BTM

ads header

Wednesday, April 16, 2025

ငရဲကလာတဲ့ တရားသူကြီး အပိုင်း - ၄

 

 

ယန်းဆွန်းဘင်းရဲ့ အမှုကိစ္စအပြီးမှာတော့  “ဂန်ဘီနာ” နေတဲ့ ဟွမ်ချွန်းဗီလာနားမှာ အန္တရာယ်များတယ်ဆိုပြီး ဂျောင်တေးဂျူက  “ဂန်ဘီနာ” ကို သတိပေးခဲ့ပါတယ်။

 အဲဒီနောက်မှာတော့ ဗီလာမှာနေတဲ့ မင်ဂျွန်းအမေက သူ့သားအိပ်နေတုန်း ညဘက်အပြင်သွားစရာရှိတာကြောင့် လမ်းလျှောက်ထွက်လာခဲ့ပါတယ်။

 မင်ဂျွန်းအမေလည်း လမ်းလျှောက်နေရင်း ရုတ်တရက် မျက်နှာဖုံးနဲ့လူတစ်ယောက် ဆွဲခေါ်သွားတာခံလိုက်ရပါတော့တယ်။

သားဆီက ဖုန်းလာနေခဲ့တဲ့ မင်ဂျွန်းအမေတစ်ယောက် ကြောက်လန့်ကာ အော်နေတုန်း မျက်နှာဖုံးနဲ့လူက မင်ဂျွန်းအမေကို ဓားနဲ့ထိုးသတ်ဖို့လုပ်ပါတော့တယ်။

ဓားနဲ့မထိုးခင်လေးမှာပဲ ဗဲလ်လက်နဲ့ ဗီလာပိုင်ရှင် မိန်းမက ရောက်လာတာကြောင့် မျက်နှာဖုံးနဲ့လူလည်း ထွက်ပြေးသွားပါတော့တယ်။

          အဲဒီနောက် မင်ဂျွန်းအမေလည်း နိုဘုံးရဲစခန်းကိုရောက်လာခဲ့ပြီး အဖွဲ့မှူးကို ကြုံခဲ့ရတဲ့ အဖြစ်ပျက်တွေနဲ့ လူဆိုးရဲ့ပုံစံကို ပြောပြခဲ့ပါတယ်။

အဖွဲ့မှူးလည်း အသုံးပြုခဲ့တဲ့ ဓားပုံစံမေးကြည့်တဲ့အခါမှာတော့ မင်ဂျွန်းအမေက သူမှတ်မိသလောက် ဓားပုံစံတစ်ခုကို စာအုပ်ပေါ်မှာ ဆွဲပြလိုက်ပါတယ်။

အဖွဲ့မှူးလည်း အရင်ကလူသတ်မှုတစ်ခုကို တွေးမိသွားပြီး ဟန်ဒါအွန်နဲ့ ကလေးဘဝတုန်းက တွဲရိုက်ထားတဲ့ ဓာတ်ပုံလေးကို လှမ်းကြည့်လိုက်ပါတယ်။

အဖွဲ့မှူးက ဟန်ဒါအွန်ရဲ့မိသားစုလူသတ်မှုတုန်းက လူသတ်သမားအသုံးပြုခဲ့တဲ့ ဓားနဲ့ ပုံစံဆင်တူနေတာကို သတိထားမိသွားခဲ့ပြီး အရင်ကလူသတ်သမားပြန်လာပြီဆိုတာကို သိသွားပါတယ်။

            ဟန်ဒါအွန်ဟာ သူ့မိဘတွေရဲ့ အရိုးပြာရှိတဲ့နေရာကို ပန်းစည်းကိုင်ရင်းရောက်လာကာ ဂါရဝပြုခဲ့ပြီး ပြန်ဖို့လုပ်နေရင်း စကားသံကြားတာကြောင့် ကြည့်လိုက်တဲ့အခါမှာတော့ အဖွဲ့မှူးဖြစ်နေခဲ့ပါတယ်။

အဖွဲ့မှူးက ဒီနေ့ဟာ ဟန်ဒါအွန်ရဲ့ မွေးနေ့ဖြစ်တာကြောင့် ဟန်ဒါအွန်ရဲ့အကြောင်းတွေကို ဟန်ဒါအွန်ရဲ့ မိဘတွေကို ပြောပြနေခဲ့ပါတယ်။

ဟန်ဒါအွန်လည်း ဝမ်းနည်းနေခဲ့ပြီး အဖွဲ့မှူးပြောတာတွေကို အနောက်ကနေ ရပ်ပြီးနားထောင်နေခဲ့ပါတယ်။

ခဏအကြာမှာတော့ ဟန်ဒါအွန်ဟာ အဖွဲ့မှူးအနားကိုသွားရပ်လိုက်ပြီး နှုတ်ဆက်လိုက်ပါတယ်။

အဖွဲ့မှူးလည်း ဟန်ဒါအွန် လာမယ်ဆိုတာမသိတာကြောင့် နောက်ခါကျ အတူတူလာတာပေါ့လို့ပြောရင်း နှစ်ယောက်သား မိဘတွေကို အတူတူနှုတ်ဆက်လိုက်ကြပါတယ်။

          အဲဒီနောက်တော့ ရဲစခန်းမှာ အဖွဲ့မှူးနဲ့ ဟန်ဒါအွန်တို့ အုပ်စုက အရင်က  “ဂန်ဘီနာ” သတ်ခဲ့တဲ့ လူသတ်သမားတွေရဲ့ အလောင်းစစ်ဆေးချက်တွေကိုကြည့်ရင်း သက်သေရှာနေခဲ့ကြပါတယ်။

အဖွဲ့မှူးက သက်သေရပြီလားလို့မေးတဲ့အခါမှာတော့ ဟန်ဒါအွန်လည်း သက်သေရှာမတွေ့သေးကြောင်း ပြောလိုက်ပါတယ်။

 အဲဒီချိန် ဟန်ဒါအွန်ရဲ့ လုပ်ဖော်ကိုင်ဖက်ရဲ ဘဲ့ဒုံဟွန်းက  “ဂန်ဘီနာ” ကို တရားသူကြီးနေရာကနေ ပယ်ဖို့ လူထုကဆန္ဒတွေ ပြနေကြတဲ့အကြောင်း ရုတ်တရက်ပြောပြလိုက်ပါတယ်။

ဟန်ဒါအွန်လည်း စိတ်ဝင်စားသွားပြီး  “ဂန်ဘီနာ” အကြောင်း တွေးနေပါတယ်။

 “ဂန်ဘီနာ” ကတော့ တရားသူကြီးချုပ်ရဲ့ရုံးခန်းထဲမှာ လက်ဖက်ရည်ကို စိမ်ပြေနပြေသောက်နေခဲ့ပါတယ်။

တရားသူကြီးချုပ်က  “ဂန်ဘီနာ” ကို ဝိုင်းအပြစ်တင်နေကြတဲ့ အွန်လိုင်းပေါ်က လူတွေရဲ့ ကောမန့်တွေကို ဖတ်ပြနေခဲ့ပါတယ်။  

“ဂန်ဘီနာ” ကတော့ စိတ်မဝင်စားဘဲ လက်ဖက်ရည်ကိုသာ အေးဆေးဆက်သောက်နေခဲ့ပါတယ်။      

တရားသူကြီးချုပ်က  “ဂန်ဘီနာ” ကို အခုလို ပူးပေါင်းစီရင်ချက်ချရတဲ့ အမှုတွေကို လွှတ်တော်အမတ်ဂျောင်ကြောင့်သာ ပေးကိုင်လိုက်ရပေမယ့် နောက်တစ်ခါတော့ မရတော့ဘူးလို့ သတိပေးနေခဲ့ပါတယ်။  

“ဂန်ဘီနာ” လည်း အရင်လိုပြန်မပြောတော့ဘဲ အေးဆေးလက်ခံလိုက်တာကြောင့် တရားသူကြီးချုပ်လည်း အံ့ဩနေခဲ့ပါတယ်။

အဲဒီနောက်  “ဂန်ဘီနာ” လည်း ပြောစရာမရှိရင်သွားတော့မယ့်အကြောင်းပြောကာ တရားသူကြီးချုပ်ကို နှုတ်ဆက်ပြီး ထွက်သွားပါတော့တယ်။

            “ဂန်ဘီနာ”  တရားသူကြီးချုပ်ရုံးခန်းကထွက်လာတဲ့အချိန်မှာတော့ ဗဲလ်လက်က အွန်လိုင်းပေါ်က အပြစ်တင်နေကြတဲ့ကိစ္စတွေကို  “ဂန်ဘီနာ” ကို ဆက်တိုက်ပြောပြနေခဲ့ပါတယ်။  

“ဂန်ဘီနာ” လည်း စိတ်မဝင်စားတာကြောင့် စိတ်ပျက်နေတဲ့ပုံစံနဲ့ ဗဲလ်လက်ကို ပြန်ပြောလိုက်ပြီး သူ့ရုံးခန်းထဲ ဝင်သွားခဲ့ပါတယ်။

ဗဲလ်လက်ကတော့ အနောက်ကနေ ဆက်လိုက်လာခဲ့ပြီး ဂလယ်မိုရီဟာ စာတန်ဖြစ်နေနိုင်တဲ့ ကောလဟလတွေ ကြားမိတဲ့အကြောင်း ပြောပြခဲ့ပါတယ်။

ဒါ့အပြင် ဟွမ်ချွန်း ဗီလာမှာနေတဲ့သူတွေစုပြီး မနက်ဖန် တောင်တက်ကြဖို့ ပိုင်ရှင်မိန်းမက ပြောထားကြောင်းလည်း ဗဲလ်လက်က ဆက်တိုက်ပြောပြနေခဲ့ပါတယ်။  

“ဂန်ဘီနာ” ကတော့ ဗဲလ်လက်ပြောသမျှ ဘာမှအာရုံမထားဘဲ အပြင်သွားဖို့လုပ်နေတုန်း ရုံးခန်းက စာရေးမက  “ဂန်ဘီနာ” ကို တစ်ကိုယ်တည်း တရားစီရင်ရေးအမှုတွေရှိတာကြောင့် သွားဖို့လာပြောခဲ့ပါတယ်။  

“ဂန်ဘီနာ” လည်း အခုပဲသွားဖို့လုပ်နေကြောင်းပြန်ပြောကာ ဗဲလ်လက်တို့ကို ထားခဲ့ပြီး ထွက်သွားလိုက်ပါတယ်။

            တချိန်တည်းမှာပဲ လမ်းလျှောက်လာနေတဲ့ ကျောင်းသူလေးတစ်ယောက်ကို တခြားကျောင်းသူနှစ်ယောက်က လူကွယ်ရာတစ်ခုထဲကို ဆွဲခေါ်သွားပြီး ကျောင်းသူလေးကို အနိုင်ကျင့်ကာ ပိုက်ဆံလုနေပါတယ်။

ခဏအကြာအမှာတော့  “ဂန်ဘီနာ” ရောက်လာပြီး အနိုင်ကျင့်တဲ့ ကျောင်းသူနှစ်ယောက်ကို ဝင်တားလိုက်ပြီး ကျောင်းသူလေးကို ကယ်ပေးခဲ့ပါတယ်။

ကျောင်းသူလေးက ကျေးဇူးတင်စကားပြောတဲ့အခါမှာတော့  “ဂန်ဘီနာ” က ကူညီတာမဟုတ်ကြောင်း ပြန်ပြောလိုက်ပါတယ်။

ကျောင်းသူလေးလည်း အနိုင်ကျင့် ကျောင်းသူတွေကို ပြန်ချပေးနေတဲ့  “ဂန်ဘီနာ” ကိုကြည့်ရင်း အံ့ဩနေခဲ့ပါတော့တယ်။

            ရဲစခန်းမှာတော့ ဟန်ဒါအွန်တို့ ရဲအုပ်စုက လမ်းလျှောက်လာရင်း အဖွဲ့မှူးက ဘဲ့ဒုံဟွန်းကို ဟွမ်ချွန်း ဗီလာနားက အမှုကိစ္စကို မေးလိုက်ပါတယ်။

ဟန်ဒါအွန်လည်း သိချင်သွားပြီး အဖွဲ့မှူးကိုမေးတဲ့အခါမှာတော့ အဖွဲ့မှူးနဲ့ ဘဲ့ဒုံဟွန်းက ဘာမှအရေးမကြီးတဲ့ကိစ္စဖြစ်လို့ အာရုံမထားဖို့ ဟန်ဒါအွန်ကို ပြောလိုက်ပါတယ်။

အဲဒီနောက် အဖွဲ့မှူးဆီကို ဖုန်းဝင်လာပြီး အဖွဲ့မှူးလည်း ဖုန်းပြောနေရင်း လန့်သွားကာ နိုဘုံးရဲစခန်းကို ရောက်လာခဲ့ပါတယ်။

ရဲစခန်းအရောက်မှာတော့ သူ့သမီးဖြစ်သူနဲ့ ကျောင်းသူနှစ်ယောက်အပြင်  “ဂန်ဘီနာ” ပါ ရှိနေခဲ့ပါတယ်။

တာဝန်ကျရဲက အကြောင်းစုံကို အဖွဲ့မှူးကိုပြောပြနေတုန်း အနိုင်ကျင့် ကျောင်းသူနှစ်ယောက်ရဲ့ အမေတွေက ဒေါသထွက်ကာ ရဲစခန်းကို ရောက်လာခဲ့ကြပါတယ်။

ရဲက အကြောင်းစုံ ထပ်ရှင်းပြတဲ့အခါမှာတော့ ကလေးအချင်းချင်း စနောက်တာ ဖြစ်နိုင်ကြောင်း မိဘတွေက ပြန်ပြောလိုက်ပါတယ်။

ရဲက  “ဂန်ဘီနာ” ကိုယ်တိုင်မျက်မြင်တွေ့ခဲ့တာမို့ မဟုတ်ကြောင်းပြောပြတဲ့အခါမှာတော့ ကျောင်းသူအမေတွေက  “ဂန်ဘီနာ” က သူတို့သမီးတွေကို ရိုက်လိုက်တာကြောင့် ဒေါသထွက်ကာ တရားစွဲဖို့ပြောလိုက်ပါတယ်။  

“ဂန်ဘီနာ” လည်း ကျောင်းသူအမေတွေကို အေးဆေးပြန်ပြောလိုက်ပြီး အဖွဲ့မှူးရဲ့သမီးဖြစ်သူကလည်း သူ့ကိုအနိုင်ကျင့်တဲ့ ကျောင်းသူတွေကို ပြန်တရားစွဲမယ့်အကြောင်း ပြောလိုက်ပါတယ်။

ကျောင်းသူအမေတွေလည်း တရားသူကြီးရှေ့ရောက်မှ တွေ့တာပေါ့လို့ ခြိမ်းခြောက်နေတုန်း တာဝန်ကျရဲက  “ဂန်ဘီနာ” ကိုယ်တိုင်က တရားသူကြီးဖြစ်ကြောင်း ပြောပြလိုက်တဲ့အခါမှပဲ ကျောင်းသူအမေတွေလည်း တိုင်ပတ်သွားပြီး သူ့သမီးတွေကိုသာ ရှက်ရှက်နဲ့ဆူနေပါတော့တယ်။

          ဟန်ဒါအွန်ကတော့  “ဂန်ဘီနာ” ကူညီပေးခဲ့တာကိုကြည့်ရင်း သဘောကျကာ ပြုံးနေခဲ့ပါတော့တယ်။  

“ဂန်ဘီနာ” လည်း အနိုင်ကျင့်ကျောင်းသူတွေကို သူ့နဲ့မတွေ့မိအောင်နေဖို့ ပြောလိုက်ပြီး ရဲစခန်းကထွက်သွားပါတော့တယ်။

အဖွဲ့မှူးရဲ့သမီးဖြစ်သူကလည်း  “ဂန်ဘီနာ” ကို သဘောကျနေခဲ့ပြီး အဖွဲ့မှူးကတော့ သူ့သမီးကို အနောက်ကနေ လိုက်ခဲ့ဖို့ခေါ်လိုက်ပါတယ်။

အဲဒီနောက် အဖွဲ့မှူးကို သမီးဖြစ်သူက အနားကပ်ချွဲနေခဲ့ပြီး အဖွဲ့မှူးကတော့ သမီးဖြစ်သူကို ဟွမ်ချွန်းရပ်ကွက်ကို ဘာလို့သွားခဲ့တာလဲလို့မေးလိုက်ပါတယ်။

သမီးဖြစ်သူက အစ်ကိုဖြစ်သူ ဟန်ဒါအွန်ရှိတာကြောင့် စပရိုက်တိုက်မလို့ သွားခဲ့တာဖြစ်ကြောင်း ပြောပြတဲ့အခါမှာတော့ အဖွဲ့မှူးက ဟွမ်ချွန်းရပ်ကွက်က အန္တရာယ်များနေတာကြောင့် စိတ်ပူနေတဲ့ဇောနဲ့ သမီးဖြစ်သူကို မသွားဖို့ အော်ပြောမိခဲ့ပါတယ်။

သမီးဖြစ်သူလည်း အမေကသူခုလိုဖြစ်တာကိုတော့ စိတ်မပူဘဲ သူ့ကိုအော်ဟစ် အပြစ်တင်နေတာကြောင့် ဝမ်းနည်းကာ စိတ်ကောက်ပြီး ထွက်သွားပါတော့တယ်။

          အဖွဲ့မှူးလည်း သူ့သမီးကို အော်လိုက်မိတာကြောင့် စိတ်မကောင်းဖြစ်သွားပြီး ဟန်ဒါအွန်က သူ့ညီမအနောက်ကနေ လိုက်သွားပေးခဲ့ပါတယ်။

အနားမှာရှိနေတဲ့ “ဂန်ဘီနာ” ကိုတော့ အဖွဲ့မှူးက ကျေးဇူးတင်စကားပြောလိုက်ပြီး  “ဂန်ဘီနာ” ကတော့ သူကူညီပေးခဲ့တာမဟုတ်ကြောင်း ပြန်ပြောလိုက်ပါတယ်။

