီး ကျန်တဲ့ တစ်ချက်ကို ထိုးဖို့
ဓားကိုထုတ်လိုက်ပါတယ်။
ဒီတစ်ခေါက်မှာတော့ “ဂန်ဘီနာ” က ခါတိုင်းလုပ်နေကြလို
ဓားနဲ့အရင်ထိုးပြီးမှ တံဆိပ်မထုဘဲ တံဆိပ်အရင်ထုပြီးမှ ဓားနဲ့ထိုးပစ်ခဲ့ပါတော့တယ်။
အဲ့ဒီနောက် ယန်းဆွန်းဘင်း
ဝိဉာဉ်လည်း ငရဲကိုရောက်သွားခဲ့ပြီး “ဂန်ဘီနာ” လည်း လူသတ်သမားေနာက်တစ်ယောက်ကို
ငရဲကိုပို့လိုက်နိင်ခဲ့ပါတယ်။
မနက်ရောက်တဲ့အခါမှာတော့ ဟန်ဒါအွန်က “ဂန်ဘီနာ” အခန်းရှေ့မှာနိးလာခဲ့ပြီး
ခဏအကြာမှာတော့ “ဂန်ဘီနာ” လည်း
အခန်းထဲကထွက်လာခဲ့ပါတယ်။
“ဂန်ဘီနာ” လည်း အခုလိုစောင့်နေတာဟာ
အကျိူးမရှိကြောင်းပြောပြတဲ့အခါမှာတော့ ဟန်ဒါအွန်လည်း အကျိူးရှိမရှိကို
ယန်းဆွန်းဘင်း သေမသေနဲ့ ဆုံးဖြတ်မယ်လို့ ပြန်ပြောလိုက်ပါတယ်။
အဲ့ဒီနောက်မှာတော့ ဟန်ဒါအွန်ဆီကို
ဖုန်း၀င်လာခဲ့ပြီး ယန်းဆွန်းဘင်း သေသွားပြီဖြစ်ကြောင်း သတင်း၀င်လာခဲ့ပါတယ်။
ဟန်ဒါအွန်လည်း အံ့ဩသွားခဲ့ပြီး “ဂန်ဘီနာ” ကို ကြောင်ကြညိ့နေခဲ့မိပါတယ်။
“ဂန်ဘီနာ” လည်း ဟန်ဒါအွန်ကို
မချိပြုံးပြုံးပြပြီး ဟန်ဒါအွန်အရှေ့ကနေ ထွက်သွားပါတော့တယ်။
တဖက်မှာတော့ ယန်းဆွန်းဘင်းရဲ့
အလောင်းကိုဟန်ဒါအွန်နဲ့ ရဲတွေလည်း စစ်ဆေးနေကြတုန်း ဟန်ဒါအွန်တစ်ယောက် ယန်းဆွန်းဘင်းအလောင်းကို
သူတို့ရဲစခန်းပိုင်နက်မှာလာပစ်သွားတာကို သတိထားမိသွားခဲ့ပါတယ်။
အဲ့ဒီချိန် “ဂန်ဘီနာ” ကတော့ တရားခွင်က သူ့လူတွေဖြစ်တဲ့ တရားသူကြီးနှစ်ယောက်နဲ့အတူ
မနက်စာစားနေခဲ့ပြီး တီဗီကနေတော့ ယန်းဆွန်းဘင်းအကြောင်းသတင်းလာနေခဲ့ပါတယ်။
“ဂန်ဘီနာ” တစ်ယောက်
သတင်းနားထောင်ရင်း ရယ်နေခဲ့ပြီး စားစရာကို အရသာရှိရှိဘယ်လိုစားရတယ်ဆိုတာကို
တရားသူကြီးနှစ်ယောက်ကို ပြောပြနေခဲ့ပါတယ်။
တရားသူကြီးနှစ်ယောက်ကတော့ “ဂန်ဘီနာ” ကို ထူးဆန်းတဲ့အကြည့်နဲ ကြည့်နေခဲ့ကြပါတယ်။
အဲ့ဒီနောက် တရားသူကြီးချုပ်နဲ့ လွှတ်တော်အမတ်ရှောင်တို့က
