BTM

ads header

Wednesday, April 16, 2025

ငရဲမှလာသော တရားသူကြီး အပိုင်း - ၂


    “ဂန်ဘီနာ” တစ်ယောက် ဟန်ဒါအွန့်ကို အပြစ်သားလို့ထင်လိုက်တာကြောင့် သူ့ရဲ့ငရဲဓားနဲ့ အဆုံးစီရင်လိုက်ပြီး ငရဲကိုပို့လိုက်ပါပြီ။

ဒါပေမယ့် တကယ်တမ်းမှာတော့ ဟန်ဒါအွန်က အပြစ်သားမဟုတ်ဘဲ သူငယ်ငယ်လေးကတည်းက သူ့မိဘတွေကို ထူးဆန်းတဲ့ပုဆိန်ကိုကိုင်ထားတဲ့ လူသတ်သမားက သူ့မျက်စိရှေ့မှာတင် သတ်ဖြတ်ထားတာကိုမြင်လိုက်ရသလို၊

 သူကိုယ်တိုင်က သူ့မိဘတွေရဲ့အသက်ကို မကယ်လိုက်နိုင်တာကြောင့် သူ့ကိုယ်သူ လူသတ်သမားလို့သတ်မှတ်ကာ စိတ်သောကရောက်နေသူပဲ ဖြစ်နေပါတယ်။

ဒါကြောင့်  “ဂန်ဘီနာ” က မှားပြီး အပြစ်ပေးလိုက်တာကြောင့် ငရဲရဲ့ပထမတန်းအရာရှိ ဘာအဲ ရောက်လာခဲ့ပြီး၊ လူမှားပြီးတရားစီရင်တာကြောင့်  “ဂန်ဘီနာ” ကို အမှုထပ်တိုးလိုက်ပါတယ်။

ဒါကြောင့်  “ဂန်ဘီနာ” ဟာ အပြစ်သား နောက်ထပ် 10 ယောက်ကို ထပ်သတ်ကာ ငရဲပို့ဖို့ ဖြစ်လာခဲ့ပါတယ်။

ဟန်ဒါအွန်ကတော့ အပြစ်မရှိဘဲ တရားစီရင်ခံရတာကြောင့် ဘာအဲရဲ့အစွမ်းနဲ့ သေရာကနေပြန်ရှင်လာခဲ့ပါတယ်။

     ဟန်ဒါအွန်ဟာ သွေးတွေထွက်နေရာကနေ ရုတ်တရက် သွေးတွေပျောက်သွားကာ သတိပြန်ရလာခဲ့ပါတယ်။

နောက်တော့ လူးလဲထလိုက်ပြီး သူ့ဗိုက်ကိုပြန်လှန်ကြည့်လိုက်တံအခါမှာတော့  “ဂန်ဘီနာ” ထိုးထားတဲ့ ဓားဒဏ်ရာကို တွေ့လိုက်ရပါတယ်။

ဒါပေမယ့်ဓားဒဏ်ရာဟာ သူကြည့်နေတုန်းမှာပဲ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားခဲ့ပါတယ်။

လူသားတစ်ယောက်ဖြစ်တဲ့ ဟန်ဒါအွန်လည်း ရုတ်တရက်ကြုံလိုက်ရတာတွေကြောင့် အခြေအနေကို နားမလည်နိုင်အောင်ဖြစ်နေခဲ့ပါတယ်။

“ဂန်ဘီနာ” ကိုလည်းကြည့်လိုက်ပြီး  “ဂန်ဘီနာ” က ဘာလဲဆိုပြီးမေးလိုက်ပေမယ့်  “ဂန်ဘီနာ” ကတော့ ဘာမှပြန်မပြေောဘဲ သူ့လက်ကိုဆန့်ပေးလိုက်ကာ အဖမ်းခိုင်းလိုက်ပါတယ်။

     ဟန်ဒါအွန်ဟာ  “ဂန်ဘီနာ” ကိုဖမ်းပြီး ရဲစခန်းကိုရောက်လာခဲ့ပါတယ်။

ရဲတွေကတော့  “ဂန်ဘီနာ” ကို လူသတ်သမားပါဆိုပြီး စွတ်စွဲနေတဲ့ ဟန်ဒါအွန့်စကားကိုမယုံတာကြောင့် ဟန်ဒါအွန်ကို အယ်လ်ကိုဟောတိုင်းတဲ့ကိရီယာနဲ့ တိုင်းကြည့်လိုက်ပါတယ်။

စက်ထဲမှာကတော့ အရက်အလွန်အကျွံသောက်ထားကြောင်း ပြထားတာကြောင့် ဌာနမှူးက မူးကြောင်ရူးကြောင်နဲ့ လျှေက်ပြောနေတာဆိုပြီး ပြောလိုက်ပါတယ်။

ဟန်ဒါအွန်ကတော့ သူ့ဗိုက်ကဒဏ်ရာကိုလှန်ပြလိုက်ပြီး  “ဂန်ဘီနာ” ကသူ့ကိုသတ်ခဲ့ကြောင်း ပြောလိုက်ပါတယ်။

တကယ်တမ်းမှာတော့ ဟန်ဒါအွန်ရဲ့ဗိုက်မှာ ဘာဒဏ်ရာမှရှိမနေတာကြောင့် လုပ်ဖော်ကိုင်ဖက်တွေလည်း ဟန်ဒါအွန်ကို အပြစ်တင်ကာ  “ဂန်ဘီနာ” ကို တောင်းပန်ပြီး ပြန်လွှတ်လိုက်ရပါတယ်။

      ရဲစခန်းကလွတ်လာပြီးတဲ့နောက်မှာတော့  “ဂန်ဘီနာ” နဲ့ဗဲလ်လက်တို့ဟာ စားသောက်ဆိူင်တစ်ခုမှာ အတူတူထိုင်စားကြရင်း  “ဂန်ဘီနာ” က ဗဲလ်လက်အကြံပေးတာကြောင့် ဟန်ဒါအွန်ကိုမှားသတ်မိကြောင်း၊

ဒါ့ကြောင့် သူ့ရဲ့ပြစ်ဒဏ်ဟာ လူ ၁၀ ယောက်ကနေ အယောက် ၂၀ အထိဖြစ်သွားကြောင်း ပြောပြလိုက်တာကြောင့် ဗဲလ်လက်လည်း စိတ်ပျက်နေခဲ့ပါတယ်။

သူတို့စကားပြောနေတုန်းမှာပဲ စားသောက်ဆိုင်က ဝိတ်တာကောင်မလေးရောက်လာကာ စားစရာတွေကို အဆင်ပြေပြေစားသောက်ဖို့ လာပြောခဲ့တာကြောင့် ဗဲလ်လက်ကို စိတ်ဆိုးနေတဲ့  “ဂန်ဘီနာ” လည်း သူ့ရှေ့ကကောင်ကို ကတ်သလိပ်လုပ်ပေးဖို့ ပြောလိုက်ပါတယ်။

ဝိတ်တာကလည်း ခပ်တည်တည်နဲ့ပဲ ပြန်ရင်ပါဆယ်လုပ်ပေးလိုက်မယ့်အကြောင်း ပြောတာကြောင့် ဗဲလ်လက်လည်း လန့်သွားကာ နောက်တစ်ခါဆိုရင် ဒီဆိုင်ကိုလာမစားဖို့ ပြောလိုက်ပါတယ်။

ဝိတ်တာလည်း ထွက်သွားလိုက်ပြီး ခဏနေတော့ ပြန်လှည့်လာကာ  “ဂန်ဘီနာ” ကို ဓားနဲ့ထောက်လိုက်ကာ သေသွားပြီ့း ငရဲရောက်သွားတဲ့သူက ဘယ်လိုလုပ်ပြီး ပြန်ရောက်လာတာလဲဆိုပြီး မေးလိုက်ပါတယ်။

“ဂန်ဘီနာ” လည်း ဝိတ်တာ့စကားေကြာင့် ပြုံးလိုက်ပြီး ဝိတ်တာကို မင်းက ဘာလဲဆိုပြီးမေးေလိုက်ပါတယ်။

ဝိတ်တာကတော့ သူဟာ  “ဂန်ဘီနာ” ကြောင့် ဝက်သားပြားကြော်လာရောင်းနေရတဲ့ ဂလယ်မိုရီဖြစ်ကြောင်း ပြောလိုက်ပါတယ်။

နောက်တော့ သူ့နောက်ကိုအသာတကြည်လိုက်ခဲ့ဖို့ပြောလိုက်တာေကြာင့် ဗဲလ်လက်က ဂလယ်မိုရီကို လက်ဟန်ခြေဟန်ပြကာ သူ့ရှေ့မှာမြင်နေရသူက ယူစတီးရှားဖြစ်ကြောင်း ပြောလိုက်ပါတယ်။

ဂလယ်မိုရီက ဗဲလ်လက်ပြောတာကိုနာမလည်တာကြောင့် ဗဲလ်လက်က သူ့အနားကိုခေါ်ကာ ယူစတီးရှားဖြစ်ကြောင်း စာရေးပြလိုက်မှ ဂလယ်မိုရီလည်း အံ့ဩသွားကာ သူ့ရဲ့သူရဲကောင်း ယူစတီးရှားကို ရှိခိုးကာအရီုအသေပေးလိုက်ပါတယ်။

       နောက်တော့  “ဂန်ဘီနာ” ဟာ ဂလယ်မိုရီနဲ့အတူတူ အေးအေးဆေးဆေးစကားပြောဖြစ်ခဲ့ပြီး သူဘာကြောင့် ဒီကိုရောက်လာရလဲဆိုတာကို ပြောပြခဲ့ပါတယ်။

ယူစတီးရှားအနေနဲ့ အခုလို အပြစ်ပေးခံရတာဟာ အပြစ်သားကို လွတ်သွားတဲ့ သူ့အပြစ်ဖြစ်တာကြောင့် ဂလယ်မိုရီလည်း  “ဂန်ဘီနာ” ရဲ့တာဝန်တွေအမြန်ပြီးဆုံးဖို့အတွက် သူ ကူညီမယ့်အကြောင်း ပြောလိုက်ပါတယ်။

     ဗဲလ်လက်ဟာ  “ဂန်ဘီနာ” တို့နဲ့စကားပြောနေရင်း ဂလယ်မိုရီကို ကြောက်တာကြောင့် အမြန်လစ်ထွက်လာခဲ့ပါတယ်။

ဒါကြောင့် သူနေတဲ့ဗီလာရဲ့ပိုင်ရှင် အမျိူးသမီးနဲ့တွေ့ခဲ့ပြီး အမျိုးသမီးက ဘုရားကျောင်းသွားဖို့ဆွယ်တာကြောင့် ဗဲလ်လက်လည်း သူ့လိုလူအနေနဲ့ ဘုရားကျောင်းကိုသွားရင် တကယ်ပဲ ငရဲမသွားရဘဲ ကောင်းကင်ဘုံကိုသွားရမှာလားဆိုပြီး မေးလိုက်ပါတယ်။

အမျိုးသမီးလည်း ဗဲလ်လက်တစ်ယောက် စိတ်ပါလာတယ်ဆိုတာကို သိတာကြောင့် ဗဲလ်လက်ကို ဘုရားကျောင်းဆီကို အတင်းဆွဲခေါ်သွားပါတော့တယ်။

     တဖက်မှာတော့ လွှတ်တော်အမတ်ရှောင်ရဲ့သားကြီးဖြစ်တဲ့ ထယ်အို့ဆောက်လုပ်ရေးလုပ်ငန်းရဲ့ဦးဆောင်သူဟာ သူ့ရဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ကြည့်နေခဲ့ပါတယ်။

သူ့ရဲ့ ဆောက်လက်စ အဆောက်အဦးတွေကြားမှာ ဟွန်ချွန်းဗီလာက ထီးထီးကြီးရှိနေသေးတာကြောင့် ဗီလာပါတဲ့ပုံစံငယ်ကိုကြည့်နေခဲ့ပြီး ဗီလာက လူတွေရဲ့ အသနားခံစာကိုလည်း ကြည့်နေခဲ့ပါတယ်။

နောက်တော့ သူ့ဆီကိုသူ့ရဲ့အဖေ အမတ်ရှောင်ဟာ မုန့်အချိုတွေယူလာပေးရင်း ရောက်လာခဲ့ပါတယ်။ အမတ်ရှောင်ဟာ သားဖြစ်သူရဲ့အခန်းထဲမှာထားထားတဲ့ ပုံစံငယ်ကိုကြည့်လိုက်ပြီး ဟွမ်ချွန်းဗီလာဟာ အခုထိ ရှေ့မှာပိတ်နေသေးတာလားဆိုပြီး မေးလိုက်သလို ဗီလာမှာနေတဲ့သူတွေနဲ့ ဆွေးနွေးကြည့်ဖို့ကိုလည်း ပြောလိုက်ပါတယ်။