အဖွဲ့မှူးကတော့ ဘာဖြစ်ဖြစ်  “ဂန်ဘီနာ” ကို ကျေးဇူးတင်နေခဲ့ပြီး အနိုင်ကျင့်ကျောင်းသူအမေတွေ နောက်ယှက်လာရင်တောင် ကူညီပေးမယ်လို့ ပြောပြတဲ့အခါမှာတော့  “ဂန်ဘီနာ” လည်း ပြုံးနေမိခဲ့ပါတယ်။

        အဲဒီနောက်မှာတော့ ဟန်ဒါအွန်က ဟွမ်ချွန်းဗီလာမှာနေတဲ့ အဖွားဆီရောက်လာခဲ့ပြီး အဖွားက သူ့ဆီ ဟန်ဒါအွန်ဘာလို့ရောက်လာခဲ့လဲဆိုတာ သိနေခဲ့ပါတယ်။

အဖွားက အရင်က  “ဂန်ဘီနာ” နဲ့ ဟန်ဒါအွန်ကို အမြဲအတူတူနေနေကြရင် တစ်ယောက်ကတော့ သေချာပေါက်သေမှာဖြစ်ကြောင်း ပြောပြခဲ့ဖူးတာကြောင့် ဟန်ဒါအွန်က အဖွားကိုလာရှာခဲ့တာဖြစ်ပါတယ်။

ဟန်ဒါအွန်က အဖွားကို  “ဂန်ဘီနာ” ရဲ့လက်ချက်နဲ့ အသက်ဘေးက မနည်းလွတ်လာခဲ့ရဖြစ်တာကြောင့် အဖွားရဲ့စကားတွေက မှန်နေခဲ့ကြောင်း ပြောပြလိုက်ပါတယ်။

ဒါ့အပြင်  “ဂန်ဘီနာ” ဟာ နတ်ဆိုးတစ်ယောက်ဖြစ်ကြောင်း ဟန်ဒါအွန်က ပြောပြလိုက်ပါတယ်။

အဖွားလည်း အံ့ဩသွားပြီး နှစ်ယောက်ထဲက တစ်ယောက်ကတော့ သေချာပေါက်သေနိုင်ပေမယ့် အသက်ရှင်နိုင်မယ့် အခွင့်အရေးလည်း ရှိနေသေးကြောင်း ဟန်ဒါအွန်ကို အဖွားက ပြန်ပြောလိုက်ပါတယ်။

အဲဒီနောက် အဖွားက ဟန်ဒါအွန်ရဲ့ မိဘတွေကိုလည်းသိကြောင်း ဆက်ပြောပြနေခဲ့ပါတယ်။

ဟန်ဒါအွန်လည်း အဖွားက သူ့မိဘတွေကိုသိတာကြောင့် အံ့ဩသွားခဲ့ပြီး မေးကြည့်တဲ့အခါမှာတော့ အဖွားက အရင်ကလူတစ်ယောက်ဟာ ဟန်ဒါအွန်ကို ကာကွယ်ပေးဖို့ သူ့ကိုအကူအညီတောင်းခဲ့ကြောင်း ပြောပြလိုက်ပါတယ်။

ဟန်ဒါအွန်လည်း သူ့မိဘတွေက အကူအညီတောင်းခဲ့တာလားလို့ အဖွားကိုမေးလိုက်ပါတယ်။

အဖွားကတော့ ဟန်ဒါအွန်ကို  “ဂန်ဘီနာ” နဲ့ဝေးဝေးနေပြီး ဒီနေရာကနေ အမြန်ထွက်သွားဖို့ ပြောရင်း အရင်က အကူအညီလာတောင်းတဲ့လူရဲ့ ကတိကိုလည်းတည်နိုင်ခဲ့ပြီလို့သာ ပြန်ပြောခဲ့ပါတယ်။

အဲဒါကြောင့် အဖွားက သူ့ဘက်ကတာဝန်ကျေပြီမို့ နောက်ဖြစ်လာမယ့် အသက်ရှင်မရှင် အခွင့်အရေးကတော့ သူလဲမသိနိုင်တော့ဘူးလို့ပြောရင်း ဟန်ဒါအွန်ကို ပြန်ဖို့ ပြောလိုက်ပါတော့တယ်။

         ဟန်ဒါအွန်တစ်ယောက်လည်း အဖွားပြောတာတွေကို နားထောင်ပြီး နားမလည်နိုင်ဖြစ်လျက်နဲ့ပဲ ပြန်သွားခဲ့ရပါတော့တယ်။

အဲဒီနောက် အဖွားက ဘေးကမှန်ရှိတဲ့ဘက်ကို လှည့်ကြည့်လိုက်ပြီး မှန်ထဲမှာတော့ ဆံပင်အဖြူရောင်နဲ့ ကောင်လေးတစ်ယောက်ဖြစ်နေခဲ့ပါတယ်။

အဖွားလည်း သူ့ကိုယ်သူ မှန်ထဲခဏစိုက်ကြည့်လိုက်ပြီး မှန်ရှေ့က ဖယောင်းတိုင်မီးကို မှုတ်လိုက်ပါတော့တယ်။

          ဟန်ဒါအွန်လည်း အဖွားဆီကပြန်လာရင်း အပြင်ကိုထွက်လာတဲ့အချိန်မှာတော့  “ဂန်ဘီနာ” နဲ့ တွေ့ပါတော့တယ်။

ဟန်ဒါအွန်က  “ဂန်ဘီနာ” ကိုတွေ့ပေမယ့်လည်း မသိချင်ယောင်ဆောင်ကာ ထွက်သွားတဲ့အခါမှာတော့  “ဂန်ဘီနာ” က သူ့ကို ကျေးဇူးတင်စကား မပြောတော့ဘူးလားလို့ လှမ်းမေးလိုက်ပါတယ်။

ဟန်ဒါအွန်လည်း ကျေးဇူးတင်စကားပြောရင် တရားခံဆိုတာ ဝန်ခံမှာလားလို့ ပြန်မေးလိုက်ပါတယ်။  

“ဂန်ဘီနာ” ကတော့ သူ့ကို သံသယဝင်ချင်ရင် သက်သေယူလာခဲ့ဖို့သာ ပြန်ပြောလိုက်ပါတယ်။

အဲဒီနောက်  “ဂန်ဘီနာ” က မနက်ဖန် တောင်တက်မှာလားလို့ ဟန်ဒါအွန်ကို ထပ်မေးလိုက်ပါတယ်။

ဟန်ဒါအွန်လည်း တောင်တက်မှာဖြစ်ကြောင်း ပြန်ပြောတဲ့အခါမှာတော့  “ဂန်ဘီနာ” က ဟန်ဒါအွန်တောင်တက်ရင် သူမလိုက်တော့ဘူးလို့ဆိုကာ အရင်ထွက်သွားပါတော့တယ်။

           “ဂန်ဘီနာ” ဟာ အခန်းထဲပြန်ရောက်တဲ့အခါမှာတော့ နတ်ဆိုးယွန်းဆောင်းကို သတ်ခဲ့တာ သူမဟုတ်တာကြောင့် ဝန်မခံနိုင်ကြောင်းကို ကိုယ့်ဘာသာကိုယ် ဟန်ဒါအွန်ကို စိတ်တိုရင်းပြောနေခဲ့ပါတော့တယ်။

မနက်ရောက်တဲ့အခါမှာတော့ တောင်တက်ကြဖို့ ဟွမ်ချွန်းဗီလာက လူတွေ တောင်ခြေနားမှာ အဆင်သင့်ဖြစ်နေခဲ့ကြပါတယ်။

ပိုင်ရှင်မိန်းမလည်း မင်ဂျွန်းအမေကို အဆင်ပြေသွားပြီလားလို့မေးနေခဲ့ပြီး မင်ဂျွန်းကတော့ သူ့အမေကို ကာကွယ်ပေးမယ့်အကြောင်း ပြောနေခဲ့ပါတယ်။

အဲဒီနောက် ပိုင်ရှင်မိန်းမက  “ဂန်ဘီနာ”  ရောက်မလာတာကြောင့် နေမကောင်းဖြစ်နေတာလားလို့ ဗဲလ်လက်ကိုမေးလိုက်ပါတယ်။

ဟန်ဒါအွန်ကလည်း အရင်လိုမေ့လဲပြီး နေမကောင်းနေတာလားလို့ စိတ်ပူပြီး မေးတဲ့အခါမှာတော့ ဗဲလ်လက်လည်း ရိုးရိုးနေမကောင်းလို့ အိပ်နေတာဖြစ်ကြောင်း ပြန်ပြောလိုက်ပါတယ်။

ခဏအကြာမှာတော့  “ဂန်ဘီနာ” တစ်ယောက် တောင်တက်ဖို့ ရောက်လာခဲ့ပါတော့တယ်။

အကုန်လုံးလည်းအံ့ဩသွားပြီး  “ဂန်ဘီနာ” ကို နေကောင်းသွားပြီလားလို့ မေးလိုက်ပါတယ်။  

“ဂန်ဘီနာ” က နေကောင်းသွားပြီဖြစ်ကြောင်း ပြန်ပြောရင်း တောင်တက်ဖို့ အဆင်သင့်ဖြစ်နေခဲ့ပါတယ်။

         နောက်တော့ ပိုင်ရှင်မိန်းမနဲ့ မင်ဂျွန်းအမေတို့က အရှေ့ကတက်သွားကြရင်း အနောက်ကလည်း အဖွားနဲ့ မင်ဂျွန်းက တစ်တွဲ အတူတောင်တက်နေခဲ့ကြပါတယ်။

အနောက်မှာတော့  “ဂန်ဘီနာ” ရဲ့ ကျောပိုးအိတ်ကို ဟန်ဒါအွန်က ကူသယ်ပေးမယ့်အကြောင်း ပြောနေခဲ့ပါတယ်။  

“ဂန်ဘီနာ” ကတော့ ဟန်ဒါအွန်ကို ကွယ်ရာတစ်မျိုး လူရှေ့တစ်မျိုးလုပ်နေတာကြောင့် လူတွေကို အတုအယောင်တွေလုပ်ရင် မကြိုက်ကြောင်းပြောရင်း အရင် တောင်တက်ဖို့ထွက်သွားလိုက်ပါတယ်။

တောင်ထိပ်တစ်နေရာရောက်တဲ့အခါမှာတော့  “ဂန်ဘီနာ” က သူ့ကို ဘာကြောင့် သက်သေမရှိဘဲ အမြဲ သံသယဝင်နေတာလဲလို့မေးလိုက်ပါတယ်။

ဟန်ဒါအွန်ကတော့  “ဂန်ဘီနာ” ကို တစ်ခါတလေ ကြင်နာတတ်ပြီး တစ်ခါလေဆိုးနေတာကို အမြဲစိတ်ရှုပ်ထွေးနေခဲ့ရတာကြောင့် ဘယ်လိုနတ်ဆိုးမျိုးလဲလို့ မေးလိုက်ပါတယ်။  

“ဂန်ဘီနာ” ကတော့ စိတ်ရှုပ်ထွေးနေရင် လိုက်မကြည့်ဖို့ ဟန်ဒါအွန်ကို ပြန်ပြောလိုက်ပါတယ်။

ဟန်ဒါအွန်လည်း  “ဂန်ဘီနာ”  ဘေးမှာ ထိုင်လိုက်ပြီး မနေ့က ကျောင်းသူလေးကိစ္စအတွက် ကျေးဇူးတင်ကြောင်း ပြောပြပြီး ကျောင်းသူလေးက ဒါဟီဖြစ်ပြီး သူ့ညီမလေး အရင်းမဟုတ်ကြောင်း  “ဂန်ဘီနာ” ကို ပြောပြခဲ့ပါတယ်။  

“ဂန်ဘီနာ” လည်း အံ့ဩသွားခဲ့ပြီး ဆက်နားထောင်နေခဲ့ပါတယ်။ ဟန်ဒါအွန်က ငယ်ငယ်ကတည်းက သူ့မိဘတွေနဲ့ညီလေးက သေဆုံးသွားခဲ့တာကြောင့် တစ်ယောက်ထဲ ကျန်ခဲ့တဲ့သူ့ကို အဖွဲ့မှူးမိသားစုက မွေးစားရာကနေ ဒါဟီကနောက်ထပ်မွေးလာတဲ့ ညီမလေးဖြစ်ကြောင်း ပြောပြလိုက်ပါတယ်။

အဲဒါကြောင့် ဟန်ဒါအွန်က သူ့မိဘတွေနဲ့ညီလေးကို သူသတ်ခဲ့မိတာဆိုပြီး ပြောဖြစ်ကြောင်း ပြောပြနေခဲ့ပါတယ်။  

“ဂန်ဘီနာ” က ဟန်ဒါအွန်ကို လူတကယ်မသတ်ခဲ့မိကြောင်းနဲ့ သတ်မိခဲ့ရင်လည်း ငရဲပြည်ရောက်နေလောက်ပြီဖြစ်ကြောင်း ပြန်ပြောလိုက်ပါတယ်။

ဟန်ဒါအွန်က သူ့ကိုယ်သူ သတ်ခဲ့မိတယ်လို့သာ ထင်နေခဲ့ပြီး၊  “ဂန်ဘီနာ” က သတ်ခဲ့တာမဟုတ်ကြောင်း သေချာပြောပြတဲ့အခါမှာတော့ ဟန်ဒါအွန်လည်း  “ဂန်ဘီနာ” ကို မျက်ရည်ဝဲရင်း စိုက်ကြည့်နေခဲ့မိပါတော့တယ်။

အဲဒီနောက် ဟန်ဒါအွန်က  “ဂန်ဘီနာ” ရဲ့စကားကို ယုံကြည်ချင်ပါတယ်လို့ ပြောတဲ့အခါမှာတော့  “ဂန်ဘီနာ” က သူ့ကို ယုံကြည်ရင် ရုပ်တုကို ကိုးကွယ်နေသလိုပဲမို့ မယုံဖို့သာ ပြန်ပြောလိုက်ပါတော့တယ်။

          အဲဒီနောက်မှာတော့ ညဘက် ဗီလာခေါင်မိုးပေါ်မှာ အဖွားကလွဲရင်  “ဂန်ဘီနာ” အပါဝင် ဗီလာပိုင်ရှင်မိန်းမနဲ့တခြားသူတွေလည်း ဝိုင်းဖွဲ့စားသောက်နေခဲ့ကြပါတယ်။  

“ဂန်ဘီနာ” ကတော့ မက်ဂျူကို ပုံစံမျိုးစုံနဲ့ ဖောက်ကာဖျော်ပေးနေခဲ့ပြီး အရက်သောက်နေတဲ့ ဟန်ဒါအွန်ကို စိတ်ပျက်နေတဲ့အကြည့်နဲ့ လှမ်းကြည့်လိုက်ပါတယ်။

အဲဒီနောက် ပိုင်ရှင်မိန်းမက အဖွားကဘာမှမသောက်စားဘဲ အရင်ပြန်သွားတဲ့အကြောင်း ပြောပြနေတုန်း  “ဂန်ဘီနာ” က သေခါနီးပြီဖြစ်တာကြောင့် ဖြစ်သင့်တာပဲလို့ပြောဆိုလိုက်ပါတယ်။

အဲဒီချိန်မှာပဲ ဟန်ဒါအွန်က  “ဂန်ဘီနာ” ကို ရုပ်လှရင် စကားကိုလည်း လှလှပြောဖို့ မူးနေရင်းနဲ့ လှမ်းပြောလိုက်ပါတယ်။  

“ဂန်ဘီနာ” လည်း ဟန်ဒါအွန်မူးနေတာကိုကြည့်ရင်း စိတ်ပျက်နေပါတယ်။ အဲဒီနောက် မင်ဂျွန်းအမေက ဗဲလ်လက်နဲ့ ပိုင်ရှင်မိန်းမကို ကျေးဇူးတင်ကြောင်း ပြောပြနေခဲ့ပါတယ်။  

“ဂန်ဘီနာ” ကတော့ ကျေးဇူးတင်ရကောင်းမှန်း သိသေးတာကြောင့် အသိစိတ်တော့ရှိသားပဲလို့ ပြန်ပြောလိုက်ပါတယ်။

အကုန်လုံးလည်း  “ဂန်ဘီနာ” စကားကို ကြောင်သွားခဲ့ပြီး  “ဂန်ဘီနာ” ကတော့ ဟန်ဒါအွန်သိအောင် တမင်ပြောပြနေခဲ့တာဖြစ်ပေမယ့် ဟန်ဒါအွန်ကတော့ မူးနေခဲ့ပြီး ဘာမှမသိခဲ့ပါဘူး။

ပိုင်ရှင်မိန်းမလည်း  “ဂန်ဘီနာ” ကို မြှောက်ပြောနေခဲ့ပြီး ဘုရားကျောင်းသွားဖို့ ထပ်ဟတဲ့အချိန်မှာပဲ  “ဂန်ဘီနာ” က မသွားဘူးလို့ ပိတ်ပြောလိုက်ပါတယ်။

ပိုင်ရှင်မိန်းမလည်း ဘုရားသခင်နဲ့ တွန်းလိုက်ဆွဲလိုက် လုပ်နေတာလားလို့ မေးလိုက်တဲ့အခါမှာတော့ ရုတ်တရက် ဟန်ဒါအွန်က သူနဲ့သာ အဲလိုလုပ်နေတာဖြစ်ကြောင်း ဝင်ပြောလိုက်ပါတယ်။

ဒါ့အပြင်  “ဂန်ဘီနာ” ကို စမြင်ချင်းတုန်းကတည်းက ကြွေခဲ့တဲ့အကြောင်းတွေပါ မူးမူးနဲ့ပြောနေခဲ့တာကြောင့်  “ဂန်ဘီနာ” လည်း ရင်ခုန်သွားပြီး ဟန်ဒါအွန့်ပါးစပ်ကို လက်နဲ့ လှမ်းပိတ်ပါတယ်။

          အဲဒီနောက် ဗဲလ်လက်က ဟန်ဒါအွန်ကို မူးနေပြီဖြစ်တာကြောင့် လိုက်ပို့ပေးမယ်လို့ပြောလိုက်ပါတယ်။

