ဂန်ဘိနာ ဟာ ချွဲ၀န်ဂျွန်းကိုသတ်ခဲ့ကြောင်း သက်သေရခဲ့ပြီးတဲ့နောက်မှာ ဟန်ဒါအွန်ကတော့
လူသတ်သမားဂျေကြောင့် အမေလိုချစ်ရတဲ့ အဖွဲ့မှူးသေဆုံးသွားခဲ့တာကို
၀မ်းနည်းဒေါသထွက်နေခဲ့ပါတယ်။
ဒါကြောင့်ပဲ ဂန်ဘိနာရဲ့ သက်သေကို ဖျက်ဆီးပေးလိုက်ပြီး လူသတ်သမားဂျေကိုသတ်ချင်တာကြောင့်
ကူညီပေးဖို့ဂန်ဘိနာကိုပြောပြခဲ့ပါတယ်။
ဂန်ဘိနာက အစပိုင်းမကူညီဖို့လုပ်ခဲ့ပေမယ့်
ဟန်ဒါအွန်ကိုယ်တိုင် လူသတ်သမားဂျေကို သတ်ချင်နေပြီး သူ့ကိုလူသတ်သမားအဖြစ်
ငရဲကိုပို့ပေးဖို့တောင်းဆိုလိုက်တာကြောင့် ဂန်ဘိနာလည်းပျော်သွားပြီး လက်ခံခဲ့ပါတယ်။
အဲ့ဒီချိန်မှာပဲ ဂန်ဘိနာတစ်ယောက်
ရုတ်တရက်နှလုံးခုန်တွေမြန်ကာ နတ်ဆိုး တစ်ယောက်အတွက်
ပထမဆုံးအနေနဲ့ မျက်ရည်တွေကျလာခဲ့ပါတယ်။
နောက်နေ့မနက်မှာတော့ အဖွဲ့မှူးဂင်ဆိုယောင်းရဲ့ ဈာပနကို
ရဲအဖွဲ့စည်းတွေနဲ့အတူ ဂန်ဘိနာအပါ၀င် ၀မ်းနည်းစွာ ကျင်းပနေခဲ့ကြပါတယ်။
၀မ်းနည်းနေတဲ့ ဟန်ဒါအွန် ကို လှမ်းကြည့်ရင်း ဂန်ဘိနာတစ်ယောက်
ညကအဖြစ်ပျက်တွေကို ပြန်တွေးနေခဲ့ပါတယ်။
ညကဂန်ဘိနာတစ်ယောက် ဟန်ဒါအွန်အရှေ့မှာမျက်ရည်တွေကျခဲ့တာကို ချက်ချင်းသုတ်ပစ်လိုက်ပြီး ဟန်ဒါအွန့်အနားသွားကာ စောင့်ကြည့်ရသေးတာပေါ့လို့ ပြုံးရင်းပြန်ပြောခဲ့ပါတယ်။
ဈာပနမတိုင်ခင်ရက်က ဂန်ဘိနာနဲ့အတူ ဟန်ဒါအွန်က ရင်ခွဲရုံထဲကအဖွဲ့မှူးရဲ့ အလောင်းဘေးမှာ ရပ်နေခဲ့ကြပြီး အဖွဲ့မှူးဟာ
ဘယ်လိုသေခဲ့တယ်ဆိုတာကို ကြည့်ဖို့အတွက် ရောက်နေခဲ့ကြတာဖြစ်ပါတယ်။
ဂန်ဘိနာဟာ အဖွဲ့မှူးအလောင်းကို ကြည့်ဖို့လုပ်တဲ့အချိန်မှာတော့ ဟန်ဒါအွန်က
မကြည့်ရက်တာကြောင့် အခန်းထဲကချက်ချင်းထွက်သွားခဲ့ပါတယ်။
ဂန်ဘိနာက အလောင်းကိုကြည့်လိုက်တဲ့အခါမှာတော့ လူသတ်သမားရဲ့ မျက်နာကို
မြင်သွားခဲ့ပါတယ်။
တစ်ခုခုကို သိသွားခဲ့တဲ့ဂန်ဘိနာဟာ ဟန်ဒါအွန်ကို
လူသတ်သမားဘယ်သူလဲဆိုတာကို ပြောမပြခဲ့ဘဲ နေခဲ့ပါတယ် ။
ဒီအကြောင်းတွေကို အသုဘအခမ်းအနားမှာ
ဟန်ဒါအွန်ကိုလှမ်းကြည့်ရင်း ဂန်ဘိနာက ဂလယ်မိုရီကို ပြောပြနေခဲ့ပါတယ်။
ဂလယ်မိုရီကတော့ ဟန်ဒါအွန်ကို လူသတ်သမားမျက်နာမပြောပြတာဟာ
ဟန်ဒါအွန်ကို အသုံးချပြီး ရှာမလို့လို့ ထင်သွားခဲ့ပါတယ်။
ဂန်ဘိနာလည်း ဂလယ်မိုရီကို ဘာမှပြန်မပြောခဲ့ဘဲ ဟန်ဒါအွန်ကိုသာ
လှမ်းကြည့်နေခဲ့ပါတယ်။
ဟန်ဒါအွန်က အဖွဲ့မှုးစျာပနအခမ်းနားမှာ
ဈာပနအောက်မေ့စကားပြောခိုင်းတာကြောင့် ၀မ်းနည်းရင်းနဲ့ပဲ
ထွက်ပြောခဲ့ပါတယ်။
ဟန်ဒါအွန် အောက်မေ့စကားပြောနေတုန်း အဖွဲ့သားတွေနဲ့ အဖွဲ့မှုးရဲ့မိသားစုတွေလည်းအကုန်လုံး
ထပ်တူ၀မ်းနည်းနေခဲ့ကြပါတယ်။
အဲ့ဒီချိန်မှာပဲ မိုးတွေရွာလာခဲ့ပြီး ဟန်ဒါအွန်လည်း
အောက်မေ့စာကို ဆွဲဖြဲကာ လူသတ်သမားဂျေကို မရရအောငိရှာဖမ်းပြီး သတ်ပစ်မယ်လို့ ဒေါသထွက်ကာ
အော်ပြောပါတော့တယ်။
ဂန်ဘိနာလည်း မိုးရေထဲမှာ ဟန်ဒါအွန်ကို ကြည့်ရင်း ၀မ်းနည်းကာ
မျက်ရည်တွေ ကျနေခဲ့ပါတယ်။
ဂလယ်မိုရီက ထီးဆောင်းပေးဖို့လုပ်တဲ့အချိန်မှာတော့ ဂန်ဘိနာက
တားလိုက်ပါတယ်။
ဂလယ်မိုရီလည်း အံ့ဩနေခဲ့ပြီး ဂန်ဘိနာကိုကြည့်ကာ
မျက်ရည်ကျနေတာလား မိုးရေလားဆိုတာ မသဲကွဲဖြစ်နေပါတယ်။
အဲ့ဒီချိန် ဟန်ဒါအွန်တစ်ယောက်ကတော့ မိုးရေထဲမှာ
၀မ်းနည်းဒေါသထွက်ကာ သောင်းကျန်းနေခဲ့ပါတော့တယ်။
အဲဒီ့နောက်တော့ ဟန်ဒါအွန်ဟာ ရေစိုအ၀တ်တွေနဲ့
ဈာပနာအခမ်းအနားကနေ အိမ်ကိုပြန်ရောက်လာခဲ့ပြီး ဂန်ဘိနာသူ့ကို ပြောခဲ့တာတွေကို
ပြန်စဉ်းစားနေခဲ့ပါတယ်။
ရင်ခွဲရုံမှာတုန်းက
ဟန်ဒါအွန်ကဂန်ဘိနာကို
အရင်က လူသတ်သမားတွေကို သတ်ပစ်ရတဲ့ အကြောင်းအရင်းကဘာလဲလို့မေးခဲ့ပါတယ်။
ဂန်ဘိနာက နောင်တမရတဲ့ လူသတ်သမားတွေကို အပြစ်ပေးတဲ့အလုပ်က သူ့အလုပ်ဖြစ်ကြောင်းပြောပြခဲ့ပါတယ်။
ဒါ့အပြင် ဟန်ဒါအွန်ကို နတ်ဆိုးနဲ့ပူးပေါင်းလိုက်ပြီဆိုရင် လက်လျှော့ရမှာတွေအများကြီးဖြစ်ကြောင်းနဲ့
သူကလည်း အကောင်းဆုံး အပြစ်ပေးတာကို လုပ်သွားမယ့်အကြောင်း ဟန်ဒါအွန်ကိုပြောပြခဲ့ပါတယ်။
ဟန်ဒါအွန်ဟာ အိမ်မှာထိုင်ရင်း ဂန်ဘိနာပြောတာတွေကို
ပြန်တွေးနေခဲ့ပြီး လက်ထဲက ရဲအလုပ်ခန့်စာ စာရွက်ကို ဆွဲဖြဲပစ်လိုက်ပါတယ်။
ဂန်ဘိနာကတော့ သူ့အခန်းထဲမှာရှ်ိနေပြီး ကစားကွင်းမှာတုန်းက
ဟန်ဒါအွန်ပြောလိုက်တဲ့စကားတွေကြောင့် သူမျက်ရည်ကျသွားခဲ့တာကို
မယုံနိင်ဖြစ်နေခဲ့ပြီး ခဏခဏ ပြန်တွေးမိကာ ဒေါသထွက်နေခဲ့ပါတယ်။
ဗဲလ်လက်ဟာ ဘုရားကျောင်းထဲမှာ သူငရဲမကျဖို့ ဆုတောင်းနေခဲ့ပါတယ်။
ခဏအကြာမှာတော့ ပိုင်ရှင်မိန်းမရောက်လာခဲ့ပြီး ဗဲလ်လက်ကို
ဘုရားသခင်ကို ဘယ်လို ဆုတောင်းရမယ်ဆိုတာကို
လာပြောပြခဲ့ပြီး
ထွက်သွားခဲ့ပါတယ်။
ဆုတောင်းပြီးတဲ့ နောက်မှာတော့ ဗဲလ်လက်လည်း
ဘုရားကျောင်းထဲကနေ ဘုရားကျောင်းကသီချင်းတွေဆိုကာ အိမ်ကိုပြန်ဖို့ ထွက်လာခဲ့ပါတယ်။
ဘုရားကျောင်းကပြန်လာတဲ့ဗဲလ်လက်ဟာ ဂလယ်မိုရီနဲ့ မိသွားခဲ့သလို
ဂလယ်မိုရီက ဂန်ဘိနာနဲ့ပြန်ပြောမယ်ဆိုပြီး ခြိမ်းခြောက်လိုက်တဲ့အတွက် ကြောက်လန့်ကာ သူ့ကို
ခွင့်လွှတ်ပေးဖိူ့တောင်းပန်ပါတော့တယ်။
ဂလယ်မိုရီက ခွင့်လွှတ်စေချင်ရင် ဂန်ဘိနာစကားမဟုတ်ဘဲ
သူ့အမိန့်ကို နာခံရမယ့်အကြောင်း ပြောလိုက်ပါတယ်။
ဗဲလ်လက်လည်း ဂန်ဘိနာကိုသွားတိုင်မှာကြောက်တာကြောင့်
ဂလယ်မိုရီပြောတာကို လက်ခံလိုက်ပါတယ်။
အဲ့ဒီနောက်တော့ ဗဲလ်လက်က
ဂလယ်မိုရီကို ဘာကြောင့် ဒီလောက်လိုက်ဖမ်းနေရတာလဲလို့မေးလိုက်ပါတယ်။
ဂလယ်မိုရီက ရယ်နေခဲ့ပြီး သူ့လက်က အမှတ်သားကိုပြလိုက်ပါတယ်။
အဲဒီတော့မှ ဗဲလ်လက်လည်း ဂလယ်မိုရီက
ဂလယ်မိုရီမဟုတ်ဘဲ ဗယ်နာတိုလို့ခေါ်တဲ့ လူသားဆန်လာတဲ့ နတ်ဆိုးတွေကို ရှင်းပစ်တတ်တဲ့ နတ်ဆိုးမှန်းသိသွားပါတော့တယ်။
ဗဲလ်လက်တစ်ယောက် အစက ဂလယ်မိုရီကို စာတန်လို့ထင်ထားခဲ့ပေမယ့် ဗယ်နာတိုဖြစ်နေတာကြောင့်
စာတန်ကဘယ်သူဖြစ်မလဲတွေးကာ လန့်နေပါတော့တယ်။
ဂန်ဘိနာတစ်ယောက်ကတော့ ဆေးရုံမှာ သူ့မျက်စိကို
မျက်ရည်ခဏခဏကျနေတာကြောင့် သွားစစ်ဆေးခဲ့ပါတယ်။
မျက်စိဆရာ၀န်ကတော့ ဘာမှမဖြစ်ကြောင်းပြောပေမယ့်လည်း ဂန်ဘိနာက
တစ်ခုခုချို့ယွင်းနေတယ်လို့ထင်ကာ သူ့မျက်စိကိုပြန်စစ်ခိုင်းခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ စိတ်ကျန်းမာရေးဆရာ၀န်က ဂန်ဘိနာကို နတ်ဆိုးဖြစ်တာကြောင့်
မျက်ရည်မကျတတ်တဲ့သူက မျက်ရည်ကျနေလို့ လာစစ်ပေမယ့် အဖြေရှာမရဖြစ်နေလို့ စိတ်ကျန်းမာရေးဌာနကို လာခဲ့တာဖြစ်ကြောင်း
ဂန်ဘိနာ စကားကိုပြန်ရွတ်ပြနေခဲ့ပါတယ်။
ဂန်ဘိနာလည်း အိမ်နားက ကောင်လေး ၀မ်းနည်းနေတာကိုကြည့်ရင် သူပါအလိုလို မျက်ရည်ကျလာကြောင်းပြောပြလိုက်ပါတယ်။
ဆရာ၀န်က အိမ်နားက ကောင်လေးကို အချစ်နဲ့ကရုဏာ ခံစားမိနေတာ ဖြစ်နိင်တယ်လို့
ပြန်ပြောပြခဲ့ပါတယ်။
နတ်ဆိုးတစ်ယောက်ဟာ အချစ်နဲ့ကရူဏာကိူ
ဘယ်တော့မှခံစားနိင်မှာမဟုတ်ကြောင်း ဂန်ဘိနာက ဆရာ၀န်ကိုပြန်ပြောပါတယ်။
ဆရာ၀န်က ဒါဆိုလူသားဆန်လာတဲ့နတ်ဆိုးဖြစ်နေပြီလို့ ဂန်ဘိနာကို
ပြောတဲ့အခါမှာတော့ ဂန်ဘိနာတစ်ယောက် ရယ်လိုက်ပါတယ်။
ဆရာ၀န်က အဲ့ဒီအိမ်နီးချင်းကောင်လေးသာ လောကကြီးက
ပျောက်ကွယ်သွားမယ်ဆိုရင် ဘယ်လိုခံစားရမလဲလို့ ထပ်မေးလိုက်ပါတယ်။
အဲ့ဒီအခါအမှာတော့ ဂန်ဘိနာတစ်ယောက် ရုတ်တရက်
တွေဝေသွားခဲ့ပြီး ဆေးရုံအပြင်ဘက်ကိုထွက်လာရင်း လမ်းမှာ ဆရာ၀န်ပြောတဲ့စကားတွေကို
ပြန်စဉ်းစားနေမိခဲ့ပါတယ်။
နိုဘုံးရဲစခန်းမှာတော့ ယူဆော့က
သွားတိုက်ဖို့ သွားတိုက်ဆေးညှစ်နေရင်း အဖွဲ့မှုးရှိတုန်းက သွားတိုက်ဆေးနဲ့ သူ့ကိုအနံ့ပျောက်ဖို့ ကူညီပေးခဲ့တာကို ပြန်တွေးရင်း ၀မ်းနည်းနေခဲ့ပါတယ်။
ယူဆော့ မျက်ရည်တွေကိုသုတ်လိုက်ပြီး သန့်စင်ခန်းထဲကနေ
အပြင်ကို ထွက်လာတဲ့အခါမှာတော့ အဖွဲ့သားတွေလည်း ကိုယ်စီ၀မ်းနည်း နေကြတာကို တွေ့လိုက်ရပါတယ်။
စီနီယာဘဲ့ဒုံဟိုလည်း
အဖွဲ့မှုးနဲ့တာ၀န်ချိန်အတူတူလုပ်ခဲ့တာတွေကို ပြန်တွေးရင်း
ငိုချင်နေပါတယ်။
ဟန်ဒါအွန်တစ်ယောက်လည်း အဖွဲ့မှူး ထိုင်နေကြ
နေရာကိုလှမ်းကြည့်ရင်း အရင်ကတူတူ မိဘတွေရဲ့နှစ်ပတ်လည်ကို သွားခဲ့တုန်းက အချိန်တွေကို သတိရနေခဲ့ပြန်ပါတယ်။
ခဏအကြာမှာတော့ အဖွဲ့မှူးနေရာကို အစားထိုး၀င်လာတဲ့
အဖွဲ့မှူးအသစ် ရောက်လာခဲ့ပါတယ်။
အဖွဲ့မှူးအသစ်က အဖွဲ့မှူး ဂင်ဆိုယောင်းရဲ့ အမှုကို
တခြားစုံစမ်းရေးအဖွဲ့တွေ လက်လွှဲယူလိုက်ပြီမို့ လက်ရှိကျန်နေတဲ့အမှုတွေကိုသာ
ဆက်စူံစမ်းကြဖို့ ပြောလိုက်ပါတယ်။
အဲ့ဒီနောက် ဟန်ဒါအွန်တို့အဖွဲ့ထဲကို ဂျန်မွန်းဂျယ်လို့ ခေါ်တဲ့ စုံထောက်အသစ်တစ်ယောက်ရောက်လာခဲ့ပြီး ဟန်ဒါအွန်တို့ကို အအေးဘူးတွေလိုက်ဝေရင်း
အားပေးစကားပြောခဲ့ပါတယ်။
နောက်တော့ အဖွဲ့မှူးအသစ်နဲ့အတူ ဟန်ဒါအွန်တို့လည်း
စုံစမ်းခဲ့သမျှ အမှုတွေအကြောင်း အစည်းအဝေးလုပ်နေခဲ့ကြပါတယ်။
အဲ့ဒီချိန်မှာပဲ ဘဲ့ဒုံဟွန်းက ဂန်ဘိနာကို
သံသယ၀င်နေတဲ့အကြောင်း အဖွဲ့မှူးကို ပြောပြနေခဲ့ပါတယ်။