သားဖြစ်သူကတော့ ဗီလာနေသူတွေအားလုံးက လက်ခံတာတောင် တယောက်ကတော့ လက်မခံကြောင်း၊ အဲဒီ့တစ်ယောက်ကတော့ တရားသူကြီး ဂန်ဘီနာ ဖြစ်ကြောင်းပြောလိုက်ပါတယ်။

အမတ်ရှောင်လည်း  “ဂန်ဘီနာ” ဟာ ဟွမ်ချွန်းဗီလာမှာနေတယ်ဆိုတာကြောင့် အံ့အားသင့်သွားပါတယ်။

သားဖြစ်သူကတော့  “ဂန်ဘီနာ” ဟာ မတော်တဆမှုဖြစ်အပြီးမှာ ဆင်းရဲသွားတာကြောင့် ဖြစ်နိုင်ကြောင်း ပြောလိုက်တာကြောင့် အမတ်ရှောင်လည်း  “ဂန်ဘီနာ” နဲ့တွေ့ကြည့်ဖို့ သားဖြစ်သူကို ပြောလိုက်ပါတယ်။

    တဖက်မှာတော့ ရဲတွေဟာ အသတ်ခံလိုက်ရတဲ့ မွန်းဂျောင်းဂျွန်ရဲ့နဖူးပေါ်ကာ ဂယ်ဟယ်နာဆိုတဲ့စာတန်းအကြောင်းကို ‌လေ့လာနေခဲ့ကြပြီး ဒီစာတန်းကို သေသူရဲ့နဖူးပေါ်မှာ ထွင်းထုဖို့အတွက် ပစ္စည်းကို အသေအချာအော်ဒါမှာခဲ့ရမယ်ဆိုပြီး တွေးနေကြပါတယ်။

တပ်ဖွဲ့မှူးကတော့ သူ့လက်ထောက်နှစ်ယောက်ကို  “ဂန်ဘီနာ” ရဲ့စကားကို တကယ်ယုံနေတာလားဆိုပြီး မေးလိုက်တာကြောင့် ရဲတွေကတော့ အမူးသမားရဲ့စကားကို မယုံကြောင်းပြောလိုက်ပါတယ်။

အဖွဲ့မှူးက ဟန်ဒါအွန့်စကားကိုမယုံပေမယ့်  “ဂန်ဘီနာ” ဟာ သာမန်လူတစ်ယောက်လို့ မထင်ကြောင်း တခုခုထူးဆန်းနေ‌တယ်ထင်မိကြောင်း ပြောလိုက်ပါတယ်။

နောက်တော့ ဟန်ဒါအွန်ဟာ လက်တလောမှာဆေးခွင့်ယူထားကြောင်း ဆေးခွင့်ယူတာကလည်း စုံစမ်းစရာရှိတာကြောင့် ယူတာဖြစ်ကြောင်း ရဲနှစ်ယောက်ကို ပြောပြလိုက်ပါတယ်။

    ခွင့်ရက်ယူထားတဲ့ ဟန်ဒါအွန်ဟာ သူကြုံထားခဲ့ရတာတွေနဲ့ပတ်သတ်ပြီး ဇဝေဇဝါဖြစ်နေတာကြောင့် သု့ကိုယ်သူသံသယဖြစ်လာတဲ့အတွက်  “ဂန်ဘီနာ” ပြခဲ့တဲ့စိတ်ကျန်းမာရေးဆရာဝန်နဲ့‌သွားတွေ့ခဲ့ပြီး သူ့ရဲ့စိတ်အခြေအနေကို စစ်ဆေးခဲ့ပါတယ်။

ဆရာဝန်က ဟန်ဒါအွန့်ကို လိုအပ်တာတွေမေးမြန်းစစ်ဆေးပြီးတဲ့နောက်မှာတော့ ဘာရောဂါမှ မရှိကြောင်းပြောပေမယ့် ဟန်ဒါအွန်က သေရာကနေပြန်ရှင်လာကြောင်းပြောနေတာကြောင့် ဆရာဝန်လည်း စိတ်ထင်ယောင်ထင်မှားရောဂါရှိတယ် ဆိုပြီး မှတ်ချက်ရေးပေးလိုက်ပါတယ်။

ဆေးစစ်ချက်အဖြေကိုကိုင်ပြီး ပြန်လာတဲ့ဟန်ဒါအွန်ကို  “ဂန်ဘီနာ” ကသွားတွေ့ခဲ့ပြီး ဆရာဝန်က ရမ်းကုဖြစ်ကြောင်း ဟန်ဒါအွန့်ကိုလည်း စိတ်ထင်ယောင်ထင်မှားလို့‌ပြောလိုက်တယ် ထင်ကြောင်း စီးကြိုကာပြောလိုက်ပါတယ်။

     ဒါ့ကြောင့် မကျေမနပ်ဖြစ်နေတဲ့ ဟန်ဒါအွန်လည်း ကမ်းစပ်တနေရာမှာရပ်နေတဲ့  “ဂန်ဘီနာ” ဆီကိုရောက်လာခဲ့ပြီး  “ဂန်ဘီနာ” ရဲ့တကယ့်သရုပ်မှန်ကဘာလဲဆိုပြီး မေးလိုက်ပါတယ်။

“ဂန်ဘီနာ” ကတော့ သူဟာ ငရဲကလာတဲ့နတ်ဆိုးတကောင်ဖြစ်ကြောင်း လွန်ခဲ့တဲ့သုံးလလောက် ကသေသွားတဲ့  “ဂန်ဘီနာ” ဆိုတဲ့လူသားရဲ့ကိုယ်ထဲကို ဝင်နေတာဖြစ်ကြောင်း ပြောလိုက်ပြီး သူ့ရဲ့လက်စွဲတော် ငရဲဓားကို ထုတ်ပြလိုက်ပါတယ်။

ဟန်ဒါအွန်က သူတို့ပြောနေတာတွေကို သက်သေအနေနဲ့ယူဖို့အတွကိ အနီးက CCTV ကိုလှမ်းကြည့်လိုက်ချိန်မှာ  “ဂန်ဘီနာ” က CCTV ကို လှမ်းပြီးဖျက်စီးပြလိုက်သလို ကားရဲ့ဘလက်ဘောက်က မန်မိုရီကဒ်ကိုလည်းထုတ်ထားကြောင်း ပြောလိုက်ပါတယ်။

ဒါ့အပြင် ဟန်ဒါအွန် တိတ်တိတ်လေးအသံသွင်းထားတာကိုလည်း သိကြောင်းပြောကာ ယူလိုက်ပြီးဖျက်ပလိုက်ပါတယ်။

နောက်တော့  “ဂန်ဘီနာ” က သူ့အကြောင်းတွေနဲ့ပတ်သတ်ပြီး ဟန်ဒါအွန့်အနေနဲ့ ဘယ်သူ့ကိုပဲလျှောက်ပြောပြော မယုံမှာကြောင့် မပြောဖို့နဲ့ တကယ်လို့ နောက်တခါသူ့အကြောင်းတွေကို လျှောက်ပြောနေရင်တော့ တကယ်သတ်ပစ်မယ့်အကြောင်း ပြောလိုက်ကာ ကားမောင်းပြီးထွက်သွားပါတော့တယ်။

     ဟန်ဒါအွန်တယောက်ကတော့  “ဂန်ဘီနာ” နဲ့ပတ်သတ်ပြီး  စပါယ်ရှည် ခေါင်းစားနေခဲ့ပါတယ်။

ဆရာဝန်တွေကို စစ်ဆေးခိုင်းပေမယ့် သူ့မှာထူးခြားတာမရှိတာကြောင့် ဘာလုပ်ရင်ကောင်းမလဲဆိုပြီး တယောက်တည်း တွေးတောနေခဲ့ပါတယ်။

သူငယ်ငယ်တုန်းကလည်း ရဲစခန်းမှာ ရဲတွေစစ်ဆေးတာကိုခံခဲ့ရပြီး သူမှတ်မိသလောက် တခုပြီးတခုပြောပေမယ့် ရဲတွေကတော့ ထပ်ပြောတဲ့သက်သေပြောချက်တွေကိုလက်မခံချင်တာကြောင့် သာမန်စစ်ချက်တွေကိုပဲယူထားတာကို ကြုံခဲ့ရဖူးပါတယ်။

    တနေ့မှာတော့ မိသားစုတစ်စုဟာ ကားတစီးနဲ့ ခရီးထွက်လာနေခဲ့ကြပါတယ်။

အမေဖြစ်သူက ကားမောင်းနေခဲ့ပြီး သူ့ဘေးမှာတော့ သူတို့ရဲ့ကလေးလေးက ထိုင်နေခဲ့ပါတယ်။

နောက်ခန်းမှာကတော့ နည်းနည်းအမူးလွန်နေခဲ့တဲ့ ယောက်ျားဖြစ်သူက အိပ်ပျော်ရင်း ပါလာခဲ့ပါတယ်။

တောင်စောင်းတနေရာအရောက်မှာတော့ သားဖြစ်သူက အနံ့တစ်ခုခုရတယ်ပြောတာကြောင့် အမေဖြစ်သူက ကားမောင်းရင်း ကားအမိုးကိုဖွင့်လိုက်ချိန်မှာ ကားဟာ ချောက်ထဲကိုထိုးကျသွားကာ မြစ်ထဲကို ပြုတ်ကျသွားခဲ့ပါတယ်။

ကား ရေမမြုပ်ခင်မှာ အမေနဲ့သားလေးဟာ အပြင်ကို အမြန်ထွက်လိုက်ကြပြီး ကလေးကို ကုန်းပေါ်ပို့နေချိန်မှာ ကားဟာ ရေထဲကိုမြုပ်သွားခဲ့ပါတယ်။

အဖေဖြစ်သူကတော့ ကားတံခါးတွေလော့ကျသွားကာ အပြင်ထွက်မရတာကြောင့် သေဆုံးသွားခဲ့ရပါတယ်။

    နောက်ရက် သေဆုံးသွားသူရဲ့ဈာပနမှာတော့ သေဆုံးသွားသူရဲ့မိခင်ကြီးဟာ သူ့ချွေးမကို သားဖြစ်သူကိုသတ်တယ်ဆိုပြီးစွတ်စွဲကာ ရိုက်ပုတ်ခဲ့ပါတယ်။

သူ့ရဲ့မြေးလေး ဂျီဟိုကိုလည်း လူသတ်သမားနဲ့ အတူတူမနေဘဲ သူနဲ့လိုက်နေဖို့‌အတင်းခေါ်တာကြောင့် ချွေးမဖြစ်သူက ဂျီဟိုကိုတော့ ခေါ်သွားလို့မဖြစ်ကြောင်း ပြောကာ ကလေးကို အတင်းဖက်ထားခဲ့ပါတယ်။

အဘွားကြီးကတော့ သားကိုသတ်လို့အားမရတာကြောင့် သု့မြေးလေးဂျီဟိုကိုသတ်ဖို့လုပ်နေတာလားဆိုပြီး ချွေးမကို မေးနေခဲ့ပါတယ်။

     အဘွားဖြစ်သူဟာ သူ့မြေးလေးဂျီဟိုကို ချွေးမဖြစ်တဲ့ဘတ်ဂျာယောင်းမသိခင် ခေါ်ယူကာ အိမ်မှာဖွက်ထားခဲ့တာကြောင့် ဘတ်ဂျာယောင်းက သူ့သားကို ပြန်ပေးဖို့အတွက် တရားရုံးမှာ ဦးတိုက်လျောက်ထားခဲ့ပါတယ်။

ဒါ့ကြောင့် ဒီအမှုကို တရားသူကြီ “ဂန်ဘီနာ” က ကြားနေခဲ့ရပြီး အမှုစစ်နဲ့ နှစ်ဖက်ရှေ့နေတွေက အမှုသွားအမှုလာကို စစ်ဆေးတင်ပြနေခဲ့ကြပါတယ်။

သူတို့ရဲ့တရားခွင်ကို ဟန်ဒါအွန်လည်း လာရောက်နားထောင်နေခဲ့ပါတယ်။

အဘွားကြီးကတော့ သု့မြေးကိုအတင်းခေါ်သွားတယ်ပြောတဲ့ အမှုစစ်ကို ကက်လန်ရန်ပြန်တွေ့လိုက်သလို စိတ်မငြိမ်ကြောင်းထပြောတဲ့ ရှေ့နေကိုလည်း ရန်ပြန်ထောင်လိုက်ပါတယ်။

ဒါ့အပြင် ငြိမ်ငြိမ်နေဖို့ပြောတဲ့တရားသုကြီး “ဂန်ဘီနာ” ကိုလည်း ဆဲဆိုကြိမ်းမောင်းလိုက်သလို ညစ်ညစ်ပက်ပက်တွေပြောနေတာကြောင့် နောက်ဆုံးမှာတော့  “ဂန်ဘီနာ” က အဘွားကြီးကို ဆွဲထုတ်ခိုင်းလိုက်ရပါတယ်။