ညစာစားရင်း စကားလက်ဆုံကြနေကြပါတယ်။
လွှတ်တော်အမတ်ရှောင်ကတော့ “ဂန်ဘီနာ” ကို သေချာဂရုစိူက်ဖို့မှာနေခဲ့ပြီး
တရားသူကြီးချူပ်ကတော့ မွေးစားသမီးလိူ ဂရုစိုက်ပါ့မယ်လို့ တလေးတစားပြန်ပြောနေခဲ့ပါတယ်။
အဲ့ဒီနောက် တရားသူကြီးချုပ်က “ဂန်ဘီနာ” ကို လွှတ်တော်အမတ်ရှောင်က ဘာလို့ဒီလာက်
ဂရုစိူက်ပေးနေရတာလဲလို့ မေးလိုက်ပါတယ်။
လွှတ်တော်အမတ်လည်း ရယ်လိုက်ပြီး “ဂန်ဘီနာ” က သူအတွက်
ထူးခြားတဲ့ဖြစ်တည်မှုတစ်ခုကြောင့်ပါ လို့ ပြောလိုက်ပါတယ်။
တရားသူကြီးချုပ်လည်း ထပ်မမေးတော့ဘဲ
ရှေ့လျှောက် ပိုဂရုစိုက်ပေးမယ့်အကြောင်းသာ ပြန်ပြောလိုက်ပါတယ်။
လွှတ်တော်အမတ်လည်း “ဂန်ဘီနာ” က ဖြိုချမယ့်စီမံကိန်းထဲပါနေတဲ့ ဗီလာမှာ ဘာလို့နေနေတာလဲလို့ မေးလိုက်ပါတယ်။
တရားသူကြီးချုပ်ကတော့
သေချာမသိခဲ့ဘဲ အ၀တ်စားတွေသုံးဖြုန်း၀ယ်နေလို့ ပိုက်ဆံမရှိတာကြောင့်ဖြစ်မယ်လို့
ပြောလိုက်ပါတယ်။
လွှတ်တော်အမတ်လည်း
ရုတ်တရက်ကြောင်သွားခဲ့ပြီး တရားသူကြီးချုပ်လည်း ပြောမိတာကို အားနာသွားခဲ့ပါတယ်။
“ဂန်ဘီနာ” ကတော့
သူ့အိမ်မှာ ဂလယ်မိုရီ၊ ဗဲလ်လက်တို့နဲ့အတူရှိနေခဲ့ပါတယ်။
“ဂန်ဘီနာ” က ဒီတစ်ခေါက်
ဖြေရှင်းတဲ့ကိစ္စကိူ ဘယ်သူတွေလုပ်တာလဲလို့ ဂလယ်မိုရီကိုမေးလိုက်ပါတယ်။
ဂလယ်မိုရီက သူ့အသိမောင်လေးတွေလုပ်တာဖြစ်ကြောင်း
ပြောပြတဲ့အခါမှာတော့ “ဂန်ဘီနာ” က ဟန်ဒါအွန်
ထိခိုက်သွားတာကြောင့် မကျေနပ်ကြောင်းပြောရင်း နောက်တစ်ခါသတိထားဖို့ ဂလယ်မိုရီကို ပြောလိုက်ပါတယ်။
ဂလယ်မိုရီလည်း တောင်းပန်တဲ့အကြောင်း
“ဂန်ဘီနာ” ကိုပြောလိုက်ပြီး ဗဲလ်လက်ကတော့ သူပြင်ဆင်ထားတဲ့ “ဂန်ဘီနာ” အကြောင်း ပရဲဇန်တေးရှင်းကို
ချပြဖို့ အဆင့်သင့်ဖြစ်ကြောင်း ပြောလိုက်ပါတယ်။
အဲ့ဒီနောက် “ဂန်ဘီနာ” နဲ့ ဂလယ်မိုရီလည်း
ဗဲလ်လက်ရဲ့အစီရင်ခံတင်ပြချက်ကို နားထောင်တဲ့အခါမှာတော့ “ဂန်ဘီနာ” ရဲ့မိဘတွေက “ဂန်ဘီနာ” ကိုဥပဒေကျောင်းထားခဲ့ပြီး