ဟန်ဒါအွန်က ဂန်ဘိနာမဟုတ်ကြောင်း ဂန်ဘိနာဘက်က ကာကွယ်ပြီး ပြန်ပြောလိုက်ပါတယ်။
ယူဆော့ကလည်း ဟန်ဒါအွန်ဘက်ကနေ ထောက်ခံကြောင်း
၀င်ကူပြောပေးလိုက်ပါတယ်။
စုံထောက်အသစ် ဂျန်မွန်းဂျယ်ကတော့ ဟန်ဒါအွန်ပြောနေတာတွေကို အကဲခပ်နေခဲ့ပါတယ်။
ဘဲ့ဒုံဟွန်းကတော့ ဂန်ဘိနာကို ကာပြီးလိုက်ပြောပေးနေတာကြောင့်
ဟန်ဒါအွန်ကိုဒေါသထွက်ကာ ပြန်ပြောပါတယ်။
ဟန်ဒါအွန်လည်း စီနီယာဒုံဟွန်းကို ဒေါသနဲ့ ပြန်ပြောကြရင်း
အချင်းချင်း ရန်ဖြစ်ကြပါတယ်။
အဖွဲ့မှူးလည်း ကြားက အော်ပြီး ၀င်တားလိုက်မှပဲ
နှစ်ယောက်လုံး ငြိမ်သွားကြပါတယ်။
ဟန်ဒါအွန်ကတော့ စိတ်ညစ်သွားခဲ့ပြီး အဖွဲ့မှူးကို နှုတ်ဆက်ကာ
အခန်းထဲက ထထွက်သွားခဲ့ပါတယ်။
အဖွဲ့မှုးနဲ့ကျန်ခဲ့တဲ့သူတွေလည်း
ဟန်ဒါအွန်ကိုအံ့ဩနေကြပါတယ်။
တစ်ဖက်မှာတော့ ဂန်ဘိနာက သူ့ရုံးခန်းထဲကို
စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ပုံနဲ့၀င်လာခဲ့ပါတယ်။
စာရေးမက ဂန်ဘိနာကို အဆင်မပြေဘူးလားလို့လှမ်းမေးလိုက်ပြီး
ဗဲလ်လက်ကတော့ ဂန်ဘိနာကို အပြစ်လုပ်ထားသလိုရုပ်နဲ့စိုက်ကြည့်နေခဲ့ပါတယ်။
ဂန်ဘိနာလည်း သူစိတ်ပင်ပန်းနေတဲ့အကြောင်းပြောပြလိုက်ပြီး
နေ့လယ်စာမစားချင်ကြောင်း ပြောနေခဲ့ပါတယ်။
စာရေးမလည်း စိတ်ပင်ပန်းနေရင်တောင်
ထမင်းကိုဂရုစိုက်စားသင့်ကြောင်းပြောပြီး ဗဲလ်လက်နဲ့ ထမင်းစားဖို့ထွက်သွားခဲ့ပါတော့တယ်။
ဂန်ဘိနာဟာ တစ်ခုခုကိုတွေးမိသွားခဲ့ပြီး နေ့လယ်စာစားဖို့ ဟန်ဒါအွန်ဆီကို ထွက်လာခဲ့ပါတယ်။
ဟန်ဒါအွန်ထမင်းစားနေတဲ့ဝိုင်းမှာ ဂန်ဘိနာတစ်ယောက်
စားစရာတွေသယ်လာခဲ့ပြီး ၀င်ထိုင်လိုက်ပါတယ်။
အဲ့ဒီနောက် ဂန်ဘိနာက စိတ်ပင်ပန်းနေရင်တောင် ထမင်းကို ဂရုစိုက်စားသင့်ကြောင်း ပြောပြကာ
သူယူလာတဲ့စားစရာတွေကို ဟန်ဒါအွန်ကိုစားခိုင်းခဲ့ပါတယ်။
ဟန်ဒါအွန်လည်း ရုတ်တရက် ကြောင်သွားခဲ့ပြီး
မစားတာကြောင့် ဂန်ဘိနာက ဟန်ဒါအွန်ကို ခွံ့ကျွေးလိုက်ပါတယ်။
ဟန်ဒါအွန်လည်း ဂန်ဘိနာခွံ့ကျွေးတာကိုစားလိုက်ပြီး
နောက်တော့ စိတ်သက်သာရာရသွားပါတယ်။
အဲ့ဒီချိန်မှာပဲ ဘေးဝိုင်းကလူတွေဆီကနေ
အဖွဲ့မှူးဂင်ဆိုယောင်းရဲ့ အလောင်းတွေ့တဲ့ကိစ္စကို ဟာသလုပ်ကာပြောနေခဲ့ကြပါတယ်။
ဟန်ဒါအွန်လည်း ဒေါသထွက်သွားခဲ့ပြီး ဘေးဝိုင်းကလူကို
ရန်ရှာပါတော့တယ်။
ရန်ရှာနေတဲ့ဟန်ဒါအွန်ကို လူတချို့က ဗီဒီယို
ရိုက်ဖို့လုပ်တဲ့အခါမှာတော့ ဂန်ဘိနာက ဖုန်းကိုလုကာ ဖျက်ဆီးပစ်လိုက်ပါတယ်။
အဲ့ဒီနောက် သူ့ကိုယ်သူ တရားသူကြီးဖြစ်ကြောင်းပြောကာ
မကျေနပ်ရင် တရားရုံးမှာလာရှင်းဖို့ပြောလိုက်ပြီး ဟန်ဒါအွန်ရဲ့လက်ကိုဆွဲကာ
အပြင်ကိုထွက်သွားခဲ့ပါတော့တယ်။
အပြင်ရောက်တဲ့အခါမှာတော့ ဂန်ဘိနာက ဟန်ဒါအွန်လက်ကို ပြန်လွှတ်ပေးလိုက်ပြီး
ဟန်ဒါအွန်က ခုနကသူ့ကို တရားစွဲခံရမှာစိုးလို့ ကူညီပေးတာသိကြောင်း
ဂန်ဘိနာကိုပြောလိုက်ပါတယ်။
ဂန်ဘိနာလည်း ထပ်မဖြစ်အောင် ဂရုစိုက်နေဖို့ ပြောလိုက်ပြီး ခုနက
ခွံကျွေးတာကိုလည်း အထင်မလွဲဖို့ပြောလိုက်ပါတယ်။
ဟန်ဒါအွန်ကတော့ ဂန်ဘိနာနဲ့သူဟာ တဖက်ထဲ
ဖြစ်သွားပြီမို့ စိတ်အားတက်မိကြောင်း ဂန်ဘိနာကို ပြောလိုက်ပါတယ်။
ဟန်ဒါအွန်ကို သူမက သတ်ပစ်မှာဖြစ်တာကြောင့်
စိတ်အားတက်မနေဖို့ ပြန်ပြောလိုက်ပါတယ်။
ဟန်ဒါအွန်လည်း ပြုံးနေခဲ့ပြီး ဂန်ဘိနာသတ်မှာဆို
အသေခံမယ့်အကြောင်း ပြန်ပြောရင်း နှစ်ယောက်သား အတူတူထွက်သွားခဲ့ကြပါတယ်။
အဲ့ဒီချိန် ခုံတန်းပေါ်မှာ
အိပ်ချင်ယောင်ဆောင်နေတဲ့ ဂလယ်မိုရီက ဂန်ဘိနာတို့ ပြောနေတာတွေကို
ခိုးပြီးနားထောင်နေခဲ့ပါတယ်။
ဂန်ဘိနာကတော့ သန့်ရှင်းရေးနတ်ဆိုးနှစ်ယောက်ဆီသွားပြီး
အဖွဲ့မှူးဂင်ဆိုယောင်းနဲ့ ဟန်ဒါအွန်ရဲ့သေသွားတဲ့မိသားစု၀င်တွေ ငရဲမှာရှိနေလားဆိုတာကို
စုံစမ်းခိုင်းခဲ့ပါတယ်။
သန့်ရှင်းရေးနတ်ဆိုးနှစ်ယောက်လည်း ငရဲက
အကျယ်ကြီးဖြစ်တာကြောင့် နာမည်လေးတစ်ခုနဲ့ မရှာနိင်ကြောင်း ပြန်ပြောပြခဲ့ပါတယ်။
ဂန်ဘိနာက နှစ်ယောက်လုံးကို ချွဲ၀န်ဂျွန်းအမှုတုန်းက
ယူဂယောင်းရဲ့ ဆေးရုံစရိတ်လှူခဲ့တာနဲ့ လူမိုက်တွေ မီးရှို့သတ်ခဲ့တာကိုသူသိကြောင်း
ပြောပြလိုက်ပါတယ်။
အဲဒီတော့မှ နတ်ဆိူးနှစ်ယောက်လည်း လန့်သွားခဲ့ပြီး
ဂန်ဘိနာခိုင်းတာကို လုပ်ဖို့အတွက် စိတ်ညစ်ညစ်နဲ့ သဘောတူလိုက်ရပါတော့တယ်။
နိုဘုံးရဲစခန်းမှာတော့ အဖွဲ့မှူးက
ဟန်ဒါအွန်တို့အဖွဲ့ကို သေသွားခဲ့ကြတဲ့ လူသတ်သမားတွေရဲ့ အမှုကို စုံစမ်းဖို့
တာ၀န်တွေခွဲပေးနေခဲ့ပါတယ်။
အဲ့ဒီချိန် စီနီယာဒုံဟွန်းက ဟန်ဒါအွန်နဲ့ တွဲမလုပ်ချင်ကြောင်း
အဖွဲ့မှုးကိုပြောလိုက်ပါတယ်။
ဒါကြောင့် စုံထောက် ဂျန်မွန်းဂျယ်က ဟန်ဒါအွန်နဲ့
တစ်ဖွဲ့နေပေးမယ်လို့ ၀င်ပြောပေးလိုက်ပါတယ်။
တဖက်မှာတော့ ဂန်ဘိနာရဲ့အိမ်မှာ
ဟန်ဒါအွန်နဲ့အတူ လူသတ်သမားဂျေရဲ့ အချက်အလက်တွေအတူတူ ရှာဖွေနေခဲ့ကြပါတယ်။
ဗဲလ်လက်ကတော့ ဂန်ဘိနာကို အကဲခတ်ကာ ကြောက်နေတဲ့အကြည့်နဲ့ကြည့်ရင်း အအေးထည့်နေခဲ့ပြီး
အအေးကဖိတ်သွားခဲ့ပါတယ်။
ဂန်ဘိနာလည်း ဗဲလ်လက်ကို အော်လိုက်တာကြောင့် ဗဲလ်လက်လည်း
ကြောက်ကြောက်နဲ့ ပေါက်ကရတွေ လုပ်နေမိခဲ့ပါတယ်။
အဲ့ဒီနောက်ဂန်ဘိနာလည်း ဟန်ဒါအွန်ကို လူသတ်သမားဂျေနဲ့ပတ်သတ်တဲ့
အချက်အလက်အသစ်တွေ မရှိသေးတာကြောင့် ငယ်ငယ်တုန်းက မှတ်မိသလောက် ဟန်ဒါအွန်ကို ပြန်ပြောပြခိုင်းလိုက်ပါတယ်။
ဟန်ဒါအွန်လည်း ငယ်ငယ်ကမှတ်မိတဲ့ ၀မ်းနည်းစရာ မှတ်ဉာဏ်တွေကို
ပြောပြတဲ့အခါမှာတော့ ဂန်ဘိနာတစ်ယောက် မျက်ရည်ကျရပြန်ပါတယ်။
ဂန်ဘိနာလည်း သူ့ကိုယ်သူပြန်စိတ်ထိန်းလိုက်ပြီး ငိုနေတာမဟုတ်ဘဲ
သန်းနေတာသာဖြစ်ကြောင်း ပြောင်းပြောလိုက်ပါတယ်။
အဲ့ဒီချိန် ဗဲလ်လက်က စိုက်ကြည့်နေတာကြောင့် ဂန်ဘိနာလည်း
ဗဲလ်လက်ကို အော်ကာမောင်းထုတ်လိုက်ပါတယ်။
ဗဲလ်လက်လည်း ဂန်ဘိနာမျက်ရည်ကျတာကိုလန့်သွားခဲ့ပြီး အပြင်ထွက်ကာ ဂလယ်မိုရီဆီ
သွားပြောပြခဲ့ပါတယ်။
ဗဂလယ်မိုရီလည်း ဂန်ဘိနာနဲ့ ဟန်ဒါအွန်ရဲ့ ဆက်ဆံရေးက ဘယ်လိုလဲလို့မေးလိုက်ပါတယ်။
ဗဲလ်လက်က အချစ်ဟာသဇာတ်လမ်းလိုပဲလို့ ပြောလိုက်တာကြောင့် ဂလယ်မိုရီလည်း
ဒေါသထွက်သွားခဲ့ပြီး ဗဲလ်လက်ကို အနိုင်ကျင့်မို့ လုပ်ပါတယ်။
အဲ့ဒီချိန် ဗီလာက အဖွားက ရောက်လာပြီး ဗဲလ်လက်ကို
အနိင်မကျင့်ဖို့ ပြောလိုက်တာကြောင့် ဂလယ်မိုရီလည်း ဗဲလ်လက်ကို နှုတ်ပိတ်နေဖို့ ခြိမ်းခြောက်ကာ
ပြန်လွှတ်ပေးလိုက်ပါတယ်။
ဗဲလ်လက်လည်း အဖွားကိုကျေးဇူးတင်ကြောင်းပြောကာ ထွက်သွားတဲ့နောက်မှာတော့ ဂလယ်မိုရီက
ဓားကိုထုတ်လိုက်ပြီး ဂန်ဘိနာကို ရှင်းပစ်ဖို့ ကြံနေခဲ့ပါတယ်။
အဲ့ဒီညမှာတော့ ဂန်ဘိနာအိပ်နေတာကို ခြေထောက်နဲ့ကန်ကာ အဖွားက လာနှိုးခဲ့ပါတယ်။
ဂန်ဘိနာလည်း ရုတ်တရက် ကြောင်သွားခဲ့ပြီးနောက် အဖွားကတော့
ထွက်ပြေးပြီးပျောက်သွားခဲ့ပါတယ်။
ဒါကြောင့် ဂန်ဘိနာလည်း အဖွားနောက်ကို စိတ်တိုတိုနဲ့လိုက်ရှာရင်း တစ်နေရာအရောက်မှာေတာ့အဖွားက အမြင့်တစ်နေရာမှာထိုင်ရင်း
ဂန်ဘိနာကို ခဲနဲ့လှမ်းပစ်ပါတယ်။
ဂန်ဘိနာလည်း အဖွားကို စိတ်တိုနေတုန်း
အဖွားကိုယ်ကနေ အလင်းတွေထွက်ကာ ဆံပင်အဖြူနဲ့နတ်သားအဖြစ် ပြောင်းလဲသွားပြီး အတောင်ပံနဲ့ အောက်ကို
ဆင်းလာခဲ့ပါတယ်။
ဂန်ဘိနာက နတ်ဆိုးဓားကို ထုတ်ပြီး ချိန်ထားတဲ့အခါမှာတော့ နတ်သားက သူ့အစွမ်းနဲ့
အဝေးကိုပစ်ထုတ်လိုက်ပါတယ်။
ဂန်ဘိနာက နတ်သားရဲ့အမည်နဲ့ ဒီကိုလာရတဲ့အကြောင်းကို မေးလိုက်ပါတယ်။
နတ်သားလည်း သူဟာ ဂါဘရီရယ်လို့ေခါ်တဲ့ နတ်သားဖြစ်ပြီး
ဘုရားသခင်ရဲ့ အမိန့်နဲ့လူကောင်းတွေကို ကာကွယ်ပေးဖို့အတွက် ရောက်လာတာဖြစ်ကြောင်း ပြောလိုက်ပါတယ်။
ဂန်ဘိနာလည်း ကာကွယ်ပေးတာတစ်ခုမှ မတွေ့ဘူးလို့ပြန်ပြောတဲ့အခါမှာတော့ နတ်သားဂါဘရီရယ်က
ဂန်ဘိနာ အမိန့်ချပေးခဲ့တဲ့ အမှုတွေမှာ နစ်နာသူမိသားစု၀င်တွေကို ကူညီပေးခဲ့ကြောင်း ပြောပြခဲ့ပါတယ်။
ဂန်ဘိနာကတော့ ဘုရားသခင်အမိန့်နဲ့ သူ့ကို နောက်ေယောက်ခံလိုက်နေတာလို့ ပြန်ပြောလိုက်ပါတယ်။
နတ်သား ဂါဘရီရယ်က ဟန်ဒါအွန်ငယ်ငယ်က မိသားစု သေဆုံးမှုမှာ
သူဟာ ရဲသားတစ်ဦးအဖြစ်အနေနဲ့ ရှိနေခဲ့ပြီး ဟန်ဒါအွန့်အမေ ဝိဉာဉ်ရဲ့
ဆုတောင်းစကားကို ကြားခဲ့တာကြောင့် ဟန်ဒါအွန်ကို အခုချိန်ထိ
ကာကွယ်ပေးခဲ့တာဖြစ်ကြောင်း ပြောပြလိုက်ပါတယ်။
အဲ့တော့မှ ဂန်ဘိနာလည်း ဒါဆိူသူ့ကို
ဘာလို့ဒါတွေလာပြောပြနေရတာလဲလို့ ဂါဘရီရယ်ကို ပြန်မေးလိုက်ပါတယ်။
ဂါဘရီရယ်က ဟန်ဒါအွန်ဟာ လူသတ်ချင်တဲ့စိတ်၀င်သွားတာကြောင့် သူဆက်ကာကွယ်ပေးလို့
မရတာကြောင့် ဟန်ဒါအွန်ကို ဂန်ဘိနာသာ ဆက်ကာကွယ်ပေးမှရမှာသာဖြစ်ကြောင်း ဂန်ဘိနာကို ပြောပြပါတယ်။
ဂန်ဘိနာလည်း
ရုတ်တရက်ကြောင်သွားခဲ့ပြီး ဂါဘရီရယ်ပြောတာတွေကို ထိုင်စဉ်းစားနေခဲ့ပါတယ်။
ဂန်ဘိနာက ဟန်ဒါအွန်ကို လူသတ်သမားဖြစ်အောင်လုပ်မှာမဟုတ်ဘဲ အချက်လက်ရအောင် အသုံးချပြီး
စွန့်ပစ်လိုက်မှာဖြစ်တာကြောင့် စိတ်မပူဖိူ့ ဂါဘရီရယ်ကိုပြန်ပြောခဲ့ပါတယ်။
ဂါဘရီရယ်က သူ့ဟောကိန်းဟာအမြဲမှန်တာကြောင့် ဂန်ဘိနာနဲ့