အဘွားကြီးဟာ အစောင့်တွေဆွဲခေါ်ရာနောက်ကိုလိုက်ပါရင်း ဘတ်ဂျာယောင်းရှေ့ကိုအဖြတ်မှာတော့ ဘတ်ဂျာယောင်းကို ဆံပင်ဆွဲကာ ရိုက်ပုတ်လိုက်ပြီး သူ့သားသေပြီးနောက် ရလာတဲ့ အာမခံငွေတွေအကြောင်းနဲ့ အရင်ယောက်ျားကိုလည်းသတ်ပြီး တိုက်ခန်းအမွေရလိုက်ကြောင်း၊  ဘတ်ဂျာယောင်းဟာ အာမခံငွေတွေကြောင့် သူ့သားကိုသတ်လိုက်တာဖြစ်ကြောင်း ပြောလိုက်တာကြောင့် တချိန်လုံးပျင်းရိနေတဲ့ “ဂန်ဘီနာ” လည်း တက်ကြွသွားကာ စိတ်ဝင်စားသွားပါတယ်။

ရုတ်တရက် အမူအယာပြောင်းသွားတဲ့ ဂန်ဘီနာကိုတော့ ဟန်ဒါအွန်က သတိထားကြည့်မိသွားပါတယ်။

      ဘတ်ဂျာယောင်းအကြောင်းကို တစွန်းတစသိပြီးတာကြောင့်  “ဂန်ဘီနာ” ဟာ ရုံးခန်းကိုပြန်ရောက်တယ်ဆိုရင်ပဲ ဘတ်ဂျာယောင်းအမည်ကို မှန်မှာရေးလိုက်ပြီး နောက်ယောင်ခံကြည့်လိုက်ပါတယ်။

ဗဲလ်လက်ကတော့ ဘတ်ဂျာယောင်းကိုကြည့်ရတာ ငွေလိုချင်လို့ ယောက်ျားကို သတ်ပစ်တဲ့သူနဲ့မတူကြောင်း မှတ်ချက်ချပါတယ်။

နောက်တော့  “ဂန်ဘီနာ” ဆီကို ဟန်ဒါအွန်က ဖုန်းတွေဆက်တိုက်ဆက်ခဲ့ပြီး  “ဂန်ဘီနာ” ကလည်း ဆက်သမျှဖုန်းတွေကို ချပစ်တာကြောင့် ဟန်ဒါအွန်ဟာ  “ဂန်ဘီနာ” တို့ရုံးရှေ့ကိုလာပြီး ဟွန်းတိုနဲ့ အော်ပါတော့တယ်။

“ဂန်ဘီနာ” လည်း စိတ်ဆိုးဆိုးနဲ့ဆင်းလာခဲ့ပြီး သူ့ကိုမနှောက်ယှက်ဖို့နဲ့ သူပြောသလိုမလုပ်ရင်တော့ သတ်ပစ်မှာဖြစ်ကြောင်း ပြောလိုက်ပါတယ်။

ဟန်ဒါအွန်ကတော့ ဘာကြောင့်  “ဂန်ဘီနာ” က သု့ကိုသတ်တာလဲဆိုတာ သိချင်တာကြောင့် အချိတ်တစ်ပတ်လောက်ပေးစေချင်ကြောင်း ပြောလိုက်ပါတယ်။

     နောက်တနေ့မှာတော့  “ဂန်ဘီနာ” ဟာ ဘတ်ဂျာယောင်း စာသင်နေတဲ့ဆီကို ရောက်လာခဲ့ပါတယ်။

ဘတ်ဂျာယောင်းက ကလေးတွေကို လူစိမ်းတွေခေါ်ရင်မလိုက်ရတဲ့အကြောင်းသင်ပေးနေခဲ့ပြီး ကလေးမလေးတစ်ယောက်က မသိတဲ့လူစိမ်းတစ်‌ယောက်ဟာ အပြင်ကနေကြည့်နေကြောင်း ပြောတာကြောင့် ဘတ်ဂျာယောင်းလည်း  “ဂန်ဘီနာ” နဲ့တွေ့ဖြစ်ခဲ့ပါတယ်။

နောက်တော့ ဘတ်ဂျာယောင်းနဲ့ “ဂန်ဘီနာ” တို့ဟာ ကလေးတွေဘောလုံးကစားနေတဲ့ဘက်ကို လမ်းလျှောက်လာကြရင်း  “ဂန်ဘီနာ” က ဆဲဆိုရိုက်ပုတ်နေတဲ့ယောက္ခမကို သည်းခံနိုင်တာကြောင့်လည်း မူလတန်းပထမနှစ်တွေကိူသင်နိုင်တာဖြစ်ကြောင်း ဘတ်ဂျာယောင်းကိုပြောလိုက်ပြီး ဂျီဟို့ကို ဘာကြောင့်လိုက်မခေါ်တာလဲဆိုပြီး မေးလိုက်ပါတယ်။

ဘတ်ဂျာယောင်းကတော့ အမှုပြီးရင်ခေါ်မှာဖြစ်ကြောင်း လောလောဆယ်ကတော့ စိတ်ကျေနပ်အောင် နေခိုင်းထားတာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

    သူတို့စကားပြောနေချိန်မှာပဲ ကလေးတွေရဲ့ဘောလုံက  “ဂန်ဘီနာ” တို့ဘက်ကိုလွင့်လာတာကြောင့် ကလေးတစ်ယောက်က  “ဂန်ဘီနာ” ကိုဘောလုံးကန်ပေးဖို့ ပြောလာပါတယ်။

“ဂန်ဘီနာ” လည်း ဘောလုံးကိုတည်လိုက်ကာ ဂိုးပေါက်ထဲအထိ ခပ်ပြင်းပြင်းလေးကန်ထည့်ပြလိုက်တာကြောင့် ဘတ်ဂျာယောင်းလည်း မျက်နှာနည်းနည်း ပျက်သွားပါတယ်။

နောက်တော့ ဘတ်ဂျာယောင်းက သူ့ကိုလာရှာတာဘာကိစ္စလဲဆိုပြီး  “ဂန်ဘီနာ” ကိုမေးတာကြောင့်  “ဂန်ဘီနာ” က တရားခွင်မှာ ဂျီဟို့အဘွားက ဘတ်ဂျာယောင်းကို အာမခံငွေတွေကြောင့် ယောက်ျားကိုသတ်တယ်ဆိုပြီးစွတ်ဆွဲသွားကြောင်း ဒါနဲ့ပတ်သတ်ပြီးသိလိုကြောင်း မေးလိုက်ပါတယ်။

    ဘတ်ဂျာယောင်းက ဂျီဟိုဟာ လွန်ခဲ့တဲ့ နှစ်နှစ်က သူစာသင်ခဲ့တဲ့ကလေးဖြစ်ကြောင်း ဂျီဟို့အမေက ဂျီဟိုငယ်ငယ်လေးကတည်းက သေသွားကြောင်း ဒါကြောင့် ဂျီဟို့ကို တခြားကလေးတွေထက်ပိုပြီးခင်တွယ်မိရာကနေ ဂျီဟို့အဖေနဲ့တွေ့ကာ လက်ထပ်ခဲ့ကြောင်း ပြောလိုက်ပါတယ်။

ဂန်ဘီနာ က လက်ထပ်ပြီးနှစ်ဝက်အတွင်း ယောက်ျားသေသွားတာဖြစ်ကြောင်း ထောက်လိုက်တဲ့အခါ ဘတ်ဂျာယောင်းက သူသာကံဆိုးသူဖြစ်ကြောင်း၊ ‌သူ့ယောက္ခမကြီးဟာ သူ့ယောက်ျား ၅ နှစ်သားကတည်းကအိမ်ကထွက်သွားပြီး နှစ် ၃၀ ကြာမှ ပြန်လာတာဖြစ်ကြောင်း၊ နောက်တော့သု့ယောက်ျားဆီကို ပိုက်ဆံတွေခဏခဏလာတောင်းကြောင်း၊ အခုလည်း ယောက်ျားရဲ့အာမခံငွေတွေကိုလိုချင်တာကြောင့် ဂျီဟို့ကို အပိုင်ခေါ်ချင်နေတာဖြစ်ကြောင်း မျက်ရည်တွေနဲ့ ပြောပြလိုက်ပါတယ်။

   ဘတ်ဂျာယောင်းနဲ့စကားပြောပြီးတဲ့နောက် စဉ်းစားရင်းလမ်းလျှောက်လာခဲ့တဲ့ “ဂန်ဘီနာ” ကို ဟန်ဒါအွန်က ဆီးကြိုကာ ဘတ်ဂျာယောင်းနဲ့တွေ့ပြီးပြီလားဆိုပြီး မေးလိုက်ပါတယ်။

သူ့ကို နောက်ယောင်ခံလိုက်နေတာလားဆိုပြီး ဟန်ဒါအွန်ကို မေးလိုက်ပြီး လည်ပင်းကို‌ပြေးညှစ်လိုက်ပါတယ်။

ဟန်ဒါအွန်ကတော့  “ဂန်ဘီနာ” ရဲ့လက်ကိုအသာဖယ်လိုက်ပြီး အရင်တခါက အားပြင်းကြောင်း၊ အခုတခါကတော့ အာပျော့တာကြောင့်  “ဂန်ဘီနာ” အနေနဲ့ သူ့ကိုသတ်လို့မရတဲ့အကြောင်း ရှိရမယ်ဆိုပြီးပြောလိုက်ပါတယ်။

နောက်တော့ ဟန်ဒါအွန်က  “ဂန်ဘီနာ” ရဲ့ကားထဲကိုအတင်းဝင်လိုက်ပြီး  “ဂန်ဘီနာ” ကိုသူလိုက်ပို့မယ့်အကြောင်းပြောလိုက်တာကြောင့်  “ဂန်ဘီနာ” လည်း ဘာမှမတတ်နိူင်တော့ဘဲ စိတ်လေလေနဲ့ပဲ ကားမောင်းထွက်လာခဲ့ပါတယ်။

လမ်းတလျှောက်မှာတော့ ဟန်ဒါအွန်ဟာ ဘတ်ဂျာယောင်းနဲ့ပတ်သတ်ပြီး သူသိထားတာတွေကို ပြောပြခဲ့ပါတယ်။

     ဘတ်ဂျာယောင်းဟာ လက်ရှိယောက်ျားက ရုတ်တရက်ပျောက်ဆုံးသွားကာ၊ အလောင်းကိုတောင်ပေါ်မှာတွေ့ရကြောင်း၊ ဒါကြောင့် တိုက်ခန်းကိုရသွားခဲ့ပြီး သေဆုံးမှုအာမခံ ဝမ် ၅၀၀ မီလီယံကိုရသွားကြောင်း သိပ်မကြာခင်ကလည်း၊ ဂျီဟို့အဖေသေဆုံးမှုကနေ ဂျီဟိုနဲ့အတူတူ ဝမ် ၃ ဘီလီယံကို 1.8 ဘီလီယံနဲ့ 1.2 ဘီလီယံဆီ ရမှာဖြစ်ကြောင်း၊ ဟန်ဒါအွန်က ပြောပြခဲ့ပါတယ်။

“ဂန်ဘီနာ” ကတော့ ဒါတွေကို သူမမေးဘဲလာပြောနေတာ‌ ဘာကြောင့်လဲဆိုပြီး မေးလိုက်တာကြောင့် ဟန်ဒါအွန်က  “ဂန်ဘီနာ” အနားကိုကပ်ချင်တယ်ဆိုရင် အခုလိုစိတ်ဝင်စားစရာလေး နည်းနည်းလောက်ပေးနိုင်မှဖြစ်မှာကြောင့် ပြောပြတာလို့ ဆိုခဲ့ပါတယ်။

    ဟွမ်ချွန်းဗီလာရှေ့ကို ရောက်တဲ့အခါမှာတော့ ဟန်ဒါအွန်က  “ဂန်ဘီနာ” အနေနဲ့ အဘွားကိုသွားတွေ့မယ်ထင်ကြောင်း ပြောလိုက်တာကြောင့်  “ဂန်ဘီနာ” ကငြင်းလိုက်ပါတယ်။

ဟန်ဒါအွန်ကတော့ ပထမအမှုတုန်းကလည်း နှစ်ဖက်တရားလို တရားခံတွေကိုသွားတွေ့ထားတာကြောင့် အခုလည်းတွေ့မယ်ထင်ကြောင်း တရားသူကြီးက အမှန်တရားကိုရှာနေချိန်မှာ သူကတော့  “ဂန်ဘီနာ” သူ့ကိုသတ်ရတဲ့ အမှန်တရားကိုရှာနေမှာဖြစ်ကြောင်း ပြောလိုက်တာကြောင့်  “ဂန်ဘီနာ” လည်း ဟန်ဒါအွန်ကို ကြိမ်းမောင်းလိုက်ပြီး အခန်းကိုပြန်လာခဲ့ပါတယ်။

    အခန်းရောက်တဲ့အခါမှာတော့  “ဂန်ဘီနာ” တယောက် အဘွားနဲ့သွားတွေ့မယ့်ကိစ္စနဲ့ပတ်သတ်ပြီး ဗဲဘ်လက်က စိတ်ပူနေပါတယ်။