အကုန်လုံးနိင်ငံခြားကို ထွက်သွားခဲ့ကြောင်း သိလိုက်ရပါတယ်။
“ဂန်ဘီနာ” က သူငယ်ချင်းလည်း
တစ်ယောက်မှမရှိသူဖြစ်သလို ကျောင်းမှာလည်း စံပြကျောင်းသူဖြစ်ခဲ့ကြောင်း သိလိုက်ရပါတယ်။
ဗဲလ်လက်လည်း အရင် “ဂန်ဘီနာ” ရဲ့ဓာတ်ပုံကိုပြလိုက်ပြီး “ဂန်ဘီနာ” ကတော့
ပုံတုံးတဲ့အ၀တ်စား၀တ်ထားတာကြောင့် ကဲ့ရဲ့လိုက်ပါတယ်။
ဗဲလ်လက်ကတော့ အရင် “ဂန်ဘီနာ” က တရားသူကြီးပူံစံဖြစ်အောင်
၀တ်တာဖြစ်ပြီး အခု “ဂန်ဘီနာ” ကတော့ ဖက်ရှင်ရှိုးလျှောက်နေတာလို့ ပြန်ပြောလိုက်ပါတယ်။
“ဂန်ဘီနာ” လည်းစိတ်တိုသွားပြီး
ဗဲလ်လက်ကို စိုက်ကြည့်နေတုန်း ဂလယ်မိုရီက အရင် “ဂန်ဘီနာ” ရဲ့ အကြောင်းတွေနဲ့
ဘာကြောင့် အသတ်ခံရတဲ့အကြောင်းတွေကို ခရေစေ့တွင်းကျ မေးခွန်းတွေထုတ်မေးလိုက်ပါတယ်။
ဗဲလ်လ်တစ်ယောက်လည်း
မသိကြောင်းပြောတဲ့အခါမှာတော့ ဂလယ်မိူရီလည်း စိတ်တိုပြီး
ထရိုက်ဖို့လုပ်တဲ့အခါမှာတော့ “ဂန်ဘီနာ” က လှမ်းတားလိုက်ပါတယ်။
အဲ့ဒီနောက် “ဂန်ဘီနာ” လည်း အရင် “ဂန်ဘီနာ” ဓာတ်ပုံကိုစိုက်ကြည့်ရင်း တစ်ခုခုကိုတွေးနေပါတော့တယ်။
ရဲစခန်းမှာတော့ ယန်းဆွန်းဘင်းရဲ့
အလောင်းစစ်ဆေးချက်ဟာ သွေးထွက်လွန်သေဆုံးတာဖြစ်ကြောင်း ပြောနေခဲ့ကြပါတယ်။
ဟန်ဒါအွန်လည်း အလုပ်လုပ်နေရင်း
တစ်ခုခုကိုသတိရသွားပြီး လိပ်စာကတ်တစ်ခုကို ထုတ်ကြည့်လိုက်ပါတယ်။
ထမင်းဘူး အတူတူဝေဖူးတဲ့
နတ်ဆိုးဥက္ကဌ ယွန်းဆောင်းရဲ့ လိပ်စာကတ်ဖြစ်ပြီး ဟန်ဒါအွန်လည်း ယွန်းဆောင်းဆီသွားပြီးစုံစမ်းခဲ့ပါတယ်။
ဟန်ဒါအွန်တစ်ယောက်
သွားစုံစမ်းကြည့်တဲ့အခါမှာတော့ ယွန်းဆောင်းဟာ
သတ်သေသွားခဲ့တာကြာပြီလို့ ပြန်ပြောခဲ့ပါတယ်။
ဟန်ဒါအွန်လည်း သူနဲ့ယွန်းေဆာင်းတွေ့ခဲ့စဥ်က မျက်ရည်ကျတဲ့ကိစ္စကို
ဖုံးပေးထားဖို့ပြောနေတုန်း “ဂန်ဘီနာ” က
အနီးနားမှာရှိနေခဲ့တာကို သတိရသွားခဲ့ပါတယ်။
အဲ့တာကြောင့် ဟန်ဒါအွန်လည်း ယွန်းဆောင်းသေရတာဟာ