ဟန်ဒါအွန်ကတော့  မမူးသေးဘူးလို့ပြန်ပြောကာ ခုံပေါ်က ပြုတ်ကျသွားပါတော့တယ်။

ဗဲလ်လက်လည်း မူးနေတဲ့ဟန်ဒါအွန်ကို သယ်ဖို့မနိုင်တာကြောင့်  “ဂန်ဘီနာ” ပဲ ဟန်ဒါအွန်ကို ,ချီသွားပါတော့တယ်။  

“ဂန်ဘီနာ” လည်း ဟန်ဒါအွန်ကို အခန်းတံခါးဝမှာပစ်ချလိုက်ပြီးနောက် သော့ဖွင့်ဖို့နံပါတ်ကို မေးလိုက်ပါတယ်။

ဟန်ဒါအွန်တစ်ယောက် မူးမူးနဲ့ သော့နံပါတ်ကို သီချင်းတွေဆိုပြီး ရွတ်ပြနေခဲ့ပါတယ်။

ခဏအကြာမှာတော့  “ဂန်ဘီနာ” လည်း သော့ဖွင့်လို့ရသွားပြီး ဟန်ဒါအွန်ကို အခန်းထဲ ချီခေါ်လာခဲ့ပါတယ်။

ဆိုဖာပေါ်မှာတင်ပေးလိုက်ပြီးနောက်  “ဂန်ဘီနာ” ကထွက်သွားဖို့လုပ်တဲ့အချိန်မှာပဲ ဟန်ဒါအွန်က  “ဂန်ဘီနာ” လက်ကို လှမ်းဆွဲထားခဲ့ပါတယ်။  

“ဂန်ဘီနာ” လည်း ကြောင်သွားခဲ့ပြီး ဟန်ဒါအွန်ကို ကြည့်လိုက်ပါတယ်။

ဟန်ဒါအွန်ကတော့  “ဂန်ဘီနာ” ကို ကြင်နာတတ်တာသိတာကြောင့် လူဆိုးမလုပ်ဖို့ မှာနေခဲ့ပါတယ်။  

“ဂန်ဘီနာ” ကတော့ သူ့ကိုယ်သူဆိုးတဲ့လူဖြစ်ကြောင်း ပြန်ပြောလိုက်ပြီး ဟန်ဒါအွန်က  “ဂန်ဘီနာ” ကမဆိုးဘူးလို့ပြောပြန်ပါတယ်။

ဒါကြောင့်  “ဂန်ဘီနာ” လည်း ကြင်နာတတ်တဲ့သူလို့ထင်ရင် ဘာကြောင့် သံသယဝင်ပြီး လိုက်စွပ်စွဲနေတာလို့မေးလိုက်ပါတယ်။

ဟန်ဒါအွန်းလည်း တရားခံမှန်းသိနေတာကြောင့်လို့ ပြောလိုက်ပြီး တရားခံမှန်းသိရင်တောင်  “ဂန်ဘီနာ” ကိုမဖမ်းချင်ဘူးလို့ ပြောရင်း အိပ်ပျော်သွားပါတော့တယ်။

          “ဂန်ဘီနာ” တစ်ယောက် ဟန်ဒါအွန် အပြောတွေကြောင့် ရုတ်တရက်စိတ်လှုပ်ရှားသွားခဲ့ပြီး ဟန်ဒါအွန်လက်ကို ဖယ်လိုက်ပါတယ်။

အဲဒီနောက်  “ဂန်ဘီနာ” လည်း ဟန်ဒါအွန်အခန်းထဲမှာ အိပ်ရာထုတ်ပေးဖို့လိုက်ရှာရင်း  “ဂန်ဘီနာ” သောက်နေကျ အအေးဘူးခွံကို သက်သေပစ္စည်းအဖြစ် သိမ်းထားတာကို တွေ့လိုက်ရပါတယ်။  

“ဂန်ဘီနာ” လည်း လူသားတွေက မယုံကြည်ရဘူးလို့ပြောရင်း ဟန်ဒါအွန်းကို ဒေါသထွက်နေခဲ့ပါတော့တယ်။

         အဲဒီနောက်မှာတော့ ဗဲလ်လက်ကို ခေါ်လိုက်ပြီး မြစ်ဘေးမှာတုန်းက သူပေးလိုက်တဲ့ အအေးဘူးခွံကို ဘယ်မှာပစ်လိုက်လဲဆိုတာကို ဒေါသထွက်ရင်းမေးနေခဲ့ပါတယ်။

ဗဲလ်လက်လည်း ကြောက်ကြောက်နဲ့ အမှိုက်ပုံးထဲသေချာပစ်ခဲ့ကြောင်းပြောပြနေပေမယ့် ပြန်စဉ်းစားကြည့်တော့ သူပစ်လိုက်တာက အမှိုက်ပုံးထဲမဝင်ဘဲ ဘေးကိုပြုတ်ကျသွားခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့်  “ဂန်ဘီနာ” လည်း ဗဲလ်လက်ကို စိတ်ပျက်နေတုန်း ဂလယ်မိုရီကရောက်လာပြီး တူနဲ့ထုကာ အပြစ်ပေးဖို့လုပ်လိုက်ပါတယ်။

ဗဲလ်လက်လည်း ကြောက်လန့်ကာ ခွင့်လွတ်ပေးဖို့မှောက်ပြီး တောင်းပန်နေရင်း ဘုရားစာတွေရွတ်ဆိုနေခဲ့ပါတယ်။

“ဂန်ဘီနာ” ကတော့ ဗဲလ်လက်ကိုထခိုင်းလိုက်ပြီး မြစ်ဘေးမှာ လူသတ်သမား ဘယ်ဂျာယောင်းကို ငရဲကိုပို့တုန်းက သောက်ခဲ့တဲ့အအေးဘူးခွံကို ဟန်ဒါအွန်ကသိမ်းထားကြောင်း ဗဲလ်လက်ကိုပြောပြလိုက်ပါတယ်။

ဗဲလ်လက်က အံ့ဩသွားပြီး ဒီအအေးဘူးခွံလောက်နဲ့တော့ တရားခံဖြစ်ကြောင်း စွပ်စွဲလို့မရဘူးလို့  “ဂန်ဘီနာ” ကိုပြောပြလိုက်ပါတယ်။  

“ဂန်ဘီနာ” ကတော့ ဒီကိစ္စကြောင့်ပဲ ဟန်ဒါအွန်က ခိုင်မာတဲ့သက်သေရဖို့ အိမ်နားကိုပြောင်းလာတာလို့ ပြောလိုက်ပါတယ်။

ဗဲလ်လက်လည်း ဒါဆို ဘယ်လိုဆက်လုပ်မှာလဲလို့မေးတဲ့အခါမှာတော့  “ဂန်ဘီနာ” က အရင်တိုင်း လူသတ်သမားတွေကို ငရဲပို့ပြီး အိမ်ပြန်ရုံပဲပေါ့လို့ ပြန်ပြောလိုက်ပါတယ်။

        အဲဒီနောက်တော့  “ဂန်ဘီနာ” က ဂလယ်မိုရီကို စုံစမ်းခိုင်းထားတဲ့ ကွင်းဆက်လူသတ်သမားအကြောင်း မေးလိုက်ပါတယ်။

ဂလယ်မိုရီလည်း သူသိသလောက်ပြောပြရင်း မကြာခင် သေချာသတင်းသိရတော့မှာဖြစ်ကြောင်း ပြောပြလိုက်ပါတယ်။  

“ဂန်ဘီနာ” ကတော့ ဟန်ဒါအွန် သက်သေရသွားတဲ့ကိစ္စအကြောင်းဆက်ပြောနေတုန်း ဂလယ်မိုရီက ဟန်ဒါအွန်ကို တူနဲ့ထုကာ ပညာပေးလိုက်ရမလားလို့မေးလိုက်ပါတယ်။  

“ဂန်ဘီနာ” ကတော့ ဟန်ဒါအွန်ကို သက်သက်မဲ့ ရှုပ်ထွေးသွားနိုင်တာကြောင့် သွားမထိဖို့ ဂလယ်မိုရီကိုပြောလိုက်ပြီး  ဂလယ်မိုရီလည်း သိပ်မကျေနပ်ပေမယ့်  “ဂန်ဘီနာ” အမိန့်ကို နာခံလိုက်ရပါတယ်။

အဲဒီနောက်  “ဂန်ဘီနာ” က ဗဲလ်လက်ကို နောက်တစ်ခါဆို ညှာမှာမဟုတ်ကြောင်း သတိပေးလိုက်ပြီး ထွက်သွားပါတော့တယ်။

           “ဂန်ဘီနာ” ထွက်သွားတဲ့အချိန်မှာတော့ ဂလယ်မိုရီက  “ဂန်ဘီနာ” တစ်ယောက် ထူးထူးဆန်းဆန်းပြုမူနေတာကို သတိထားမိကြောင်းပြောပြနေခဲ့ပါတယ်။

ဂလယ်မိုရီက  “ဂန်ဘီနာ” ဟာ ဟန်ဒါအွန်ကို ဒေါသထွက်ပြောဆိုနေရမယ့်အစား ကာကွယ်ပေးနေတယ်လို့ မြင်နေမိပြီး ဗဲလ်လက်ကို  “ဂန်ဘီနာ”  မျက်ရည်ကျဖူးလားလို့ မေးလိုက်ပါတယ်။

ဗဲလ်လက်လည်း နတ်ဆိုးဖြစ်တာကြောင့် ဘာလို့မျက်ရည်ကျမှာလဲလို့ ပြန်ပြောလိုက်ပါတယ်။

ဂလယ်မိုရီလည်း  “ဂန်ဘီနာ” ကို မသင်္ကာဖြစ်နေတာကြောင့် ဗဲလ်လက်ကို  “ဂန်ဘီနာ” မျက်ရည်ကျရင် သူ့ကို သတင်းပေးဖို့ပြောလိုက်ပါတယ်။

ဗဲလ်လက်လည်း သူက  “ဂန်ဘီနာ” လက်အောက်ခံဖြစ်တာကြောင့် သတင်းပေးဖို့ မလုပ်ချင်ပေမယ့်လည်း ဂလယ်မိုရီကိုလည်း ကြောက်တာကြောင့် ကြောက်ကြောက်နဲ့ပဲ နာခံပေးလိုက်ပြီး ဂလယ်မိုရီကို မယုံသင်္ကာဖြစ်နေခဲ့ပါတယ်။

          အဲဒီနောက်မှာတော့ K.O စားသောက်ကုန်ရဲ့ စီးအီးအိုတစ်ယောက်ဖြစ်တဲ့ ချွဲဝန်ဂျွန်းက ဒါရိုက်တာဆုပေးပွဲတစ်ခုမှာ ဆုရခဲ့တာကြောင့် ကျေးဇူးတင်စကားပြောနေခဲ့ပါတယ်။

ပွဲပြီးတဲ့နောက်မှာတော့ ချွဲဝန်ဂျွန်းကို ကားပေါ်မှာ အတွင်းရေးမှူးက company အစည်းအဝေးတွေ အကြောင်းပြောနေခဲ့ပါတယ်။

ချွဲဝန်ဂျွန်းလည်း ဘာမှပြန်ပြောမနေခဲ့ဘဲ ကားတံခါးပြတင်းပေါက်ကိုဖွင့်ပြီး အပြင်ကိုကြည့်နေခဲ့ပါတယ်။

ခဏအကြာမှာတော့ ချွဲဝန်ဂျွန်းတစ်ယောက် တစ်ခုခုကို တွေ့သွားခဲ့ပြီး ကားကိုအတင်းရပ်ခိုင်းခဲ့ပါတယ်။

ကားရပ်တာနဲ့ ချွဲဝန်ဂျွန်းလည်း ကားပေါ်ကပြေးဆင်းသွားပြီး လမ်းပေါ်မှာသွေးတွေထွက်ပြီး နာနေတဲ့ ခွေးလေးကို သွားကြည့်ခဲ့ပါတယ်။

လူတွေကလည်း ချွဲဝန်ဂျွန်းကိုသိကြတဲ့အတွက် ခွေးလေးကို ကယ်ဖို့ ချီသွားတဲ့ ချွဲဝန်ဂျွန်းကို ဓာတ်ပုံတွေဝိုင်းရိုက်နေခဲ့ပါတော့တယ်။

တစ်ဖက်မှာတော့ K.Oစားသောက်ကုန် company အရှေ့မှာ အလုပ်သမားတွေက လုံခြုံတဲ့ အလုပ်ခွင်ဖန်တီးပေးရေးကို ဆန္ဒပြ တောင်းဆိုနေခဲ့ကြပါတယ်။

companyထဲမှာတော့ ချွဲဝန်ဂျွန်းနဲ့ အဖေဖြစ်သူ ဥက္ကဋ္ဌကြီးတို့က ဒါရိုက်တာဆုရတာအပြင် ခွေးလေးကိုပါကယ်တင်ခဲ့တာကြောင့် လူတွေချီးကျူးတာခံနေပြီး ကျေနပ်နေခဲ့ ကြပါတယ်။

ဥက္ကဋ္ဌကြီးက ချွဲဝန်ဂျွန်းကို ရွေးကောက်ပွဲအတွက် အကုန်အဆင်ပြေနေပေမယ့်  company အပြင်ကဆန္ဒပြသူတွေကိုလည်း သေချာရှင်းလင်းဖို့မှာနေခဲ့ပါတယ်။

ချွဲဝန်ဂျွန်းလည်း အဖေဖြစ်သူပြောတာကို အေးဆေးပြန် ပြုံးပြရင်း နားထောင်လိုက်ပါတယ်။

ခဏအကြာမှာတော့ ဆန္ဒပြနေကြတဲ့ နေရာကို လူတစ်ယောက်ရောက်လာခဲ့ပြီး ဆန္ဒပြနေတဲ့ အလုပ်သမားခေါင်းဆောင် ဝန်ချန်ဆွန်းကို ဥက္ကဋ္ဌကြီးက သီးသန့်နေ့လည်စာစားဖို့ ခေါ်လိုက်တာဖြစ်ကြောင်း လာပြောခဲ့ပါတယ်။

 ဝန်ချန်ဆွန်းလည်း သတင်းကောင်းဖြစ်ဖို့မျှော်လင့်ပြီး ခေါ်ရာကိုလိုက်သွားခဲ့ပါတော့တယ်။

ဝန်ချန်ဆွန်းတစ်ယောက် ခေါ်တဲ့နေရာကို ရောက်သွားတဲ့အချိန်မှာတော့ အိမ်တစ်အိမ်ဖြစ်နေခဲ့ပြီး ဥက္ကဋ္ဌကို ဧည့်ခန်းထဲမှာထိုင်စောင့်နေခဲ့ပါတယ်။

ခဏအကြာမှာတော့ ချွဲဝန်ဂျွန်းကထွက်လာခဲ့ပြီး ဝန်ချန်ဆွန်းလည်း ထရပ်ပြီးနှုတ်ဆက်လိုက်ပါတယ်။

ချွဲဝန်ဂျွန်က ဝန်ချန်ဆွန်းကို ထိုင်ဖို့ မရိုမသေပြောလိုက်ပြီး ထူးဆန်းပြောဆိုနေတာကို ဝန်ချန်ဆွန်းက သတိထားမိသွားခဲ့ပါတယ်။

အဲဒီနောက်ချွဲဝန်ဂျွန်းက ရုပ်လုံးသွင်းထားတဲ့ လှောင်အိမ်ထဲကခွေးကို ဝန်ချန်ဆွန်းကိုပြလိုက်ပြီး အနောက်ကလိုက်ခဲ့ဖို့ပြောလိုက်ပါတယ်။

ဝန်ချန်ဆွန်းလည်း စိတ်ထဲ အခြေနေမကောင်းတော့ဘူးဆိုတာကို တွေးနေမိခဲ့ပြီး အနောက်ကနေ ဖြည်းဖြည်းချင်းလိုက်သွားခဲ့ပါတယ်။ 

အဲဒီနောက် စားပွဲပေါ်မှာ ချွဲဝန်ဂျွန်းက ခေါက်ဆွဲဘူးနှစ်ဘူးကို ပြုတ်ထားခဲ့ပြီးကို ဖုန်းထဲကနေ ဝန်ချန်ဆွန်းဆီ ပိုက်ဆံလွှဲပေးလိုက်ပါတယ်။

ချွဲဝန်ဂျွန်းက ဝန်ချန်ဆွန်းကို ပိုက်ဆံကြောင့် ဆန္ဒပြနေတာမလားလို့မေးတဲ့အခါမှာတော့ ဝန်ချန်ဆွန်းက ပိုက်ဆံကြောင့် မဟုတ်ဘဲ စက်ရုံထဲမှာ လူခဏခဏ သေနေတာကြောင့် လုံခြုံမှုရှိပြီး လူသားဆန်စွာ အလုပ်လုပ်ချင်ကြောင်း ပြောပြလိုက်ပါတယ်။

အဲဒါကြောင့် ဝန်ချန်ဆွန်းက မနက်ဖန်ကျငွေပြန်လွှဲပေးမယ့်အကြောင်း ချွဲဝန်ဂျွန်းကိုပြောရင်း ထပြန်ဖို့လုပ်လိုက်ပါတယ်။

အဲဒီချိန်မှာပဲ ချွဲဝန်ဂျွန်းက ခေါက်ဆွဲဘူးကို ဝန်ချန်ဆွန်းရှေ့ကိုတိုးပေးလိုက်ပြီး ရေနွေးခရားကိုလည်းကိုင်ရင်း ခေါက်ဆွဲဘူးထဲကို ဖြည့်ပေးဖို့လုပ်လိုက်ပါတယ်။

ချွဲဝန်ဂျွန်းက သူတို့လူချမ်းသာသူဌေးတွေလည်း ခေါက်ဆွဲဘူးကိုကြိုက်တတ်ပြီး ဒေါသလဲ ထွက်တတ်တဲ့အကြောင်းပြောပြရင်း ရေနွေးခရားကို ဝန်ချန်ဆွန်းရဲ့ ပေါင်ပေါ်လောင်းချမလိုလုပ်လိုက် မျက်နှာပေါ်မှာလုပ်လိုက်နဲ့ ပြုံးရင်းပြောနေခဲ့ပါတယ်။