ဟန်ဒါအွန်နှစ်ယောက်ထဲက တစ်ယောက်ဟာ သေချာပေါက် သေမှာဖြစ်ကြောင်း
ပြောပြခဲ့ပါတယ်။ဒါကြောင့် ဟန်ဒါအွန်ကို စွန့်ပစ်တာဖြစ်ဖြစ် ကယ်တင်တာဖြစ်ဖြစ် ဂန်ဘိနာရဲ့
ရွေးချယ်မှုပဲလို့ ပြောခဲ့ပါတယ်။
ဂန်ဘိနာလည်း ဂါဘရီရယ်ရဲ့စကားတွေကြောင့် ဟန်ဒါအွန် ထိခိုက်မှာကို စိတ်ပူနေခဲ့ပြီးအိမ်မှာ ပြန်တွေးရင်းခေါင်းရှုပ်နေခဲ့ပါတော့တယ်။
အဲ့ဒီနောက်မှာတော့
ဗီလာပိုင်ရှင်မိန်းမက မင်ဂျွန်းကို ထမင်းကျွေးနေခဲ့ပါတယ်။
ထမင်းဝိုင်းမှာ အရွက်မပါတာကြောင့်
အရွက်ထပ်ကြော်ကျွေးမယ်လို့ မင်ဂျွန်းကိုပြောကာ အပြင်ထွက်သွားပြီး အရွက်တွေခူးနေခဲ့ပါတယ်။
အဲ့ဒီချိန် မင်ဂျွန်းလည်း သန့်စင်ခန်းသွားချင်လာတာကြောင့်
တံခါးတစ်ခုကို ဖွင့်နေခဲ့ပါတယ်။
ဗီလာပိုင်ရှင်မိန်းမကရောက်လာပြီး မင်ဂျွန်းကို
အဲ့ဒီအခန်းကိုမဖွင့်ဖို့ အသံခပ်မာမာနဲ့ပြောလိုက်ပါတယ်။
မင်ဂျွန်းလည်း သန့်စင်ခန်းသွားချင်ကြောင်းပြောတဲ့အခါမှာတော့ ပိုင်ရှင်မိန်းမရဲ့
အသံကပြန်ချိုသွားပြီး သန့်စင်ခန်းကိုပြပေးလိုက်ပါတယ်။
အဲ့ဒီနောက် လွှတ်တော်အမတ်ဂျောင်ရဲ့ သားအငယ်ဖြစ်သူ ဂျောင်ဆွန်းဟိုက ကားကိုအရှိန်နဲ့
ဗရမ်းပတာတွေ မောင်းနေခဲ့ပါတယ်။
အဲ့ဒီချိန် နတ်သားဂါဘရီရယ်၀င်နေတဲ့ အဖွားက
တွန်းလှည်းဆွဲရင်း လမ်းလျှောက်လာနေခဲ့ပါတယ်။
မင်ဂျွန်းလည်း အဖွားကိူ ကူပေးဖို့လုပ်ပေမယ့်
အဖွားကလက်မခံတာကြောင့် ကျောင်းကို လမ်းဖြတ်ကူးသွားလိုက်ပါတယ်။
အဲ့ဒီချိန်မှာပဲ ဂျောင်ဆွန်းဟိုက ကားနဲ့ လာနေတာကို
ဂါဘရီရယ်လည်းသိသွားပြီး မင်ဂျွန်းနဲ့ ကလေးတွေကို တိုက်မိမှာစိူးတာေကြာင့် သူ့လှည်းကပစ္စည်းတွေကို
ပစ်ချလိုက်ပါတယ်။
ကလေးတွေလည်း အဖွားပစ္စည်းတွေပြုတ်ကျသွားတာကို ပြေးကူညီလိုက်တာကြောင့်
ကားတိုက်ခံရမယ့်ဘေးက လွတ်သွားပါတော့တယ်။
ဂျောင်ဆွန်းဟိူကတော့ အရှိန်မထိန်းနိင်ဘဲ
ဓာတ်တိုင်ကို ၀င်တိုက်မိသွားပါတော့တယ်။
မင်ဂျွန်းအမေကတော့ အလုပ်ကနေပြန်လာခဲ့ပြီး
ဗီလာပိုင်ရှင်မိန်းမကို သူ့အစား
မင်ဂျွန်းကိုမနက်စာကျွေးပေးလို့ ကျေးဇူးတင်ကြောင်းပြောနေခဲ့ပါတယ်။
ပိုင်ရှင်မိန်းမလည်း ပင်ပင်ပန်းပန်းနဲ့အလုပ်လုပ်နေရတဲ့ သူ့သမီးအရွယ်မို့
မင်ဂျွန်းအမေကို ကိုယ်ချင်းစာတာကြောင့် ကျေးဇူးတင်စရာမလိုကြောင်း ပြန်ပြောပါတယ်။
အဲ့ဒီနောက် ထမင်းအတူတူစားကြဖို့ နှစ်ယောက်သား ထွက်လာခဲ့ကြပါတယ်။
ပိုင်ရှင်မိန်းမအိမ်မှာ မင်ဂျွန်း အမေက ထမင်းစားဖို့
ခုံကိုသန့်ရှင်းရေးလုပ်နေရင်း နံရံမှာချိတ်ထားတဲ့မိသားစုဓာတ်ပုံတစ်ခုကိုတွေ့လိုက်ပါတယ်။
အဲ့ဒီချိန်မှာပဲ တီဗီကနေ အဖွဲ့မှူးဂင်ဆိုယောင်းသေသွားခဲ့ပြီး
တရားခံက လူသတ်သမားဂျေဆိုတဲ့အကြောင်း သတင်းလာနေခဲ့ပါတယ်။
မင်ဂျွန်းအမေလည်း သတင်းကြည့်ရင်း အံ့ဩနေတုန်း အနောက်ကနေ ပိုင်ရှင်မိန်းမလည်း
အံ့ဩသွားပြီး လက်ထဲက ပန်းကန်ပါ ကျကွဲသွားပါတော့တယ်။
ဂန်ဘိနာကတော့ တရားရုံးမှာ
လုပ်ဖော်ကိုင်ဖက်နှစ်ယောက်နဲ့အတူ နေ့လယ်စာစားနေခဲ့ပြီး ဟန်ဒါအွန်ကို
ဂရုမစိုက်မိဖို့ တစ်ယောက်ထဲဒေါသတွေထွက်ကာ စကားတွေပြောနေခဲ့ပါတယ်။
လုပ်ဖော်ကိုင်ဖက်နှစ်ယောက်လည်း ဂန်ဘိနာကို
နေ့ခင်းဘက်ကြီး သောက်ထားတာလားလို့မေးလိုက်ပြီး ဖုန်းထဲက ဂန်ဘိနာအကြောင်း မကောင်းတဲ့
ကောမန့်တွေကို ဖတ်ပြနေခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ လွှတ်တော်အမတ်ဂျောင်ရဲ့ သားအငယ်ကောင်က
မူးယစ်ဆေးကြောင့် ထပ်အဖမ်းခံရကြောင်းပြောပြလိုက်ပြီး ဂန်ဘိနာကို ပုံပြလိုက်ပါတယ်။
ဂန်ဘိနာလည်း လွှတ်တော်အမတ်သား ဂျောင်ဆွန်းဟိုကို
မြင်တာနဲ့ တစ်ခုခုကို သတိရသလိုဖြစ်သွားပြီး သူ့ရုံးခန်းကိုပြန်သွားကာ သတင်းပြန်ဖတ်ရင်း
ဂျောင်ဆွန်းဟိုပုံကို ကြည့်နေခဲ့ပါတယ်။
အဲ့ဒီနောက် ဂန်ဘိနာလည်း မှန်မှာ ဂျောင်ဆွန်းဟိုနာမည်ကို
ချရေးလိုက်ပြီး ကြည့်ကြည့်တဲ့အခါမှာတော့ ထောင်ထဲမှာ လမ်းလျှောက်နေတဲ့ ဂျောင်ဆွန်းဟိုကို
တွေ့လိုက်ရပါတယ်။
အဲ့ဒီချိန်စာရေးမက ရုံးခန်းထဲ၀င်လာပြီး တရားသူကြီးချုပ်ဆီက ညစာစားဖို့ချိန်းထားတာရှိကြောင်း
လာပြောခဲ့ပါတယ်။
ဂန်ဘိနာလည်း အစက မသွားဖို့လုပ်ထားပေမယ့် ချက်ချင်းသွားမယ်လို့
ဆုံးဖြတ်လိုက်ပါတယ်။
ချိန်းထားတဲ့နေရာမှာတော့ တရားသူကြီးချုပ်အပြင်
လွှတ်တော်အမတ်ဂျောင်နဲ့ အတူ ဂျောင်တေးဂျူ ပါ ရှိနေခဲ့ကြပါတယ်။
ဂန်ဘိနာလည်း ရောက်ရောက်ချင်း ၀င်မထိုင်တော့ဘဲ
ဂျောင်ဆွန်းဟိူအတွက် စောင့်ကြည့်ခံကာလ ၄နှစ်ဆိုပြီး
လွှတ်တော်အမတ်ဂျောင်ကို တန်းပြောလိုက်ပါတယ်။
လွှတ်တော်အမတ်ဂျောင်လည်း ရယ်နေခဲ့ပြီး ဘာပြန်ပေးရမလဲလို့ မေးလိုက်ပါတယ်။
ဂန်ဘိနာကတော့ နောက်မှ လိုချင်တာရှိရင် ပြောမယ့် အကြောင်း ပြန်ပြောပါတယ်။ လွှတ်တော်အမတ်ဂျောင်က
ညစာအတူလာစားဖို့ ပြောတဲ့အခါမှာတော့ ဂန်ဘိနာလည်း ခပ်ပြတ်ပြတ် ငြင်းလိုက်ပြီးထွက်သွားခဲ့ပါတယ်။
ဒါကြောင့် လွှတ်တော်အမတ်ဂျောင်လည်း သူ့သား ဂျောင်တေးဂျူကို အနောက်ကနေ
လိုက်ခိုင်းလိုက်ပါတယ်။
ဂျောင်တေးဂျူလည်း ဂန်ဘိနာအနောက်ကနေလိုက်ရငိး ဂန်ဘိနာကို ဂန်ဘိနာအစစ်မဟုတ်ဘူးမလားလို့
ပြောလိုက်ပါတယ်။
ဂန်ဘိနာလည်း အဲ့လိုထင်ရတဲ့ အကြောင်းအရင်းကို ပြန်မေးတဲ့အခါမှာတော့
ဂျောင်တေးဂျူက အရင်ဂန်ဘိနာဟာ အလွန် နှိမ့်ချတတ်ပြီး ဆင်းရဲတဲ့သူတွေနဲ့လည်း ရောမနေနိင်တဲ့သူဖြစ်ကြောင်း ပြောပြပါတယ်။
ဂန်ဘိနာလည်း ဂျောင်တေးဂျူကိူ ဆင်းရဲတဲ့သူတွေကို အထင်သေးတဲ့ အကျင့်က
မပျောက်သေးပါလားဆိုပြီး ပြန်ခနဲ့လိုက်ပါတယ်။
ဒါကြောင့် ဂျောင်တေးဂျုက သူ့ရှေ့ကို ထပ်မပေါ်လာဖို့
သတိပေးထားကြောင်း ဂန်ဘိနာကို ပြောလိုက်ပါတယ်။
ဂန်ဘိနာလည်း လွှတ်တော်အမတ်ဂျောင်ကိုသာ သူ့ကိုမဆက်သွယ်စေဖို့
ပြန်ပြောခိုင်းလိုက်ပြီး ထွက်သွားပါတော့တယ်။
ဂျောင်တေးဂျူလည်း ဂန်ဘိနာရဲ့ ရန်ပြန်စွာတဲ့ စကားတွေကြောင့်
ဒေါသထွက်ရင်း ဘာမှပြန်မပြောနိင်ဘဲ ကျန်ခဲ့ပါတော့တယ်။
အဲ့ဒီနောက်
ဟန်ဒါအွန်တစ်ယောက်ကတော့ စခန်းမှာ စက်က အအေးကိုသောက်ဖို့လုပ်နေတုန်း စီနီယာဒုံဟွန်းက
ရောက်လာပြီး ဂန်ဘိနာနဲ့ ဘယ်လိုဆက်ဆံရေးလဲလို့ လာမေးခဲ့ပါတယ်။
အရင်က ဟန်ဒါအွန်က ဂန်ဘိနာကို အမြဲသံသယ၀င်တာကြောင့် အနောက်ကတကောက်ကောက်
လိုက်စုံစမ်းနေခဲ့ပြီး အခုကျမှ လိုက်ကာကွယ်ပေးနေတာဟာ ဘာကြောင့်လဲလို့စီနီယာဒုံဟွန်းက ပြောပါတယ်။
ဟန်ဒါအွန်လည်း စိတ်တိုသွားခဲ့ပြီး အအေးဘူးကို
အမှိုက်ပုံးထဲပစ်ထည့်ကာ စီနီယာဒုံဟွန်းကို အဖွဲ့မှူးကို တစ်ယောက်ထဲထားပြီး ထွက်သွားခဲ့လို့
အပြစ်တင် ပြောဆိုလိုက်ပါတယ်။
စီနီယာဒုံဟွန်းလည်း ဒေါသထွက်ကာ ဟန်ဒါအွန်ကို
လက်သီးနဲ့ထိုးပစ်ခဲ့ပါတယ်။ ဟန်ဒါအွန်လည်း ပြောတာမရပ်သေးဘဲ ဘေးနားကလူတွေကို မကာကွယ်နိုင်ဘဲနဲ့
သက်သေမရှိတဲ့လူကို မစွပ်စွဲဖို့ စီနီယာဒုံဟွန်းကို ထပ်ပြောလိုက်ပါတယ်။
စီနီယာဒုံဟွန်လည်း ဒေါသထပ်ထွက်သွားခဲ့ပြီး
ဟန်ဒါအွန်ကိုနောက်တစ်ချက် ထပ်ထိုးပစ်ကာ ထွက်သွားပါတော့တယ်။
စုံထောက်ဂျန်မွန်းဂျယ်လည်း အခန်းထဲကထွက်လာကာ
အဖြစ်ပျက်တွေကို တွေ့သွားခဲ့ပြီးဟန်ဒါအွန်ကို ကြည့်နေခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ စီနီယာဒုံဟွန်းနောက်ကို
ယူဆော့လည်းလိုက်သွားပြီး အအေးဘူးပေးကာ ဟန်ဒါအွန်တစ်ယောက်
အခုတလော ထူးဆန်းနေတဲ့အကြောင်း စီနီယာဒုံဟွန်းကိုပြောနေခဲ့ပါတယ်။
စီနီယာဒုံဟွန်းလည်း ဟန်ဒါအွန်က
ဂန်ဘိနာအကြောင်းတစ်ခုခုဖုံးကွယ်ထားတာကို ခံစားမိနေတာကြောင့် သိအောင်
ဖော်ထုတ်ရမယ်လို့ ယူဆော့ကို ပြောပြနေခဲ့ပါတယ်။
အဲ့ဒီနောက် ရဲစခန်းခေါင်မိုးထပ်က ဟန်ဒါအွန်ဆီကို စုံထောက်
ဂျန်မွန်းဂျယ်က အအေးဘူးယူကာရောက်လာခဲ့ပါတယ်။
ဂျန်မွန်းဂျယ်က ပြသာနာဖြစ်တယ်ဆိုပေမယ့်
စီနီယာဒုံဟွန်းအနေနဲ့ ထိုးတော့မထိုးသင့်ကြောင်း စိတ်သက်သာရာရအောငိ
ဟန်ဒါအွန်ကို ပြောပေးပါတယ်။
ဟန်ဒါအွန်လည်း သူအရင်ရန်စပြီး ထိုးစေချင်လို့ ပြောခဲ့တာဖြစ်ကြောင်း
ပြောပြခဲ့ပါတယ်။
အဲ့တာကြောင့် ဂျန်မွန်းဂျယ်လည်း တရားသူကြီး ဂန်ဘိနာက ဘယ်လိုလူမျိုးလဲဆိုပြီး
ဟန်ဒါအွန်ကိုဆက်မေးလိုက်ပါတယ်။
ဟန်ဒါအွန်လည်း ဂန်ဘိနာဟာ အေးစက်ပြီး ရက်စက်တယ်ထင်ရေပမယ့်
နွေးထွေးပြီး လူကောင်းဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်။
ဂျန်မွန်းဂျယ်လည်း လူသားဆန်တဲ့ လူတစ်ယောက်ပေါ့လို့
ပြန်ပြောလိုက်ပြီး ဟန်ဒါအွန်ကတော့ အဖွဲ့မှူးကို ခွင့်တိုင်ပေးဖို့ပြောကာ ထွက်သွားပါတော့တယ်။
အဲ့ဒီနောက်မှာတော့ ဂလယ်မိုရီရဲ့
စတိုးဆိုင်ထဲမှာ ဂန်ဘိနာနဲ့ ဗဲလ်လက်တို့က ခေါက်ဆွဲ အတူတူစားနေခဲ့ကြပါတယ်။
ဗဲလ်လက်တစ်ယောက်ကတော့ ကြောက်ကြောက်နဲ့ စားနေခဲ့တာကြောင့်
ဂန်ဘိနာက အပြစ်လုပ်ထားတာလားလို့ ဗဲလ်လက်ကိုမေးလိုက်ပါတယ်။
ဗဲလ်လက်လည်း
လန့်သွားခဲ့ပြီး ခေါက်ဆွဲနင်သွားပါတယ်။ ဒါကြောင့် ဂလယ်မိုရီက
ဗဲလ်လက်ကြောင့် မရိပ်မိအောင် ဂန်ဘိနာကို လူသတ်သမားဂျေရဲ့