“ဂန်ဘီနာ” လက်ချက်လို့ သံသယ၀င်သွားခဲ့ပါတယ်။
တကယ်တော့ ယွန်းဆောင်းမသေခင်က
ယွန်းဆောင်းဆီကို ဂလယ်မိုရီတစ်ယောက် ရောက်လာခဲ့ပါတယ်။
ဂလယ်မိုရီက ယွန်းဆောင်းနဲ့ ဟန်ဒါအွန်တို့နှစ်ယောက် မျက်ရည်ကျတဲ့ကိစ္စ ပြောတာကိုကြားသွားခဲ့ပြီး စောင့်ကြည့်နေရာက
ယွန်းဆောင်းရည်းစားရှိတာကို သိသွားခဲ့ပါတယ်။
ဒါ့အပြင် ဂလယ်မိုရီရဲ့တာ၀န်က လူလိုအသိစိတ်ပြောင်းလာနေတဲ့
နတ်ဆိုးတွေကို သုတ်သင်ရှင်းလင်းပစ်ဖို့ဖြစ်ပြီး ယွန်းဆောင်းကိုလည်း ရည်းစားကိုမထိခိုက်စေချင်ရင်
ငရဲကိုပြန်သွားဖို့ ပြောလိုက်ပါတယ်။
ယွန်းဆောင်းလည်း သူ့ကောင်မလေးကို မထိခိုက်စေချင်တာကြောင့်
တိုက်ပေါ်ကခုန်ချကာ သတ်သေသွားပါတော့တယ်။
အဲ့ဒီနောက်မှာတော့ စတိူးဆိုင်မှာအလုပ်လုပ်နေတဲ့
ဂလယ်မိုရီဆီကို အမှိုက်ရှင်းလင်းတဲ့ နတ်ဆိုးနှစ်ကောင်ကရောက်လာပြီး “ဂန်ဘီနာ” သတ်ခဲ့တဲ့ အလောင်းကို ရှင်းလင်းခဲ့တဲ့အကြောင်းပြောပြနေခဲ့ပါတယ်။
အဲ့ဒီနောက် နတ်ဆိုးနှစ်ကောင်လည်း အလောင်းကိုရှင်းလင်းရင်း
အလောင်းဟာ ပုံမှန်နဲ့မတူဘဲ ခံစားချက်တွေနဲ့ သတ်ခဲ့တဲ့ပုံစံနဲ့တူတယ်လို့ ဂလယ်မိုရီကိုပြောပြခဲ့ပါတယ်။
ဂလယ်မိုရီလည်း အံ့ဩသွားပြီး
ဘာခံစားချက်လဲလို့ ပြန်မေးလိုက်ပါတော့တယ်။
တစ်ဖက်မှာတော့ ယန်းဆွန်းဘင်းရဲ့ ယောက္ခမက
သေသွားတဲ့သူ့သမီးနဲ့မြေးလေးတွေရဲ့ အိမ်ကိုလာကြည့်ပြီး ၀မ်းနည်းနေခဲ့ပါတယ်။
အမေဖြစ်သူက
သူ့သမီးဓာတ်ပုံကိုကြည့်ရင်း တရားခွင်မှာ ယန်းဆွန်းဘင်းကို
ပစ်ဒဏ်ကြီးကြီးမားမားခံရတဲ့ ပုံကိုမြင်ချင်ခဲ့တာလို့
ပြောရင်းငိူနေခဲ့ပြီး၊ အပြင်မှာေတာ့ “ဂန်ဘီနာ”
က အကုန်လုံးကိုတိတ်တဆိတ်နားထောင်နေခဲ့ပါတယ်။
ဟန်ဒါအွန်လည်း “ဂန်ဘီနာ” လာနားထောင်နေတာကို တွေ့သွားခဲ့ပြီး “ဂန်ဘီနာ” လည်း ဘာမှမေပြာတော့ဘဲ အပြင်ထွက်သွားလိုက်ပါတယ်။
ဟန်ဒါအွန်လည်း အနောက်ကနေလိုက်လာခဲ့ပြီး