“ဂန်ဘီနာ” က သမ္မာကျမ်းစားထဲက မက်သရူး ၇:၇ မှာဆိုထားတဲ့ တောင်းဆိုပါ အဲဒါဆိုသင့်ကိုပေးပါလိမ့်မယ်ဆိုတဲ့ အခန်းကို ရွတ်ပြလိုက်ပြီး လုပ်မကြည့်သေးဘဲ လက်မလျော့ဖို့ပြောပါတယ်။

နောက်တော့ သူရွတ်နေတဲ့ကျမ်းစာတွေကို ဗဲလ်လက်ကလည်း လိုက်ရွတ်ပြနေတာကြောင့် ဗဲလ်လက်ကို ကျမ်းစာမဖြစ်မနေသင်ခဲ့ရတာလားဆိုပြီး မေးပါပြီ။

ဒါ့ပြင် သူတို့ဟာနတ်ဆိုးတွေဖြစ်တာကြောင့် ကျမ်းစာကိုသင်ယူချိန်တုန်းက မျက်စိအရမ်းစူးခဲ့ရကြောင်း၊ ဒါ့ကြောင့် ဂဟေဆော်တဲ့မျက်မှန်တို့ မီးသတ်သမားသုံးလက်အိတ်တို့ဝတ်ကာဖတ်ခဲ့ရကြောင်း ဆက်ပြောပါတယ်။

“ဂန်ဘီနာ” ရဲ့စကားကြောင့် ဗဲလ်လက်လည်း ကျမ်းစာကိုဒီလိုသင်လို့ရတယ်လားဆိုပြီး တွေးမိသွားပါတယ်။ “ဂန်ဘီနာ” က ဗဲလ်လက်ရဲ့ မျက်လုံးတွေယောင်နေတာကြောင့် မေးကြည့်ပေမယ့် ဗဲလ်လက်ကတော့ ဘာမှမဟုတ်ကြောင်း လိမ်ပြောလိုက်ပါတယ်။

    နောက်တနေ့မှာတော့ တရားခံဖြစ်တဲ့အဘွားဆီကို သွားတွေ့ဖို့အတွက်  “ဂန်ဘီနာ” ထွကိလာချိန် တိုက်ခန်းရဲ့အောက်မှာ ဟန်ဒါအွန်က အသင့်စောင့်နေခဲ့ပါတယ်။

နောက်တော့  “ဂန်ဘီနာ” ကို သူနဲ့လိုက်ခဲ့ဖို့အတင်းခေါ်တာကြောင့်  “ဂန်ဘီနာ” လည်း ဟန်ဒါအွန်ရဲ့ကားနဲ့လိုက်လာခဲ့ပါတယ်။

အဘွားဆီကိုသွားတဲ့လမ်းတစ်လျှောက်မှာတော့ ဟန်ဒါအွန်က ပြောဆိုမကောင်းတာကြောင့်  “ဂန်ဘီနာ” က ငယ်ငယ်က မိဘတွေဆီကနေ အဆူမခံရဘူးလားဆိုပြီး မေးလိုက်ပါတယ်။

ဟန်ဒါအွန်ကလည်း  “ဂန်ဘီနာ” ကိုအဆူမခံရဖူးဘူးလားဆိုပြီးပြန်မေးတာကြောင့်  “ဂန်ဘီနာ” က နတ်ဆိုးတွေဟာ မိဘမရှိကြောင်းပြောလိုက်ပြီး သူနတ်ဆိုးဆိုတာကိုသက်ပြေဖို့အတွက် သူ့မျက်လုံးအရောင်ကို ပြောင်းပြလိုက်သလို ဟန်ဒါအွန်ရဲ့ကားထဲကကင်မရာကိုလည်း ဖျက်စီးပြလိုက်ပါတယ်။

ဒါကြောင့် ဟန်ဒါအွန်လည်း  “ဂန်ဘီနာ” ဟာ နတ်ဆိုးဆိုတာကို လက်မခံချင်ပေမယ့် လက်ခံလိုက်ရပါတယ်။

    နောက်တော့ အဘွားဆီကိုရောက်လာခဲ့ပြီး ဂျီဟိုနဲ့တွေ့ချင်ကြောင်းပြောလိုက်တာကြောင့် အဘွားက အစပိုင်းမှာတော့ ငြင်းနေခဲ့ပြီး  “ဂန်ဘီနာ” က ယဉ်ယဉ်ကျေးကျေးပြောလာတာကြောင့် ဆိုင်ပိတ်ကာ ကလေးနေရာကို လိုက်ပြလိုက်ပါတယ်။

“ဂန်ဘီနာ” တို့လည်း အဘွားပြတဲ့အိမ်ကိူသွားခဲ့ပြီး ဟန်ဒါအွန်က တံခါးကိုဖွင့်လိုက်တဲ့အခါမှာတော့ တံခါးကခေါင်းလောင်းလေးကြောင့် ငယ်ငယ်ကအတိတ်ကိုပြန်သတိရကာ တုန်လှုပ်သွားပါတယ်။

ဒါကြောင့်  “ဂန်ဘီနာ” က ဟန်ဒါအွန်ကို ဘေးဖယ်စေပြီး သူပဲ အထဲကိုဝင်လိုက်ပါတယ်။

စရှာရှာချင်းကလေးကိုမတွေ့ပေမယ့် နောက်တော့ ဗီရိုထဲကနေ ကလေးကိုရှာတွေ့ခဲ့ပါတယ်။

    နောက်တော့ ဂျီဟို့အဘွားနဲ့ “ဂန်ဘီနာ” တို့ဟာ စကားထိုင်ပြောဖြစ်ကြပြီး အဘွားဖြစ်သူက  “ဂန်ဘီနာ” တို့ဟာ သူ့မြေးလေးကိုလာခေါ်တာဖြစ်ကြောင်း ပြောလာတာကြောင့်  “ဂန်ဘီနာ” က မဟုတ်ကြောင်းနဲ့ သူသိချင်တာက ရုံးတော်မှာတုန်းက အဘွားဖြစ်သူပြောခဲ့တဲ့ ဘတ်ဂျာယောင်းက အရင်ယောက်ျား‌ကိုရော အဘွားရဲ့သားကိုပါ သတ်ခဲ့တယ်ဆိုတဲ့စကားကြောင့် ဒီကိစ္စကိုစုံစမ်းချင်တာကြောင့် လာတာဖြစ်ကြောင်း ပြောလိုက်ပါတယ်။

ဒါ့ကြောင့် အဘွားကြီးလည်းစိတ်ဝင်စားသွားခဲ့ပြီး ဘတ်ဂျာယောင်းက သူ့သားကိုသတ်တယ်ဆိုတာမှာ သက်သေရှိကြောင်း ပြောလိုက်တာကြောင့်  “ဂန်ဘီနာ” က အဘွားကြီးသိသမျှကို မေးလိုက်ပါတယ်။

အဘွားက သူ့ချွေးမ ဘတ်ဂျာယောင်းဟာ သု့သားဈာပနမှာတင် တခြားယောက်ျားတစ်ယောက်နဲ့ ဖောက်ပြန်တာကိုတွေ့ကြောင်း၊

ဒါ့အပြင် သူ့မြေးကိုလည်းအခန်းထဲမှာ ပိုက်ဆံငါးထောင်နဲ့အတူ ready made အစားအစာတွေနဲ့ထားခဲ့သလို အဝတ်အစားဘာညာလည်း ဝယ်ပေးမထားကြောင့်  သူ့မြေးကိုသူခေါ်လာတာဖြစ်ကြောင်း၊

ဒီမိန်းမမျိုးဟာငွေလိုချင်တာကြောင့် သူ့သားကိုသတ်တာသာဖြစ်ကြောင်း ပြောပြလိုက်ပါတယ်။

“ဂန်ဘီနာ” ကတော့ အဘွားကြီးပြောပြတဲ့အချက်တွေအရ သတ်ပါတယ်ဆိုပြီး ပြောလို့မရကြောင်း နားလည်သွားတာကြောင့် ပြန်ကြဖို့ ဟန်ဒါအွန်ကိုပြောလိုက်ပေမယ့် ဟန်ဒါအွန်ကတော့ မပြန်သေးဘဲ သေဆုံးသူသားနဲ့ပတ်သတ်ပြီး နောက်ထပ်အသေးစိတ်တွေ ပြောပြပေးလိုရမလားဆိုပြီး အဘွားကြီးကိုမေးလိုက်ပါတယ်။

စိတ်မရှည်တော့တဲ့ “ဂန်ဘီနာ” က ဟန်ဒါအွန်ဆီကနေ ကားသော့ အတင်းတောင်းနေတာကြောင့် ဟန်ဒါအွန်က အဘွားကြီးမမြင်အောင် လည်ပင်က လက်ဝါးကပ်တိုင်ကိုထုတ်ကာ  “ဂန်ဘီနာ” ကိုပြလိုက်တာကြောင့်  “ဂန်ဘီနာ” လည်း မျက်စိစူးကာ နောက်ကိုလန်သွားပါတယ်။

ဒီအခြေအနေကိုအခွင့်ကောင်းယူကာ ဟန်ဒါအွန်က  “ဂန်ဘီနာ” ကို အနားသွားယူဖို့ပြောလိုက်ပြီး ဂျီဟို့ကိုလည်း  “ဂန်ဘီနာ” နဲ့လိုက်သွားဖို့ပြောလိုက်ပါတယ်။

     မတက်သာတဲ့အဆုံးမှာတော့  “ဂန်ဘီနာ” လည်း ဂျီဟိုနဲ့အတူတူ ကမ်းခြေက လှေကလေးဆီကိုလိုက်လာခဲ့ပါတယ်။

လှေပေါ်ရောက်တဲ့အခါမှာတော့  “ဂန်ဘီနာ” က ဂျီဟို့ကို မုန့်ကျွေးရင်း သူ့အကြောင်းတွေကို ပြောပြပါတယ်။

ဂျီဟိုကတော့ သေသွားတဲ့သူ့အဖေဟာ လူကောင်းဖြစ်တာကြောင့် နတ်ပြည်ကိုရောက်မှလားဆိုပြီး မေးလိုက်ပါတယ်။

နောက်တော့ သူ့ရဲ့အမေအသစ်က သူ့အဖေကိုသတ်တယ်ဆိုတာကို သက်သေပြနိုင်ရင်ဘာဖြစ်မှာလဲဆိုပြီးမေးလိုက်တာကြောင့်  “ဂန်ဘီနာ” က အပြစ်ပေးခံရမှာဖြစ်ကြောင်း ပြောလိုက်ပါတယ်။

ဂျီဟိုကတော့ စကားမစပ်ဘဲ သူဆွဲထားတဲ့ပုံတွေကိုကြည့်မလားဆိုပြီး  “ဂန်ဘီနာ” ကိုပြောတာကြောင့် နှစ်ယောက်သား ဂျီဟို့အခန်းထဲကိုရောက်လာကြပါတယ်။

      “ဂန်ဘီနာ” ဟာ ဂျီဟို့ပန်းချီတွေကိုကြည့်ရင်း ဂျီဟို့အဖေကို ဘတ်ဂျာယောင်းသတ်တယ်ဆိုတဲ့ သဲလွန်စတွေကို တွေ့လာရပါတယ်။

ဒါပေမယ့် ဘယ်လိုပဲမေးမေး ဂျီဟိုကမပြောတာကြောင့် ဂိမ်းတစ်ခုကို ဂျီဟိုနဲ့ကစားနေခဲ့ပါတယ်။

အဲဒီ့အချိန်မှာပဲ ဟန်ဒါအွန်ဝင်လာခဲ့ပြီး ဟန်ဒါအွန်နဲ့အတူတူ ဂျီဟို့ပန်းချီပုံထဲကအကြောင်းကို မေးတဲ့အခါ ဂျီဟိုက သူတွေ့ခဲ့တာတွေကို ပြောပြခဲ့ပါတယ်။

    ဘတ်ဂျာယောင်းဟာ လင်ဖြစ်သူကိုသတ်ချင်တာကြောင့် အမူးလွန်နေတုန်းမှာ ထိုင်ခုံခါးပတ်ကို ကော်သုတ်ကာ ဖြုတ်မရအောင်လုပ်လိုက်ပါတယ်။

နောက်တော့ ချောက်ထဲကိုတမင်မောင်းချလိုက်ပြီး ဂျီဟို့ကိုတော့ ကယ်ထုတ်ကာ ကားကိုလော့ခ်ချလိုက်ပြီး လင်ဖြစ်သူကို သတ်ပစ်လိုက်ပါတယ်။

ဂျီဟို့ကိုလည်း ဒီအကြောင်းတွေကို ဘယ်သူ့ကိုမှမပြောဖို့ နှုတ်ပိတ်ထားသလို ပြောရင် သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ထားလိုက်ပါတယ်။

    ဒီအကြောင်းတွေကိုသိပြီးတဲ့နောက်မှာတော့ ဟန်ဒါအွန်က ကလေးစကားဖြစ်တာကြောင့် တရားဆွဲလို့်မရနိုင်ကြောင်း ပြောလိုက်ပါတယ်။