ဝန်ချန်ဆွန်းလည်း ရေနွေးတွေလောင်းချခံရမှာ ကြောက်နေခဲ့ပြီး ချွေးတွေပြန်နေပါတော့တယ်။

အဲဒီနောက် ချွဲဝန်ဂျွန်းက စနောက်သလိုပုံစံလုပ်လိုက်ပြီး ရေနွေးတွေကို ခေါက်ဆွဲဘူးထဲကိုသာ ဖြည့်နေခဲ့ပါတယ်။

ဝန်ချန်ဆွန်းလည်း ကြောက်နေခဲ့ပြီး ချွဲဝန်ဂျွန်းကိုပြန်တော့မယ်လို့ ပြောကာထပြန်သွားခဲ့ပါတော့တယ်။

          ဝန်ချန်ဆွန်းတစ်ယောက် အပြင်ရောက်တဲ့အချိန်မှာတော့ ကြောက်လန့်ကာ အလုပ်သမားဒုခေါင်းဆောင်ကို ဖုန်းခေါ်ဖို့လုပ်ချိန်မှာပဲ ကားတစ်စီးရောက်လာပြီး ဝန်ချန်ဆွန်းကို ဖမ်းခေါ်သွားပါတော့တယ်။

ဝန်ချန်ဆွန်းရဲ့ ဖုန်းကတော့ လမ်းပေါ်မှာပဲ ပြုတ်ကျကျန်နေခဲ့ပါတော့တယ်။

အဲဒီအချိန် ချွဲဝန်ဂျွန်းတစ်ယောက်ကတော့ သူ့အိမ်ထဲမှာပဲ မွေးထားတဲ့ ရှားပါး အင်းဆက်တွေကို အစာကျွေးနေခဲ့ပြီး အရသာရှိမှာပဲဆိုပြီး ပြောနေခဲ့ပါတယ်။

          အဲဒီနောက် ဝန်ချန်ဆွန်းလည်း ထိုးခံထားရတဲ့ဒဏ်ရာတွေနဲ့နိုးလာခဲ့ပြီး မျက်လုံးရှေ့မှာမြင်နေရတဲ့သူကတော့ ချွဲဝန်ဂျွန်းဖြစ်လို့နေပါတယ်။

ချွဲဝန်ဂျွန်းက ဂေါက်ရိုက်တံတစ်ခုကို ကိုင်ထားပြီး ဝန်ချန်ဆွန်းကို အားကစားအတူတူလုပ်ရအောင်လို့ ပြောလိုက်ပါတယ်။

ဝန်ချန်ဆွန်းလည်း သူ့ကိုလွှတ်ပေးဖို့ပြောလိုက်တာကြောင့် ချွဲဝန်ဂျွန်းလည်း မတားဘဲ ဝန်ချန်ဆွန်းကို သွားချင်ရင်သွားဖို့ပြောလိုက်ပါတယ်။

ဝန်ချန်ဆွန်းလည်း ထွက်သွားဖို့လုပ်တဲ့အချိန်မှာတော့ ချွဲဝန်ဂျွန်းက ဂေါက်ရိုက်တံနဲ့ ဂေါက်သီးတွေကို ရိုက်နေခဲ့ပြီး ဝန်ချန်ဆွန်းကို သွားထိပါတော့တယ်။

ဝန်ချန်ဆွန်းဟာ အသက်ကြီးပြီဖြစ်တာကြောင့် ဂေါက်သီးအရှိန်နဲ့လာတာတွေကို မရှောင်နိုင်ဘဲ ခံနေရပါတော့တယ်။

ချွဲဝန်ဂျွန်းက ဝန်ချန်ဆွန်းကို ရက်ရက်စက်စက် ဂေါက်သီးတွေနဲ့ ရိုက်ပစ်နေခဲ့ပြီး အဲဒီနောက်မှာတော့ပြန်လွှတ်ပေးလိုက်ပါတယ်။

ဝန်ချန်ဆွန်းလည်း လမ်းမှာ ထော့နဲထော့နဲ့နဲ့ လျှောက်လာရင်း ဒဏ်ရာတွေကြောင့် မခံစားနိုင်တော့ဘဲ ပစ်လဲသွားပါတော့တယ်။

ဝန်ချန်ဆွန်း ပစ်လဲသွားတဲ့အချိန် အသံသွင်းစက် တစ်ခုလည်း ကျကျန်ခဲ့ပါတယ်။

အဲဒီချိန်မှာပဲ ကားတစ်စီးမောင်းလာနေတာကို ဝန်ချန်ဆွန်းလည်း  မထနိုင်တာကြောင့် လမ်းပေါ်မှာလဲနေရင်း ကြည့်နေခဲ့မိပါတော့တယ်။

          အဲဒီနောက်မှာတော့ ရဲစခန်းကို ဝန်ချန်ဆွန်းရဲ့ မိန်းမနဲ့သမီးက ဝန်ချန်ဆွန်း ရက်လောက်အိမ်ပြန်မလာတာကြောင့် တိုင်ချက်လာဖွင့်ခဲ့ပါတယ်။

ရဲက ရက်လောက်နဲ့ တိုင်ချက်ဖွင့်မရကြောင်း ပြောပြနေခဲ့ပြီး ရက်ထက်ကြာပြီးမှသာ ပြန်မရောက်လာသေးရင် ထပ်လာခဲ့ဖို့မှာရင်း ပြန်လွှတ်လိုက်ပါတော့တယ်။

အဲဒါကြောင့် ဝန်ချန်ဆွန်း မိန်းမနဲ့သမီးဖြစ်သူ ယူဂယောင်းလည်း စိတ်ဓာတ်ကျပြီး ပြန်လာခဲ့ရင်း လမ်းမှာ သန့်ရှင်းရေး နတ်ဆိုးကောင်လေးနှစ်ယောက်ထဲက တစ်ယောက်က စိတ်ပူပြီး ယူဂယောင်းကို မေးလိုက်ပါတယ်။

ယူဂယောင်းလည်း သူ့အဖေ ပျောက်နေတာကြောင့် ဝမ်းနည်းနေခဲ့ပြီး နတ်ဆိုးကောင်လေးလည်း ယူဂယောင်းကိုကြည့်ရင်း ထပ်တူဝမ်းနည်းသွားခဲ့ပါတယ်။

အဲဒါကို အနောက်ကနေ တခြား နတ်ဆိုးကောင်လေးက ကြည့်နေခဲ့ပြီး အခြေအနေတွေကို စိတ်ပျက်နေခဲ့ပါတယ်။

          တရားရုံးမှာတော့  “ဂန်ဘီနာ” က လုပ်ဖော်ကိုင်ဖက်နှစ်ယောက်နဲ့အတူ ထမင်းစားနေရင်း တီဗီကနေသတင်းလာနေတာကို လှမ်းကြည့်လိုက်ပါတယ်။

သတင်းထဲမှာတော့ အလုပ်သမားခေါင်းဆောင် ဝန်ချန်ဆွန်း ပျောက်ဆုံးနေခဲ့တာ ရက်ရှိပြီဖြစ်ပြီး  မပျောက်ခင်က ချွဲဝန်ဂျွန်းနဲ့တွေ့ဆုံခဲ့တာကြောင့် နိုဘုံးရဲစခန်းက စစ်ဆေးမေးမြန်းသွားမယ့် အကြောင်းတွေ လွင့်နေခဲ့တာဖြစ်ပါတယ်။

လုပ်ဖော်ကိုင်ဖက်နှစ်ယောက်လည်း နိုဘုံးရဲစခန်းက အမြဲ အမှုတွေအများကြီး ဖြေရှင်းနေရကြောင်း စကားမစပ်ပြောမိရင်း  “ဂန်ဘီနာ” ဆီကိုလည်း အရင်ကအော်လံနဲ့ရောက်လာဖူးတဲ့ နိုဘုံးရဲစခန်းက စုံထောက်နဲ့ ကြိုက်နေကြတဲ့အကြောင်း ကောလဟာလတွေပျံ့နေတယ်လို့  “ဂန်ဘီနာ” ကို ပြောပြလိုက်ပါတယ်။  

“ဂန်ဘီနာ” လည်း စိတ်တိုသွားခဲ့ပြီး လုပ်ဖော်ကိုင်ဖက်တွေကို ထပ်မပြောဖို့ အော်ပြောလိုက်ပါတယ်။

ထမင်းစားခန်းထဲကလူတွေလည်း အကုန်လုံးလန့်သွားခဲ့ပြီး  “ဂန်ဘီနာ” ကို ကြောင်ကြည့်နေကြပါတော့တယ်။

အဲဒီနောက်မှာတော့ ဒိုးနပ်မုန့်ဆိုင်တစ်ခုမှာ  “ဂန်ဘီနာ” နဲ့ ဗဲလ်လက်ကို သန့်ရှင်းရေး နတ်ဆိုးကောင်လေးနှစ်ယောက်က  ဝန်ချန်ဆွန်းပျောက်နေတာကြောင့် တရားခံကိုရှင်းပေးဖို့ ကူညီတောင်းနေခဲ့ပါတယ်။  

“ဂန်ဘီနာ” လည်း ဝန်ချန်ဆွန်းက သေမသေ မသိရတာကြောင့် ကူညီဖို့ကို ငြင်းချင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း သန့်ရှင်းရေးကောင်လေးက အကူအညီတောင်းနေခဲ့တာကြောင့် လူသတ်တရားခံကို မေးလိုက်ပါတယ်။

လူသတ်တရားခံက KO company ရဲ့ချွဲဝန်ဂျွန်း ဖြစ်နေနိုင်ကြောင်း သန့်ရှင်းရေးကောင်လေးက  “ဂန်ဘီနာ” ကိုပုံထုတ်ပြလိုက်ပါတယ်။

အဲဒီနောက်  “ဂန်ဘီနာ” လည်း အလုပ်သမားခေါင်းဆောင် ဝန်ချန်ဆွန်းရဲ့ နာမည်ကို ဒိုးနပ်ထည့်တဲ့မှန်မှာ ရေးပြီးကြည့်လိုက်ပါတယ်။

ဒိုးနပ်ဝန်ထမ်းကတော့ ဒိုးနပ်တွေယူမယ်ထင်ပြီး လိုက်ထည့်နေပါတော့တယ်။

 “ဂန်ဘီနာ” လည်း ဝန်ချန်ဆွန်းနာမည်ကို ရေးပြီးကြည့်တဲ့အခါမှာတော့ စိတ်မကောင်းစွာနဲ့ ဝန်ချန်ဆွန်းက သေဆုံးသွားပြီဖြစ်ကြောင်းပြောကာ ထွက်သွားပါတော့တယ်။

ဗဲလ်လက်နဲ့ သန့်ရှင်းရေးကောင်လေးတို့လည်း စိတ်မကောင်းဖြစ်သွားကြပြီး ဒိုးနပ်ဝန်ထမ်းယူပေးထားတဲ့ ဒိုးနပ်ဖိုးကို ရှင်းပေးလိုက်ရပါတော့တယ်။

        အဲဒီနောက်မှာတော့ တောထဲမှာ လူတစ်ယောက်က အပေါ့သွားရင်း သစ်ပင်မှာ ဆွဲကြိုးချသေနေတဲ့ ဝန်ချန်ဆွန်းရဲ့ အလောင်းကိုတွေ့သွားခဲ့ပြီး ရဲကိုဖုန်းဆက်ခေါ်လိုက်ပါတယ်။

ချွဲဝန်ဂျွန်းတစ်ယောက်ကတော့ နိုဘုံးရဲစခန်းကိုရောက်လာခဲ့ပြီး သတင်းသမားတွေရှေ့မှာ ဘာမှမသိတဲ့ပုံစံနဲ့ နစ်နာသူမိသားစုအတွက် ဝမ်းနည်းကြောင်းသာပြောပြနေခဲ့ပါတယ်။

အဲဒီနောက် စစ်ဆေးမေးမြန်းခန်းမှာ ဟန်ဒါအွန်နဲ့ အဖွဲ့မှူးတို့လည်း ချွဲဝန်ဂျွန်းကို စတင်မေးမြန်းကြပါတယ်။

ဝန်ချန်ဆွန်းရဲ့ ဘဏ်အကောင့်ထဲကို ပိုက်ဆံတွေလွှဲထားရတဲ့အကြောင်းရင်းကို အဖွဲ့မှူးက ချွဲဝန်ဂျွန်းကိုမေးလိုက်ပါတယ်။

ချွဲဝန်ဂျွန်းရဲ့ ရှေ့နေကတော့ ခြိမ်းခြောက်ခံရတာဖြစ်ကြောင်း ပြန်ငြင်းလိုက်ပါတယ်။

အဖွဲ့မှူးလည်း အလုပ်သမားက ပြန်ခြိမ်းခြောက်တယ်ဆိုတာ ဘဘာဝမကျကြောင်း ပြန်ပြောလိုက်ပါတယ်။

ရှေ့နေလည်း ချွဲဝန်ဂျွန်းကသဘောကောင်းတာကြောင့်လို့ ပြန်ပြောပြန်ပါတယ်။

အဲဒီချိန် ဟန်ဒါအွန်က ချွဲဝန်ဂျွန်းကို လူမိုက်တွေငှားပြီး ဘာလို့ပြန်ပေးဆွဲတာလဲလို့ မေးလိုက်ပါတယ်။

ချွဲဝန်ဂျွန်းရဲ့ရှေ့နေတွေကလည်း ချွဲဝန်ဂျွန်းမလုပ်ကြောင်း ကာပြောပေးနေခဲ့ပါတယ်။

အဲဒီနောက် ဟန်ဒါအွန်က ချွဲဝန်ဂျွန်းကို ချန်ဝန်ဆွန်းကျန်ခဲ့တဲ့ အသံဖမ်းစက်ထဲက အသံတွေကိုဖွင့်ပြလိုက်ပါတယ်။

ချွဲဝန်ဂျွန်းကတော့ မတော်တဆဂေါက်ရိုက်တံနဲ့ ရိုက်မိတာဟာ လူသတ်မှုမဖြစ်ဘူးလို့ ပြန်ငြင်းပါတယ်။ ဒါ့အပြင် သူတို့လို company သူဌေးတွေကို အောက်ခြေလူတန်းစားတွေက စိတ်အနောက်ယှက် အခက်ခဲတွေပေးတာကြောင့် စိတ်ညစ်ရကြောင်း ပြောလိုက်ပါတယ်။

ဟန်ဒါအွန်တစ်ယောက်လည်း ဒေါသထွက်သွားခဲ့ပြီး လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားမိပါတော့တယ်။

          အဲဒီနောက်တော့ အဖွဲ့မှူးဆီကို ဖုန်းဝင်လာခဲ့ပြီး စခန်းမှူးဆီကဖြစ်နေခဲ့ပါတယ်။

အဖွဲ့မှူးနဲ့ ဟန်ဒါအွန်လည်း စခန်းမှူးရုံးခန်းကို သွားတဲ့အခါမှာတော့ စခန်းမှူးက ချွဲဝန်ဂျွန်းအမှုကို ပိတ်ဖို့ပြောလိုက်ပါတယ်။

အဖွဲ့မှူးလည်း ဒေါသထွက်သွားပြီး မပိတ်နိုင်တဲ့အကြောင်းပြောတဲ့အခါမှာတော့ စခန်းမှူးက ဒေါသထွက်ကာ သူလဲလုပ်ချင်လို့ လုပ်ရတာမဟုတ်ကြောင်း ပြောလိုက်ပါတယ်။

အဖွဲ့မှူးကတော့ ချွဲဝန်ဂျွန်းအမှုကို အဆုံးထိစစ်ဆေးပြီး အမှုစစ်ကိုအပ်မယ့် အကြောင်းပြောကာ ရုံးခန်းထဲကထွက်သွားပါတော့တယ်။

ဟန်ဒါအွန်လည်း အဖွဲ့မှူးအနောက်ကနေလိုက်လာခဲ့ပြီး အဖွဲ့မှူးကတော့ ခေါင်မိုးထပ်မှာ လေညှင်းခံရင်း အပြင်ကို ကြည့်နေခဲ့ပါတယ်။

ဟန်ဒါအွန်းက ချွဲဝန်ဂျွန်းကို သူကိုယ်တိုင်ဖမ်းပြီး အပြစ်ပေးချင်ကြောင်းအဖွဲ့မှူးကို ပြောပြလိုက်ပါတယ်။

အဖွဲ့မှူးကတော့ သူတို့အလုပ်ဟာ ဖမ်းရတဲ့တာဝန်ပဲမို့ တရားစီရင်ချက်ချတာက တရားသူကြီးအလုပ်ဖြစ်ကြောင်း ပြောလိုက်ပါတယ်။

အဲဒါကြောင့်အဖွဲ့မှူးက ဟန်ဒါအွန်ကို ဘယ်တော့မှ ကိုယ့်ကိုကိုယ်ရဲဆိုတာ မမေ့သွားဖို့ လက်သန်းချိတ် ကတိပေးခိုင်းလိုက်ပါတယ်။

ဟန်ဒါအွန်လည်း အဖွဲ့မှူးကို ကတိပေးလိုက်ပြီး ပြုံးနေခဲ့ကြပါတော့တယ်။

အဲဒီနောက်မှာတော့ လွှတ်တော်အမတ်ဂျောင်ဆီကို ချွဲဝန်ဂျွန်းရဲ့အဖေဖြစ်သူ ဥက္ကဋ္ဌကြီးက အမှုကိစ္စအတွက် အကူအညီလာတောင်းခဲ့ပါတယ်။

လွှတ်တော်အမတ်ဂျောင်လည်း  ခိုင်ခံ့တဲ့ဥပဒေကိုမလွန်ဆန်နိုင်တာကြောင့် ကူညီပေးဖို့ ငြင်းနေခဲ့ပါတယ်။

ဥက္ကဋ္ဌကြီးလည်း မြေတစ်နေရာပေးမယ်လို့ ပြောတဲ့အခါမှာတော့ လွှတ်တော်အမတ်ဂျောင်က ဘယ်လောက်ခိုင်ခံ့ပါစေ အက်ကြောင်းတစ်ခုတော့ရှိမှာပဲလို့ ပြန်ပြောလိုက်ပါတယ်။