မျက်နှာကိုသိသွားပြီဆိုတော့ သတ်ဖို့လုပ်တော့မှာပေါ့လို့ပြောရင်း ဂုဏ်ပြုပေးနေခဲ့ပါတယ်။
ဂန်ဘိနာက ၁၀၀ ရာခိုင်နှုန်းတော့ မဟုတ်သေးကြောင်း ပြန်ပြောလိုက်ပါတယ်။
ဂလယ်မိုရီက လူသတ်သမားဂျေကို သတ်လိုက်လည်း ဂန်ဘိနာအတွက်
ဆုံးရှုံးစရာမရှိကြောင်းပြောတဲ့အခါမှာတော့ ဂန်ဘိနာက ဟန်ဒါအွန် တစ်ယောက်တည်း ကျန်နေခဲ့မှာကို
စိတ်ပူနေတဲ့ပုံစံနဲ့ ပြန်ပြောလိုက်ပါတယ်။
ဒါကြောင့် ဂလယ်မိုရီက အံ့ဩသွားပြီး ဂန်ဘိနာနဲ့ဘာဆိုင်လို့အဲ့လိုပြောရတာလဲလို့
ပြန်မေးလိုက်ပါတယ်။
ဂန်ဘိနာလည်း တစ်ယောက်ထဲဆို စိတ်အနှောက်ယှက်လိုက်ပေးရတာ ပျင်းနေမှာကြောင့်
ငရဲကိုခေါ်သွားလိုက်ရမလားလို့ ရယ်ရင်း ပြန်ပြောလိုက်ပါတယ်။
ဂန်ဘိနာစကားကြောင့် ဂလယ်မိုရီလည်း ပြန်ရယ်မောခဲ့ပြီး
ဂန်ဘိနာစကားကို လက်ခံလိုက်ပါတယ်။
ဗဲလ်လက်ကတော့ ကြားထဲကနေ အခြေနေတွေကိုသိနေခဲ့ပြီး
ဘာမှမပြောနိုင်ဘဲ ကြောက်နေတာပါ။
ခဏအကြာမှာတော့ ဂန်ဘိနာနဲ့ ဗဲလ်လက်လည်း
ပြန်ဖို့ကားပေါ်တက်တဲ့အချိန်မှာတော့ ဂလယ်မိုရီက ဂန်ဘိနာကို
ကိုလာဘူးတွေ လက်ဆောင်ပေးလိုက်ပါတယ်။
ဂလယ်မိုရီက လက်ဆောင်ပေးရင်း ဂန်ဘိနာကို အားကျရတဲ့
နတ်ဆိူးဖြစ်တာေကြာင့် သူ့ကိုစိတ်မပျက်သွားဖိူ့ ပြုံးပြီးပြောပြလိုက်ပါတယ်။
ဂန်ဘိနာလည်း ဂလယ်မိုရီကို ပြုံးပြနှုတ်ဆက်လိုက်ပြီး ကားမောင်းထွက်သွားပါတော့တယ်။
ဂန်ဘိနာဟာ သူ့တိုက်ခန်းကို
ပြန်ရောက်လာပြီး အထဲ၀င်ဖို့လုပ်နေတူန်း ဟန်ဒါအွန်က ပြန်ရောက်လာခဲ့ပါတယ်။
ဂန်ဘိနာဟာ ဟန်ဒါအွန်မျက်နာကဒဏ်ရာကို တွေ့သွားပြီး
စိတ်ပူလို့မေးရင်း လုပ်တဲ့သူကို ဒေါသထွက်နေခဲ့ပါတယ်။
ဟန်ဒါအွန်လည်း ရဲတွေလာဆက်သွယ်ရင်
လျစ်လျူရှူလိုက်ဖို့ပြောလိုက်ပါတယ်။
ဂန်ဘိနာက သူ့ကြောင့် ဒဏ်ရာရသွားတာလားလို့ ပြန်မေးလိုက်ပါတယ်။ ဟန်ဒါအွန်ကတော့
မဟုတ်ကြောင်းပြန်ပြောလိုက်ပြီး သူ့အခန်းထဲ ၀င်သွားခဲ့ပါတယ်။
ဂန်ဘိနာတစ်ယောက် စိတ်ထဲ မတင်မကျဖြစ်ရင်း ဟန်ဒါအွန်ရဲ့ အခန်းတံခါးကို ခေါက်လိုက်ပါတယ်။
နောက်တော့ ဟန်ဒါအွန်နှုတ်ခမ်းကဒဏ်ရာကို ဆေးထည့်ပေးရင်း ရုတ်တရက်
ရင်တွေခုန်လာခဲ့ပြန်ပါတယ်။
ဟန်ဒါအွန်လည်း ဂန်ဘိနာအနားကပ်လာခဲ့ပြီး
တစ်ခုခုပြောဖို့လုပ်တဲ့အခါမှာတော့ ဂန်ဘိနာကလန့်သွားတာကြောင့် သူ့ကိုယ်သူ နတ်ဆိုးဖြစ်ကြောင်းပြောကာ
တစ်ဖက်ကိုလှည့်ပြီး ရှက်သွားခဲ့ပါတယ်။
ဟန်ဒါအွန်လည်း လိမ်းပေးတဲ့ဟာက ဆေးမဟုတ်ဘဲ
နှုတ်ခမ်းအဆီဖြစ်နေကြောင်း ပြောပြဖို့လုပ်တာဖြစ်ကြောင်း ပြောပြတော့မှ ဂန်ဘိနာလည်း
ရှက်သွားပြီး ဆေးပြန်ယူခဲ့မယ်လို့ပြောကာ ထွက်သွားပါတော့တယ်။
နောက်နေ့ မနက်တရားခွင်မှာတော့ ဂန်ဘိနာက ဂျောင်ဆွန်းဟိုရဲ့
တရားခွင်ကို စစ်ဆေးမေးမြန်းနေခဲ့ပါတယ်။
ဂျောင်ဆွန်းဟိုကတော့ ရှေ့နေ့ပြောပေးနေတာကို ကြားဖြတ်ကာ
သူအပြစ်တွေလုပ်ခဲ့ကြောင်း ပေါ့ပျက်ပျက်နဲ့၀န်ခံကာ ပြောနေခဲ့ပါတယ်။
ဒါကြောင့် ဂန်ဘိနာလည်း ဂျောင်ဆွန်းဟိုကို သူ့မျက်နာကို တည့်တည့်ကြည့်ဖို့
ပြောလိုက်ပါတယ်။
ဂျောင်ဆွန်းဟိူက မကြည့်ဘဲ အကြည့်လွှဲနေတာကြောင့်
ဂန်ဘိနာလည်း အောက်ကိုဆင်းလာခဲ့ပြီး ဂျောင်ဆွန်းဟိူ မျက်နာကိုကိုင်ကာ
သူ့ကိုစိုက်ကြည့်ခိုင်းလိုက်ပါတယ်။
အဲ့ဒီနောက် ဂန်ဘိနာက ဂျောင်ဆွန်းဟိုမျက်လုံးကို စိုက်ကြည့်လိုက်ပြီး အရင်က
လူသတ်ခဲ့ဖူးလားလိူ့ မေးလိုက်ပါတယ်။
မျက်လုံးထဲမှာတော့ အဖွဲ့မှူး ဂင်ဆိုယောင်းကို သတ်ခဲ့တုန်းက
လူသတ်သမားဂျေဆိုတာဟာ ဂျောင်ဆွန်းဟိုဖြစ်နေခဲ့တာကို ပြလိုက်ပါတယ်။
ဂျောင်ဆွန်းဟိုလည်း ဂန်ဘိနာကို လန့်သွားခဲ့တာကြောင့်
ဂန်ဘိနာလည်း ဂျောင်ဆွန်းဟိုကို ပြန်လွှတ်ပေးလိုက်ပါတယ်။
အဲ့ဒီနောက် ဂန်ဘိနာတစ်ယောက် တရားခွင် ခဏနားဖို့ပြောကာ
ထွက်သွားခဲ့ပါတယ်။
တစ်ဖက်မှာတော့ ဟန်ဒါအွန်နဲ့
စုံထောင်ဂျန်မွန်းဂျယ်တို့က တရားခံဘယ်ဂျာယောင်း သေဆုံးမှုကို
စုံစမ်းနေခဲ့ကြပါတယ်။
အဲ့ဒီချိန်မှာပဲ စုံထောက် ဂျန်မွန်းဂျယ်ဆီကို
ဖုန်း၀င်လာခဲ့ပြီး ဘယ်ဂျာယောင်းသေခဲ့တဲ့ မြစ်နားက CCTVတစ်ခု အလုပ်လုပ်သေးကြောင်း ပြောလာခဲ့ပါတယ်။
ဂျန်မွန်းဂျယ်လည်း ဟန်ဒါအွန်ကို
သက်သေတွေ့တော့မှာကြောင့် ရာထူးတိုးတော့မှာပဲလို့ ပျော်ရွှင်စွာပြောရင်း CCtvသွားကြည့်ဖို့
ကားပေါ်တက်သွားခဲ့ပါတယ်။
ဟန်ဒါအွန်လည်း စိတ်ထဲမှာ
ဂန်ဘိနာလက်ချက်ပေါ်သွားမှာကိုစိုးရိမ်သွားပါတယ်။ လမ်းတစ်လျှောက်မှာတော့
ဂျန်မွန်းဂျယ်တစ်ယောက် ပျော်ရွှင်နေတာကို ဟန်ဒါအွန်က အကဲခတ်ကြည့်နေခဲ့ပါတယ်။
Cctvကြည့်တဲ့
နေရာကိုရောက်တဲ့အခါမှာတော့ ဂျန်မွန်းဂျယ်က အိမ်သာသွားချင်လာတာကြောင့် အရင်သွားလိုက်ပြီး
ဟန်ဒါအွန်ကို ဆက်ကြည့်ခိုင်းထားခဲ့ပါတယ်။
ဟန်ဒါအွန်လည်း cctvပြတဲ့လူကိူ ရေတစ်ခွက်လောက်ယူပေးဖို့တောင်းဆိုလိုက်ပြီး
အဲ့ဒီချိန်မှာတော့ မှတ်တမ်းတွေကို အမြန်ကြည့်လိုက်ပါတယ်။
မှတ်တမ်းထဲမှာ ဂန်ဘိနာရဲ့ ကားအနီလေးပါလာတာကြောင့်အမြန်
သက်သေတွေကို ဖျက်ပစ်လိုက်ပါတယ်။
ဂျန်မွန်းဂျယ်လည်း ပြန်ရောက်လာတဲ့အခါမှာတော့ မှတ်တမ်းတွေက
အမှုဖြစ်ပြီးနောက်ကဟာတွေပဲ ရှိတာကြောင့် စိတ်ပျက်သွားပါတယ်။ ဟန်ဒါအွန်ကတော့
ဂျန်မွန်းဂျယ်ကိုကြည့်ရင်း မသိချင်ယောင်ဆောင်နေခဲ့ပါတယ်။
တစ်ဖက်မှာတော့ စီနီယာဒုံဟွန်းနဲ့ ယူဆော့က
ချွဲ၀န်ဂျွန်း သေဆုံးထားတဲ့ ကစားကွင်းကိုလာရောက် စုံစမ်းစစ်ဆေးနေကြပါတယ်။
စီနီယာဒုံဟွန်းက ယူဆော့ကို ချွဲ၀န်ဂျွန်း သေနေသလို
လှဲခိုင်းလိုက်ပြီး ဂန်ဘိနာက သတ်လိုက်တဲ့ပုံ လုပ်နေခဲ့ပါတယ်။
ယူဆော့လည်း ဂန်ဘိနာကို သံသယ၀င်နေတုန်းလားလို့
မေးတဲ့အခါမှာတော့ စီနီယာဒုံဟွန်းက ဂန်ဘိနာဆိုတာသေချာနေပေမယ့် သက်သေမရှိတဲ့အကြောင်း
ပြောပြလိုက်ပါတယ်။
ဒါကြောင့် ယူဆော့လည်း သေချာတယ်ဆိုရငိ ဂန်ဘိနာအကြောင်း အစကနေရှာဖွေစုံစမ်းဖို့
စီနီယာဒုံဟွန်းကို အကြံပေးလိုက်ပါတယ်။ စီနီယာဒုံဟွန်းလည်း ခဏတွေဝေသွားပြီး ယူဆော့အကြံကို
စဉ်းစားနေခဲ့ပါတော့တယ်။
တဖက်မှာတော့ ဟန်ဒါအွန်ဟာ cctvပြတဲ့ နေရာကနေ
ထွက်လာခဲ့ပါတယ်။
အဲ့ဒီချိန်မှာပဲ အနောက်ကနေ ဂျန်မွန်းဂျယ်က ခုနကမှတ်တမ်းတွေ ဖျက်လိုက်တာကို အကုန်မြင်ခဲ့ကြောင်း
ပြောပြလိုက်ပါတယ်။
ဟန်ဒါအွန်လည်း လန့်သွားခဲ့ပြီး
ဂျန်မွန်းဂျယ်ကိုကြောင်ကြည့်နေခဲ့မိပါတယ်။ ဂျန်မွန်းဂျယ်က
သက်သေတွေဖျက်ပေးရလောက်တဲ့ထိ ဂန်ဘိနာကို ကာကွယ်ပေးနေပုံထောက်ရင်
ဂန်ဘိနာကိုတကယ်သဘောကျနေခဲ့တာလားလို့ မေးလိုက်ပါတယ်။
ဟန်ဒါအွန်လည်း ဘာမှပြန်မပြောနိုင်ပဲရှိနေပြီး
ဂျန်မွန်းဂျယ်ကတော့ ခုကိစ္စတွေကို လတ်တလော လျိုဝှက်ပေးထားမှာမို့ သူခိုင်းတာသာလုပ်ပေးဖို့ပြောပြီး
ထွက်သွားခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ ဂလယ်မိုရီ အလုပ်လုပ်နေတဲ့ စတိုးဆိုင်နားက
ပတ်၀န်းကျင်အကုန်လုံး ရပ်တန့်သွားခဲ့ပြီး စတိုးဆိုင်ထဲကို
လူတစ်ယောက်၀င်လာခဲ့ပါတယ်။
အဲ့ဒီလူကတော့ စုံထောက် ဂျန်မွန်းဂျယ်ဖြစ်နေခဲ့ပြီး ဟန်ဒါအွန်က ဂန်ဘိနာရဲ့ အဖြစ်မှန်တွေကို သိရက်နဲ့ ဖုံးပေးထားတာဖြစ်ကြောင်း
ဂလယ်မိုရီကို ပြောပြခဲ့ပါတယ်။
ဂလယ်မိုရီလည်း ဘာလ်အဲရဲ့ အမိန့်အတိုင်း ဟန်ဒါအွန်ကို
သတ်ပေးဖို့ ဂျန်မွန်းဂျယ်ကို တောင်းဆိုလိုက်ပါတယ်။
အဲ့ဒီနောက် ဂျန်မွန်းဂျယ်က စတိုးဆိုင်ကဓားတစ်ခုကို
ထုတ်လိုက်ပြီး ဟန်ဒါအွန်ကို သတ်ပေးမယ့်အကြောင်း ဂလယ်မိုရီကိုပြုံးရင်း ပြန်ပြောနေခဲ့ပါတယ်။
ဂလယ်မိုရီလည်း
ဂျန်မွန်းဂျယ်ပြောနေတာကို အပြန်အလှန်ပြုံးရင်း ကြည့်နေခဲ့ပါတော့တယ်။
တဖက်မှာတော့ ဂန်ဘိနာတစ်ယောက် ဟွမ်ချွန်းရပ်ကွက်လမ်းပေါ်မှာ
ညဘက် တစ်ယောက်တည်း လျှောက်လာနေခဲ့ပါတယ်။
ရုတ်တရက် လမ်းကြားတစ်နေရာကနေ ဂျန်မွန်းဂျယ်က ထွက်လာခဲ့ပြီး
ဂန်ဘိနာကို သူ့ကိုယ်သူ စုံထောက်တစ်ယောက်ဖြစ်ကြောင်း မိတ်ဆက်ကာ ပြုံးရင်း လက်ဆွဲနှုတ်ဆက်ဖို့
လက်ကမ်းပေးလိုက်ပါတယ်။
ဂန်ဘိနာကတော့ ရုတ်တရက် ဘယ်သူမှန်းမသိတာကြောင့် ဂျန်မွန်းဂျယ်ကိုပြုံးရင်း
ပြန်စိုက်ကြည့်နေခဲ့ပါတော့တယ်။
ဟန်ဒါအွန်က ဂန်ဘိနာရဲ့ CCTV မှတ်တမ်းတွေ
ဖျက်လိုက်တာကို စုံထောက် ဂျန်မွန်းဂျယ်တစ်ယောက် မြင်သွားတဲ့အတွက်၊
ဂျန်မွန်းဂျယ်က သူခိုင်းတာ လုပ်ပေးရင် လျှို့ဝှက်ပေးထားမယ်လို့ ဟန်ဒါအွန်ကို ပြောခဲ့ပါတယ်။
ဒီလို ကိစ္စတွေ မဖြစ်ခင်
ဂလယ်မိုရီတစ်ယောက် ညဘက်တစ်နေရာမှာ သေခြင်းတရားနတ်ဆိုး ဘာအဲလ်ကို
ဆင့်ခေါ်ခဲ့ပါတယ်။
ဘာအဲလ် ထွက်လာပြီးနောက် ဂလယ်မိုရီက ဂန်ဘိနာကို
နောက်ယှက်နေတဲ့ လူတစ်ယောက်ရှိတာကြောင့်
ရှင်းပစ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ဘာအဲလ်ဟာ သူ့ရဲ့လက်ထောက်ဖြစ်တဲ့ နတ်ဆိုး
ဖိုင်မွန်ကို ခေါ်လိုက်ပြီး ဂလယ်မိုရီရဲ့ တောင်းဆိုချက်ကို ကူညီပေးဖို့
အမိန့်ပေးလိုက်ပါတယ်။
အဲဒီနောက် စုံထောက် ဂျန်မွန်းဂျယ်တစ်ယောက် လမ်းကြားထဲမှာ
လူဆိုးလိုက်ဖမ်းနေတုန်း လူဆိုးက ရုတ်တရက် ဂျန်မွန်းဂျယ်ကို