ဒီကိုဘာကြောင့်ရောက်လာတာလဲလို့ မေးလိုက်ပါတယ်။
“ဂန်ဘီနာ” လည်း နစ်နာသူတွေ
ပျော်နေတာကို လာကြည့်တာလို့ ပြန်ပြောလိုက်ပါတယ်။
ဟန်ဒါအွန်က ယန်းဆွန်းဘင်းရဲ့ ရုပ်အလောင်းကို
ဘာလို့သူတို့နယ်မြေမှာ လာပစ်ရတာလဲလို့မေးရင်း နတ်ဆိူးယွန်းဆောင်းကိုရော ဘာကြောင့်သတ်ပစ်ရတာလဲလို့
မေးလိုက်ပါတယ်။
“ဂန်ဘီနာ” တစ်ယောက်
ယွန်းဆောင်းသေသွားခဲ့တာကို မသိခဲ့တာကြောင့် သူ့ကိုနှုတ်မဆက်ဘဲ
ငရဲကိုပြန်သွားခဲ့တယ်လို့ ထင်နေခဲ့ပါတယ်။
ဟန်ဒါအွန်ကတော့ “ဂန်ဘီနာ” လိမ်နေတယ်လို့ထင်ကာ “ဂန်ဘီနာ” ရဲ့ မကောင်းတဲ့လုပ်ရပ်တွေကို
ရအောင်ဖမ်းပြမယ်လို့ ပြောရင်းထွက်သွားပါတော့တယ်။
“ဂန်ဘီနာ” လည်း စိတ်တိုကာ
ဒေါသကိုမနည်းထိန်းနေခဲ့ရပြီး ဗီလာကိုပြန်လာခဲ့ပါတယ်။
အဲ့ဒီချိန်မှာပဲ
ကားတစ်စီးရောက်လာပြီး ကားပေါ်ကနေ လူတစ်ယောက်ဆင်းလာခဲ့ပါတယ်။
ဆင်းလာတဲ့လူက လွတ်တော်အမတ်ဂျောင်ရဲ့
သားအကြီး ဂျောင်တေးဂျူဖြစ်ပြီး “ဂန်ဘီနာ”
ကို ညစာအတူစားရင်းစကားပြောဖို့ လာခေါ်ခဲ့ပါတယ်။
ညစာအတူစားကြရင်း “ဂန်ဘီနာ” က ဂျောင်တေးဂျူကို
လိုရင်းကိုသာပြောဖို့ ပြောလိုက်ပါတယ်။
ဂျောင်တေးဂျူကို ဝိုင်ခွက်တွေကိုဖြည့်ရင်း
ဖြည်းဖြည်းချင်းပြောတာပေါ့လို့ ပြောတဲ့အခါမှာတော့ “ဂန်ဘီနာ” က ထပြန်မလို့လုပ်လိုက်ပါတယ်။
ဒါကြောင့် ဂျောင်တေးဂျူကို
သူ့အဖေကို ပူးပေါင်းစီရင်ချက်ချတဲ့ တရားခွင်ကိုပြောင်းပေးဖို့ “ဂန်ဘီနာ” တောင်းဆိုခဲ့တာကို
မကျေနပ်ကြောင်းပြောပြလိုက်ပါတယ်။
ရှေ့လျှောက် ဂျောင်တေးဂျူက
သူ့အဖေနဲ့မပတ်သတ်ဖို့ ပြောလိုက်ပြီး “ဂန်ဘီနာ”
လည်းဒေါသထွက်နေသလို၊ လွှတ်တော်အမတ်ဂျောင်ကိုလည်း သူ့ကိုမဆက်သွယ်ဖို့ ပြောခိုင်းလိုက်ပါတယ်။
ဒါ့အပြင် “ဂန်ဘီနာ” က လွှတ်တော်အမတ်က
ဗီလာကနေသူ့ကိုပြောင်းဖို့ အတင်းတောင်းဆိုနေတာ ဘာကြောင့်လဲလို့ပြန်မေးလိုက်ပါတယ်။
ဂျောင်တေးဂျူလည်း သူက