အဲဒီနောက်မှာတော့ တရားသူကြီးချုပ်က  “ဂန်ဘီနာ” ကို လွှတ်တော်အမတ်ဂျောင် အကူအညီတောင်းထားတဲ့အတိုင်း အရင်လိုပဲ ချွဲဝန်ဂျွန်းအမှုကိုကိုင်ပြီး တရားစီရင်ချက် ချပေးဖို့ပြောလိုက်ပါတယ်။  

“ဂန်ဘီနာ” လည်း သူ့ကို ရာထူးတိုးပေးဖို့လား ခြိမ်းခြောက်တာလားလို့မေးပေမယ့် တရားသူကြီးချုပ်လည်း နှစ်ခုလုံးမဟုတ်ဘူးလို့ ပြောကာ မသိချင်ယောင် ဆောင်နေခဲ့ပါတယ်။

အဲဒီနောက်ချွဲဝန်ဂျွန်းရဲ့ တရားခွင်ကို  “ဂန်ဘီနာ” တစ်ယောက် တရားသူကြီးအဖြစ် စီရင်ရပါတယ်။  

“ဂန်ဘီနာ” က ချွဲဝန်ဂျွန်းကို စတင်စစ်မေးခဲ့ပြီး အမှုစစ်ကိုမေးတဲ့အခါမှာတော့ အမှုစစ်ကလည်း ဘာမှပြန်မခုခံဘဲ ငြိမ်နေခဲ့ပါတယ်။

အဲဒါကြောင့်  “ဂန်ဘီနာ” လည်း အချင်းချင်းညှိထားကြတာကို ရိပ်မိသွားပြီး ချွဲဝန်ဂျွန်းကို ပြန်ပေးဆွဲခဲ့တဲ့ လူမိုက်တွေ ဘယ်ရောက်သွားလဲလို့မေးလိုက်ပါတယ်။

ချွဲဝန်ဂျွန်းလည်း လူမိုက်တွေမဟုတ်ဘဲ လုံခြုံရေးဝန်ထမ်းတွေသာဖြစ်ပြီး ဝန်ချန်ဆွန်းအပေါ် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခဲ့တာကို သူလုံးဝမသိခဲ့ကြောင်း ပြောပြခဲ့ပါတယ်။

အဲဒီနောက်  “ဂန်ဘီနာ” လည်း စိတ်ပျက်သွားကာ တရားခွင်ကို ခဏနားပြီး ထွက်လာလိုက်ပါတယ်။

           “ဂန်ဘီနာ” လည်း ရုံးခန်းထဲပြန်လာရင်း ရုံးခန်းထဲက စာရေးမက ဟန်ဒါအွန်ဖုန်းဆက်ထားပြီး  “ဂန်ဘီနာ” ကို ကဖေးမှာတွေ့ဖို့ ချိန်းထားကြောင်း ပြောပြလိုက်ပါတယ်။

အဲဒီနောက်  “ဂန်ဘီနာ” လည်း ဟန်ဒါအွန်ကို သွားတွေ့တဲ့အခါမှာတော့ ဟန်ဒါအွန်က  “ဂန်ဘီနာ” ကို တနေ့ကမူးတဲ့ကိစ္စကို တောင်းပန်ရင်း စကားစပြောလိုက်ပါတယ်။  

“ဂန်ဘီနာ” ကတော့ လိုရင်းကိုသာပြောဖို့ ပြောလိုက်တာကြောင့် ဟန်ဒါအွန်လည်း ဝန်ချန်ဆွန်းက သက်သေမယ့်သူမဟုတ်တာကြောင့် နစ်နာသူမိသားစုနဲ့ တွေ့ပြီး စကားပြောကြည့်ဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် ရဲတွေအမှုစစ်တွေက ချွဲဝန်ဂျွန်းအမှုကို လိုက်ဖုံးဖိနေကြတာကြောင့် အကြောင်းအရင်းကို ကူရှာပေးဖို့ကူညီတောင်းလိုက်ပါတယ်။  

“ဂန်ဘီနာ” ကတော့ ရဲတွေတောင်ရှာမရတာ သူလဲမကူညီနိုင်ကြောင်းပြန်ပြောရင်း ထွက်သွားဖို့လုပ်လိုက်ပါတယ်။

ဟန်ဒါအွန်လည်း  “ဂန်ဘီနာ” ကို နတ်ဆိုးဖြစ်တာကြောင့်လို့ ထပ်ပြောလိုက်ပြီး  “ဂန်ဘီနာ” အပြင် တခြားဘယ်သူ့ကိုမှ စဉ်းစားမရတာကြောင့်လို့ ပြောလိုက်ပါတယ်။  

“ဂန်ဘီနာ” လည်း ဟန်ဒါအွန်စကားကြောင့် ရုတ်တရက်တွေဝေသွားပြီး ဝန်ချန်ဆွန်းရဲ့အလောင်းဘယ်မှာလဲလို့ မေးလိုက်ပါတယ်။

အဲဒါကြောင့် ဟန်ဒါအွန်လည်း  “ဂန်ဘီနာ” ကို အလောင်းထိမ်းသိမ်းထားတဲ့နေရာကို ခေါ်လာခဲ့ပြီး ဝန်ချန်ဆွန်းအလောင်းကိုပြလိုက်ပါတယ်။  

“ဂန်ဘီနာ” လည်း အလောင်းရဲ့နဖူးကိုကိုင်ပြီး သတ်သေတာဟုတ်မဟုတ် ကြည့်လိုက်ပါတယ်။

ဝန်ချန်ဆွန်းကတော့ ချွဲဝန်ဂျွန်းရဲ့ရိုက်နှက်တာခံရပြီး နောက် ဒဏ်ရာဒဏ်ချက်တွေနဲ့ ဝန်ချန်ဆွန်းကို တောထဲမှာလူမိုက်တွေက ကြိုးဆွဲချသတ်ပြီး သတ်သေတဲ့ပုံစံ လုပ်ခဲ့တာဖြစ်ပါတယ်။

အကြောင်းစုံကိုသိသွားပေမယ့်  “ဂန်ဘီနာ” ကတော့ ဟန်ဒါအွန်ကို သတ်သေတာလို့ပဲ လိမ်ပြောလိုက်ပါတယ်။

အဲဒီချိန်မှာတော့ ဟွမ်ချွန်းရပ်ကွက်နားက ကားထဲမှာ အဖွဲ့မှူးနဲ့ ရဲ ဘဲ့ဒုံဟွန်းက စကားပြောရင်း တရားခံကိုစောင့်ဖမ်းနေခဲ့ပါတယ်။

အဲဒီချိန် ဘဲ့ဒုံဟွန်းက ဗိုက်ဆာလာတာကြောင့် မုန့်သွားဝယ်ဖို့ လုပ်လိုက်ပါတယ်။ ဘဲ့ဒုံဟွန်းက အဖွဲ့မှူးကိုဘာဖြစ်ဖြစ် တစ်ယောက်ထဲ မလှုပ်ရှားဘဲသူ့ကို စောင့်နေဖို့မှာရင်း မုန့်သွားဝယ်ဖို့ ကားထဲကထွက်သွားခဲ့ပါတယ်။

အဲဒီချိန်မှာတော့ ဗီလာပိုင်ရှင်မိန်းမက ညဘက်တစ်ယောက်ထဲ လမ်းလျှောက်နေ တာကြောင့် အဖွဲ့မှူးက စိတ်ပူပြီး အိမ်ပြန်လိုက်ပို့ပေးမယ်လို့ ပြောလိုကိပါတယ်။

ပိုင်ရှင်မိန်းမကတော့ လိုက်ပို့ပေးဖို့ကို ငြင်းလိုက်ပြီး တစ်ယောက်ထဲ အဆင်ပြေကြောင်းပြောကာ ထွက်သွားခဲ့ပါတယ်။

ခဏအကြာမှာတော့ အဖွဲ့မှူးလည်း ကားထဲမှာစောင့်နေရင်း တစ်နေရာကနေ မျက်နှာဖုံးနဲ့လူသတ်သမားက ထွက်လာခဲ့ပါတယ်။

အဖွဲ့မှူးလည်း မျက်နှာဖုံးလူသတ်သမားအိတ်ထဲက ဓားပုံစံကို မှတ်မိသွားပြီး ဘဲ့ဒုံဟွန်းကို ဖုန်းဆက်လိုက်ပါတယ်။

ဒါပေမယ့် ဘဲ့ဒုံဟွန်းက ဖုန်းပြောနေတာကြောင့် ဖုန်းမအားဖြစ်နေခဲ့ပါတယ်။

အဖွဲ့မှူးလည်း ဘဲ့ဒုံဟွန်းကိုစောင့်မနေတော့ဘဲ လွတ်သွားမှာစိုးတာကြောင့် အနောက်ကနေ တစ်ယောက်ထဲပဲ လိုက်သွားပါတော့တယ်။

အဲဒီနောက် လမ်းကြားထဲကို မျက်နှာဖုံးနဲ့လူက ဝင်သွားတာကြောင့် အနောက်ကနေ ပြေးလိုက်ပြီး အဖွဲ့မှူးနဲ့တိုက်ခိုက်ကြပါတော့တယ်။

မျက်နှာဖုံးနဲ့လူလည်းတိုက်ခိုက်နေရင်း အဖွဲ့မှူးလက်က ထွက်ပြေးသွားပြီး အဖွဲ့မှူးလည်း အနောက်ကနေလိုက်ဖမ်းခဲ့ပါတယ်။

တစ်နေရာမှာတော့ အဖွဲ့မှူးလည်း  မျက်နှာဖုံးနဲ့လူကို ဂျောင်ပိတ်မိသွားပြီး သေနတ်နဲ့ချိန်ထားလိုက်ပါတယ်။

အဲဒီနောက် အဖွဲ့မှူးလည်း ဟန်ဒါအွန် မိသားစုကိုသတ်ခဲ့တဲ့ လူသတ်သမားမှန်းသိတာကြောင့် ၂၅ နှစ်လောက်စောင့်ခဲ့ရတယ်လို့ မျက်နှာဖုံးနဲ့လူကိုပြောနေခဲ့ပါတယ်။

တစ်ဖက်မှာတော့  “ဂန်ဘီနာ” နဲ့ ဟန်ဒါအွန်က ကားပေါ်မှာ ဝန်ချန်ဆွန်းအလောင်း ကိစ္စအကြောင်း စကားပြောရင်း ဟွမ်ချွန်းရပ်ကွက်ကို ပြန်လာခဲ့ကြပါတယ်။

ရပ်ကွက်ထဲအရောက်မှာတော့ ဘဲ့ဒုံဟွန်း မုန့်ဝယ်ပြီးထွက်လာတာတွေ့လိုက်တာကြောင့် ဟန်ဒါအွန်လည်း ကားပေါ်ကဆင်းပြီး ဒီကိုဘာလာလုပ်တာလဲလို့မေးလိုက်ပါတယ်။

ဘဲ့ဒုံဟွန်းလည်း စုံစမ်းစရာရှိလို့ အဖွဲ့မှူးနဲ့လာတာဖြစ်ကြောင်း ပြောရင်း ကားထဲကိုကြည့်လိုက်တဲ့အခါမှာတော့ အဖွဲ့မှူးက ရှိမနေခဲ့ပါဘူး။

အဲဒီအချိန်မှာပဲ သေနတ်ပစ်သံကြားလိုက်ရပြီး ဘဲ့ဒုံဟွန်းနဲ့ ဟန်ဒါအွန်လည်း စိတ်ပူကာ အဖွဲ့မှူးကို အသည်းအသန်ပြေးပြီး လိုက်ရှာကြပါတော့တယ်။

ဟန်ဒါအွန်လည်း အဖွဲ့မှူးကိုလိုက်ရှာရင်း တစ်နေရာအရောက်မှာတော့ လမ်းတစ်နေရာမှာ သွေးတွေအများကြီးကိုတွေ့လိုက်ရပါတော့တယ်။

ဟန်ဒါအွန်တစ်ယောက် အဖွဲ့မှူးကိုအရမ်းစိတ်ပူသွားခဲ့ပြီး  “ဂန်ဘီနာ” ကတော့ စိတ်ပူနေတဲ့ ဟန်ဒါအွန်ကို ဘေးကရပ်ကြည့်နေခဲ့ပါတော့တယ်။

ချွဲ၀န်ဂျွန်းအမှုရဲ့ အမှန်တရားကို ရှာဖွေချင်တဲ့ ဟန်ဒါအွန်ကတော့  “ဂန်ဘီနာ” ကို အကူအညီတောင်းခဲ့ပြီး အတူတူ ဟွမ်ချွန်းရပ်ကွက်ကို ပြန်လာခဲ့ကြပါတယ်။

ဟွမ်ချွန်းရပ်ကွက်မှာတော့ အဖွဲ့မှူး ဂင်ဆိုယောင်းတစ်ယောက် လွန်ခဲ့တဲ့ ၂၅ နှစ်က ဟန်ဒါအွန် မိသားစုလူသတ်မှု တရားခံဂျေကို လိုက်ဖမ်းနေခဲ့ပါတယ်။

ဟန်ဒါအွန်လည်း မုန့်ဝယ်ပြီး ပြန်လာတဲ့ စီနီယာဘဲ့ဒုံဟွန်းနဲ့ တွေ့ကာ အဖွဲ့မှူးက တရားခံကို တစ်ယောက်တည်း သွားဖမ်းတာကို သိလိုက်ရပါတယ်။

ခဏအကြာမှာတော့ သေနတ်ပစ်သံကြားလိုက်ရပြီး ဟန်ဒါအွန်လည်း အဖွဲ့မှူးကို စိတ်ပူကာ လိုက်ရှာရင်း လမ်းတစ်နေရာမှာ သွေးတွေကို တွေ့လိုက်ရပါတယ်။  

“ဂန်ဘီနာ” လည်း ဟန်ဒါအွန် အနောက်ကနေ လိုက်လာခဲ့ပြီးနောက် သွေးတွေကို မြင်လိုက်ရပါတယ်။

အဲ့ဒီအချိန်မှာပဲ  “ဂန်ဘီနာ” တစ်ယောက် ဟန်ဒါအွန် စိတ်ပူနေတဲ့ပုံကို ကြည့်ပြီး သူပါ နှလုံးတွေခုန်ကာ နေလို့မကောင်း ဖြစ်လာခဲ့ပါတယ်။

နောက်တော့ ဗီလာမှာ ပိုင်ရှင်မိန်းမ၊ မင်ဂျွန်းတို့သားမိနှစ်ယောက်နဲ့အတူ  “ဂန်ဘီနာ” တို့က စုဝေးပြီး ထိုင်နေခဲ့ကြပါတယ်။

ပိုင်ရှင်မိန်းမလည်း အကုန်လုံးကို စိတ်ပူတာကြောင့် ညဘက်တွေ အပြင်သွားရင် ဂရုစိုက်ဖို့ မှာရင်း ရဲအဖွဲ့မှူး ဂင်ဆိုယောင်း ပျောက်သွားတာကို ဆုတောင်းပေးနေခဲ့ကြပါတယ်။

ရဲဌာနမှာတော့ အဖွဲ့မှူး ဂင်ဆိုယောင်း ပျောက်သွားတာကို အစည်းအဝေး လုပ်နေခဲ့ကြပါတယ်။

အဲ့ဒီနောက် ရဲမှူးရဲ့ အမိန့်နဲ့ ဟန်ဒါအွန်တို့ စုံစမ်းရေးအဖွဲ့ကို အဖွဲ့မှူးကို ရှာဖို့ လက်ရှောင်ခိုင်းလိုက်ပါတယ်။

ဟန်ဒါအွန်တို့လည်း သူတို့အဖွဲ့မှူးကို မရှာခိုင်းတာကြောင့် ဒေါသထွက်သွားခဲ့ပါတယ်။

ရဲမှူးရဲ့ အမိန့်ဖြစ်တာကြောင့် ဟန်ဒါအွန်တို့လည်း မတတ်နိုင်ဘဲ စိတ်ညစ်သွားခဲ့ရပါတယ်။

အဲ့ဒီနောက် ဟန်ဒါအွန်နဲ့ ဘဲ့ဒုံဟွန်းတို့လည်း ရဲစခန်းကို စိတ်ဓာတ်ကျပြီး ပြန်ရောက်လာခဲ့ကြပါတယ်။

ဟန်ဒါအွန်တို့ မှိုင်နေကြတုန်း အဖွဲ့ထဲက ရဲ အွန်းဆော့က ဘဲ့ဒုံဟွန်းကို အဖွဲ့မှူးပျောက်တာ ဘဲ့ဒုံဟွန်း မုန့်ထွက်ဝယ်လို့ ဖြစ်ရတာ ဆိုပြီး အပြစ်တင်ပါတော့တယ်။

ဟန်ဒါအွန်လည်း ဘဲ့ဒုံဟွန်းကို အပြစ်မတင်ဖို့ အွန်းဆော့ကို ပြောလိုက်ပါတယ်။

ဘဲ့ဒုံဟွန်းကတော့ သူ့ကြောင့် ဖြစ်ရတာဖြစ်ကြောင်း ထပ်ပြောရင်း ဝမ်းနည်းနေခဲ့ပါတယ်။

ဟန်ဒါအွန်ကတော့ အဖွဲ့မှူးက အဲ့လိုမျိုး လွယ်လွယ်နဲ့ ပျောက်သွားမှာ မဟုတ်တာကြောင့် ပြန်လာမှာဖြစ်ကြောင်း ပြောလိုက်ပါတယ်။

 

အဲ့ဒီနောက်တော့ ဟန်ဒါအွန်က အဖွဲ့မှူးအိမ် ခဏသွားမှာကြောင့် အွန်းဆော့ကို စီနီယာဒုံဟွန်းကို ဂရုစိုက်ဖို့ မှာခဲ့ပြီး ထွက်သွားပါတော့တယ်။

အဖွဲ့မှူးအိမ်မှာတော့ သမီးဖြစ်သူ ဒါဟီက သူ့အမေ ပျောက်နေတာကြောင့် အဖေနဲ့အတူ ငိုနေခဲ့ပါတယ်။