ဓားနဲ့ထိုးပစ်ခဲ့ပါတယ်။
ဂျန်မွန်းဂျယ်ဟာ ဓားဒဏ်ရာကြောင့် သေဆုံးသွားပြီးနောက်
ဖိုင်မွန်က ဂျန်မွန်းဂျယ်ရဲ့ ကိုယ်ထဲကို ဝင်သွားခဲ့ပါတယ်။
အဲဒီချိန်ကစပြီး နိုဘုံးရဲစခန်းကို
စပြောင်းလာတဲ့အချိန်ကနေ ဂျန်မွန်းဂျယ်ရဲ့ ခန္ဓာကိုယ်နဲ့ ဖိုင်မွန်က ဟန်ဒါအွန်ကို စောင့်ကြည့်နေခဲ့တာ ဖြစ်ပါတယ်။
ဖိုင်မွန်က ဟန်ဒါအွန်နဲ့ ဂန်ဘိနာ ဘယ်လိုဆက်ဆံရေးလဲဆိုတာကို အမြဲအကဲခတ်နေခဲ့ပြီး နောက်ဆုံးမှာ ဟန်ဒါအွန်က အနောက်ယှက် ဖြစ်နေတယ်ဆိုတာ
သိသွားခဲ့ပါတယ်။
ဒါကြောင့် ဖိုင်မွန်က ဟန်ဒါအွန်ကို ရှင်းပစ်ဖို့
ဆုံးဖြတ်ချက် ချခဲ့ပါတယ်။
ဟန်ဒါအွန်ကတော့ သူ CCTV မှတ်တမ်း ဖျက်လိုက်တာကို ရဲတစ်ယောက်မြင်သွားကြောင်း ဂန်ဘိနာကို ပြောပြပြီး တောင်းပန်နေခဲ့ပါတယ်။
ဂန်ဘိနာဟာ ဖိုင်မွန်ရဲ့ နံပါတ်ကို ဟန်ဒါအွန်ဆီက တောင်းပြီး သွားတွေ့ဖို့လုပ်လိုက်ပါတယ်။
အဲဒီနောက် လမ်းကြားတစ်နေရာကနေ ဖိုင်မွန်တစ်ယောက် ထွက်လာပြီး ဂန်ဘိနာကို မိတ်ဆက်လိုက်ပါတယ်။
နှစ်ယောက်သား ကော်ဖီဆိုင်တစ်ခုမှာ ထိုင်ရင်း စကားပြောခဲ့ကြပါတယ်။ ဂန်ဘိနာက ဖိုင်မွန်ကို CCTV ကိစ္စကို
ကြိုက်သလိုလုပ်ဖို့ စပြောလိုက်တဲ့အခါ ဖိုင်မွန်ကတော့
ဟန်ဒါအွန်ကို သဘောကျနေတာလားလို့ ပြုံးပြီး မေးလိုက်ပါတယ်။
ဂန်ဘိနာဟာ ဒေါသထွက်ပြီး CCTV ကိစ္စကို ကြိုက်သလိုလုပ်ဖို့နဲ့ ဟန်ဒါအွန်ကို
ထပ်မခြိမ်းခြောက်ဖို့ ပြောကာ ထွက်သွားခဲ့ပါတယ်။
ဖိုင်မွန်ဟာ နှစ်ယောက်လုံး တစ်ယောက်နဲ့တစ်ယောက်
ဖုံးကွယ်ပေးနေတာကို သိသွားပြီး ပြုံးနေခဲ့ပါတယ်။
ဒါကြောင့် ဖိုင်မွန်က ဂလယ်မိုရီဆီသွားကာ ဟန်ဒါအွန်ကို သတ်ပစ်ဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီဖြစ်ကြောင်း လာပြောခဲ့ပါတယ်။
ဂလယ်မိုရီဟာ အကြံအစည် အောင်မြင်သွားတဲ့အတွက်
ပြုံးနေခဲ့ပါတယ်။
နောက်နေ့မနက် ဂန်ဘိနာက
ဂျောင်ဆွန်းဟိုရဲ့ တရားခွင်မှာ အမိန့်ချနေခဲ့ပါတယ်။
ဂျောင်ဆွန်းဟိုကို ထောင်ဒဏ် ၂ နှစ်နဲ့
စောင့်ကြည့်ကာလ ၄ နှစ် ချမှတ်လိုက်တဲ့အတွက် ဂျောင်ဆွန်းဟိုဘက်က ရှေ့နေတွေဟာ ပျော်သွားခဲ့ပြီး သတင်းလာယူနေတဲ့ သတင်းထောက်မကတော့
စိတ်ပျက်သွားခဲ့ပါတယ်။
အဲဒီနောက် ဂျောင်ဆွန်းဟိုတစ်ယောက် သူ့အိမ်က
မီးခံသေတ္တာထဲကနေ ထူးဆန်းတဲ့ ဓားပုံစံကို ထုတ်လိုက်ပြီး
တစ်ခုခုကို ကြံစည်နေခဲ့ပါတယ်။
ဂန်ဘိနာကတော့ ဂလယ်မိုရီရဲ့
စတိုးဆိုင်မှာ ကိုလာသောက်ရင်း ဗဲလ်လက်ကို အခုတလော ထူးဆန်းနေတာကြောင့်
နေမကောင်းဘူးလားလို့ မေးလိုက်ပါတယ်။
ဂလယ်မိုရီက ဗဲလ်လက်ရဲ့ ခေါင်းကို ကိုင်ပြီး
အရင်ထဲက ထူးဆန်းနေတာမို့ စိတ်ထဲမထားဖို့ ဂန်ဘိနာကို ပြောလိုက်ပါတယ်။
ဂလယ်မိုရီက ဂန်ဘိနာကို ဂျောင်ဆွန်းဟိုကို
လွှတ်ပေးပြီးပြီဆိုတော့ အမဲလိုက်ကာ သတ်ပစ်တော့မှာလားလို့ မေးလိုက်ပါတယ်။
ဒါ့အပြင် ဂျောင်ဆွန်းဟိုကို မသတ်ခင် သူအရင် သတိလစ်အောင်
လုပ်ပေးရမလားလို့ ပြောတဲ့အခါ ဂန်ဘိနာက
ဒီတိုင်းခဏထားထားဖို့ ပြန်ပြောလိုက်ပါတယ်။
ဒါကြောင့် ဂလယ်မိုရီဟာ အံ့ဩသွားပြီး
အဖွဲ့မှူး ဂင်ဆိုယောင်းကို သတ်လိုက်တဲ့ လူသတ်သမားဖြစ်တာကို ဘာလို့ မသတ်သေးတာလဲလို့ ဂန်ဘိနာကို မေးလိုက်ပါတယ်။
ဂန်ဘိနာက သူ့အာရုံထဲမှာ
ဂျောင်ဆွန်းဟိုတစ်ယောက် အဖွဲ့မှူးကို သတ်လိုက်တာကို မမြင်ဘဲ
အရှေ့မှာ ရပ်နေတာပဲ မြင်လိုက်ရတဲ့အတွက် မသေချာသေးကြောင်း ဂလယ်မိုရီကို
ပြောပြလိုက်ပါတယ်။
ဒါ့အပြင် ဂျောင်ဆွန်းဟိုက သေနတ်ဘယ်တော့မှ မသုံးတဲ့
လူသတ်သမားဖြစ်ကြောင်း ပြောနေခဲ့ပါတယ်။
ဂလယ်မိုရီကတော့ ဘယ်လိုဖြစ်ဖြစ် နှိပ်စက်မေးရင်
အဖြေထွက်လာမှာပဲဖြစ်ကြောင်း ပြောလိုက်ပါတယ်။
ဂန်ဘိနာကတော့ သေချာစုံစမ်းဖော်ထုတ်ပြီးမှပဲ ရှင်းပစ်မယ်လို့
ပြောတဲ့အခါ ဂလယ်မိုရီက ဒေါသထွက်ပြီး သေသွားတဲ့သူဟာ ဟန်ဒါအွန်နဲ့
ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ဖြစ်နေတာကြောင့်လားလို့ ရွဲ့ပြီး မေးလိုက်ပါတယ်။
ဂန်ဘိနာဟာ စိတ်တိုသွားကာ ဂလယ်မိုရီကို စိုက်ကြည့်ပြီး
ဟန်ဒါအွန်ကို လုံးဝမထိဖို့ ပြောရင်း ဆိုင်ထဲက
ထွက်သွားခဲ့ပါတယ်။
ဂလယ်မိုရီဟာ ဂန်ဘိနာကို ပြန်ပြုံးပြီး နှုတ်ဆက်လိုက်ကာ
ဗဲလ်လက်ကို အနောက်က လိုက်သွားခိုင်းလိုက်ပါတယ်။
အဲဒီနောက် ဆိုင်ထဲမှာ တစ်ယောက်တည်း
စိတ်တိုရင်း ကျန်ခဲ့ပါတော့တယ်။
ဂန်ဘိနာကတော့ သူ့တိုက်ခန်းမှာ
ငရဲပို့ပြီးတဲ့ လူသတ်သမား အရေအတွက်စာရင်းကို တွက်ချက်ရင်း ငရဲပြည်
ပြန်ရတော့မှာကို တွေးနေခဲ့ပါတယ်။
တဖက်မှာတော့ လွှတ်တော်အမတ်
ဂျောင်နဲ့ ဂျောင်တေးဂျူက ညစာစားနေကြပါတယ်။
အမတ်ဂျောင်က ဂျောင်တေးဂျူကို ဟွမ်ချွန်းဗီလာ
ဖြိုချမယ့်ကိစ္စအကြောင်း မေးလိုက်ပါတယ်။
ဂျောင်တေးဂျူကတော့ ပိုင်ရှင်ကို
ဆက်သွယ်မရတာကြောင့် သမီးဖြစ်သူကို ဆက်သွယ်ဖို့ လုပ်နေကြောင်း ပြန်ပြောလိုက်ပါတယ်။
အမတ်ဂျောင်က အရမ်းကြာနေပြီဖြစ်ကြောင်း
ပြန်ပြောတဲ့အခါ ဂျောင်တေးဂျူက စားလက်စကိုရပ်ပြီး သက်ပြင်းချကာ အမြန်ဆုံးလုပ်လိုက်မယ့်အကြောင်း အမတ်ဂျောင်ကို ပြန်ဖြေခဲ့ပါတယ်။
အမတ်ဂျောင်ကပဲ လိုင်းပေါ်က ဂန်ဘိနာပါတဲ့
ဟန်ဒါအွန်နဲ့ လူငယ်နှစ်ယောက် ရန်ဖြစ်နေတဲ့ ဗီဒီယိုကို ပြလိုက်ပြီး ဂန်ဘိနာကို ကူညီခိုင်းလိုက်ပါတယ်။ ဂျောင်တေးဂျူဟာ ဗီဒီယိုကို ကြည့်ပြီး စိတ်ပျက်သွားကာ
ထပ်ကူညီပေးဦးမလို့လားဆိုပြီး အမတ်ဂျောင်ကို ပြန်ပြောလိုက်ပါတယ်။
အမတ်ဂျောင်ဟာ သားဖြစ်သူ ဂျောင်ဆွန်းဟိုကိစ္စကို ကူညီပေးခဲ့တဲ့အတွက်
ပြန်ကူညီပေးချင်ကြောင်း ပြောလိုက်ပါတယ်။
ဂျောင်တေးဂျူတစ်ယောက်ဟာ စိတ်ညစ်သွားပြီး
သက်ပြင်းသာ ချနေခဲ့ပါတယ်။
စားသောက်ဆိုင်တစ်ခုမှာတော့
အဖွားကိုယ်ထဲ ဝင်နေတဲ့ ဂါဘရီရယ်နဲ့ ဂန်ဘိနာက မုန့်ထိုင်စားရင်း စကားပြောနေကြပါတယ်။
ဂန်ဘိနာက ဟန်ဒါအွန်ကို ကာကွယ်ရမယ်ဆိုတာ ဘာကိုဆိုလိုတာလဲလို့
ဂါဘရီရယ်ကို မေးနေခဲ့ပါတယ်။
ဂါဘရီရယ်ကတော့ ဘာဂါကိုသာ စားနေပြီး ပြန်မဖြေခဲ့ပါဘူး။
ဒါကြောင့် ဂန်ဘိနာဟာ ဒေါသထွက်ပြီး တော်ရုံပဲစားဖို့
ဘာဂါကိုလုကာ အော်ပြောလိုက်ပါတယ်။
အဲဒါကြောင့် ဘေးနားက လူတွေဟာ ဂန်ဘိနာကို
အဖွားအရွယ် လူကြီးကို အော်နေတယ်လို့ ထင်သွားပြီး ကြည့်နေခဲ့ကြပါတယ်။
ဆိုင်ထဲက မှန်မှာတော့ ဂါဘရီရယ်ရဲ့ ပုံအစစ်က ပေါ်နေခဲ့ပါတယ်။
ဂါဘရီရယ်ဟာ စားလက်စကိုရပ်ပြီး ဟန်ဒါအွန်ကို
ကာကွယ်ရမယ့်ကိစ္စဟာ ဂန်ဘိနာတာဝန်ဖြစ်တဲ့အတွက် ကိုယ့်ဘာသာကြည့်လုပ်ဖို့သာ ပြောခဲ့ပါတယ်။
ဒါ့အပြင် ဂါဘရီရယ်က
ဂန်ဘိနာနဲ့ ဟန်ဒါအွန် နှစ်ယောက်ထဲက တစ်ယောက်ကတော့ သေမှာဖြစ်ကြောင်း
ထပ်ပြောပြလိုက်ပါတယ်။
ဒါကြောင့် ဂန်ဘိနာဟာ လူ့ပြည်မှာ တာဝန်တွေပြီးလို့ ငရဲပြန်သွားရရင် ဂန်ဘိနာရဲ့ ကိုယ်ဟာ အလောင်းပြန်ဖြစ်သွားမှာမို့ ဟန်ဒါအွန်
မသေတော့ဘူးပေါ့လို့ ပြောလိုက်ပါတယ်။
ဂါဘရီရယ်က ရယ်ပြီး နတ်ဆိုးတွေဟာ အကုန်တုံးကြတာလားလို့
စနောက်ပြီး ပြောလိုက်ပါတယ်။
ဂန်ဘိနာဟာ စိတ်တိုသွားကာ တုံးတာကြောင့် သူငရဲပြည်
ပြန်သွားရရင် ဟန်ဒါအွန်ကရော သေသွားမှာလားလို့ ဂါဘရီရယ်ကို
ထပ်မေးလိုက်ပါတယ်။
ဂါဘရီရယ်ကတော့
သိချင်ရင် ပြန်သွားကြည့်လိုက်ပေါ့လို့ ပြောလိုက်တဲ့အခါ
ဂန်ဘိနာဟာ ပေါက်ကွဲကာ ဂါဘရီရယ်ကို အော်ဟစ် ပြောဆိုပါတော့တယ်။
ဆိုင်ထဲကလူအားလုံးက ဂန်ဘိနာကို လူကြီးကို
ပြောဆိုနေတဲ့ ရိုင်းတဲ့လူလို့ ထင်သွားကြပါတော့တယ်။
အဲဒီချိန် ဘေးဝိုင်းက ကောင်လေးတစ်ယောက်ဟာ
ဂန်ဘိနာကို ရိုင်းတဲ့မိန်းကလေးလို့ မြင်ပြီး ဂါဘရီရယ်အနားရောက်လာကာ အိမ်လိုက်ပို့ပေးမယ်လို့ ပြောပြီး ဂါဘရီရယ်ကို ခေါ်သွားပါတော့တယ်။
ဂန်ဘိနာတစ်ယောက်ကတော့ အဖွားဟန်ဆောင်နေတဲ့
ဂါဘရီရယ်ကို စိတ်တွေတိုရင်း ဆိုင်ထဲမှာ ကျန်ခဲ့ပါတယ်။
နောက်နေ့မနက်
တရားသူကြီးချုပ်ရုံးခန်းထဲမှာ တရားသူကြီးချုပ်က ဂန်ဘိနာကို သတင်းထောက်တစ်ယောက်က ဂန်ဘိနာအကြောင်း မကောင်းသတင်းတွေ ရေးထားတဲ့အကြောင်း ဖတ်ပြနေခဲ့ပါတယ်။
ဂန်ဘိနာကတော့ သတင်းထောက်ကို စစ်မှန်တဲ့
သတင်းရေးတဲ့သူပဲဆိုပြီး ပြန်ပြောနေခဲ့ပါတယ်။
တရားသူကြီးချုပ်ဟာ ဂန်ဘိနာကို
ပြောမရတဲ့အတွက် သတင်းကိစ္စကို ထားလိုက်ပြီး အမတ်ဂျောင်က ဂန်ဘိနာ ရန်ဖြစ်တဲ့ ဗီဒီယိုကိစ္စကို သားဖြစ်သူကို ကူညီပေးခဲ့လို့ ငွေသုံးပြီး ကူညီပေးထားကြောင်း
ဂန်ဘိနာကို ထပ်ပြောပြလိုက်ပါတယ်။
ဂန်ဘိနာဟာ ဂရုမစိုက်တဲ့ပုံနဲ့ ပြန်ပြောတဲ့အခါ
တရားသူကြီးချုပ်ဟာ စိတ်ပျက်သွားပြီး အလုပ်ကနေ ၁ လ
ဆိုင်းငံ့နေဖို့ ပြောလိုက်ပါတော့တယ်။
ဂန်ဘိနာဟာ ပျော်ရွှင်စွာနဲ့ပဲ ၁
လထက်ရော ပိုနားလို့မရဘူးလားလို့ ပြန်ပြောမေးပါတယ်။
တရားသူကြီးချုပ်ဟာ စိတ်တွေညစ်နေပြီး ဂန်ဘိနာကို
ထွက်သွားဖို့သာ ပြောလိုက်ပါတယ်။
ဂန်ဘိနာတစ်ယောက် သူ့ရုံးခန်းထဲကို ပြန်လာပြီး ၁ လ
ဆိုင်းငံ့ခံရတဲ့အကြောင်း ပြောနေခဲ့ပါတယ်။
စာရေးမနဲ့ ဗဲလ်လက်ဟာ အံ့ဩသွားကြပြီး ဗဲလ်လက်ကတော့
ဒီလိုဖြစ်လာမယ်ဆိုတာ ကြိုသိနေတယ်လို့ ဂန်ဘိနာကို