“ဂန်ဘီနာ” ကတော့ စွဲလို့ရကြောင်း၊ ယုံကြည်ပေးမယ့်သူရှိကြောင်း၊ ယုံပေးမယ့်သူကတော့ တရားသူကြီးဖြစ်တဲ့သူကိုယ်တိုင်ပဲဖြစ်ကြောင်း၊ ဘာကြောင့်ယုံရတာလဲဆိုရင် ကလေးတွေဟာ မလိမ်ညာတတ်တာကြောင့်သာဖြစ်ကြောင်း ပြောလိုက်ပါတယ်။

“ဂန်ဘီနာ” စကားကြောင့် တချိန်တုန်းက သူ့စကားတွေကို ရဲတွေကယုံမပေးခဲ့တာကြောင့် သူ့မိဘတွေရဲ့သေဆုံးမှုအတွက် တရားမျှတမှုပြန်ယူမပေးနိုင်ခဲ့တဲ့ ဟန်ဒါအွန်ဟာ မျက်ရည်တွေကျနေခဲ့ပြီး  “ဂန်ဘီနာ” လည်း စိတ်မကောင်းဖြစ်သွားကာ လှည့်ထွက်သွားခဲ့ပါတယ်။

     နောက်တနေ့ တရားရုံးမှာတော့ တရားသုကြီး “ဂန်ဘီနာ” ဟာ အဘွားကြီးကို အမှုကနေ တရားသေလွှတ်ပေးလိုက်ပါတယ်။

ဒါပေမယ့် ဂျီဟို့အုပ်ထိန်းပိုင်ခွင့်ကိုတော့ နှစ်ဦးနှစ်ဖက်ညှိနှိုင်းလုပ်ကြဖို့ ပြောလိုက်ပါတယ်။

ဒါ့ကြောင့် နောက်တနေ့မှာ အဘွားကြီးဆီကို ဘတ်ဂျာယောင်းဟာ ရဲတွေနဲ့ရောက်လာကာ ကလေးကိုပြန်တောင်းခဲ့ပါတယ်။

ဒါပေမယ့်အဘွားကြီးက ရန်လုပ်ပြန်တာကြောင့် လူကောင်းဟန်ဆောင်ကာ ပြန်လှည့်လာလိုက်ပါတယ်။

နောက်တနေ့မှာတော့ ဘတ်ဂျာယောင်းဟာ အဘွားကြီးကို အဆိပ်ခတ်သတ်လိုက်ပြီး ကလေးကိုခေါ်လာခဲ့ပါတယ်။

သူမပြောနဲ့လို့ ပိတ်ထားတဲ့ကိစ္စကိုပြောလိုက်တာကြောင့် ဂျီဟို့ကိုလည်း ရေချိုးကန်ထဲထည့်ကာ ရေနှစ်လိုက်ပါတယ်။

ဒီအခြေအနေကို  “ဂန်ဘီနာ” က မှန်ထဲကနေကြည့်နေခဲ့တာကြောင့် အကုန်လုံးတွေ့သွားခဲ့ပြီး ဂျီဟို့ကို သေသွားပြီပဲဆိုပြီး ပြောလိုက်ပါတယ်။

    အဲဒီနေ့ညမှာတော့  “ဂန်ဘီနာ” ဟာ ဘတ်ဂျာယောင်းရှိတဲ့နေရာကို ကားနဲ့ရောက်လာခဲ့ပြီး၊ အပြစ်သားဖြစ်တဲ့ ဘတ်ဂျာယောင်းကို ရင်ဆိုင်လိုက်ကာ၊

ငရဲကိုသွားဖို့ပြောလိုက်ပြီး သု့ရဲ့ ငရဲဓားကိုဆွဲထုတ်လိုက်ကာ ဘတ်ဂျာယောင်းကို ထိုးဖို့ပြင်လိုက်ပါတော့တယ်။

 “ဂန်ဘီနာ” လက်ထဲကဓားကိုမြင်လိုက်တာကြောင့် ဘတ်ဂျာယောင်းဟာ လန့်သွားခဲ့ပြီး နောက်ကိုဆုတ်လိုက်ပါတယ်။

“ဂန်ဘီနာ” ကတော့ သူ့ဓားသွားကိုစမ်းကြည့်လိုက်ပြီး ဂျီဟို့ကိုမေးလိုက်တာကြောင့် ဘတ်ဂျာယောင်းလည်း ဂျီဟိုဟာ အိမ်မှာ ဘေးကင်းကင်းနဲ့ရှိကြောင်း ပြောပြလိုက်ပါတယ်။

“ဂန်ဘီနာ” ကတော့ ဘတ်ဂျာယောင်းကို လူလိမ်သာဖြစ်ကြောင်း ပြောလိုက်ပြီး လူလိမ်တွေကိုအပြစ်ပေးမယ့်အကြောင်းပြောကာ သူမရဲ့လက်ထဲကဓားကိုထုတ်ကာ ဘတ်ဂျာယောင်းကို ထိုးဖို့ပြင်ပါတယ်။

 ဒီကိစ္စတွေမဖြစ်ခင် ၄ ရက်လောက်တုန်းက တညမှာ  “ဂန်ဘီနာ” နဲ့ဟန်ဒါအွန်တို့နှစ်ယောက် အတူတူထိုင်ကာ  “ဂန်ဘီနာ” သောက်နေကျ အအေးကိုသောက်နေခဲ့ပါတယ်။

ဟန်ဒါအွန်က သူ့အနေနဲ့ အစောပိုင်းတူန်းကတော့ သူပြောတာတွေကိုမယုံကြတာကြောင့်  “ဂန်ဘီနာ” ဟာ နတ်ဆိုးဖြစ်ကြောင်း သက်သေပြဖို့အတွက် သက်သေတွေရှာခဲ့တာဖြစ်ပေမယ့် အခုတော့လည်း အရင်လိုတွယ်ကပ်မနေတော့မယ့်အကြောင်း ပြောလိုက်ပါတယ်။

“ဂန်ဘီနာ” ကတော့ ဟန်ဒါအွန်ပြောတာတကယ်လားဆိုပြီး မေးလိုက်တာေကြာင့် ဟန်ဒါအွန်က သူ့အနေနဲ့  “ဂန်ဘီနာ” ဟာ လူလို့ပြောရအောင်ကလည်း ပြောမရတာကြောင့် နတ်ဆိုးဆိုတာကိုပဲ လက်ခံရတော့မှာဖြစ်ကြောင်း ပြောလိုက်ပါတယ်။

“ဂန်ဘီနာ” က သူ့လက်ထဲက သောက်လက်စ အချိုရည်ဘူးကို သူလုပ်နေကျတိုင်း လက်နဲ့ညှစ်လိုက်ပြီး ဟန်ဒါအွန့်ကိုပေးလိုက်ကာ ဟန်ဒါအွန့်လက်ထဲက အချိုရည်ဘူးကိူ ယူလိုက်ပါတယ်။

နောက်တော့ ဟန်ဒါအွန်လည်း  “ဂန်ဘီနာ” ကိုနှုတ်ဆက်ကာ ထွက်သွားပါတော့တယ်။

      “ဂန်ဘီနာ” ဟာ နောက်တနေ့မှာတော့ ဂလယ်မိုရီတို့နဲ့အတူတူ အအေးသာက်နေခဲ့ပြီး  “ဂန်ဘီနာ” မျက်နှာမကောင်းတာကြောင့် ဂလယ်မိုရီက အကျိုးအကြောင်းကို မေးလိုက်ပါတယ်။

“ဂန်ဘီနာ” ကဘာမှမပြောပေမယ့် အခုလိုဖြစ်နေတာဟာ စုံထောက်ဟန်ဒါအွန်ကြောင့် ဖြစ်နေတာဆိုတာသိနေတာကြောင့် သူသွားပြိးပညာပေးလိုက်မယ့်အကြောင်း ပြောလိုက်ပါတယ်။

ဒါ့ပြင် ဟန်ဒါအွန်ရဲ့တည်နေရာကို မေးလိုက်တာကြောင့် ဗဲလ်လက်က နေရာအတိအကျ ပြောပြလိုက်ပါတယ်။

“ဂန်ဘီနာ” ကတော့ ဟန်ဒါအွန်ကြောင့်မဟုတ်တဲ့တွက် အေးဆေးနေဖို့ ဝင်ပြောပါတယ်။

ဗဲလ်လက်ကတော့  “ဂန်ဘီနာ” ဟာ လူသားကိုတွေ့ပြီး ရင်တွေတဆက်ဆက်ခုန်ကာ မျက်နှာတွေထူပူလာကြောင်းပြောတာကြောင့် ဂလယ်မိုရီက ဒါဟာအချစ်ဖြစ်ကြောင်း နတ်ဆိုးတွေအနေနဲ့ အချစ်ဖြစ်လို့မရကြောင်း ပြောပြလိုက်ပါတယ်။

ဗဲလ်လက်က နတ်ဆိုးတွေအနေနဲ့ လူသားကိုချစ်မိရင်ဘာဖြစ်မှာလဲဆိုပြိးမေးလိုက်တာကြောင့် ဂလယ်မိုရီက သေမှာဖြစ်ကြောင်း ပြောလိုက်ပါတယ်။

ပေါက်ကရတွေပြောနေကြတဲ့ဂလယ်မိုရီတို့က  “ဂန်ဘီနာ” ကတားလိုက်ပြီး သူဟာ အဲ့ဒီလိုမဖြစ်ခဲ့ကြောင်း ပြောလိုက်ပါတယ်။

ဂလယ်မိုရီလည်း  “ဂန်ဘီနာ” စကားကြောင့် ကျေနပ်သွားကာ တခြားသူတွေဖြစ်လို့ရချင်ရပေမယ့်  “ဂန်ဘီနာ” လို နတ်ဆိုး စီနီယာတယောက်ကတော့ အဲဒီလိုမဖြစ်နိုင်ကြောင်းပြောကာ မနက်ဖြန်တရားစီရင်ရေးအတွက် ချီးယားလုပ်လိုက်ကြပါတယ်။

    အိမ်ပြန်ရောက်တဲ့အခါမှာတော့  “ဂန်ဘီနာ” ဟာ မှန်ထဲမှာ ဘတ်ဂျာယောင်းနာမည်ကိုရေးလိုက်ပြီး ဘတ်ဂျာယောင်းကို ခြေရာခံကြည့်လိုက်ပါတယ်။

ဘတ်ဂျာယောင်းဟာ ရဲတွေနဲ့အတူတူ ဂျီဟို့ကိုခေါ်ဖို့အတွက် အဘွားကြီးဆီကိုရောက်လာခဲ့ပြီး အဘွားကြီးက ကလေးကိုမပေးတဲ့အပြင် ဘတ်ဂျာယောင်းကိုလည်း သူ့သားကိုသတ်တဲ့ လူသတ်သမားအဖြစ်ပြောလိုက်ပြီး သူမြေးကအားလုံးပြောပြထာတာကြောင့် သိသွားပြီဖြစ်ကြောင်း ပြောလိုက်ပါတယ်။

ဘတ်ဂျာယောင်းကတော့ အဘွားကြီးစကားကြောင့် နောက်ပြန်ဆုတ်လိုက်ရင်း သူမရဲ့မျက်နှာမှာတော့ ရက်စက်တဲ့အပြုံးတွေကို တွေ့လိုက်ရပါတယ်။

     တဖက်မှာတော့ ကျောင်းကပြန်လာတဲ့ဂျီဟိုလေးဟာ လမ်းမှာအထပ်အပိုးတွေ မနိုင်မနင်းသယ်လာခဲ့တဲ့ အဘွားကြီးတစ်ယောက်ကိုတွေ့တာေကြာင့် အထုပ်တွေကိုကူဆွဲပေးခဲ့ပါတယ်။

ဒါ့ကြောင့် အဘွားကြီးက လိမ္မာတဲ့ ဂျီဟိုလေးအတွက် အချိုရည်တစ်ပုလင်းပေးလိုက်ပြီး လူကြီးတွေသောက်ရင် ဒူးနာတာကောင်းကြောင်း ပြောလိုက်ပါတယ်။

ဂျီဟိုထွက်သွားပြီးတဲ့နောက်မှာတော့ ဘတ်ဂျာယောင်းဟာ ဂျီဟို့ကို အချိုရည်ပုလင်းပေးတဲ့ အဘွားကြီးဆီကို ရောက်လာခဲ့ပြီး အလုပ်ပြီးသွားတာေကြာင့် နှုတ်ပိတ်ခအနေနဲ့ ပိုက်ဆံနည်းနည်းပေးလိုက်ပါတယ်း။

ဘတ်ဂျာယောင်းရဲ့ကားထဲမှာကတော့ အိပ်ဆေးပုလင်းတွေရှိနေခဲ့ပါတယ်။

ဘတ်ဂျာယောင်းဟာ ဂျီဟို့အဘွားသောက်မယ့်အချိုရည်ထဲကို အိပ်ဆေးတွေခပ်လိုက်တာပဲဖြစ်ပါတယ်။