ဟန်ဒါအွန် ရောက်လာတဲ့အချိန်မှာ ဒါဟီက ဟန်ဒါအွန်ကို အမေဖြစ်သူကို ရှာပေးဖို့ ငိုယိုပြောခဲ့တာကြောင့် ဟန်ဒါအွန်လည်း ဒါဟီကို ဖက်ပြီး နှစ်သိမ့်ပေးလိုက်ရပါတယ်။

ဒါဟီ့အဖေ ဂျူဟျောင်းဆော့ဟာလည်း ရဲတစ်ယောက်ဖြစ်တာကြောင့် သူ့မိန်းမ ရှာထားတဲ့ တရားခံဂျေရဲ့ အချက်အလက်တွေကို ဟန်ဒါအွန်ကို ထုတ်ပြခဲ့ပါတယ်။

ဟန်ဒါအွန်လည်း အံ့ဩသွားခဲ့ပြီး သူ့မိသားစုကို သတ်ခဲ့တဲ့ လူသတ်သမားကို အဖွဲ့မှူးက လိုက်ရှာနေခဲ့တယ်ဆိုတာကို သိသွားခဲ့ပါတယ်။

ဂျူဟျောင်းဆော့လည်း ဟန်ဒါအွန်ကို ဒီအမှုကို တာဝန်ကျေအောင် ဆက်လုပ်ဖို့ မှာရင်း အဖွဲ့မှူးကလည်း လွယ်လွယ်နဲ့ ခံရမယ့်သူ မဟုတ်တာကြောင့် ပြန်လာမယ်ဆိုတာ ယုံကြည်ပေးထားဖို့ပြောကာ အားပေးလိုက်ပါတယ်။

ဟန်ဒါအွန်လည်း အဖွဲ့မှူးရှာခဲ့တဲ့ ဖိုင်တွေကိုကြည့်ရင်း ဝမ်းနည်းသွားခဲ့ပြီး အဖွဲ့မှူးရဲ့ တာဝန်ကို ကျေအောင် ဆက်လုပ်ဖို့ ပြန်အားတင်းလိုက်ပါတယ်။

မနက်ရောက်တဲ့အချိန်မှာတော့ ဟန်ဒါအွန်က ဗီလာကို ပြန်ရောက်လာခဲ့ပါတယ်။  

“ဂန်ဘီနာ” လည်း အခန်းထဲက ထွက်လာပြီး ဟန်ဒါအွန်ကို တွေ့တဲ့အခါမှာတော့ အခုမှ အလုပ်က ပြန်လာတာလားဆိုပြီး မေးလိုက်ပါတယ်။

ဟန်ဒါအွန်လည်း အခုမှ ပြန်လာတာဖြစ်ကြောင်း ပြန်ဖြေလိုက်ပြီး  “ဂန်ဘီနာ” က အဖွဲ့မှူးကို ရှာတွေ့ပြီလားဆိုပြီး ထပ်မေးလိုက်ပါတယ်။

ဟန်ဒါအွန်ကတော့ အဖွဲ့မှူးက ပြန်လာမှာဖြစ်တာကြောင့် အဆင်ပြေကြောင်းပြောကာ အခန်းထဲ ဝင်သွားခဲ့ပါတယ်။

 “ဂန်ဘီနာ” လည်း ဟန်ဒါအွန် စိတ်ညစ်နေတာကို ကြည့်ရင်း စိတ်မကောင်း ဖြစ်နေခဲ့တာကြောင့် မှန်ထဲမှာ အဖွဲ့မှူး ဂင်ဆိုယောင်း နာမည်ကို ရေးပြီး ကြည့်မလို့ လုပ်လိုက်ပါတယ်။

နောက်တော့မှ  “ဂန်ဘီနာ” လည်း အဆုံးထိ ဆက်မရေးလိုက်ဘဲ ဟန်ဒါအွန်က ပြန်လာမယ်လို့ ယုံကြည်နေရင် ပြန်လာမှာဖြစ်ကြောင်း တွေးလိုက်ကာ မှန်ကို ပိတ်လိုက်ပါတယ်။

နောက်တော့  “ဂန်ဘီနာ” ဟာ ဟန်ဒါအွန်ရဲ့ ဖုန်းနံပါတ်ကို စိုက်ကြည့်ရင်း စိတ်ပူနေခဲ့ပေမယ့် ဖုန်းခေါ်ဖို့ကိုတော့ တွေဝေနေခဲ့ပါတယ်။

ခဏအကြာမှာတော့ ဟန်ဒါအွန်ဆီက စာရောက်လာခဲ့ပြီး ချွဲ၀န်ဂျွန်းအမှုမှာ နစ်နာသူရဲ့ မိတ်ဆွေဆီကို သူနဲ့အတူ သွားတွေ့ဖို့ ပြောထားတဲ့စာ ဖြစ်နေခဲ့ပါတယ်။  

“ဂန်ဘီနာ” လည်း သွားတွေ့ဖို့ စိတ်မဝင်စားကြောင်း ပို့ဖို့လုပ်လိုက်ပေမယ့် စိတ်လျှော့လိုက်ပြီး သွားတွေ့ဖို့ကို လက်ခံကြောင်း စာပြန်ပို့လိုက်မိပါတယ်။

 “ဂန်ဘီနာ” နဲ့ ဟန်ဒါအွန်လည်း ချန်၀န်ဆွန်းရဲ့ လုပ်ဖော်ကိုင်ဖက်ကို သွားတွေ့ပြီး ချန်၀န်ဆွန်းက လောင်းကစားအကြွေးတွေကြောင့် ဥက္ကဋ္ဌချွဲ၀န်ဂျွန်းကို ငွေညစ်ခဲ့တယ်ဆိုတာ အမှန်လားဆိုပြီး မေးလိုက်ပါတယ်။

ချန်၀န်ဆွန်းရဲ့ မိတ်ဆွေလည်း ချန်၀န်ဆွန်းဟာ သူ့သမီးရောဂါကြောင့် ပိုက်ဆံလိုတာ မှန်ပေမယ့် လောင်းကစားလုပ်မယ့်သူတော့ မဟုတ်တာကြောင့် အာမခံရဲကြောင်း ပြောလိုက်ပါတယ်။

ဟန်ဒါအွန်လည်း ဒီအကြောင်းတွေကို သက်သေထွက်ဆိုပေးဖို့ ချန်၀န်ဆွန်းမိတ်ဆွေကို တောင်းဆိုလိုက်တာကြောင့် ချန်၀န်ဆွန်း မိတ်ဆွေလည်း ချန်၀န်ဆွန်း မတရားခံရတာအတွက် သက်သေလုပ်ပေးဖို့ သဘောတူလိုက်ပါတယ်။

 

နောက်နေ့ တရားခွင်ရောက်တဲ့အချိန်မှာတော့ သက်သေထွက်ဆိုမယ့် ချန်၀န်ဆွန်း မိတ်ဆွေက တရားခွင်ကို ရောက်လာဖို့ ကြာနေခဲ့ပါတယ်။  

“ဂန်ဘီနာ” လည်း ခဏထပ်စောင့်ဖို့ အတွက် ပြောလိုက်ပြီး ခဏအကြာမှာတော့ ချန်၀န်ဆွန်း မိတ်ဆွေက ပြာတိပြာယာနဲ့ ရောက်လာခဲ့ပါတယ်။

အဲ့ဒီနောက် မဟုတ်မမှန်တဲ့ လောင်းကစားကြောင့် အကြွေးတင်ကာ ဥက္ကဋ္ဌကို ငွေညစ်တယ်ဆိုပြီး လိမ်လည်ထွက်ဆိုခဲ့ပါတော့တယ်။

ချွဲ၀န်ဂျွန်းတစ်ယောက်ကတော့ စိတ်မကောင်းဖြစ်သလို ပုံနဲ့လုပ်နေခဲ့ပြီး ကွယ်ရာမှာ ကြိတ်ပြုံးနေခဲ့ပါတယ်။  

“ဂန်ဘီနာ” လည်း ချွဲ၀န်းဂျွန်းဆီက နှုတ်ပိတ်ခြိမ်းခြောက်ခံထားရတာကြောင့် ပေါင်းလိမ်နေကြတဲ့ အကြောင်းစုံကို သိသွားခဲ့ပြီး အမိန့်ချမယ့်နေ့ သတ်မှတ်လိုက်ပါတယ်။

သက်သေထွက်ဆိုတဲ့ ချန်၀န်ဆွန်း မိတ်ဆွေလည်း သူ့ကိုယ်သူ လိမ်လည်ထွက်ဆိုတာကို မလုံမလဲဖြစ်ပြီး တရားခွင်ကနေ ဝမ်းနည်းပြီး ပြေးထွက်သွားပါတော့တယ်။

ဟန်ဒါအွန်လည်း အနောက်ကနေ ချက်ချင်းပြေးလိုက်သွားတဲ့အခါမှာတော့ ချန်၀န်ဆွန်းမိတ်ဆွေက ဟန်ဒါအွန်ကို ငိုယိုတောင်းပန်နေခဲ့ပါတော့တယ်။

အဲ့ဒီနောက်မှာတော့ လွှတ်တော်အမတ်ဂျောင်နဲ့ ချွဲ၀န်ဂျွန်းအဖေ ဥက္ကဋ္ဌကြီးတို့နဲ့အတူ တရားခွင်အောင်မြင်တဲ့အတွက်  “ဂန်ဘီနာ” ကို ခေါ်ကာ ညစာကျွေးခဲ့ကြပါတယ်။

အကုန်လုံးက  “ဂန်ဘီနာ” ကို ဝိုင်းကျေးဇူးတင်နေကြပြီး  “ဂန်ဘီနာ” ကတော့ စိတ်ပျက်နေပေမယ့်လည်း ဟန်ဆောင်ကာ ခပ်ချေချေနဲ့ပဲ ပြန်ပြောနေခဲ့ပါတယ်။

 “ဂန်ဘီနာ” တစ်ယောက် စိတ်ပျက်ပျက်နဲ့ ညစာစားခဲ့ရပြီး နောက်တော့ စတိုးဆိုင်က ဂလယ်မိုရီဆီ ရောက်လာခဲ့ပါတယ်။

ဂလယ်မိုရီက စုံစမ်းခိုင်းထားတဲ့ လူသတ်သမားဂျေရဲ့ နောက်ဆုံးကျန်ခဲ့တဲ့သူကို ရှာတွေ့ပြီလို့  “ဂန်ဘီနာ” ကို ပြောလိုက်ပါတယ်။  

“ဂန်ဘီနာ”  ကြည့်လိုက်တဲ့အချိန်မှာတော့ သက်သေဟာ ဟန်ဒါအွန်ဖြစ်နေခဲ့ပါတယ်။  

“ဂန်ဘီနာ” လည်း အံ့ဩသွားခဲ့တာကြောင့် ဂလယ်မိုရီက ဝမ်းနည်းသွားတာလားဆိုပြီး မေးလိုက်ပါတယ်။  

“ဂန်ဘီနာ” က ငရဲပြန်ရတော့မှာမို့ ပျော်နေခဲ့တာဖြစ်ကြောင်း ပြောလိုက်ပြီး ဓာတ်ပုံကို ဆက်ကြည့်နေမိခဲ့ပါတယ်။

ဂလယ်မိုရီလည်း ဈေးဝယ်လာတာကြောင့် ဈေးထရောင်းရင်း  “ဂန်ဘီနာ” ကို အနောက်ကနေ မယုံသင်္ကာဖြစ်ပြီး ကြည့်နေခဲ့ပါတော့တယ်။

ရဲစခန်းမှာတော့ ဟန်ဒါအွန်က  “ဂန်ဘီနာ”  လွှတ်မိန့်ချလိုက်တိုင်း သေသွားကြတာကြောင့် နောက်ပစ်မှတ်ဖြစ်လာနိုင်လို့ ကာကွယ်ရမယ့်အကြောင်း ဘဲ့ဒုံဟွန်းနဲ့ အွန်းဆော့ကို ပြောနေခဲ့ပါတယ်။

အွန်းဆော့က ချွဲ၀န်ဂျွန်းကို သေသေရှင်ရှင် လွှတ်ထားဖို့ပြောပေမယ့် ဘဲ့ဒုံဟွန်းကတော့ ရဲတစ်ယောက်က ဒီလိုပြောရမလားဆိုပြီး လှမ်းပြောလိုက်ပါတယ်။

ဟန်ဒါအွန်လည်း အဖွဲ့မှူးဆိုရင်လည်း ဒီလိုပဲ ကာကွယ်ခိုင်းမှာဖြစ်ကြောင်း ပြောလိုက်တာကြောင့် အွန်းဆော့လည်း လက်ခံလိုက်ရပါတော့တယ်။

ဟန်ဒါအွန်ဟာ အခန်းအပြင်ထွက်လာတဲ့အချိန်မှာတော့  “ဂန်ဘီနာ” က အဖွဲ့မှူး ဂင်ဆိုယောင်းနဲ့ ဟန်ဒါအွန်ရဲ့ ဓာတ်ပုံကိုကြည့်ပြီး အရင်က ဆုံခဲ့ဖူးတဲ့ အချိန်တွေကို ပြန်တွေးနေခဲ့ပါတယ်။

ဟန်ဒါအွန်လည်း  “ဂန်ဘီနာ” ကို တွေ့သွားပြီး လာရင်းကိစ္စကို မေးလိုက်ပါတယ်။

နောက်တော့ နှစ်ယောက်သား ခေါင်မိုးထပ်မှာ စကားပြောခဲ့ကြပါတယ်။  

“ဂန်ဘီနာ” က ဟန်ဒါအွန်ကို ငယ်ငယ်က အသတ်ခံရတဲ့ မိသားစုအကြောင်း မေးမလို့လုပ်ခဲ့ပေမယ့် ဝမ်းနည်းလာတာကြောင့် စကားလမ်းကြောင်းလွှဲကာ မမေးဘဲ ပြန်ဖို့လုပ်လိုက်ပါတယ်။

ဟန်ဒါအွန်ကတော့ မနက်ဖန် တရားခွင်မှာ ဘာမှမတွေးဘဲ အကောင်းဆုံးသာ လုပ်ဖို့ ပြောလိုက်ပါတယ်။  

“ဂန်ဘီနာ” လည်း ဟန်ဒါအွန်ပြောတာကို လက်ခံလိုက်ပြီး ထွက်သွားပါတော့တယ်။

တရားခွင်ရောက်တဲ့အခါမှာတော့  “ဂန်ဘီနာ” က ချွဲ၀န်ဂျွန်းကို အမိန့်ချမယ့်အကြောင်း ပြောလိုက်ပြီး ထောင်ဒဏ် ၁ နှစ်နဲ့ စောင့်ကြည့်ကာလ ၂ နှစ် ချမှတ်လိုက်ပြီး လူထုကလည်း စိတ်ပျက်သွားကြပါတော့တယ်။

သတင်းသမားတစ်ယောက်ကလည်း ဖြစ်စဉ်တွေကို သတင်းရေးနေခဲ့ပါတယ်။

အမိန့်ချပြီး  “ဂန်ဘီနာ” လည်း တရားခွင်က ထွက်သွားဖို့လုပ်တဲ့အချိန်မှာတော့ ချန်၀န်ဆွန်းသမီး ယူဂယောင်းက  “ဂန်ဘီနာ” ကို ဘာကြောင့် ဒီလို တရားမမျှတတဲ့ စီရင်ချက် ချရတာလဲဆိုပြီး ငိုကာ လှမ်းမေးခဲ့ပါတယ်။  

“ဂန်ဘီနာ” ကတော့ သူ့လုပ်နည်းအတိုင်း လုပ်ရတာဖြစ်ကြောင်း ပြောလိုက်တဲ့အခါမှာတော့ ယူဂယောင်းတစ်ယောက် ရောဂါကြောင့် စိတ်ထိခိုက်ပြီး မေ့လဲသွားပါတော့တယ်။  

“ဂန်ဘီနာ” လည်း စိတ်ထဲ နေလို့မကောင်း ဖြစ်သွားပြီး ဟန်ဒါအွန်ကို လှမ်းကြည့်လိုက်မိပါတယ်။

ဟန်ဒါအွန်ကတော့  “ဂန်ဘီနာ” ကို အရင်တိုင်း ဝမ်းနည်းဒေါသမျက်လုံးတွေနဲ့ စိုက်ကြည့်နေခဲ့တာကြောင့်  “ဂန်ဘီနာ” တစ်ယောက် ငိုချင်လာခဲ့ပါတော့တယ်။

အဲ့တာကြောင့်ပဲ  “ဂန်ဘီနာ” လည်း စိတ်ကိုပြန်ထိန်းပြီး တရားခွင်က အမြန်ဆုံး ထွက်သွားပါတော့တယ်။

အဲ့ဒီနောက် တရားသူကြီးချုပ် ရုံးခန်းထဲမှာတော့  “ဂန်ဘီနာ” ကို သတင်းစာထဲမှာ မကောင်းသတင်းတွေ ရေးထားတဲ့ အကြောင်းကို တရားသူကြီးချုပ်က မကျေနပ်ကြောင်း ပြောနေခဲ့ပါတယ်။  

“ဂန်ဘီနာ” လည်း အမှန်ဖြစ်တာကြောင့် လက်ခံလိုက်ဖို့ တရားသူကြီးချုပ်ကို ပြန်ပြောလိုက်ပါတယ်။

ဒါ့အပြင် လွှတ်တော်အမတ်ဂျောင်ကိုလည်း ဂုဏ်ပြုကြောင်း ပြောခိုင်းလိုက်ပြီး ရုံးခန်းထဲက ထွက်သွားပါတော့တယ်။

ရုံးခန်းထဲက ထွက်လာတဲ့အချိန်မှာ  “ဂန်ဘီနာ” ရဲ့ အတို့အထောင် လုပ်ဖော်ကိုင်ဖက်နှစ်ယောက်ကို တွေ့လိုက်ရပါတယ်။

“ဂန်ဘီနာ” လည်း သတင်းတွေအကြောင်း လာပြောမှာ ကြိုသိနေတာကြောင့် အရင်ကြိုပြောပြီး အလုပ်ကနေလည်း မကြာခင် ထွက်တော့မှာဖြစ်ကြောင်း ပိတ်ပြောလိုက်ပါတယ်။