ပြောလိုက်ပါတယ်။
စာရေးမကတော့ နားနေတုန်း ဘာတွေလုပ်နေမှာလဲလို့
မေးလိုက်ပါတယ်။ ဂန်ဘိနာက ပြောဖို့လုပ်နေတုန်း
စာရေးမက ဖုန်းဆက်ကာ သူရော အလုပ်ဆင်းရဦးမှာလားလို့ အထက်ကို မေးနေခဲ့ပါတယ်။
ဂန်ဘိနာလည်း စိတ်ပျက်သွားပြီး ဗဲလ်လက်တို့ကို နှုတ်ဆက်ကာ
ထွက်သွားပါတော့တယ်။
စာရေးမနဲ့ ဗဲလ်လက်ဟာ အထက်က အလုပ်ဆက်ဆင်းရမယ်လို့
ပြန်ပြောလိုက်တဲ့အတွက် စိတ်ညစ်သွားကြပါတယ်။
အပြင်ထွက်လာတဲ့အခါ ဂန်ဘိနာတစ်ယောက်ဟာ
ထမင်းအတူစားနေကြ လုပ်ဖော်ကိုင်ဖက်နှစ်ယောက်နဲ့ တွေ့ပြန်ပါတယ်။
လုပ်ဖော်ကိုင်ဖက်နှစ်ယောက်က ဂန်ဘိနာ
၁ လ နားတာကို ဝိုင်းပြီး စိတ်မကောင်းသလို ဟန်ဆောင်ကာ စနောက်နေခဲ့ကြပါတယ်။
ဂန်ဘိနာလည်း နှစ်ယောက်က တွဲနေကြတာလားလို့
ပြန်နောက်လိုက်ပြီး စိတ်ပျက်လက်ပျက်နဲ့ ထွက်သွားပါတော့တယ်။
အဲဒီနောက် ဂန်ဘိနာရဲ့ တိုက်ခန်းမှာ
ဗဲလ်လက်နဲ့အတူ ဟန်ဒါအွန်ပါ ရောက်နေပြီး လူသတ်သမားဂျေရဲ့ အချက်အလက်တွေကို
ရှာဖွေနေခဲ့ကြပါတယ်။
ဂန်ဘိနာက အချက်အလက်အသစ်ထဲမှာ မျက်မြင်သက်သေကို ၅ နှစ်သားအရွယ်သာ ချန်ခဲ့ကြောင်း ထည့်ခိုင်းလိုက်ပါတယ်။
အဲဒီချိန် ဗဲလ်လက်က စုံစမ်းရသလောက် လူသတ်သမားဂျေဟာ
သတ်ခံရတဲ့သူတွေဆီက မတူညီတဲ့ အစိတ်အပိုင်းတွေ ယူနေတဲ့အကြောင်း ပြောပြလိုက်ပါတယ်။
ဒါကြောင့် ဂန်ဘိနာနဲ့ ဗဲလ်လက်ဟာ စာတန်ဖြစ်နိုင်တယ်လို့
ထင်သွားပြီး ဟန်ဒါအွန်ကို ပြောပြလိုက်ပါတယ်။
ဂန်ဘိနာက စာတန်ဟာ “ခါအီလူကျောက်”ကို ခိုးသွားပြီး
လူ့ကိုယ်ထဲ ပုန်းနေရင်း လူက အိုလာတဲ့အတွက် သေသွားရင်
ပုန်းမရဖြစ်နိုင်ကြောင်း ၊
ဒါကြောင့် စာတန်က မတူညီတဲ့ အစိတ်အပိုင်းတွေ ယူနေခဲ့ပြီး ခါအီလူကျောက်နဲ့ဆို မသေတော့ဘဲ အကြာကြီး ပုန်းနေနိုင်မှာဖြစ်တဲ့အတွက်
လူလိုက်သတ်နေတာ ဖြစ်နိုင်ကြောင်း
ပြောပြလိုက်ပါတယ်။
ဟန်ဒါအွန်က သူတို့ပြောနေတာကို
နားမလည်တဲ့အတွက် ဗဲလ်လက်က လူသတ်သမားဂျေကိုယ်ထဲမှာ စာတန်ဝင်နေပြီး
လူလိုက်သတ်နေတာလည်း ဖြစ်နိုင်ကြောင်း ပြောပြလိုက်ပါတယ်။
ဂန်ဘိနာကတော့ အရင်ဆုံး နစ်နာသူတွေရဲ့
မိသားစုဝင်တွေကို တွေ့ကြည့်ပြီး လူသတ်သမားဂျေကို ခွင့်လွှတ်မလွှတ် လိုက်မေးကြည့်ပြီးမှ စာတန်ဟုတ်မဟုတ် အတည်ပြုရင် နောက်မကျသေးဘူးလို့
ဟန်ဒါအွန်ကို ပြောလိုက်ပါတယ်။
ဟန်ဒါအွန်က နစ်နာသူမိသားစုဝင်တွေထဲက ခွင့်လွှတ်ပေးတဲ့သူ
ရှိလာရင်ရော ဘယ်လိုဖြေရှင်းမှာလဲလို့ မေးလိုက်ပါတယ်။
ဂန်ဘိနာက ပြုံးလိုက်ပြီး ခွင့်လွှတ်နိုင်ပါ့မလားလို့
ဟန်ဒါအွန်ကို ပြောလိုက်ပါတယ်။ ဟန်ဒါအွန်ဟာ သူမမေးသင့်ခဲ့ဘူးလို့
ပြန်ပြောလိုက်ပြီး ဂန်ဘိနာကတော့ ဟန်ဒါအွန်ရဲ့ လက်က ပတ်တီးနဲ့
ဒဏ်ရာကို လှမ်းကြည့်ကာ သက်သာဖို့ ကြာတာပဲလို့ ပြောလိုက်ပါတယ်။
ဟန်ဒါအွန်လည်း မကြာခင်
သက်သာသွားမယ့်အကြောင်း ဂန်ဘိနာကို ပြုံးပြီး ပြန်ပြောခဲ့ပါတယ်။ နိုဘုံးရဲစခန်းမှာတော့ စီနီယာ ဒုံဟွန်းနဲ့ ယူဆော့က ဂန်ဘိနာရဲ့ အချက်အလက်တွေကို ကြည့်ကာ စုံစမ်းနေခဲ့ကြပါတယ်။
စီနီယာ ဒုံဟွန်းက အရင်က ဂန်ဘိနာဟာ တိုက်ခိုက်မှုမဖြစ်ခင် ဘယ်မှာရှိနေခဲ့လဲဆိုတာကို ယူဆော့ကို မေးလိုက်ပါတယ်။
ယူဆော့က ဂန်ဘိနာဟာ ည ၈ နာရီလောက်က တရားရုံးမှာရှိနေပြီးမှ
တက္ကစီနဲ့ တိုက်ခိုက်မှုဖြစ်ခဲ့တဲ့ ပန်းခြံနားကို ရောက်လာခဲ့ကြောင်း ပြောလိုက်ပါတယ်။
စီနီယာ ဒုံဟွန်းက ဂန်ဘိနာ ဓားထိုးခံရတုန်းက CCTV ရော မျက်မြင်သက်သေရော မရှိတာကြောင့်
ထူးဆန်းတယ်လို့ ပြောလိုက်ပါတယ်။
ယူဆော့ကတော့ အမတ်ဂျောင်ရဲ့ မိသားစုနဲ့လည်း ဆက်စပ်မှုရှိနိုင်တယ်လို့ ပြောနေပါတယ်။
စီနီယာ ဒုံဟွန်းလည်း ယူဆော့ပြောတာကို ထောက်ခံပြီး ဂန်ဘိနာ နောက်ဆုံးဆက်သွယ်ခဲ့တဲ့သူက ဂျောင်တေးဂျူဖြစ်ခဲ့တာကြောင့်
ပတ်သက်နေတာဖြစ်နိုင်ကြောင်း ပြန်ပြောလိုက်ပါတယ်။
ဒါ့အပြင် ယူဆော့က ဂန်ဘိနာရဲ့အကြောင်း ခဏခဏ သတင်းရေးနေတဲ့
သတင်းထောက်တစ်ယောက်ရှိတာကြောင့် တွေ့ကြည့်မလားလို့ စီနီယာ
ဒုံဟွန်းကို ပြောလိုက်ပါတယ်။
စီနီယာ ဒုံဟွန်းဟာ သဘောတူလိုက်ပြီး ယူဆော့ကတော့
မှတ်စုစာအုပ်မှာ နာမည်တွေကို သေချာချမှတ်နေခဲ့ပါတယ်။
ဒါကြောင့် စီနီယာ ဒုံဟွန်းဟာ ယူဆော့ကို
ခုတလော အလုပ်တွေ ဘာလို့ကြိုးစားနေတာလဲလို့ မေးလိုက်ပါတယ်။
ယူဆော့ကတော့ စုံထောက်ကောင်းတစ်ယောက်ဖြစ်အောင်
ကြိုးစားနေကြောင်း ပြုံးပြီး ပြန်ဖြေခဲ့ပါတယ်။
အဲဒီနောက် အဖွဲ့မှူးက
ဟန်ဒါအွန်တို့ အဖွဲ့သားတွေကို စုံစမ်းရသမျှ ထူးခြားမှုကို လာမေးခဲ့ပါတယ်။
အဖွဲ့မှူးက ဘယ်ဂျာယောင်းကို သတ်တုန်းက မြစ်ဘေးက CCTV သွားကြည့်တာ သက်သေတွေ့ခဲ့လားလို့ ဟန်ဒါအွန်ကို
မေးလိုက်ပါတယ်။
ဟန်ဒါအွန်ကတော့ မတွေ့ခဲ့ကြောင်း လိမ်ပြောလိုက်ပြီး
ဖိုင်မွန်ကတော့ ဟန်ဒါအွန် လိမ်ပြောတာကို
ပြုံးပြီးကြည့်နေခဲ့ပါတယ်။
အဲဒီနောက် ဖိုင်မွန်က ခေါင်မိုးထပ်ကို ထွက်သွားပြီး
ဗီဒီယိုတစ်ခုကို ကြည့်နေခဲ့ပါတယ်။
ဟန်ဒါအွန်ဟာ အနောက်ကနေ လိုက်သွားလိုက်ပြီး ဖိုင်မွန်ကတော့ သူကြည့်နေတဲ့ ဗီဒီယိုထဲမှာ ဂန်ဘိနာ ကားဖြတ်သွားတဲ့ CCTV သက်သေကို ဟန်ဒါအွန်ကို ပြလိုက်ပါတယ်။
ဟန်ဒါအွန်ဟာ စိတ်တိုပြီး ဖိုင်မွန်ဖုန်းကို
ကိုင်ပေါက်ပစ်လိုက်ပါတယ်။
ဒါကြောင့် ဖိုင်မွန်တစ်ယောက် ရုတ်တရက်ထအော်ပြီး
ဖုန်းကိုပြန်ကောက်လိုက်ပါတယ်။
ဟန်ဒါအွန်ဟာ ဖိုင်မွန် အော်နေတာကို
ကြောင်ကြည့်နေခဲ့ပြီး ဖိုင်မွန်ကတော့ ဘာမှမဖြစ်သွားတဲ့ ဖုန်းကိုပြကာ ဂန်ဘိနာကို ဘယ်လောက်ထိ ကာကွယ်ပေးပြီး မိုက်ရူးရဲဆန်လာမလဲဆိုတာ
ကြည့်ချင်သေးတယ်လို့ ပြောလိုက်ပါတယ်။
ဟန်ဒါအွန်လည်း ကြည့်ချင်ရင် အခုပြမယ်လို့ ပြန်ပြောကာ
စိတ်တိုပြီး ထိုးမလို့လုပ်နေတုန်း ရဲနှစ်ယောက်
ရောက်လာတာမြင်တာကြောင့် ဖိုင်မွန်ကို ပြန်လွှတ်ပေးလိုက်ရပါတယ်။
ဖိုင်မွန်ကတော့ သက်သေကို သူ့ဆီက
ဘယ်လိုယူမလဲဆိုတာ အဖြေရှာထားဖို့ ဟန်ဒါအွန်ကို ပြောကာ ထွက်သွားပါတော့တယ်။
အဲဒီနောက် ဂန်ဘိနာနဲ့ ဟန်ဒါအွန်က လူသတ်သမားဂျေရဲ့
သတ်တာခံခဲ့ရတဲ့ နစ်နာသူမိသားစုဝင်တွေဆီကို လူသတ်သမားဂျေကို
ခွင့်လွှတ်မလွှတ် သိချင်တာကြောင့် သွားတွေ့ခဲ့ကြပါတယ်။
မိသားစုဝင်တစ်ယောက်အိမ်ကို ရောက်သွားတဲ့အခါ
လူတစ်ယောက်က အရက်တွေသောက်ပြီး မူးရူးနေခဲ့ပါတယ်။
ဂန်ဘိနာဟာ လူသတ်သမားဂျေအကြောင်း စုံစမ်းနေတာဖြစ်ပြီး
သေသွားတဲ့မိဘတွေအကြောင်း သိချင်လို့လာခဲ့ကြောင်း ပြောလိုက်ပါတယ်။
အဲဒီလူကတော့ သူ့မိဘတွေကို သတ်သွားတဲ့
လူသတ်သမားဂျေဆိုသူကို ခွင့်မလွှတ်နိုင်ကြောင်း ဒေါသတွေထွက်ကာ ပြောနေခဲ့တာကြောင့်
ဂန်ဘိနာဟာ ဆက်မမေးတော့ဘဲ ခွင့်လွှတ်မှုမခံရဘူးဆိုတာ သိသွားခဲ့ပါတယ်။
အဲဒီနောက် ဂန်ဘိနာတို့ဟာ နစ်နာသူမိသားစုဝင်တိုင်းကို
လိုက်မေးခဲ့ကြပြီး ပြန်လည်တရားစွဲဆိုခွင့်ကာလ ပြည့်သွားပြီဆိုတဲ့
သတင်းကြားတဲ့အတွက် သူတို့ဟာ ဘာမှမလုပ်နိုင်ဘဲ လက်လျော့လိုက်ရကြောင်း ပြောပြခဲ့ကြပါတယ်။
ဂန်ဘိနာဟာ နစ်နာသူမိသားစုဝင်ပြောတာတွေကို နားထောင်ရင်း
ရုတ်တရက် ငိုချင်လာတာကြောင့်
ထထွက်သွားခဲ့ပါတော့တယ်။
အဲဒီနောက် ဂန်ဘိနာတစ်ယောက်
လမ်းဘေးဆိုင်မှာ အရက်သောက်ရင်း နစ်နာသူတွေ မတရားခံရတာကို ဒေါသထွက်နေခဲ့ပါတယ်။
ဟန်ဒါအွန်လည်း ဂန်ဘိနာအရက်သောက်နေတာကို တားပြီး
ကိုလာမသောက်တော့ဘူးလားလို့ ဂန်ဘိနာကို မေးလိုက်ပါတယ်။
ဂန်ဘိနာက ဒရမ်မာထဲမှာ စိတ်ညစ်ရင် ဒီမှာ
အရက်လာသောက်ကြတဲ့အတွက် သူလည်းသောက်တာဖြစ်ကြောင်း
ပြန်ပြောလိုက်ပါတယ်။
ဟန်ဒါအွန်က နှုတ်ခမ်းကို ဆေးလိမ်းတာဟာလည်း ဒရမ်မာထဲကအတိုင်း လုပ်တာလားလို့ ဂန်ဘိနာကို မေးလိုက်ပါတယ်။
ဂန်ဘိနာလည်း ရှက်သွားပြီး အရက်ကိုသာ
ဖိသောက်နေပါတော့တယ်။ ဒါကြောင့် ဟန်ဒါအွန်က သူ့ထက်ပိုပြီး စိတ်မကောင်းဖြစ်ပေး၊ ဒေါသထွက်ပေးလို့ ကျေးဇူးတင်ကြောင်း ဂန်ဘိနာကို ပြောလိုက်ပါတယ်။
ဂန်ဘိနာဟာ ဟန်ဒါအွန်ကို စိုက်ကြည့်နေခဲ့မိပြီး
ခဏအကြာမှာတော့ ဖုန်းကို မက်ဆေ့ချ်တစ်ခုဝင်လာခဲ့ပါတယ်။
ဂန်ဘိနာကြည့်လိုက်တဲ့အခါ သန့်ရှင်းရေးနတ်ဆိုးဆီက
ဂင်ဆိုယောင်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ရှာတွေ့ပြီဖြစ်ကြောင်းနဲ့ တွေ့တော့မှ သေချာတင်ပြမယ့်အကြောင်း ပြောထားခဲ့ပါတယ်။
ဂန်ဘိနာဟာ ဟန်ဒါအွန်ကို လှမ်းကြည့်ပြီး သန့်ရှင်းရေး နတ်ဆိုးတို့နဲ့ သွားတွေ့ခဲ့ပါတယ်။
ခဏအကြာ သန့်ရှင်းရေးနတ်ဆိုးတို့လည်း ရောက်လာပြီး
ဂန်ဘိနာကို အချက်အလက်တွေပေးခဲ့ကာ ထွက်သွားခဲ့ပါတယ်။
ဂန်ဘိနာဟာ အချက်အလက်တွေကို ဖတ်ကြည့်ပြီး
ပြုံးနေခဲ့ပါတယ်။
တဖက်မှာတော့ ဂလယ်မိုရီက ဗဲလ်လက်ကို
ဘာအဲလ်နဲ့ တွေ့ခဲ့တဲ့နေရာကို ခေါ်လာခဲ့ပါတယ်။
ဗဲလ်လက်ကတော့ ဂလယ်မိုရီက တွေ့ရမယ့်လူရှိလို့
ခေါ်လာခဲ့တာကြောင့် ကြောက်ကြောက်နဲ့ လိုက်လာခဲ့ရပါတယ်။
ခဏအကြာ ဂလယ်မိုရီက ဖိုင်မွန်ကို ခေါ်လိုက်တဲ့အတွက်
ဗဲလ်လက်ဟာ လန့်သွားပါတော့တယ်။
ဖိုင်မွန်က ဗဲလ်လက်ကို ခိုင်းစရာရှိတဲ့အတွက်