 အိမ်ပြန်ရောက်တဲ့အခါမှာ ဂျီဟိုက အဘွားကို နာတာကျင်တာပျောက်အောင် အချိုရည်တိုက်လိုက်တာေကြာင့် အဘွားလည်း အချိုရည်သောက်လိုက်ပြီး မှောက်သွားခဲ့ပါတယ်။

အဘွားအိပ်ပျော်ချိန်မှာတော့ ဘတ်ဂျာယောင်းဟာ ဂျီဟို့ကိုလာခေါ်ခဲ့ပြီး သူမပြောနဲ့ဆိုတာတွေကိုပြောတာကြောင့် အပြစ်ပေးမယ့်အကြောင်းပြောကာ ရေချိုးကန်ထဲကို နှစ်ထားလိုက်ပါတယ်။

     ဂျီဟို့ကို ရေချိုးခန်းထဲမှာထည့်ထားပြီး ဧည့်ခန်းထဲမှာအေးဆေးထိုင်နေခဲ့တဲ့ ဘတ်ဂျာယောင်းဆီကို ဖုန်းတကောဝင်လာတာကြောင့် ဘတ်ဂျာယောင်းလည်း ဖုန်းကိုပြန်ဖြေလိုက်ပါတယ်။

တဖက်ကပြောလာသူက ဘတ်ဂျာယောင်းဟာ ယောက်ျားကို ရေနှစ်သတ်ပစ်လိုက်တာဖြစ်ကြောင်း အခုကလေးကိုလည်း ဒီလိုပဲလုပ်တော့မယ်ထင်ကြောင်း ပြောလာခဲ့ပါတယ်။

ဘတ်ဂျာယောင်းလည်း ဖူန်းမှားနေကြောင်းပြောကာ ငြင်းဖို့လုပ်ပေးမယ့် တဖက်လူက ဒါတွေကိုသူသိကြောင်းပြောလာသလို သက်သေတွေကို ရဲလက်ကိုအပ်မယ့်အကြောင်းပြောလိုက်ပြိး ဘတ်ဂျာယောင်းကို သူ့ယောကျိားကိုသတ်ခဲ့တဲ့နေရာကို တယောက်တည်းလာခဲ့ဖို့ ပြောလိုက်တာကြောင့် ဘတ်ဂျာယောင်းလည်း ထွက်သွားခဲ့ပါတယ်။

      ဂျီဟိုဟာ ဘတ်ဂျာယောင်းက နှိပ်စက်ကာ နှုတ်ပိတ်ထားတဲ့အပြင် အဘွားဖြစ်သူကိုပါ အန္တရာယ်ပေးမယ်ပြောထားတာကြောင့် သူသိထားတာတွေကို ပြောမရဖြစ်နေခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ဘတ်ဂျာယောင်းတယောက် အပြင်ကိုထွက်သွားချိန်မှာ ရေချိုးခန်းထဲမှာ ပိတ်ထားတာကနေ တိတ်တိတ်ပြေးထွက်လာကာ ဟန်ဒါအွန် သူ့အိမ်လာတုန်းက သူ့ကိုပေးထားခဲ့တဲ့ဖုန်းနံပတ်ကို ဖုန်းဆက်လိုက်ပြီး သူ့ကိုကယ်ဖို့ပြောလိုက်ပါတယ်။

ဒါေကြာင့် ဟန်ဒါအွန်လည်း ဂျီဟိုရဲ့တည်နေရာကိုအမြန်ရှာလိုက်ပြီး ဂျီဟို့ကို ကယ်တင်လိုက်ပါတယ်။

      တဖက်မှာတော့  “ဂန်ဘီနာ” ဟာ ဘတ်ဂျာယောင်းကိုတရားစီရင်ဖို့အတွက် လှလှပပတွေဝတ်စားပြင်ဆင်ပြီး ကားနဲ့ထွက်လာခဲ့ပါတယ်။

ဘတ်ဂျာယောင်း စောင့်နေတဲ့နေရာကို ရောက်တဲ့အခါမှာတော့ ဘတ်ဂျာယောင်းတည့်တည့်ကို ကားမောင်းလိုက်ပြီး ကားပေါ်ကနေဆင်းကာ ဘတ်ဂျာယောင်းဆီကို လမ်းလျောက်သွားလိုက်ပါတယ်။

ဘတ်ဂျာယောင်းလည်း သူ့ကိုဖုန်းဆက်တဲ့သူက  “ဂန်ဘီနာ” မှန်းသိလိုက်တာကြောင့်အံ့ဩနေတုန်းမှာ ဗဲလ်လက်လည်းရောက်လာပြီး ဖုန်းဆက်တာက သူဖြစ်ကြောင်း အသံတု လုပ်ပြလိုက်ပါတယ်။

နောက်တော့ ဗဲလ်လက်က သန့်ရှင်းရေးကောင်လေးတွေကိုခေါ်မယ့်အကြောင်း ပြောလိုက်တာကြောင့်  “ဂန်ဘီနာ” က ဒီတယောက်က သိပ်ကြာမှာမဟုတ်ကြောင်း ပြောလိုက်ပါတယ်။

နောက်တော့ သူ့ရဲ့ငရဲဓားကိုထုတ်လိုက်ကာ ဘတ်ဂျာယောင်းကိုချိန်လိုက်ပြီး ဂျိဟို့ကိုမေးလိုက်တာကြောင့် ဘတ်ဂျာယောင်းက ဂျီဟိုဟာအိမ်မှာ ဘေးမသိရန်မခရှိနေကြောင်း ပြောလိုကိပါတယ်။

ညာနေတဲ့ဘတ်ဂျာယောင်းကို  “ဂန်ဘီနာ” က ဓားနဲ့ထိုးမယ်အလုပ်မှာတော့ ဘတ်ဂျာယောင်းလည်း ကြောက်လန့်ပြီး လက်နဲ့ကာလိုက်ပါတယ်။နောက်တော့  “ဂန်ဘီနာ” က ဘတ်ဂျာယောင်းကို သူ့ရဲ့တရားစီရင်းရေးထုံးစံအတိုင်း ခွင့်မလွှတ်နိုင်တဲ့အပြစ်ကို ကျူးလွန်တယ်ဆိုတာကိုဝန်ခံလားဆိုပြိး မေးလိုက်ပါတယ်။

ဘတ်ဂျာယောင်းက စောဒကတက်တာကြောင့်  “ဂန်ဘီနာ” လည်း ပါးရိုက်ပစ်လိုကိပြီး အပြစ်ရှိလားမရှိလားဆိုပြီး ထပ်မေးလိုက်ပါတယ်။

ဒါ့အပြင် ယောက်ကျားကိုသတ်ခဲ့တုန်းက ကားခါးပတ်ပေါ်မှာ ဘာသုတ်ခဲ့တာလဲဆိုပြီး မေးပါတယ်။ ဘတ်ဂျာယောင်းကလည်း  “ဂန်ဘီနာ” ပြောသလိုမလုပ်ခဲ့ကြောင်း ပြာပြာသလဲငြင်းလိုက်တာကြောင့်  “ဂန်ဘီနာ” လည်း နတ်ဆိုးအစွမ်းနဲ့ ရိုက်ထုတ်လိုက်ပါတယ်။

နောက်တော့ ဘတ်ဂျာယောင်းရဲ့လည်ပင်းကနေ ကိုင်မြောက်ကာမေးလိုက်တာကြောင့် ရေထဲရောက်ရင် ပျော်ဝင်တဲ့ကော်ဖြစ်ကြောင်း ပြောလိုက်ပါတယ်။

ဒါကြောင်  “ဂန်ဘီနာ” ဟာ ဘတ်ဂျာယောင်းကို သူ့ကမ္ဘာထဲကိုပစ်ထည့်လိုက်ပြီး ဘတ်ဂျာယောင်းရဲ့ယောက်ျား ရေနစ်သလိုနစ်အောင် လုပ်လိုက်ပါတယ်။

ဘတ်ဂျာယောင်းလည်း ယောက်ျာဖြစ်သူ ရေနစ်သလိုကားထဲမှာ ရေနစ်မွမ်းကာ သတိလစ်သွားခဲ့ပါတယ်။

သတိပြန်ရချိန်မှာတော့  “ဂန်ဘီနာ” ရဲ့ခြေုရင်းကိုရောက်နေခဲ့ပြန်တာေကြောင့်  “ဂန်ဘီနာ” ကို တောင်းပန်လိုက်ပြန်ပါတယ်။

     နောက်တော့  “ဂန်ဘီနာ” က ပထမယောက်ျားကိုရော သတ်ပစ်တာလားဆိုပြီးမေးလိုက်တာေကြာင့် ဘတ်ဂျာယောင်းက မဟုတ်ကြောင်းပြောလိုက်တဲ့အတွက်  “ဂန်ဘီနာ” လည်း ပညာနည်းနည်းပြလိုက်ရပြန်ပါတယ်။

ဒီတော့မှ ဘတ်ဂျာယောင်းလည်း အမှန်အတိုင်းပြောမယ့်အကြောင်းပြောလိုက်ပြီး ပထမယောက်ျားဟာ ဘာမှတပ်မက်စရာမရှိတာကြောင့် အသက်အာမခံကြေးလိုချင်တဲ့အတွက်သက်လိုက်ကြောင်း မသတ်ခင်မှာ မျက်စိကွယ်မယ်ဆိုရင်တော့ အာမခံကြေးက နှစ်ဆရမှာဖြစ်တာကြောင့် အရင်ဆုံးမျက်စိကွယ်အောင်လုပ်လိုက်တာဖြစ်ကြောင်း နောက်တော့ တောင်တက်ရအောင်ခေါ်သွားကာ တွန်ချပြီးသတ်လိုက်တာဖြစ်ကြောင်း ပြောလိုကိပါတယ်။

ဒါကြောင့်  “ဂန်ဘီနာ” လည်း ဘတ်ဂျာယောင်းကို ချောက်ဆီခေါ်သွားလိုက်ပြီး ပြန်တွန်းချကာ သတ်လိူက်ပြန်ပါတယ်။

နောက်တော့  “ဂန်ဘီနာ” က ကလေးကိုဘာကြောင့် အိမ်ပြန်ခေါ်တာလဲဆိုပြီးမေးလိုက်တဲ့အခါ နောက်ယောက်ျားကိုသတ်ပ်ြးတဲ့နောက် ကလေးကိုအတည်တကျ မွေးကြည့်ချင်တာကြောင့် ခေါ်တာဖြစ်ကြောင်းပြောလိုက်ပါတယ်။

“ဂန်ဘီနာ” လည်း လိမ်နေတဲ့ ဘတ်ဂျာယောင်းကို သူ့ကမ္ဘာထဲကိုခေါ်လိုက်ပြီး တခြားသူတွေကိုနှီပ်စက်သလိုမျိုး တထပ်တည်းပြန်နှိပ်စက်ကာ တခြားသူတွေခံစားရစေသလို ပြန်ခံစားစေလိုက်ပါတယ်။

နောက်ဆုံးမှာတော့ သူ့ရဲ့ငရဲဓားနဲ့ အဆုံးစီရင်လိုက်ပြီး နဖူးမှာ ဂယ်ဟယ်နာလို့ရေးလိုက်ကာ ဂယ်ဟယ်နာကို ပို့လိုက်ပါတော့တယ်။

           ဘတ်ဂျာယောင်းသေဆုံးပြီးနောက်မှာတော့ သန့်ရှင်းရေးတွေနဲ့အတူ ဗဲလ်လက်ရောက်လာခဲ့ပြီး သန့်ရှင်းရေးတွေက သန့်ရှင်းရေးလုပ်နေချိန်မှာ ဂန်ဘီနာကတော့ အချိုရည်သောက်နေခဲ့ပါတယ်။

နောက်တော့ သန့်ရှင်းရေးတွေက  “ဂန်ဘီနာ” ကိုသန်ရှင်းရေးလုပ်ပေးနေချိန်မှာ  “ဂန်ဘီနာ” ဟာ သူသောက်နေတဲ့ အချိုရည်ဘူးခွံကို ဗဲလ်လက်ကိုပစ်ပေးလိုက်ပြီး အမှိုက်ပစ်စေလိုက်ပါတယ်။

အားလုံးကိစ္စပြီးတဲ့နောက်မှာတော့  “ဂန်ဘီနာ” ဟာ ဘတ်ဂျာယောင်းရဲ့အလောင်းကို ပုံစံတစ်မျိုးနဲ့ စွန့်ပစ်စေလိုက်ပါတယ်။

ဒါကြောင့် နောက်တနေ့မှာတော့ လူတစ်ယောက်ဟာ အလုပ်ကိုသွားရင်း လမ်းဘေးမှာခရီးဆောင်အိတ်တစ်ခုကိုတွေ့ကာ အနံ့နံတာကြောင့် စပ်စုကြည့်ရာကနေ အိတ်ထဲကနေ လူသေအလောင်းတစ်ခုထွက်လာတာကြာင့် လန့်သွားခဲ့ပါတယ်။