လုပ်ဖော်ကိုင်ဖက် နှစ်ယောက်လည်း  “ဂန်ဘီနာ”  ကြိုသိနေတာကြောင့် အံ့ဩနေတဲ့ အကြည့်နဲ့ ကြည့်နေကြပါတယ်။

 “ဂန်ဘီနာ”  သူ့ရုံးခန်းထဲ ပြန်ရောက်တဲ့အချိန်မှာတော့ ဗဲလ်လက်နဲ့ စာရေးမက ဖုန်းကိုယ်စီပြောရင်း အလုပ်ရှုပ်နေခဲ့ကြပါတယ်။  

“ဂန်ဘီနာ” ကို ဝိုင်းအပြစ်တင် ပြောဆိုနေကြတဲ့ ဖုန်းတွေလာနေတာကို ဒိုင်ခံဖြေရှင်းနေရတာကြောင့်  “ဂန်ဘီနာ” လည်း ဖုန်းလိုင်းတွေကို ဆွဲဖြုတ်ပြီး သူ့ကြောင့်နဲ့ အလုပ်မရှုပ်စေချင်ကြောင်းပြောပြီး အခန်းထဲ ဝင်သွားခဲ့ပါတယ်။

အဲ့ဒီချိန် ဗဲလ်လက်လည်း အနောက်ကနေ လိုက်ဝင်လာပြီး ချန်၀န်ဆွန်းကို သတ်ခဲ့တဲ့ လူမိုက်တွေကို ငရဲပို့ဖို့အတွက် တည်နေရာကို ဂလယ်မိုရီ စုံစမ်းနေတဲ့အကြောင်း ပြောရင်း ဂလယ်မိုရီကို သတိထားဖို့  “ဂန်ဘီနာ” ကို ပြောပြနေခဲ့ပါတယ်။  

“ဂန်ဘီနာ” ကတော့ စိတ်မဝင်စားဘဲ ကိုယ့်အလုပ်ကိုယ်လုပ်ဖို့သာ ဗဲလ်လက်ကို ပြောလိုက်ပါတော့တယ်။

အဲ့ဒီနောက်  “ဂန်ဘီနာ” က ချန်၀န်ဆွန်းသမီး ယူဂယောင်းရဲ့အခြေအနေကို မေးလိုက်ပါတယ်။

ဗဲလ်လက်က ဆေးရုံမှာရှိနေတဲ့အကြောင်း ပြောရင်း  “ဂန်ဘီနာ” ကို စိတ်ပူနေတာလားလို့ မေးလိုက်ပါတယ်။  

“ဂန်ဘီနာ” ကတော့ စိတ်ပူနေတာ မဟုတ်ကြောင်း ပြန်ပြောလိုက်ပြီး ဗဲလ်လက်ကို ထွက်သွားခိုင်းလိုက်ပါတယ်။

ဆေးရုံမှာကတော့ ယူဂယောင်းတစ်ယောက် ဆေးသွင်းတာ ရပ်တန့်လိုက်ပြီ ဖြစ်တာကြောင့် စိတ်ကို ပြင်ဆင်ထားဖို့ ဆရာဝန်က ယူဂယောင်းအမေကို ပြောနေခဲ့ပါတယ်။

ယူဂယောင်းအမေလည်း ငိုယိုနေခဲ့ပြီး ခဏအကြာမှာတော့ ယူဂယောင်းတစ်ယောက် ပြန်နိုးလာခဲ့ပြီး ရေတောင်းရင်း ထထိုင်နေခဲ့ပါတယ်။

ဆရာဝန်လည်း သေရာကပြန်ရှင်လာတဲ့ ယူဂယောင်းကို အံ့ဩပြီး ကြည့်နေမိပါတော့တယ်။

တစ်ဖက်မှာတော့ တီဗီကနေ ချန်ဝန်ဆွန်းကို ပြန်ပေးဆွဲခဲ့တဲ့ လူမိုက်တွေ မီးလောင်ပြီး သေဆုံးဆုံးသွားခဲ့တယ်ဆိုတဲ့ သတင်းလာနေခဲ့ပါတယ်။

သန့်ရှင်းရေးနတ်ဆိုးနှစ်ယောက်ထဲက ယန်းဆောင်းဘင်းလို့ခေါ်တဲ့ နတ်ဆိုးက ယူဂယောင်းကို ကြိုက်နေခဲ့တာဖြစ်ပြီး ဂလဲ့စားချေတဲ့အနေနဲ့ လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

ဂင်ဂျယ်ဟွန်းလို့ခေါ်တဲ့ တခြားနတ်ဆိုးလည်း ယန်းဆောင်းဘင်းကို  “ဂန်ဘီနာ”  သတ်ရမယ့်အလုပ်ကို ဝင်လုသတ်တာသာသိရင်  “ဂန်ဘီနာ” သတ်တာ ခံရမယ့်အကြောင်း သတိပေးလိုက်ပါတယ်။

ယန်းဆောင်းဘင်းလည်း ဂင်ဂျယ်ဟွန်းသာ လျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးထားရင် သတ်ခံရမှာ မဟုတ်ကြောင်း ပြန်ပြောလိုက်ပါတယ်။

အဲ့ဒီချိန် ဆေးရုံမှာ ဆရာဝန်က ယူဂယောင်းတို့သားမိကို ကင်ဆာအကြိတ်က တဖြည်းဖြည်း သေးလာကြောင်း ပြောပြနေပါတယ်။

ယူဂယောင်းတို့သားမိလည်း ဝမ်းသာနေခဲ့ကြပြီး ဆရာဝန်လည်း ဆေးရုံစရိတ်အတွက် မပူဘဲ ဆေးလာကုဖို့သာ မှာနေခဲ့ပါတယ်။

ယူဂယောင်းက ဆေးရုံစရိတ်အလှူရှင်ကို ဘယ်သူလဲလို့မေးတဲ့အခါမှာတော့ ဆရာဝန်လည်း အလှူရှင်က လူသိမခံချင်ကြောင်း ပြောပြပြီး စိတ်ရှင်းရှင်းနဲ့သာ ကုသမှုခံယူဖို့ ပြောပြခဲ့ပါတယ်။

တဖက်မှာတော့ သန့်ရှင်းရေးနတ်ဆိုး ယန်းဆောင်းဘင်းလည်း ဂင်ဂျယ်ဟွန်းကို နတ်ဆိုးတွေက အလှူငွေလှူခွင့်မရှိကြောင်း ပြောလိုက်တာကြောင့် ဂင်ဂျယ်ဟွန်းလည်း လူမိသွားပြီး မကျေနပ်ရင် တိုင်လိုက်ဖို့ ပြောလိုက်ပါတယ်။

ယန်းဆောင်းဘင်းက အလုပ်ရှုပ်မခံကြောင်း ရယ်ပြီး ပြန်ပြောလိုက်ပါတယ်။

ဂင်ဂျယ်ဟွန်းလည်း ယူဂယောင်း ပြန်နိုးလာတာဟာ အံ့ဩဖွယ်ရာဖြစ်ရပ်ဖြစ်ကြောင်း ပြောလိုက်တာကြောင့် ယန်းဆောင်းဘင်းလည်း တမန်တော်တစ်ယောက် ရောက်လာတာ ဖြစ်နိုင်ကြောင်း ပြန်ပြောလိုက်ပါတယ်။

အဲ့ဒီချိန် ဆေးရုံမှာတော့ ယူဂယောင်းတို့သားမိ ပျော်ရွှင်နေတာကို ဆရာဝန်မတစ်ယောက်က ပြုံးပြီး ရပ်ကြည့်နေခဲ့ပြီးနောက် ဗီလာမှာနေတဲ့ အဖွားပုံစံ ပြောင်းလဲသွားပါတော့တယ်။

တဖက်မှာတော့ သန့်ရှင်းရေးလုပ်နေတဲ့ ချွဲ၀န်ဂျွန်းဆီကိုသွားပြီး ဟန်ဒါအွန်က ကာကွယ်ပေးဖို့ လိုအပ်ကြောင်းပြောခဲ့ပေမယ့် ချွဲ၀န်ဂျွန်းကတော့ ငြင်းခဲ့ပါတယ်။

အဲ့တာကြောင့်ပဲ ဟန်ဒါအွန်လည်း ရဲစခန်းကို ပြန်လာခဲ့ပြီး ချွဲ၀န်ဂျွန်းက ကာကွယ်ပေးတာကို လက်မခံတာကြောင့် တခြားအစီအစဉ်တစ်ခု ချရတော့မယ့်အကြောင်း ပြောပြလိုက်ပါတယ်။

ညရောက်တဲ့အခါမှာတော့  “ဂန်ဘီနာ” က ချွဲ၀န်ဂျွန်းကို ငရဲကိုပို့ဖို့ ပြင်ဆင်နေခဲ့ပါပြီ။

 “ဂန်ဘီနာ” လည်း ချွဲ၀န်ဂျွန်းနာမည်ကို မှန်မှာချရေးလိုက်ပြီး ကြည့်ကြည့်တဲ့အခါမှာတော့ ချွဲ၀န်ဂျွန်းတစ်ယောက် ဘုရားကျောင်းမှာ ဆုတောင်းနေခဲ့တာကိုတေွ့လိုက်ရပါတယ်။  

“ဂန်ဘီနာ” လည်း စိတ်ပျက်သွားပြီး ဂလယ်မိုရီကို ဖုန်းဆက်ကာ စလှုပ်ရှားဖို့အတွက် ပြောလိုက်ပါတော့တယ်။

 

ခဏအကြာမှာတော့ ဘုရားကျောင်းမှာရှိတဲ့ ချွဲ၀န်ဂျွန်းဆီကို ကလေးတစ်ယောက်အသံနဲ့ ဖုန်းဝင်လာခဲ့ပြီး ချွဲ၀န်းဂျွန်းကို သက်သေတွေရှိတာကြောင့် လိုင်းပေါ်တင်မခံချင်ရင် ဂေါက်ကွင်းနားက ကစားကွင်းကိုလာဖို့ ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။

ချွဲ၀န်းဂျွန်းလည်း ဒေါသထွက်သွားခဲ့ပြီး သူ့ရဲ့အတွင်းရေးမှူးကို အပြင်မှာ ရဲတွေရှိလား လို့မေးလိုက်ပြီး ကားနဲ့ အရင်ဆုံးထွက်သွားခိုင်းခဲ့ပါတယ်။

ဘဲ့ဒုံဟွန်းနဲ့ အွန်းဆော့လည်း ထွက်လာတဲ့ကားကို ချွဲ၀န်ဂျွန်း ကားလို့ထင်ပြီး အနောက်ကနေ လိုက်သွားပါတော့တယ်။

ချွဲ၀န်ဂျွန်းကတော့ တခြားကားပေါ်မှာ စောင့်နေခဲ့ပြီး ရဲတွေထွက်သွားတာနဲ့ တခြားဘက်ကို မောင်းထွက်သွားခဲ့ပါတယ်။

 “ဂန်ဘီနာ” လည်း ချွဲ၀န်ဂျွန်းဆီသွားဖို့ အပြင်ထွက်လာတဲ့ အချိန်မှာတော့ အခန်းအပြင်မှာ ဟန်ဒါအွန်က စကားပြောဖို့ စောင့်နေခဲ့ပါတယ်။

အဲ့ဒီနောက် ဟန်ဒါအွန်က  “ဂန်ဘီနာ” ကို ချွဲ၀န်းဂျွန်းကို သွားသတ်မှာကိုသိပြီး သူမဖမ်းချင်တာကြောင့် ရပ်တန်းက ရပ်ဖို့ ပြောပြခဲ့ပါတယ်။  

“ဂန်ဘီနာ” ကတော့ ဟန်ဒါအွန်မိသားစုကို သတ်ခဲ့တဲ့ လူသတ်သမားကို သူကိုယ်တိုင် အပြစ်ပေးမှာမလို့ ကူညီပေးဖို့သာ ပြန်ပြောလိုက်ပါတယ်။

ဟန်ဒါအွန်လည်း သူက ရဲတစ်ယောက်ဖြစ်တာကြောင့် လက်မခံနိုင်ကြောင်း ပြန်ငြင်းလိုက်ပါတယ်။

အဲ့တာကြောင့်  “ဂန်ဘီနာ” လည်း ကူညီဖို့ အခွင့်အရေးပေးတာကို မယူတာကြောင့် စိတ်ပျက်သွားပြီး ထွက်သွားဖို့ လုပ်တဲ့အချိန် ဟန်ဒါအွန်က  “ဂန်ဘီနာ” ကို ဆွဲဖက်ထားလိုက်ပါတယ်။

ဟန်ဒါအွန်က သူ့မိသားစုသေရတာဟာ သူ့အမှားမဟုတ်ကြောင်း ပြောခဲ့ပေးပြီး  “ဂန်ဘီနာ” ကယုံပေးတာကြောင့် ကျေးဇူးတင်တဲ့အကြောင်း ပြောတဲ့အခါမှာတော့ ဂန်ဘိတစ်ယောက် ရုတ်တရက် စိတ်လှုပ်ရှားသွားပြီး ဟန်ဒါအွန်ဆီက ရုန်းထွက်လိုက်ပါတယ်။  

“ဂန်ဘီနာ” လည်း အရိုက်မခံရတာ ကံကောင်းသွားတယ်ဆိုပြီး ဟန်ဒါအွန်ကို ပြန်ပြောလိုက်ပြီး ရှက်ရှက်နဲ့ပဲ ထွက်သွားခဲ့ပါတယ်။

အဲ့ဒီချိန် ချွဲ၀န်းဂျွန်းကတော့ ကစားကွင်းကို တစ်ယောက်တည်း ရောက်လာခဲ့ပါတယ်။

ဗဲလ်လက်နဲ့ ဂလယ်မိုရီလည်း ချွဲ၀န်ဂျွန်းကို မေ့အောင်လုပ်လိုက်ပြီး ဂေါက်ကွင်းကို ခေါ်လာခဲ့ပါတယ်။

ဂေါက်ကွင်းမှာတော့ ချွဲ၀န်ဂျွန်းကို ခုံမှာ ကြိုးတုတ် ပါးစပ်ကို တိတ်နဲ့ပိတ်ထားပြီး  “ဂန်ဘီနာ” ကတော့ ချန်၀န်ဆွန်းခံခဲ့ရသလို ချွဲ၀န်ဂျွန်းကို ဂေါက်ရိုက်တံနဲ့ ဂေါက်သီးတွေထိအောင် ရိုက်ပစ်နေခဲ့ပါတယ်။

အဲ့ဒီနောက်  “ဂန်ဘီနာ” က ဗဲလ်လက်နဲ့ ဂလယ်မိုရီတို့ကို ပြန်ခိုင်းလိုက်ပြီး တစ်ယောက်တည်း ဂေါက်ဆက်ရိုက်နေခဲ့ပါတယ်။

အဲ့ဒီနောက် ချွဲ၀န်ဂျွန်းကို ဒဏ်ရာဒဏ်ချက်တွေနဲ့ ပြန်လွှတ်ပေးလိုက်ပြီး ချွဲ၀န်ဂျွန်းလည်း လမ်းမှာ ကားတစ်စီးတွေ့တာကြောင့် လှမ်းတားရင်း ကားပေါ်တက်ကာ ကူညီတောင်းခဲ့ပါတယ်။

ကားပေါ်မှာတော့ သန့်ရှင်းရေးနတ်ဆိုးနှစ်ယောက်ဖြစ်နေခဲ့ပြီး ချွဲ၀န်ဂျွန်းကို မျက်နှာအဝတ်နဲ့အုပ်ကာ တောထဲကို ထပ်ဖမ်းခေါ်လာခဲ့ပါတယ်။

တောထဲမှာတော့ ချွဲ၀န်ဂျွန်းကို လည်ပင်းကို ကြိုးကွင်းနဲ့စွပ်ကာ သတိလစ်သွားအောင် လုပ်လိုက်ပါတယ်။

နိုးလာတဲ့အချိန်မှာတော့ အခေါင်းထဲကို ထည့်ပိတ်ခံထားရပြီး ချွဲ၀န်ဂျွန်းလည်း အော်ဟစ်ကူညီတောင်းနေပါတော့တယ်။

အဲ့ဒီနောက် အခေါင်းက ရုတ်တရက်ပွင့်သွားခဲ့ပြီး ချွဲ၀န်ဂျွန်းလည်း ထွက်လာတဲ့အချိန်မှာတော့ ကစားကွင်းကို ပြန်ရောက်နေခဲ့ပါတယ်။

ကစားကွင်းကလည်း ရုတ်တရက် မီးတွေထိန်လင်းသွားခဲ့ပြီး ကစားကွင်းထဲက သရဲအိမ်ဝင်တဲ့ နေရာကနေ  “ဂန်ဘီနာ” တစ်ယောက် ထွက်လာခဲ့ပါတယ်။

ချွဲ၀န်ဂျွန်းလည်း သူ့ကို ဘာကြောင့် ဒီလိုလုပ်နေရတာလဲလို့  “ဂန်ဘီနာ” ကို မေးလိုက်ပါတယ်။  

“ဂန်ဘီနာ” ကတော့ တရားခွင် အခုမှစမှာဖြစ်ကြောင်း ချွဲ၀န်ဂျွန်းကို ပြောပြလိုက်ပါတယ်။

အဲ့ဒီနောက် ချန်၀န်ဆွန်းကိုသတ်ခဲ့ပြီး နောင်တမရသေးတဲ့ ပစ်မှုထင်ရှားကြောင်းနဲ့ အမှန်တရားကို လက်ခံလားဆိုပြီး  “ဂန်ဘီနာ” က ချွဲ၀န်ဂျွန်းကို မေးလိုက်ပါတယ်။

ချွဲ၀န်ဂျွန်းကတော့ နောင်တမရသေးဘဲ  “ဂန်ဘီနာ” ကို ပြန်အော်လိုက်တာကြောင့်  “ဂန်ဘီနာ” လည်း ပြုံးလိုက်ပြီး လက်ဖျောက်တစ်ချက်တီးလိုက်ပါတယ်။

အဲ့ဒီချိန်မှာတော့ အနောက်ကနေ ငရဲက ခြင်္သေ့မဲကြီးနှစ်ကောင် ထွက်လာခဲ့ပြီး ချွဲ၀န်ဂျွန်းကို လိုက်ဖမ်းပါတော့တယ်။