သူ့စကားနားမထောင်ဘဲ သစ္စာဖောက်ပြီး ပျက်ကွက်ခဲ့ရင် သတ်ပစ်မယ်လို့
ခြိမ်းခြောက်ခဲ့ပါတယ်။ ဗဲလ်လက်ဟာ ကြောက်လန့်ပြီး လက်ခံလိုက်ရပါတယ်။
အဲဒီချိန် ဂလယ်မိုရီက ဟန်ဒါအွန်ကို
ဘယ်တော့သတ်ပစ်မှာလဲလို့ မေးလိုက်ပါတယ်။
ဖိုင်မွန်ကတော့ သူစီစဉ်ထားတာရှိတဲ့အတွက် စောင့်နေဖို့ ပြန်ပြောလိုက်ပါတယ်။ ဂလယ်မိုရီက ဂန်ဘိနာကို မထိခိုက်စေဘဲ
ဟန်ဒါအွန်ကိုသာ သတ်ပေးဖို့ ပြောလိုက်ပါတယ်။
ဖိုင်မွန်ကတော့ ပြုံးနေခဲ့ပြီး ဘာအဲလ်နဲ့ နှစ်ယောက်တည်း စကားပြောခဲ့တုန်းက အချိန်ကို ပြန်စဉ်းစားလိုက်ပါတယ်။
ဖိုင်မွန်က ဟန်ဒါအွန်ကို အပြစ်မရှိရင် မသတ်နိုင်ကြောင်း
ဘာအဲလ်ကို ပြောလိုက်တဲ့အခါ ဘာအဲလ်က အပြစ်မရှိရင် ရှိအောင်ဖန်တီးလိုက်ဖို့ ဖိုင်မွန်ကို ပြောလိုက်ပါတယ်။
ဒါကြောင့် ဖိုင်မွန်ဟာ ဂန်ဘိနာကိုရော ဘယ်လိုလုပ်ရမလဲလို့ ဘာအဲလ်ကို ထပ်မေးလိုက်ပါတယ်။
ဘာအဲလ်ဟာ ဂန်ဘိနာကို အနိုင်ပိုင်းနိုင်ရင်
သတ်ပစ်နိုင်တယ်လို့ ဖိုင်မွန်ကို ပြောလိုက်တဲ့အတွက်
ဖိုင်မွန်ဟာ ပျော်သွားပြီး ဘာအဲလ်ဆီက ဂန်ဘိနာကို သတ်ဖို့ ခွင့်ပြုချက်ရသွားခဲ့ပါတယ်။
ဒါကြောင့် ဖိုင်မွန်က ဂန်ဘိနာကိုပါ သတ်ပစ်ဖို့
ကြံစည်ထားပြီး ဂလယ်မိုရီကို ဂန်ဘိနာကို
မထိခိုက်စေမယ့်အကြောင်း လိမ်ပြောလိုက်ကာ ထွက်သွားခဲ့ပါတယ်။
ဂလယ်မိုရီကတော့ ဖိုင်မွန်ပြောတာကို ယုံသွားပြီး
ပြုံးနေခဲ့ပါတယ်။
ဗဲလ်လက်ကတော့
ကြောက်လန့်နေခဲ့ပြီး ဂလယ်မိုရီကိုကြည့်ကာ တစ်ခုခု
ဆိုးရွားတော့မယ်ဆိုတာ သိနေပါတော့တယ်။
အဲဒီနောက် လမ်းလျှောက်နေတဲ့ ဂလယ်မိုရီရှေ့ကနေ
ပိတ်ရပ်လိုက်ပြီး ဖိုင်မွန်နဲ့ ဂန်ဘိနာဟာ နှစ်ပေါင်း ၄၀၀ လောက်ထဲက
ပြိုင်ဘက်ရန်သူတွေ ဖြစ်တဲ့အတွက် ဖိုင်မွန်စကားကို မယုံဖို့ပြောနေခဲ့ပါတယ်။
ဂလယ်မိုရီကတော့ သူလည်း မတတ်နိုင်ပေမယ့် ဂန်ဘိနာကို
လူသားဆန်အောင်လုပ်ခဲ့တဲ့ ဟန်ဒါအွန်ကို သတ်ချင်တာကြောင့်လို့
ပြောလိုက်ပါတယ်။
ဒါ့အပြင် ဂန်ဘိနာကို မထိခိုက်စေဖို့ ကတိပေးထားတဲ့အတွက်
စိတ်မပူဖို့ ဗဲလ်လက်ကို ပြောလိုက်ပါတယ်။
ဗဲလ်လက်ဟာ အခြေအနေတွေ ဆိုးရွားလာမှာကြောင့် ဂန်ဘိနာကို သွားပြောမယ့်အကြောင်း ပြောလိုက်ပါတယ်။
အဲဒီတော့မှ ဂလယ်မိုရီဟာ ဗဲလ်လက်
ဘုရားကျောင်းတက်နေတဲ့အကြောင်းကို ဂန်ဘိနာကိုလည်း ပြောပြီး
ဘာအဲလ်ကိုပါ တိုင်မယ့်အကြောင်းပြောကာ ခြိမ်းခြောက်ပြီး ထွက်သွားပါတော့တယ်။
ဗဲလ်လက်ကတော့ ကြောက်လန့်နေခဲ့ပြီး တစ်ယောက်တည်း
ကျန်ခဲ့ပါတော့တယ်။
အဲဒီနောက် ဂျောင်တေးဂျူက ဗီလာပိုင်ရှင်
မိန်းမရဲ့သမီးနဲ့တွေ့ကာ ကလေးစရိတ်အတွက် ပိုက်ဆံပေးကမ်းလှမ်းပြီး
ဗီလာကို ဖြိုခိုင်းဖို့ တွန်းအားပေးခဲ့ပါတယ်။
ပိုင်ရှင်မိန်းမသမီးဟာ ခပ်ပြတ်ပြတ်ပြန်ငြင်းလိုက်တဲ့အတွက်
ဂျောင်တေးဂျူက ဟွမ်ချွန်းရပ်ကွက်နားမှာ လူသတ်မှုတွေ ဖြစ်နေတာကြောင့်
အမေဖြစ်သူကို စိတ်မပူဘူးလားလို့ ပြုံးပြီး ပြောပြလိုက်ပါတယ်။
အဲဒီနောက် ပိုင်ရှင်မိန်းမက ဒီနေ့သူ့သမီးလာမှာကြောင့် မင်ဂျွန်းအမေနဲ့အတူ ဟင်းတွေထုတ်ပိုးပြီး ပျော်ရွှင်စွာ ပြင်နေခဲ့ပါတယ်။
ခဏအကြာ ပိုင်ရှင်မိန်းမသမီးက ရောက်လာခဲ့ပါတယ်။
ပိုင်ရှင်မိန်းမဟာ သူ့သမီးရောက်လာတာကြောင့် ပျော်သွားပြီး မင်ဂျွန်းအမေဟာလည်း ပြန်သွားခဲ့ပါတယ်။
အဲဒီနောက် သမီးဖြစ်သူကတော့ သူ့အမေကို
စာအိတ်တစ်ခုထုတ်ပေးလိုက်ပါတယ်။
ပိုင်ရှင်မိန်းမဟာ ထုတ်ကြည့်လိုက်တဲ့အခါ ဗီလာဖြိုချမှာကို
သဘောတူရမယ့် စာချုပ်ဖြစ်နေခဲ့ပါတယ်။
သမီးဖြစ်သူက သူ့အမေကို သူ့အိမ်မှာ
လာပြောင်းနေခိုင်းခဲ့ပါတယ်။
ပိုင်ရှင်မိန်းမဟာ
ဗီလာကနေ မပြောင်းချင်တဲ့အကြောင်း
ပြောပြတဲ့အခါ သမီးဖြစ်သူက သေသွားတဲ့ အစ်ကိုဖြစ်သူကို ခုထိစွဲလမ်းနေပြီး သူ့ကိုဆို အမေက ဘယ်တော့မှ ဂရုမစိုက်ကြောင်း ပြန်ပြောကာ ငိုပြီး
ထွက်သွားပါတော့တယ်။
ပိုင်ရှင်မိန်းမဟာ ဝမ်းနည်းကာ ငိုနေခဲ့ပြီး တစ်ယောက်တည်း
ကျန်ခဲ့ပါတော့တယ်။ ပိုင်ရှင်မိန်းမရဲ့သမီးဟာလည်း ငိုပြီး
လှေကားပေါ်ကဆင်းလာရင်း ခြေချော်ကာ ဂန်ဘိနာနဲ့ ဝင်တိုက်မိပါတော့တယ်။
ဂန်ဘိနာဟာ သတိထားသွားဖို့ပြောလိုက်ပြီး
ဟန်ဒါအွန်ဟာလည်း ငိုနေတဲ့ ပိုင်ရှင်မိန်းမရဲ့သမီးကို အံ့ဩပြီးကြည့်နေခဲ့ပါတယ်။
အဲဒီနောက် ပိုင်ရှင်မိန်းမဆီကို
ဂန်ဘိနာနဲ့ ဟန်ဒါအွန်တို့က ရောက်လာခဲ့ပြီး ဆုံးသွားတဲ့ ဂျောင်ယယ်ချန်းရဲ့အမေလားလို့
ဂန်ဘိနာက မေးလိုက်ပါတယ်။
ပိုင်ရှင်မိန်းမဟာ
အံ့ဩသွားပြီး သော့ခတ်ထားတဲ့ အခန်းတစ်ခုကို
ဝမ်းနည်းစွာနဲ့ ဖွင့်ပြခဲ့ပါတယ်။
ဂန်ဘိနာလည်း အခန်းထဲဝင်ကြည့်လိုက်တဲ့အခါ ပိုင်ရှင်မိန်းမသားရဲ့ မသေခင်က ပုံရိပ်လေးတွေကို မြင်လိုက်ရပါတယ်။
မနက်ခင်တစ်ခုမှာတုန်း ပိုင်ရှင်မိန်းမရဲ့သားက
ကျောင်းသွားဖို့ ပြင်နေခဲ့ပြီး ပိုင်ရှင်မိန်းမကတော့
အလုပ်နောက်ကျနေတာကြောင့် သူ့သားကို မုန့်ဖိုးပေးခဲ့ပြီး
အလျင်အမြန်ထွက်သွားခဲ့ပါတယ်။
ညရောက်တဲ့အခါ အလုပ်လုပ်နေတဲ့ ပိုင်ရှင်မိန်းမဆီကို
သူ့သားဆုံးသွားပြီဆိုတဲ့အကြောင်း ဖုန်းဝင်လာခဲ့ပါတယ်။
အဲဒီနောက် ဈာပနမှာတော့ ပိုင်ရှင်မိန်းမဟာ
ကြောင်တောင်တောင်ဖြစ်နေခဲ့ပြီး ငိုနေခဲ့ပါတယ်။
လာနှစ်သိမ့်ပေးတဲ့သူတွေကိုလည်း ရန်စကားတွေ ပြန်ပြောခဲ့ပြီး
သင်းအုပ်ဆရာကိုလည်း ဘုရားသခင်ကို ယုံကြည်ခဲ့ပေမယ့်
သူ့သားကို ခေါ်သွားလို့ သောင်းကျန်းကာ ငိုယိုပြောဆိုနေခဲ့ပါတော့တယ်။
ပိုင်ရှင်မိန်းမက ကျမ်းစာအုပ်ကိုလည်း ထုနှက်ပြီး
ဈာပနလာတဲ့သူတွေ အကုန်လုံးကို မောင်းထုတ်ပါတော့တယ်။
သမီးဖြစ်သူကတော့ သူ့အမေကို ငိုပြီးကြည့်နေခဲ့ပါတယ်။
အဲဒီနောက် ပိုင်ရှင်မိန်းမက အိမ်မှာ သူ့သမီး
ကျောင်းဝတ်စုံကို အလယ်တန်းလို့မထင်ဘဲ မူလတန်းပဲရှိသေးတယ်လို့ ထင်နေခဲ့ပါတယ်။
သမီးဖြစ်သူက အလယ်တန်းရောက်နေပြီလို့ပြောတဲ့အခါ
အစ်ကိုဖြစ်သူက အလယ်တန်းမို့ သူ့သမီးကို မူလတန်းပဲရှိသေးတယ်လို့
ပြန်ပြောလိုက်ပါတယ်။
သမီးဖြစ်သူဟာလည်း ကြောင်သွားပြီး သူ့အမေကိုကြည့်နေခဲ့ပါတယ်။
အဲဒီနောက် ပိုင်ရှင်မိန်းမက ကြောင်တောင်တောင်ပုံစံနဲ့
အပြင်ကို ခြေဗလာနဲ့ ပြေးထွက်သွားခဲ့ပါတယ်။
တစ်နေရာအရောက် ဘုရားကျောင်းကို မြင်လိုက်ပြီး
ပိုင်ရှင်မိန်းမဟာလည်း ဘုရားကျောင်းထဲဝင်သွားကာ
ဆုတောင်းနေခဲ့ပါတော့တယ်။
ပိုင်ရှင်မိန်းမက ဂန်ဘိနာနဲ့
ဟန်ဒါအွန်ကို အတိတ်ဖြစ်ပျက်တွေ အားလုံးကို ပြောပြနေခဲ့ပါတယ်။
ဂန်ဘိနာဟာ နှစ် ၂၀ လောက် ဆုတောင်းနေခဲ့တဲ့
ဆုတောင်းကို မဖြည့်ပေးလို့ဆိုပြီး ဘုရားသခင်ကို ရန်စကားပြောလိုက်ပါတယ်။
နံရံက လက်ဝါးကပ်တိုင်ကြောင့် ဂန်ဘိနာဟာလည်း
မျက်လုံးကျိန်းသွားပြီး မျက်နှာပြန်လွှဲလိုက်ရပါတယ်။
ပိုင်ရှင်မိန်းမကတော့ သတင်းမှာ လူသတ်သမားဂျေဆိုတဲ့လူ
ပြန်ပေါ်လာတာကို တွေ့လိုက်ရတဲ့အကြောင်း ဟန်ဒါအွန်ကို
ပြောပြနေခဲ့ပါတယ်။
ဟန်ဒါအွန်က ဗီလာကနေ မပြောင်းရတဲ့ အကြောင်းအရင်းက
လူသတ်သမားဂျေကို စောင့်နေတာလားလို့
ပြန်မေးလိုက်ပါတယ်။
ပိုင်ရှင်မိန်းမလည်း လူသတ်သမားဂျေကို စောင့်နေတဲ့အကြောင်း ဝန်ခံလိုက်ပါတယ်။
ဂန်ဘိနာကတော့ လူသတ်သမားဂျေကို လူမသိဘဲနဲ့ သေသွားတာ
ပိုမကောင်းဘူးလားလို့ ပြောလိုက်ပါတယ်။
ပိုင်ရှင်မိန်းမကတော့ လူသတ်သမားဂျေကို လူကိုယ်တိုင်တွေ့ပြီး
မေးစရာရှိတာကြောင့် လုံးဝသေသွားလို့မဖြစ်ဘူးလို့
ပြောနေခဲ့ပါတယ်။
အဲဒီနောက် ဗီလာအပြင်ကို ထွက်လာခဲ့ကြပြီး ဟန်ဒါအွန်က ဂန်ဘိနာကို အဆင်ပြေရဲ့လားလို့ မေးလိုက်ပါတယ်။
ဂန်ဘိနာကတော့ ဟန်ဒါအွန်ကို နောက်တစ်နေရာသွားဖို့အတွက်
အဆင်ပြေလား ပြန်မေးလိုက်ပါတယ်။
နောက်တစ်နေရာကတော့ ဟန်ဒါအွန်ရဲ့ ငယ်ဘဝက
မိသားစုအသတ်ခံရတဲ့ အိမ်ဖြစ်ပြီး ဟန်ဒါအွန်တစ်ယောက် အိမ်တံခါးကို
မဖွင့်နိုင်ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် ဂန်ဘိနာက အရင်ဖွင့်ပြီး
အိမ်ထဲဝင်သွားလိုက်ပါတယ်။
အိမ်ထဲအရောက်မှာတော့ ဟန်ဒါအွန်က
အိမ်ထဲကို လှည့်ပတ်ကြည့်ရင်း ငယ်ဘဝက မှတ်မိသလောက် ကြုံခဲ့ရတာတွေကို
ဂန်ဘိနာကို ပြောပြနေခဲ့ပါတယ်။
ဂန်ဘိနာဟာ သူ့အာရုံနဲ့ ဟန်ဒါအွန်ရဲ့အတိတ်က ဖြစ်ရပ်တွေကို ပြန်မြင်လာခဲ့ပြီး ဟန်ဒါအွန် မိသားစုကို လူသတ်သမားက
သတ်နေတာတွေကိုပါ ပြန်မြင်လိုက်ရပါတယ်။
ဒါကြောင့် ဂန်ဘိနာလည်း မကြည့်ရက်နိုင်တော့ဘဲ ဝမ်းနည်းပြီး
အိမ်ပြင်ကို ပြေးထွက်သွားခဲ့ပါတယ်။
ဟန်ဒါအွန်ဟာ ဂန်ဘိနာအနောက်ကနေ လိုက်လာပြီး ဂန်ဘိနာကို
အဆင်ပြေလားလို့ မေးလိုက်ပါတယ်။
ဂန်ဘိနာတစ်ယောက်ကတော့ ဝမ်းနည်းကာ ငိုနေခဲ့ပြီး ဟန်ဒါအွန်ကို
ဘာလို့မငိုတာလဲလို့ ပြန်မေးနေခဲ့ပါတယ်။
ဟန်ဒါအွန်ကတော့ သူငိုလိုက်ရင် အရင်အချိန်တုန်းကလို
သူ့ပုံစံကို ပြန်မှတ်မိသွားမှာစိုးတာကြောင့်
မငိုခဲ့ကြောင်း ပြောပြလိုက်ပါတယ်။
အဲဒီနောက် ဂန်ဘိနာက ဟန်ဒါအွန်ရဲ့မိသားစုနဲ့
အဖွဲ့မှူးဂင်ဆိုယောင်းက စုံစမ်းရသလောက် ငရဲမှာမရှိတဲ့အကြောင်း ပြောပြခဲ့ပါတယ်။