တကယ်တော့ အလောင်းကိုတွေ့ရတဲ့နေရာဟာ ဟန်ဒါအွန်တို့ရဲ့ နိုဘုန်းရဲစခန်းရှေ့မှာဖြစ်ပြီး ဗဲလ်လက်ကတော့ ဘာကြောင့် အလောင်းကို ရဲစခန်းရှေ့ကိုသွားပစ်ရတာလဲဆိုပြီး  “ဂန်ဘီနာ” ကိုမေးလိုကိပါတယ်။

တကယ်တော့  “ဂန်ဘီနာ” ဟာ ဟန်ဒါအွန်က အစကသူ့ကိုစိတ်ဝင်စားနေရာကနေ  ရုတ်တရက်ကြီး ရှောင်ထွက်သွားတာကြောင့် စိတ်စနိးစနောင့်ဖြစ်နေခဲ့ပြီး ဟန်ဒါအွန်သူ့ဆီပြန်လာစေဖို့အတွက် ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုပြီး လုပ်ဖော်ကိုင်ဘက် တရားသူကြီးတွေကို မေးခဲ့ပါတယ်။

လုပ်ဖော်ကိုင်ဖက်တွေက စေ့စပ်ပွဲပျက်တာမကြာသေးပေမယ့် နောက်တယောက် သဘောကျနေတာလားဆိုပြီးမေးလိုက်ကာ  “ဂန်ဘီနာ” ဘက်ကနေ စပြီးဆက်သွယ်ဖို့အကြံပေးပါတယ်။

 “ဂန်ဘီနာ” က ဒါမျိုးမလုပ်ချင်တာကြောင့် နောက်တနည်းအနေနဲ့ သူ့ဆီကို အလိုလိုရောက်လာစေတဲ့နည်းကို သုံးဖို့ပြောလိုက်ပါတယ်။

ဒါကြောင့်  “ဂန်ဘီနာ” လည်း ဘတ်ဂျာယောင်းကိုသတ်ပြီးတဲ့နောက် အလောင်းကို နိုဘုံးရဲစခန်းရှေ့ကို သွားပစ်ခိုင်းထားတာဖြစ်ပြီး ဒါမှာအလောင်းကိုတွေ့ပြီး ဟန်ဒါအွန်က သူ့အပေါ်သသံသယဝင်လာကာ သူ့ကိုဆက်သွယ်လာမှာပဲ ဖြစ်ပါတယ်။

ဒီအကြာင်းတွေကို ဗဲလ်လက်ကိုပြောပြလိုက်ပြီး ငရဲကိုမပြန်ခင်မှာ ဟန်ဒါအွန်နဲ့ကစားတာက ပျော်စရာအကောင်းဆုံးဖြစ်ကြောင်း ပြောလိုက်ပါတယ်။

ဗဲလ်လက်ကတော့ ဟန်ဒါအွန်အနားကို ကပ်ရင်းကနေ ဟန်ဒါအွန်က သူတို့ရဲ့နောက်ကြောင်းကို တွေ့သွားရင်ဘယ်လိုလုပ်မလဲဆိုပြီး မေးလိုက်တာကြောင့်  “ဂန်ဘီနာ” ကတေ့ာ့ ဗဲလ်လက်ပြောတဲ့နောက်ကြောင်းဆိုတဲ့ စကားကို အမြီးလို့သဘောပေါက်လိုက်ပြီး သူ့မှာတော့အမြီးမရှိကြောင်း၊ ဗဲလ်လက်မှာသာရှိတာဖြစ်ကြောင်းပြောလိုက်ကာ ရှော့ပင်းထွက်မယ့်အကြောင်းပြောကာ ဂလယ်မိုရီနဲ့အတူတူ သုံးယောက်သား ရှော့ပင်းထွက်ကြပါတော့တယ်။

မိန်းမသားတွေဖြစ်ကြတဲ့  “ဂန်ဘီနာ” နဲ့ဂလယ်မိုရီတို့ကတော့ ဟိုဟာလှတယ် ဒီဟာလှ်တယ်လုပ်နေကြပြီး ဗဲလ်လက်ကတော့ သက်ပြင်းတွေချည်းချနေခဲ့ပါတယ်။

နောက်တော့  “ဂန်ဘီနာ” က ဆိုင်ခန်းတစ်ခုထဲက ပစ္စည်းတွေအကုန်လှနေတာကြောင့် တဆိုင်လုံးနီးပါးကိုယူလိူက်ပြီး ရုတ်တရက် ဟန်ဒါအွန်ကိုသတိရသွားတာကြောင့် မှန်ပေါ်မှာ ဟန်ဒါအွန်နာမည်ကိုရေးကာ ဘာလုပ်နေလဲဆိုပြီးကြည့်ဖို့ စိတ်ကူးရသွားပါတယ်။

ဒါပေမယ့် မှန်မှာ ဟန်ဒါလို့ရေးပြီးမှ သူလုပ်နေတာတွေကို သူသတိရသွားကာ ပြန်ဖျက်လိုက်ပါတယ်။

     တဖက်မှာတော့ ဟန်ဒါအွန်တို့ နိုဘုံးစခန်းကရဲတွေဟာ စခန်းရှေ့ကိုရောက်လာတဲ့ လူသေအလောင်းကို စစ်ဆေးတာတွေကိုလုပ်နေကြပါတယ်။

တခြားရဲတွေကတော့ လူသတ်ပြီး ရဲစခန်းရှေ့ကိုအလောင်းလာပစ်ထားတဲ့ လူသတ်သမားကို ကျိန်ဆဲနေကြပြီး ဟန်ဒါအွန်ကတော့ သေဆုံးသူ ဘတ်ဂျာယောင်းရဲ့ဗိုက်က ဓားဒဏ်ရာကိုကြည့်ပြီး  “ဂန်ဘီနာ” သူ့ကိုထိုးလိုက်တဲ့ဓားချက်ကို သတိရသွားတာကြောင့် တွေးနေခဲ့ပါတယ်။

ရဲတွေက ဘတ်ဂျာယောင်းနဖူးပေါ်က ဂယ်ဟယ်နာဆိုတဲ့ စာကြောင်းကိုကြည့်လိုက်ပြီး ဒီလူသန်သမားဟာလည်း ပထမတမှုလိုပဲဖြစ်ကြေင်းပြောလိုက်ပါတယ်။  

“ဂန်ဘီနာ” ကတော အလောင်းကိုကြည့်ပြီးတဲ့နောက် ဟန်ဒါအွန်က သေချာပေါက် သူ့ဆ်ကိုဆက်သွယ်လာမယ်ဆိုတာကို သိထားတာေကြာင့် ဖုန်းဘေးမှာထိုင်စောင့်နေခဲ့ပါတယ်။

အဲဒီ့အချိန်မှာပဲ သူ့ရဲ့အကူဝန်ထမ်းဝင်လာခဲ့ပြီး အရေးကြီးဧည့်သည်ရောက်နေတာကြောင့် ချက်ချင်းလာတွေ့ဖို့ တရားသူကြီးချုပ်ကခေါ်တဲ့အကြောင်း ပြောလာခဲ့ပါတယ်။

ဒါ့ကြောင့်  “ဂန်ဘီနာ” လည်း တရားသူကြီးချုပ်ရုံးခန်းကိုချက်ချင်းသွားလိုက်ပြီး သူ့မှာအရေးတကြီးကိစ္စရှီတာကြောင့် အရေးကြိးဧည့်သည်ကိုမတွေ့နိုင်သေးကြေင်း ပြောလိုက်ပါတယ်။

 “ဂန်ဘီနာ” ဟာ သူ့ကိုတွေ့ချင်နေသူဆိုတာက အမတ်ရှောင်မှန်းသိလိုက်တာကြောင် အမတ်တွေက အလုပ်သိပ်မများပေမယ့် သူတို့တရားသူကြီးတွေကတော့ အလုပ်များကြောင်းပြောကာ ပြန်ဖို့ပြင်လိုက်ပါတယ်။

တရားသူကြီးချုပ်ကတော့ မျက်စိမျက်နှာပျက်နေပြီး အမတ်ရှောင်ကတော့  “ဂန်ဘီနာ” ကို ထမင်းစားလာဖိတ်တာဖြစ်ကြောင်း  “ဂန်ဘီနာ” ရဲ့အကြောင်းလေးတွေနဲ့ပတ်သတ်ပြီး ပြောာစရာရှိကြောင်း ပြောလိုက်တာကြောင့်  “ဂန်ဘီနာ” လည်း အမတ်ရှောင်ရဲ့အိမ်ကို လိုက်ခဲ့ရပါတယ်။

    အမတ်ရှောင်တို့အိမ်ကိုရောက်ပြီးတဲ့နောက် စားကြဖို့ပြင်တဲ့အချိန်မှာ အမတ်ရှောင်တို့က မစားခင်ဆုတောင်းတာတွေကိုလုပ်နေကြပြီး  “ဂန်ဘီနာ” ကတော့ ဆုတောင်းတာတောင်မစောင့်ဘဲ စားစရာတွေကို စားသောက်ပါတော့တယ်။

ဒါ့အပြင် သူမပြန်တဲ့အခါမှာလည်း စားပဲပေါ်က စားစရာတွေကို ထည့်ပေးလိုက်စေချင်ကြောင်းပါ ပြောလိုက်ပါတယ်။

နောက်တော့ စားသောက်ကြရင်း  “ဂန်ဘီနာ” က သူ့မှာမိဘတွေရှိသေးလားဆိုပြီး မေးလိုက်သလို ရှိသေးရင် ဘာကြောင့်များအခုလို သူ့ကိုပစ်ထားတာလဲဆိုပြီးလည်း မေးလိုက်ပါတယ်။

အမတ်ရှောင်က ဂန်ဘိနာ့အမေးစကားကြောင့်  “ဂန်ဘီနာ” ရဲ့မိဘတွေဟာ လွန်ခဲ့တဲ့ငါးနှစ်က အာဂျင်တီးနားကို ပြောင်းသွားတာဖြစ်ကြောင်း  “ဂန်ဘီနာ” ရဲဲ့အကိုကြီးက ဂျပန်မှာအကြီးဆုံး ဆူရှီဆိုင်ကိုဖွင့်ထားတာဖြစ်ကြောင်း ပြောပြလိုက်ပါတယ်။

နောက်တော့ စားသောက်ပြီးတဲ့နောက် ဧည့်ခန်းထဲထိုင်ကာစကားပြောကြရင်း အမတ်ရှောင်က  “ဂန်ဘီနာ” အနေနဲ့ နိုင်ငံရေးကိုစိတ်မဝင်စားတော့ဘူးလားဆိုပြိး မေးလိုက်တာကြောင့်  “ဂန်ဘီနာ” က သူဟာ နိုင်ငံရေးကိုစိတ်ဝင်စားခဲ့သေးလားဆိုပြီး ပြန်မေးလိုက်ပါတယ်။

ဒါကြောင့် အမတ်ရှောင်ရဲ့သားကြီးထယ်ဂယူက  အမတ်ရှောက်ဟာ  “ဂန်ဘီနာ” ကိုနိုင်ငံရေးဆက်ခံသူအဖြစ် ရွေးထာတာဖြစ်ကြောင်း ဝင်ပြောလိုက်ပါတယ်။

မိသားစုဝင်တွေကိုထားပြီး ဘာကြောင့် သူ့ကို ဆက်ခံသူအဖြစ်ရွေးတာလဲဆိုပြီး ဂန်ဘီနာကမေးလိုက်တာကြေင့် အမတ်ရှောင်က သားကြီးက စီးပွားရေးကိုသာလုပ်နေကြောင်း အငယ်ကောင်ကတော့ ပြောစရာမရှိကြောင်း ပြောလိုက်ပါတယ်။

နောက်တော့ အမတ်ရှောင်က  “ဂန်ဘီနာ” ရဲ့ကျန်းမာရေးအခြေအနေကိုမေးလိုက်ပြီး  “ဂန်ဘီနာ” ကတော့ အေးဆေးဖြစ်ကြောင်း ဆေးရုံကိုမသွားကြောင်း နောက်ကြောင်းမှာဘာတွေပဲဖြစ်ခဲဖြစ်ခဲ့ စိတ်မပူကြောင်းပြောလိုက်ပါတယ်။

အမတ်ရှောင်က  “ဂန်ဘီနာ” အနေနဲ့လက်တလောမှာ ဆင်းရဲတဲ့ ဗီလာလေးမှာနေနေရတာကြေင့် သူကူညီပေးမဘ့်အေကြာင်းပြောလိုက်ပမယ့်  “ဂန်ဘီနာ” ကတော့ ခေါင်းမာမာနဲ့ပဲ လက်ရှိနေရာလေးမှာအဆင်ပြောကြောင်း ပြောလိုက်ပါတယ်။

နောက်တော့ အမတ်ရှောင်ကပဲ ဗီလာပိုင်ရှင်ဟာ ဘာေကြာင့်များတိုးတက်ရေးကို ဆန်ကျင့်နေတာလဲဆိုပြိးမေးလိုက်တာကြောင့်  “ဂန်ဘီနာ” က တမင်တင်းခံနေတာာသာဖြစ်ကြောင်း ပြန်ပြောလိုက်ပါတယ်။