ချွဲ၀န်ဂျွန်းလည်း ကြောက်လန့်ကာ တစ်နေရာမှာ ထွက်ပြေးရင်း ပုန်းနေတုန်း အနောက်ကနေ  “ဂန်ဘီနာ” တစ်ယောက် ပေါ်လာခဲ့ပါတယ်။

ချွဲ၀န်ဂျွန်းလည်း စိတ်တိုပြီး ထိုးဖို့လုပ်တဲ့အချိန်မှာတော့  “ဂန်ဘီနာ” က ခေါင်းမထူနိုင်အောင် ပြန်ချပါတော့တယ်။

ချွဲ၀န်ဂျွန်းလည်း ဒဏ်ရာတွေနဲ့ ကြောက်လန့်ကာ  “ဂန်ဘီနာ” ကို အသက်ချမ်းသာပေးဖို့ တောင်းပန်နေခဲ့ပါတယ်။

 “ဂန်ဘီနာ” က ဘာကြောင့် တောင်းပန်နေတာလဲဆိုပြီး မေးတဲ့အခါမှာတော့ ချွဲ၀န်ဂျွန်းက ချန်၀န်ဆွန်းကို သတ်ခဲ့ကြောင်း ဝန်ခံပါတော့တယ်။  

“ဂန်ဘီနာ” က နစ်နာသူမိသားစုကိုရော တောင်းပန်ပြီး ခွင့်လွှတ်မှုရခဲ့လားဆိုပြီး ထပ်မေးလိုက်ပါတယ်။

ချွဲ၀န်ဂျွန်းက ဘုရားသခင်ဆီမှာ ခွင့်လွှတ်မှုခံပြီးပြီဖြစ်ကြောင်းသာ ပြောနေခဲ့တာကြောင့်  “ဂန်ဘီနာ” လည်း စိတ်တိုကာ ချွဲ၀န်ဂျွန်းကို ခြေထောက်နဲ့ ကန်ပစ်လိုက်ပါတယ်။

အဲ့ဒီနောက်  “ဂန်ဘီနာ” လည်း ဘုရားသခင်က ပစ်မှုကျူးလွန်ခံရတဲ့သူတွေဆီက ခွင့်လွှတ်မှုမရတဲ့ လူတွေကို ငရဲကိုပို့ဖို့အတွက် နတ်ဆိုးတွေကို စွမ်းအားပေးခဲ့တာဖြစ်ကြောင်းပြောရင်း ချွဲ၀န်ဂျွန်းကို ဓားနဲ့ထိုးပစ်ပြီး နဖူးမှာ တံဆိပ်ထုလိုက်ပါတော့တယ်။

အဲ့ဒီချိန် ငရဲတံခါးလည်းပွင့်သွားခဲ့ပြီး ချွဲ၀န်းဂျွန်း ဝိညာဉ်လည်း ငရဲကိုရောက်သွားပါတော့တယ်။  

“ဂန်ဘီနာ” ကတော့ တရားခွင်ပြီးဆုံးသွားပြီလို့ပြောရင်း ပြုံးနေခဲ့ပါတော့တယ်။

 “ဂန်ဘီနာ” လည်း ချွဲ၀န်ဂျွန်းအလောင်းကို လှေကားပေါ်ကနေ ကန်ချနေတုန်း ဟန်ဒါအွန်းတစ်ယောက် ရောက်လာပြီး ဓာတ်ပုံရိုက်လိုက်ပါတယ်။  

“ဂန်ဘီနာ” လည်း ရုတ်တရက် အံ့ဩသွားခဲ့ပြီး သူ့ကိုယ်ပေါ်မှာ ဟန်ဒါအွန် သူ့ကိုဖက်လိုက်တဲ့အချိန်က ခြေရာခံစက်တပ်ခဲ့တာကို သိသွားပြီး ဒေါသထွက်နေပါတော့တယ်။

အဲ့တာကြောင့်  “ဂန်ဘီနာ” လည်း ဟန်ဒါအွန်ဆီက ဖုန်းကိုလုဖို့ နတ်ဆိုးအစွမ်းတွေ ထုတ်သုံးဖို့လုပ်တဲ့အချိန်မှာတော့ ဟန်ဒါအွန်က ကန့်မှုန့်တွေနဲ့ ပက်ပစ်လိုက်ပါတယ်။  

“ဂန်ဘီနာ” လည်း ကန့်မှုန့်တွေနဲ့ပစ်ဖို့ ဟန်ဒါအွန်ကို ဘယ်သူပြောပြခဲ့တာလဲလို့ ဒေါသထွက်ကာ မေးလိုက်ပါတယ်။

ဟန်ဒါအွန်လည်း ဘုရားကျောင်းမှာတုန်းက ဗဲလ်လက်က အနိုင်ကျင့်တဲ့ ဂလယ်မိုရီရန်က ကာကွယ်ဖို့အတွက် ကန့်မှုန့်တွေ စုနေခဲ့တာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

ဒါ့အပြင် ကန့်မှုန့်က နတ်ဆိုးကိုပစ်ရင် ၁ နာရီလောက် အစွမ်းတွေမရှိတော့မှာကို ပြောပြခဲ့တာဖြစ်ကြောင်း  “ဂန်ဘီနာ” ကို ပြောပြလိုက်ပါတယ်။  

“ဂန်ဘီနာ” လည်း ဗဲလ်လက်ကို စိတ်တိုသွားပြီး ဟန်ဒါအွန်ဆီက ဖုန်းလိုက်လုပေမယ့်လည်း စွမ်းအားမရှိတော့တာကြောင့် ဟန်ဒါအွန်ဆီမှာ အဖမ်းခံလိုက်ရပါတော့တယ်။

ဟန်ဒါအွန်လည်း  “ဂန်ဘီနာ” ကို ဖမ်းနေတုန်း အွန်းဆော့ဆီက အဖွဲ့မှူးကို ရှာတွေ့ပြီဆိုတဲ့ ဖုန်းဝင်လာခဲ့ပါတယ်။

အဲ့တာကြောင့် ဟန်ဒါအွန်လည်း  “ဂန်ဘီနာ” ကို ကစားကွင်းထဲမှာပဲ လက်ထိပ်ခတ်ထားခဲ့ပြီး အဖွဲ့မှူးဆီကို ထွက်သွားပါတော့တယ်။

ဟန်ဒါအွန် အဖွဲ့မှူးဆီရောက်တဲ့အချိန်မှာတော့ အဖွဲ့မှူးရဲ့ အလောင်းကိုသာ တွေ့လိုက်ရပါတော့တယ်။

ဟန်ဒါအွန်တစ်ယောက် အဖွဲ့မှူးရဲ့လက်ကိုကိုင်ကာ ရင်ကွဲမတတ် ငိုကျွေးနေခဲ့ပြီး ဘေးကတစ်နေရာမှာ ဂျေ (J) ဆိုတဲ့ စကားလုံးကို တွေ့လိုက်ရပါတယ်။

အဲ့တာကြောင့် ဟန်ဒါအွန်လည်း ငယ်ငယ်က သူ့မိသားစုကိုသတ်ခဲ့တဲ့ လူသတ်သမား ဂျေမှန်း သိသွားခဲ့ပါတော့တယ်။

၁၉၉၉ ခုနှစ် ယွန်းဂျူဒုံမှာ ရဲကားတစ်စီးဟာ အခင်းဖြစ်ရာနေရာကို ရောက်လာခဲ့ပြီး ကားပေါ်ကနေ အဖွဲ့မှူး ဂင်ဆိုယောင်းနဲ့ ခင်ပွန်းဖြစ်သူ ဂျူဟျောင်းဆော့က ဆင်းလာခဲ့ပါတယ်။

နှစ်ယောက်သား အိမ်ထဲကိုဝင်လာခဲ့ပြီးနောက် အခန်းတစ်ခုထဲမှာ ကလေးအသံကြားတာကြောင့် အဖွဲ့မှူးလည်း တံခါးရိုက်ဖွင့်လိုက်တဲ့အခါမှာတော့ ဟန်ဒါအွန်ဖြစ်နေခဲ့ပါတယ်။

ဟန်ဒါအွန်လည်း သူ့အမေဆီသွားဖို့ လုပ်တဲ့အချိန်မှာတော့ အဖွဲ့မှူးက ဟန်ဒါအွန်ကို ဖက်ထားပေးခဲ့ပါတယ်။

အဲ့ဒီနောက် အိမ်အပြင်ရောက်လာခဲ့ပြီး ဟန်ဒါအွန်က သူ့အမေအဖေတွေ ဘယ်တော့ဆေးရုံက ပြန်လာမှာလဲဆိုပြီး အဖွဲ့မှူးကို မေးလိုက်ပါတယ်။

အဖွဲ့မှူးလဲ လိမ်မပြောနိုင်တော့ဘဲ ငိုနေမိခဲ့ပြီး သူစုံထောက်ဖြစ်လာရင် လူသတ်သမားကို ရအောင်ဖမ်းပေးမယ့်အကြောင်း ဟန်ဒါအွန်ကို လက်သန်းချိတ်ကာ ကတိပေးလိုက်ပါတယ်။

 

အဲ့ဒီနောက်မှာတော့ ရဲစခန်းမှာ ဟန်ဒါအွန်ကို မိဘမဲ့ဂေဟာမှာနေနေပြီး မူလတန်းကျောင်းတက်နေတယ်ဆိုတဲ့အကြောင်း ပြောနေခဲ့ကြပါတယ်။

အဖွဲ့မှူးလည်း သိသွားခဲ့ပြီး ဟန်ဒါအွန် ရှိတဲ့ မူလတန်းကျောင်းကိုသွားခဲ့ပါတယ်။

မူလတန်းကျောင်းမှာတော့ ဟန်ဒါအွန်ကို မိဘမဲ့မလို့ ကလေးတွေက ဝိုင်းလှောင်ပြီး အနိုင်ကျင့်နေတာကို အဖွဲ့မှူးတစ်ယောက် တွေ့လိုက်ရပါတယ်။

ဒါကြောင့် အဖွဲ့မှူးလည်း ဟန်ဒါအွန်ကို ဖိနပ်အသစ်ဝယ်လာတဲ့အကြောင်းပြောကာ ဂရုစိုက်ဖို့လုပ်တဲ့အခါမှာတော့ ဟန်ဒါအွန်က သူ့ကို သူတောင်းစားလို့ထင်နေတယ်လို့ ထင်ကာ ဒေါသထွက်ပါတော့တယ်။

အဲ့ဒီနောက် ဟန်ဒါအွန်က အဖွဲ့မှူးကို လူသတ်သမားကိုလည်း မဖမ်းပေးတာကြောင့် လူလိမ်လို့ပြောကာ ခဲလုံးနဲ့ ပစ်ပေါက်လိုက်ပါတယ်။

အဖွဲ့မှူးလည်း လက်နာသွားခဲ့ပြီး ဟန်ဒါအွန်လည်း နာအောင်ပစ်လိုက်မိတာကြောင့် ကြောက်ကာ ထွက်ပြေးသွားပါတော့တယ်။

နောက်နေ့မှာတော့ ကျောင်းမှာ အားကစားပွဲရှိတာကြောင့် ဟန်ဒါအွန်တစ်ယောက် လာမယ့်မိဘမရှိလို့ မှိုင်နေခဲ့ပါတယ်။

ခဏအကြာမှာတော့ အဖွဲ့မှူးနဲ့ ခင်ပွန်းဖြစ်သူတို့က ဟန်ဒါအွန်ဆီကို ရောက်လာခဲ့ပြီး ဟန်ဒါအွန်ရဲ့ အမေနေရာကနေ ဘောလုံးဝင်ကန်ပေးခဲ့ပါတယ်။

ဟန်ဒါအွန်လည်း အဖွဲ့မှူးကို ခဲလုံးနဲ့ပစ်ပေါက်ခဲ့တဲ့လက်က ဒဏ်ရာကို တွေ့သွားပြီး စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။

အဖွဲ့မှူးက ဘောလုံးဝင်ကန်ပေးပြီးနောက် ဟန်ဒါအွန်က အဖွဲ့မှူးလက်ကို ပလာစတာကပ်ပေးခဲ့ပါတယ်။

အဖွဲ့မှူးလည်း ပျော်သွားခဲ့ပြီး ဟန်ဒါအွန်ကို သူတို့လင်မယားနဲ့အတူနေပြီး မိသားစုလေး ဖန်တီးဖို့ ပြောလိုက်ပါတယ်။

ဟန်ဒါအွန်လည်း အဖွဲ့မှူးတို့နဲ့အတူ နေချင်တဲ့အကြောင်း ပြန်ပြောလိုက်တဲ့အခါမှာတော့ အဖွဲ့မှူးလည်း ဟန်ဒါအွန်ကို ဖက်ထားရင်း ပျော်နေပါတော့တယ်။

အဲ့ဒီနောက်မှာတော့ အဖွဲ့မှူးရဲ့ခင်ပွန်းဖြစ်သူ ဂျူဟျောင်းဆော့က အဖွဲ့မှူးနဲ့ ဟန်ဒါအွန်ပျော်နေတဲ့ ဓာတ်ပုံလေး ရိုက်ပေးလိုက်ပါတယ်။

ဟန်ဒါအွန်တစ်ယောက် ငယ်ငယ်က အဖွဲ့မှူးနဲ့အကြောင်းတွေ တွေးနေခဲ့ပြီးနောက် ရုတ်တရက် အဖွဲ့မှူးအလောင်းဘေးကနေ ကစားကွင်းကို ပြန်ထွက်လာခဲ့ပါတယ်။

ကစားကွင်းမှာတော့  “ဂန်ဘီနာ” လည်း ကန့်မှုန့်အရှိန်ပြေသွားတာကြောင့် လွတ်လာခဲ့ပြီး ဟန်ဒါအွန်ကို ပြေးရိုက်မလို့ လုပ်လိုက်ပါတယ်။

အဲ့ဒီချိန်မှာပဲ ဟန်ဒါအွန်က  “ဂန်ဘီနာ” ပုံရိုက်ထားတဲ့ ဖုန်းကိုရိုက်ခွဲပစ်လိုက်ပြီး  “ဂန်ဘီနာ” ကို ပေးလိုက်ပါတယ်။

“ဂန်ဘီနာ” လည်း ရုတ်တရက် ကြောင်သွားခဲ့ပြီး ဟန်ဒါအွန်ပေးတဲ့ ဖုန်းကို အမှုန့်ချေပစ်လိုက်ပါတယ်။

အဲ့ဒီနောက် ဟန်ဒါအွန်က လူတစ်ယောက်ကို သတ်ပေးဖို့  “ဂန်ဘီနာ” ကို ပြောလိုက်ပါတယ်။  

“ဂန်ဘီနာ” က ဘယ်သူ့ကို သတ်ပေးရမှာလဲဆိုပြီး ပြန်မေးလိုက်တဲ့အခါမှာတော့ ဟန်ဒါအွန်က လူသတ်သမားဂျေ လို့ ပြောလိုက်ပြီး ငရဲကိုပို့ပေးဖို့ တောင်းဆိုခဲ့ပါတော့တယ်။

ဒါ့အပြင် ဟန်ဒါအွန်က သူကိုယ်တိုင် လူသတ်သမားဂျေကို သတ်ချင်ကြောင်းပြောတဲ့အခါမှာတော့  “ဂန်ဘီနာ” က ဟန်ဒါအွန်ကို လူသတ်သမားဖြစ်သွားမှာကြောင့် လက်မခံဘဲ ထွက်သွားဖို့လုပ်လိုက်ပါတယ်။

ဟန်ဒါအွန်ကတော့ ဇွဲ့မလျော့ဘဲ လူသတ်သမားဂျေကို သူသတ်ပြီးမှ သူ့ကိုငရဲကိုပို့ဖို့ “ဂန်ဘီနာ” ကို ပြောလိုက်ပါတယ်။  

“ဂန်ဘီနာ” လည်း ပြုံးလိုက်ပြီး ကတိကိုတည်ဖို့ ဟန်ဒါအွန်ကိုပြောရင်း ထွက်သွားဖို့လုပ်တဲ့အချိန်မှာပဲ နှလုံးခုန်မြန်လာကာ  “ဂန်ဘီနာ” တစ်ယောက် မျက်ရည်ကျလာပါတယ်။  “ဂန်ဘီနာ” ဟာ မျက်ရည်ကျလာတာကို သူ့ကိုယ်သူ မယုံနိုင်အောင် ဖြစ်နေခဲ့ပြီး ဟန်ဒါအွန်ကို လှည့်ကြည့်လိုက်ပါတယ်။ ဟန်ဒါအွန်လည်း မျက်ရည်ကျကာ ငိုနေခဲ့ပြီး  “ဂန်ဘီနာ” ကို ပြန်စိုက်ကြည့်နေခဲ့ပါတယ်။  “ဂန်ဘီနာ” တစ်ယောက် ဟန်ဒါအွန် ငိုနေတာကို မြင်လိုက်ရတဲ့အချိန်မှာတော့ မျက်ရည်တွေကို အရင်ကလို လုံးဝမထိန်းနိုင်တော့ဘဲ တသွင်သွင် စီးကျနေခဲ့ပါတော့တယ်။

ဟုတ်ကဲ့ပါရှင်။ အပိုင်း ၄ ကတော့ ဒီမှာတင်အဆုံးသတ်သွားခဲ့ပါပြီ။ နောက်နေ့မှာ အပိုင်းဆက်များကို စောင့်မျှော်အားပေးကြဖို့ ဖိတ်ခေါ်ပါရစေ။

အဆုံးထိအားပေးခဲ့ကြတဲ့ ပရိတ်သတ်အယောက်စီတိုင်းကို ကျေးဇူးအထူးတင်ရှိပါ ကြောင်းနဲ့၊ ပရိတ်သတ်များနဲ့တကွ တိုင်းပြည်နဲ့လူမျိုးကို အဆိပ်မခပ်တတ်သော သူများအားလုံး ကျန်းမာ၊ ဘေးကင်းကြပါစေ။

 

 

 

 

 

 

 

 

No comments:

Post a Comment

Search This Blog

Powered by Blogger.