ဗီလာကိုဖြိုချမယ့်စီမံကိန်းကိုဦးဆောင်နေတဲ့ ဥက္ကဌဖြစ်ကြောင်း ပြောပြလိုက်ပါတယ်။
“ဂန်ဘီနာ” လည်း ဗီလာကနေ
ဘယ်တော့မှမပြောင်းမှာကြောင့် စိတ်ချထားလိုက်ဖို့ ဂျောင်တေးဂျူကို ပြန်ပြောလိုက်ပါတယ်။
ဂျောင်တေးဂျူလည်း
နောက်ထပ်တွေ့ဖို့ကိစ္စမရှိကြတော့ကြောင်း ပြောရင်း အရင်ထွက်သွားခဲ့ပါတယ်။
“ဂန်ဘီနာ” လည်း
သူ့ကိုအရင်စခေါ်လာပြီး ဂျောင်တေးဂျူက အရင်ထွက်သွားခဲ့တာကြောင့် စိတ်တိုနေခဲ့ပါတော့တယ်။
အဲ့ဒီချိန် ဂျောင်တေးဂျူက
ပြန်လှည့်ပြီး ဗီလာနားဟာအန္တရယ်များတာကြောင့် ဂရုစိုက်ဖို့ “ဂန်ဘီနာ” ပြောလိုက်ပါသေးတယ်။
အဲ့ဒီနောက်တော့ ဗီလာအနားမှာ
ဗီလာပိုင်ရှင်မိန်းမနဲ့ ဗဲလ်လက်နဲ့ စကားပြောနေကြတာကို တစ်ယောက်ယောက်က စောင့်ကြည့်နေခဲ့ပါတယ်။
အဲ့ဒီချိန်မှာတော့ မင်ဂျွန်းဟာ
ဆိုဖာမှာအိပ်ပျော်နေခဲ့ပြီး မင်ဂျွန်းအမေကတော့သူ့သားလေး အိပ်နေတာကို ကြည့်ကာ
အပြင်ခဏသွားပြီး ပြန်လာခဲ့မယ်လို့ပြောလိုက်ပါတယ်။
မင်ဂျွန်းအမေလည်း အပြင်သွားဖို့
လမ်းပေါ်ထွက်လာရင်း မှောင်မဲနေတဲ့ လမ်းမကိုဖြတ်လျှောက်လာရပါတယ်။
တစ်နေရာအရောက်မှာတော့ လမ်းမီးတိုင်ဟာ
မှိတ်တုတ်မှိတ်တုတ်ဖြစ်နေခဲ့တာကြောင့် ဘေးဘီကို ကြည့်ပြီးသတိထားလျှောက်နေတုန်း လူတစ်ယောက်ဟာ
မင်ဂျွန်းအမေကို ဆွဲခေါ်သွားခဲ့ပါတယ်။
အဲ့ဒီနောက် ဆွဲခေါ်သွားတဲ့လူဟာ
မင်ဂျွန်းအမေကို ဓားနဲ့ ထိူးသတ်ဖို့လုပ်နေခဲ့ပြီး အိတ်ထဲမှာလည်း
သူ့အမေကိုခေါ်နေတဲ့မင်ဂျွန်းဆီက ဖုန်းက မြည်နေခဲ့ပါတော့တယ်။
ဟုတ်ကဲ့ပါရှင်။ အပိုင်း ၂ ကတော့
ဒီမှာတင်အဆုံးသတ်သွားခဲ့ပါပြီ။ နောက်နေ့မှာ အပိုင်းဆက်များကို
စောင့်မျှော်အားပေးကြဖို့ ဖိတ်ခေါ်ပါရစေ။
အဆုံးထိအားပေးခဲ့ကြတဲ့
ပရိတ်သတ်အယောက်စီတိုင်းကို ကျေးဇူးအထူးတင်ရှိပါ ကြောင်းနဲ့၊ ပရိတ်သတ်များနဲ့တကွ
တိုင်းပြည်နဲ့လူမျိုးကို အဆိပ်မခပ်တတ်သော သူများအားလုံး ကျန်းမာ၊ ဘေးကင်းကြပါစေ။
No comments:
Post a Comment