ဟန်ဒါအွန်ဟာ ပြုံးလိုက်ပြီး သူကငရဲကိုသွားမှာမို့
မတွေ့ရတော့တဲ့အကြောင်း ဂန်ဘိနာကို ပြောလိုက်ပါတယ်။
ဂန်ဘိနာကတော့ အကြောင်းစုံကို သိသွားပြီမို့ ဟန်ဒါအွန်ကို ငရဲကို မသွားစေရဘဲ သူသတ်ပေးမယ့်အကြောင် ပြောခဲ့ပြီး ထွက်သွားပါတော့တယ်။
ဟန်ဒါအွန်တစ်ယောက်လည်း ဂန်ဘိနာစကားကြောင့်
ဘာပြောရမှန်းမသိ ကြောင်ပြီး ကျန်နေခဲ့ပါတယ်။
အဲဒီနောက် ကလပ်တစ်ခုကို
ဂန်ဘိနာတစ်ယောက် ဗဲလ်လက်နဲ့အတူ ရောက်လာခဲ့ပါတယ်။
ဗဲလ်လက်က ဂန်ဘိနာ ကလပ်ထဲမဝင်ခင် ဂန်ဘိနာ
ပိုက်ဆံအိတ်ထဲက ဖုန်းကိုခိုးယူထားလိုက်ပြီး တောင်းပန်ပါတယ်လို့ ပြောနေခဲ့ပါတယ်။
ဂန်ဘိနာကတော့
အာရုံမထားဘဲ ပိုက်ဆံအိတ်ယူကာ ဝင်သွားခဲ့ပါတယ်။
အထဲအရောက် အခန်းတစ်ခုမှာ ဂျောင်ဆွန်းဟိုက
အရက်မူးရူးနေခဲ့ပါတယ်။
ဂန်ဘိနာကတော့ အရက်ပုလင်းတွေကို ရိုက်ခွဲကာ
စာတန်ဟုတ်မဟုတ် ခြိမ်းခြောက်ပြီးမေးခဲ့ပါတယ်။
ဂျောင်ဆွန်းဟိုကတော့ ကြောက်လန့်ကာ သူမဟုတ်ကြောင်း
အတင်းငြင်းနေခဲ့တဲ့အတွက် ဂန်ဘိနာဟာ စာတန်မဟုတ်မှန်း သိသွားခဲ့ပါတယ်။
အဲဒီချိန်မှာတော့ ဟန်ဒါအွန်က မီးပုံဘေးမှာထိုင်ရင်း
ဂန်ဘိနာအကြောင်း စဉ်းစားရင်း ပြုံးနေခဲ့ပါတယ်။
ဒါ့အပြင် ဖိုင်မွန်ပြောတဲ့ ဂန်ဘိနာကို ဘယ်လိုအဆုံးထိ
ကာကွယ်နိုင်မလဲဆိုတဲ့စကားကိုလည်း ပြန်တွေးနေခဲ့မိပါတယ်။
ဒါကြောင့် ဓားမြှောင်တစ်ခုကို ထုတ်လိုက်ပြီး အဖြေရှာတွေ့ပြီဖြစ်ကြောင်း ဖိုင်မွန်ဆီ စာပို့မလို့လုပ်နေတုန်း ဂန်ဘိနာဆီက ဖုန်းဝင်လာခဲ့ပါတယ်။
ဖုန်းထဲမှာတော့ ဂန်ဘိနာက သူ့ကိုကယ်ပေးဖို့အတွက် ကူညီတောင်းနေခဲ့ပြီး သူရှိနေရာကို လိုက်လာဖို့ ဟန်ဒါအွန်ကို ပြောခဲ့ပါတယ်။
ဟန်ဒါအွန်ဟာ ဂန်ဘိနာကို စိတ်ပူသွားပြီး
ကားမောင်းထွက်သွားပါတယ်။
တစ်ဖက်မှာတော့
ဂန်ဘိနာဖုန်းနဲ့ပြောတဲ့သူက ဗဲလ်လက်ဖြစ်နေခဲ့ပြီး ဂန်ဘိနာအသံတုနဲ့ပြောပေးဖို့ ဖိုင်မွန်နဲ့ ဂလယ်မိုရီက ဗဲလ်လက်ကို လုပ်ခိုင်းထားတာဖြစ်ပါတယ်။
ဗဲလ်လက်ဟာလည်း ဖိုင်မွန်တို့ကြောင့် ကြောက်လန့်နေခဲ့ပြီး
ဂန်ဘိနာနဲ့ ဟန်ဒါအွန်တို့အတွက် သစ္စာဖောက်လိုက်ရတာကြောင့် ဝမ်းနည်းနေပါတော့တယ်။
ဒါကြောင့် ဗဲလ်လက်တစ်ယောက် ဘုရားကျောင်းမှာ သွားပြီး
အပြစ်ဝန်ခံကာ ဘုရားသခင်ကို ငရဲကိုသာသွားတော့မယ်လို့ ပြောနေခဲ့ပါတယ်။
ဘေးမှာတော့ သင်းအုပ်ဆရာကထိုင်နေခဲ့ပြီး ဗဲလ်လက်ပြောတာတွေကို
နားထောင်နေခဲ့ပါတယ်။
အဲဒီနောက် ဗဲလ်လက်က ဘုရားကျောင်းကို မလာတော့မှာမို့
သင်းအုပ်ဆရာကို နှုတ်ဆက်ပြီး ထွက်လာခဲ့ပါတယ်။
သင်းအုပ်ဆရာကတော့ ဘုရားကျောင်းကို အချိန်မရွေး
လာနိုင်ကြောင်း လှမ်းပြောနေခဲ့ပါတယ်။
ဗဲလ်လက်ကတော့ နတ်ဆိုးတွေဝင်လာနိုင်တာကြောင့်
ပိတ်ပစ်ဖို့သာပြောပြီး ထွက်သွားခဲ့ပါတော့တယ်။
ဗဲလ်လက်တစ်ယောက်
ဘုရားကျောင်းကပြန်လာပြီး လမ်းလျှောက်လာရင်း ဂလယ်မိုရီက အနောက်ကနေ ဖုန်းခိုးတာကိုလည်း သွားဆုတောင်းနေတာပဲလားဆိုပြီး ဗဲလ်လက်ကို မေးလိုက်ပါတယ်။
ဗဲလ်လက်ဟာ ရုတ်တရက်လန့်သွားပြီး
ဘုရားကျောင်းကို ထပ်မသွားတော့မယ့်အကြောင်း ပြန်ပြောခဲ့ပါတယ်။
ဂလယ်မိုရီကတော့ သင်းအုပ်ဆရာက လှူတဲ့ ပိုက်ဆံနည်းလို့
မလာခိုင်းတော့တာလားဆိုပြီး ဗဲလ်လက်ကို ပြောလိုက်ပါတယ်။
ဗဲလ်လက်လည်း ဒေါသထွက်ပြီး ဘုရားကျောင်းသွားရင်း
သိလိုက်ရတာတစ်ခုရှိတဲ့အကြောင်း ဂလယ်မိုရီကို ပြန်ပြောလိုက်ပါတယ်။
ဂလယ်မိုရီဟာ ဗဲလ်လက်လည်ပင်းကို ဓားနဲ့ထောက်ထားလိုက်ပြီး ဘာလဲလို့မေးလိုက်ပါတယ်။
ဗဲလ်လက်ကတော့ အိတ်ထဲက ကန့်မှုန့်တွေနဲ့ ဂလယ်မိုရီကို
ပက်ပစ်လိုက်ပြီး သူကိုယ်သူလည်း နတ်ဆိုးဖြစ်ကြောင်း
သိလိုက်ရတယ်လို့ ပြန်ပြောကာ အမြန်ထွက်ပြေးသွားပါတယ်။
အဲဒီနောက် ဗဲလ်လက်က ဂလယ်မိုရီ
ကန့်မှုန့်အရှိန်မပြေသေးတဲ့ ၂ နာရီအတွင်း ဂန်ဘိနာတို့ကို ကူညီဖို့
ဗီလာကို ပြေးလာခဲ့ပါတယ်။
ဗီလာမှာတော့ ဗဲလ်လက်က တံခါးတွေလိုက်ထုရင်း ဂန်ဘိနာရော ဟန်ဒါအွန်ရော မရှိတာကြောင့် စိတ်ညစ်နေတုန်း အဖွားပုံစံနဲ့ ဂါဘရီရယ်က
ရောက်လာခဲ့ပါတယ်။
အဲဒီချိန် ဂန်ဘိနာကတော့ ကလပ်ထဲမှာ ယောက်ျားတစ်ယောက်က
လက်လာဆွဲပြီး တစ်နေရာကို ခေါ်လာတာကို ခံခဲ့ရပါတယ်။
ဂန်ဘိနာဟာ စိတ်တိုသွားပြီး ရန်ထောင်မလို့လုပ်တုန်း
အဲဒီယောက်ျားက အဖွားပုံစံနဲ့ ဂါဘရီရယ်ဖြစ်သွားခဲ့ပါတယ်။
ဂန်ဘိနာလည်း အံ့ဩသွားပြီး နောက်တော့ ဗဲလ်လက်ပါ
ရောက်လာခဲ့ပါတယ်။ ဗဲလ်လက်က အဖွားပုံစံနဲ့ဆို
ကလပ်ထဲဝင်မရတဲ့အတွက် အဖွားက အခုလို ယောက်ျားပုံလုပ်လိုက်ရတာလို့ ပြောပြလိုက်ပါတယ်။
ဗဲလ်လက်ကတော့ အဖွားကို နတ်သမီးလို့ထင်နေခဲ့ပြီး အဖွားပုံစံ
ဂါဘရီရယ်ကတော့ သူကူညီပြီးပြီဖြစ်တဲ့အကြောင်း
ဂန်ဘိနာကို ပြောကာ ထွက်သွားခဲ့ပါတယ်။
အဲဒီနောက် ဗဲလ်လက်က ဂန်ဘိနာကို
ဒူးထောက်ကာ ခွင့်လွှတ်ဖို့လုပ်ခဲ့ပါတယ်။
ဂန်ဘိနာက ဗဲလ်လက် ဘုရားကျောင်းသွားတာကို သိတဲ့အကြောင်းပြောလိုက်ပြီး
နတ်ဆိုးပီသတဲ့အတွက် ဗဲလ်လက်ကို ခွင့်လွှတ်တယ်လို့ပြောလိုက်ပါတယ်။
ဗဲလ်လက်ဟာ
အံ့ဩသွားပြီး ဟန်ဒါအွန် အန္တရာယ်ရှိနေတဲ့အကြောင်း ဖြစ်စဉ်တွေကို
ပြောပြလိုက်ပါတယ်။
ဗဲလ်လက်ဟာ ဂန်ဘိနာကို အဝတ်လဲဖို့ အိတ်ကိုပေးလိုက်တဲ့အခါ ဂန်ဘိနာဟာ သဘောပေါက်သွားပြီး ကားနဲ့ ဟန်ဒါအွန်ဆီ အမြန်လိုက်သွားခဲ့ပါတယ်။
ဟန်ဒါအွန်ကတော့
ဖိုင်မွန်ခေါ်ထားတဲ့နေရာကို ရောက်လာခဲ့ပြီး ဂန်ဘိနာကို စိတ်ပူပြီးရှာနေခဲ့ပါတယ်။
အဲဒီချိန် ဖိုင်မွန်က ဂန်ဘိနာဖုန်းကို ကိုင်ကာထွက်လာပြီး
ဂန်ဘိနာကို သတ်လိုက်ပြီလို့ပြောရင်း ဖုန်းကို ဟန်ဒါအွန်အရှေ့ကို
ပစ်ချလိုက်ပါတယ်။
အဲဒီနောက် ဖိုင်မွန်က စနောက်သလိုပုံစံလုပ်လိုက်ပြီး ဂန်ဘိနာကို သတ်ဖို့ နတ်ဆိုးအချင်းချင်းဆိုရင်တော့ ရတဲ့အကြောင်း ပြောကာ
သူ့မျက်လုံးနီတွေကို ပြလိုက်ပါတယ်။
ဟန်ဒါအွန်ဟာ စိတ်တိုပြီး ဖိုင်မွန်ကို ပြေးထိုးပါတော့တယ်။
ဖိုင်မွန်ကတော့ ဟန်ဒါအွန်လက်သီးနဲ့
ထိုးတာကို ရယ်နေခဲ့ပြီး ဟန်ဒါအွန်ဟာလည်း ဓားနဲ့ထပ်ထိုးဖို့လုပ်တဲ့အခါ ဟန်ဒါအွန်လက်ကို ပြန်လိမ်ချိုးပြီး အဝေးကို တွန်းထုတ်ပစ်လိုက်ပါတယ်။
အဲဒီနောက် ဖိုင်မွန်က ဟန်ဒါအွန်ကို
ဆက်တိုက်ထိုးကြိတ်ပြီး ကန်နေခဲ့ပါတယ်။
ဟန်ဒါအွန်ဟာ ဖိုင်မွန်က ဂန်ဘိနာကို ဘယ်တော့မှနိုင်မှာ
မဟုတ်တဲ့အကြောင်း ပြုံးပြီးပြန်ပြောလိုက်ပါတယ်။
ဒါကြောင့် ဖိုင်မွန်လည်း ဟန်ဒါအွန်ကို
လက်သီးနဲ့ အသေသတ်ပစ်ဖို့လုပ်တဲ့အချိန် ဂန်ဘိနာကရောက်လာပြီး ဖိုင်မွန်ကို အဝေးကို ကန်ပစ်လိုက်ပါတော့တယ်။
ဒဏ်ရာတွေနဲ့ ဟန်ဒါအွန်ဟာ ဂန်ဘိနာကို စိတ်ပူနေခဲ့တဲ့အတွက် ဂန်ဘိနာက သူ့ကိုစိတ်မပူဘဲ ငြိမ်ငြိမ်နေဖို့ မှာခဲ့ပြီး
ဖိုင်မွန်ကိုသွားချပါတော့တယ်။
အဲဒီနောက် ဂန်ဘိနာနဲ့
ဖိုင်မွန်တို့နှစ်ယောက်ဟာ လက်နက်ကိုယ်စီနဲ့ ချနေခဲ့ကြပြီး နောက်ဆုံး
ဂန်ဘိနာဟာ ဖိုင်မွန်ကိုလှဲသိပ်လိုက်ပါတယ်။
ဖိုင်မွန်လဲနေတုန်း ဂန်ဘိနာက ဓားနဲ့ထိုးဖို့လုပ်တဲ့အခါ ဖိုင်မွန်က ဂါထာတစ်ခုရွတ်လိုက်ပါတယ်။
အဲဒါကြောင့် ဂန်ဘိနာဟာလည်း ဟန်ဒါအွန်
ငယ်ဘဝကအိမ်ကိုရောက်သွားပြီး သူမရဲ့အမြင်မှာ အရှေ့မှာလဲနေတဲ့သူက
ဖိုင်မွန်မဟုတ်ဘဲ ဟန်ဒါအွန်ဖြစ်နေခဲ့ပါတယ်။
ဂန်ဘိနာလည်း ရုတ်တရက် ကြောင်သွားခဲ့ပြီး
အားနည်းသွားခဲ့ပါတယ်။
အဲဒီချိန်မှာပဲ
ဟန်ဒါအွန်ပုံစံနဲ့ ဖိုင်မွန်က ဂန်ဘိနာကို
တိုက်ခိုက်ခဲ့ပါတယ်။ ဂန်ဘိနာလည်း ဟန်ဒါအွန်ပုံစံကြောင့် ပြန်မချနိုင်ဖြစ်နေခဲ့ပြီး ဖိုင်မွန်လှံနဲ့ အထိုးခံရမလိုဖြစ်နေတဲ့အချိန် အပြင်က ဟန်ဒါအွန်အစစ်က
ဂန်ဘိနာကို လှမ်းခေါ်လိုက်ပါတယ်။
ဟန်ဒါအွန့်အသံကြောင့် ဂန်ဘိနာလည်း သတိပြန်ကပ်သွားပြီး
တကယ့်ကမ္ဘာအစစ်ကို ပြန်ရောက်လာခဲ့ပါတယ်။
အဲဒီနောက်တော့ ဂန်ဘိနာလည်း အားတွေပြန်ရှိလာပြီး
ဖိုင်မွန်ကို သူ့လှံနဲ့ပြန်ပစ်ကာ အဆုံးသတ်လိုက်ပါတော့တယ်။
ဂန်ဘိနာဟာ ဖိုင်မွန်ကို
အဆုံးသတ်လိုက်ပြီးနောက် ဒဏ်ရာနဲ့ လဲနေတဲ့ ဟန်ဒါအွန်ဆီပြန်လာပြီး ရှေ့လျှောက်လည်း သူကာကွယ်ပေးမယ်လို့ပြောကာ ဖက်ပြီး မျက်ရည်ကျနေခဲ့ပါတယ်။
ဟန်ဒါအွန်ဟာ ပြုံးလိုက်ပြီး
နှစ်ယောက်သားအတူတူထွက်သွားဖို့လုပ်နေတဲ့အချိန် အနောက်ကနေ ဖိုင်မွန်က မသေသေးဘဲ ဂန်ဘိနာကို လှံနဲ့ ထိုးဖို့လာနေခဲ့ပါတယ်။
ဒါကြောင့် ဟန်ဒါအွန်က မြင်သွားပြီး ဂန်ဘိနာအစား
အမြန်ဝင်ခံပေးလိုက်ပါတယ်။
ဂန်ဘိနာလည်း ရုတ်တရက်လန့်သွားခဲ့ပြီး
ဟန်ဒါအွန်ကိုဖက်ထားရင်းနဲ့ပဲ ကြောင်ကြည့်နေခဲ့မိပါတော့တယ်။
ဟုတ်ကဲ့ပါရှင်။ အပိုင်း ၅ ကတော့
ဒီမှာတင်အဆုံးသတ်သွားခဲ့ပါပြီ။ နောက်နေ့မှာ အပိုင်းဆက်များကို
စောင့်မျှော်အားပေးကြဖို့ ဖိတ်ခေါ်ပါရစေ။
အဆုံးထိအားပေးခဲ့ကြတဲ့
ပရိတ်သတ်အယောက်စီတိုင်းကို
ကျေးဇူးအထူးတင်ရှိပါ ကြောင်းနဲ့၊
ပရိတ်သတ်များနဲ့တကွ
တိုင်းပြည်နဲ့လူမျိုးကို
အဆိပ်မခပ်သူများအားလုံး
ကျန်းမာ၊ ဘေးကင်းကြပါစေကြောင်း
တင်ဆက်သူကျမ “ချစ်ခွန်းချို”မှ ဆုတောင်းမေတ္တာ
ပို့သလိုက်ရပါတယ်ရှန်။
No comments:
Post a Comment