နောက်တော့ အမတ်ရှောင်ရဲ့အိမ်က စားစရာတွေကို ချိုင့်နဲ့ကုန်းဆင်းလာခဲ့ပြီး ပြန်လာလိုက်ပါတယ်။

        “ဂန်ဘီနာ” ဟာ စားစရာတွေကိုသယ်သွားပြီး ဂလယ်မိုရီဆီကို သွားလိုက်ပါတယ်။

နောက်တော့ လစာမရသေးတာကြောင့် အငတ်ခံနေရတဲ့ ဂလယ်မိုရီကို သူယူလာတာတွေကျွေးလိုက်ပြီး ဂလယ်မိုရီအနေနဲ့ ခဏဝင်ထားတဲ့လူသားအေကြာင်းကို မေးကြည့်လိုက်ပါတယ်။

ဂလယ်မိုရီဟာ  “ဂန်ဘီနာ” ရဲ့ဝိဉာဉ်ကိုလွတ်သွားပြီးတဲ့နောက် အပြစ်ခံယူဖို့ လူ့ပြည်ကိုရောက်လာခဲ့ပြီး နောက်တော့ စိတ်ညစ်တာကြောင့် ကိုယ့်ကိုကိုသတ်သေခံတဲ့ကောင်မလေးရဲ့ကိုယ်ထဲကို ဝင်နေလိုက်တာပဲဖြဟ်ပါတယ်။

ကောင်မလေးက သူမသေခင်တူန်းကတော့ သူငယ်ချင်းတွေက ပိုက်ဆံချေးပြိး ပြန်မဆပ်တာကြောင့် သတ်သေတာဖြစ်ပြီး ဂလယ်မိုရီအစားဝင်အပြီးမှာတော့ ဘေ့ဘောတုတ်ကိုပြကာ တောင်းတာခံနေရတာပါ။

နောက်တော့ ဂလယ်မိုရီက ဗဲလ်လက်အကြောာင်းကိုမေးတာကြောင့် ဗဲလ်လက်ဝင်နေတဲ့လူသားဟာ အလုပ်ပင်ပန်းပြီးသေသွားတာဖြစ်ကြောင်း အဆိုးဆုံးကတော့ FA ဖြစ်နေတာသာဖြစ်ကြောင်း ပြောလိုက်ပါတယ်။

နောက်တော့  “ဂန်ဘီနာ” က လူသတ်ပြီးလွတ်နေသေးတဲ့အပြစ်သား ၁၅ ယောက်လောက်ရှာပေးဖို့ ဂလယ်မိုရီကိုပြောလိုက်ပါတယ်။

ဂလယ်မိုရီကတော့ ၁၅ ယောက်ဆိုရင်တော့ ကွင်းဆက်လူသတ်သမားတွေကို သတ်မှသာဖြစ်မယ့်အကြောင်း ပြောလိုက်ပါတယ်။

“ဂန်ဘီနာ” ဟာ လက်တလောမှာ ဟန်ဒါအွန့်ဆီက ဖုန်းကိုမျှော်နေပေမယ့် ဖုန်းမလာတာကြောင့် စိတ်ပျက်ကာ ငရဲကိုအမြန်ပြန်ဖို့ စိတ်ကူးနေတာပဲဖြစ်ပါတယ်။

    နောက်တနေ့မှာတော့ ဖုန်းမျှော်နေတဲ့ “ဂန်ဘီနာ” ဆီကို စုံထောက်ရောက်လာကြောင်း သတင်းပို့လာတဲ့အတွက်  “ဂန်ဘီနာ” လည်း ပျော်ကာ အပြေးထွက်သွားပါတယ်။

တကယ်တမ်းမှာတော့ လာသူက ဟန်ဒါအွန်မဟုတ်ဘဲ တခြားတစ်ယောက်ဖြစ်နေပြီး အမှုအတွက်စစ်ဆေးစရာရှိတာကြောင့် စခန်းကိုလိူက်စေချင်‌ကြောင်းပြောလာတဲ့အတွက်  “ဂန်ဘီနာ” လည်း လိုက်သွားခဲ့ပါတယ်။

စခန်းကိုရောက်တဲ့အခါမှာတော့ ဟန်ဒါအွန်က  “ဂန်ဘီနာ” ကို ဘတ်ဂျာယောင်းကိုသတ်တယ်ဆိုပြီး သံသယရှိနေတာကြောင့် မေးမြန်းစုံစမ်းတာတွေလုပ်ခဲ့ပြီး  “ဂန်ဘီနာ” ကတော့ အချက်ကျကျပြန်ဖြေလိုက်သလို သက်သေမရှိကြောင်းပြောတာကြောင့် ဟန်ဒါအွန်လည်း ပြန်လွှတ်လိုက်ရပါတယ်။

ဒီတခါမှာတော့ ဟန်ဒါအွန်ဟာ အရင်လို တက်တက်ကြွကြွမဟုတ်ဘဲ မျက်နှာပျက်နေခဲ့ပါတယ်။

     နောက်တော့ ရဲစခန်းကနေပြန်တော့မယ့် ဟန်ဒါအွန်ရဲ့ကားပေါ်ကို  “ဂန်ဘီနာ” ကအတင်းတက်လိုက်လာကာ အိမ်ပြန်ပို့ခိုင်းခဲ့ပါတယ်။

လမ်းတလျှောက်မှာတော့ ဟန်ဒါအွန်က  “ဂန်ဘီနာ” ကို တကယ်သတ်မသတ်မေးလိုက်ပြီး သု့ကိုထိုးတဲ့ဓားကိုလည်း ပြခိုင်းခဲ့ပါတယ်။

“ဂန်ဘီနာ” ကတော့ သူသာ ဘတ်ဂျာယောင်းတို့ကိုသတ်ပါက ဟန်ဒါအွန်လို ပြန်ရှင်လာမယ့်အကြောင်းပြောတာကြောင့် ဟန်ဒါအွန်လည်း ငြိမ်နေရပြန်ပါတယ်။

နောက်တော့ သူတို့ကားဟာ  “ဂန်ဘီနာ” နေတဲ့ ဗီလာရှေ့ကိုရောက်လာပြီး ဟန်ဒါအွန် သူဟာ  “ဂန်ဘီနာ” ကိုမနှောက်ယှက်တော့မယ့်အကြောင်း ပြောတာကြောင့်  “ဂန်ဘီနာ” က အရင်လို လိုက်နှောက်ယှက်စမ်းပါ၊ ဒါမှ ပျော်စရာကောင်းမှာဆိုပြီး ပြောလိုက်ပါတယ်။

သူတို့စကားပြောနေတုန်းမှာ ဗီလာအောက်ထပ်ကအဘွားကြီးက ထွက်လာပြီး ဟန်ဒါအွန်ကို အမြန်ပြန်ဖို့နဲ့  “ဂန်ဘီနာ” နဲ့အတူတူနေရင် နှစ်ယောက်က တယောက်သေရမယ့် အကြောင်းပြောလိုက်ပါတယ်။

နောက်တော့ အဘွားကြီးပြန်ထွက်သွားခဲ့ပြီး  “ဂန်ဘီနာ” က ဟန်ဒါအွန်ကို ပျင်းစရာကောင်းတာကြောင့် အမြန်ပြန်ဖို့ပြောလိုက်ပါတယ်။

    ဟန်ဒါအွန်ဟာ သု့ရဲ့ကားအိမ်လေးထဲမှာ အတွေးတွေနဲ့ ဟိုလှိမ့်ဒီလူးဖြစ်နေခဲ့ပါတယ်။

နောက်တော့ သူ့ကိုမွေးစားထားတဲ့ရဲအဖွဲ့မှူးမိသားစုက သူ့ဆီရောက်လာတာကြောင့် အတူတူ စားသောက်ကြပါတယ်။

ညီမဖြစ်သုက ဟန်ဒါအွန်ရည်းစားရနေပြီဖြစ်ကြောင်းနဲ့ ၃ရက်ထဲနဲ့ အထားခဲ့ခံရတာကြောင့် အတင်းလိုက်တွယ်ကပ်နေကြောင်း ကောင်မလေးကတရားသူကြီးဖြစ်တာကြောင့် သူနဲ့တွေ့ပေးရမယ့်အကြောင်း ပြောလာခဲ့ပါတယ်။

ဟန်ဒါအွန်ကတော့ အခုမဟုတ်တော့ကြောင်း သူက နတ်ဆိုးဖြစ်တာကြောင့်ဖြစ်ကြောင်း ပြောလိုက်ပါတယ်။

နောက်တော့ ဟန်ဒါအွန်နဲ့ရဲအဖွဲ့မှူးတို့နှစ်ယောက်တည်း စကားပြောဖြစ်ကြပြီး ဂျီဟို့အမှုမှာတုန်းက ရဲအဖွဲ့မှူးဟာ ဟန်ဒါအွန်ငယ်ငယ်ကလိုမျိုး ခံစားရတာကြောင့် အတင်းလိုက်ခဲ့တာဖြစ်ကြောင်း ပြောလိုက်ပါတယ်။

ဟန်ဒါအွန်ကလည်း သူလည်း ဂျီဟိုဟာ သူ့ငယ်ဘဝနဲ့တူတာကြောင့် ကူညီတာဖြစ်ကြောင်း ပြောလိုက်ပါတယ်။

အဖွဲ့မှူးကတော့ ဟန်ဒါအွန်ရဲ့အတိတ်ကို သူကတာဝန်ယူမှာဖြစ်တာ‌ကြောင့် အနာဂတ်ကိုသာအာရုံစိုက်ဖို့ ပြောလိုက်ပါတယ်။

    တဖက်မှာတော့  “ဂန်ဘီနာ” နဲ့ ဂလယ်မိုရီတို့ဟာ လူ ၁၂ ယောက်ကိုသတ်ခဲ့တဲ့ ကွင်းဆက်လူငတ်သမား  ဂျေ”  အကြောင်းကိုကြည့်နေပြီး ဖြစ်စဉ်ကို ဂလယ်မိုရီက ပြောပြနေခဲ့ပါတယ်။ ဂျေ”  က လူသတ်မှု ၁၂ မှု ကျူးလွန်ထားပြီး သူသတ်ကြောင်းကို ၁၉၉၉ ခုနှစ်က အသက် ၁၀ နှစ်သာရှိသေးတဲ့ကလေးတစ်ယောက်က မျက်မြင်သက်သေအဖြစ်ရှိကြောင်း ဂလယ်မိုရီက ပြောလာတာကြောင့်  “ဂန်ဘီနာ” က အဲဒီ့ကလေးလေးကို စုံစမ်းဖို့ပြောလိုက်ပါတယ်။

    တဖက်မှာတော့ ဟန်ဒါအွန်ဟာ ဂျီဟို့အဘွားဆီကို သွားတွေ့ပြီးတဲ့နောက် လူသတ်မှုဖြစ်တဲ့နေရာကို ပြန်လာရင်းကနေ  “ဂန်ဘီနာ” သောက်တဲ့ အချိုရည်ဘူးကို တွေ့လိုက်ပါတယ်။

ဒါ့ကြောင့် ဒီအမှုဟာ  “ဂန်ဘီနာ” နဲ့ပတ်သတ်နိုင်ကြောင်း ဆုံးဖြတ်လိုက်ပါတယ်။

“ဂန်ဘီနာ” ကတော့ ဗဲလ်လက်ကို ဂျိဟိုပို့လိုက်တဲ့လက်ဆောင်ပုံလေးကို ပြလိုက်ပြီး သူနဲ့တူလားဆိုပြီးမေးလိုက်ပါတယ်။

ဗဲလ်လက်ကတော့ ဈာပနကျရင်သုံးလို့ရကြောင်းပြောတာကြောင့်  “ဂန်ဘီနာ” လည်း ခပ်တည်တည်ပြန်ကြည့်လိုက်ပြီး ကောင်းကင်ဘုံမှာနတ်ဆိုးရှိလာဆိုပြီး မေးလိုက်ပါတယ်။

ဗဲလ်လက်ကတော့ ကောင်းကင်ဘုံအကြောင်းပြောတာကြောင့် သူ့အကြောင်းနဲ့သူ လက်တုန်လာပြီး ဒါကို  “ဂန်ဘီနာ” ကလည်းမြင်လိုက်တာကြောင့် ရောဂါဖြစ်ကြောင်း ပြောလိုက်ရပါတယ်။

    တနေ့မှာတော့ ဂျီဟို့ဆီကို စာပို့သမားတစ်ယောက် ရောက်လာခဲ့ပြီး ဂျီဟို့ကို သူ့မိဘတွေက စာပို့လိုက်ကြောင်းပြောလာခဲ့ပါတယ်။

ဂျီဟိုလည်း စာကိုဖောက်ဖတ်ကြည့်ပြီး သူ့အဖေရေးထားတဲ့ တောင်းပန်စာကိုဖတ်လိုက်ပြီး မျက်ရည်‌တွေကျနေခဲ့ပါတယ်။

တဖက်မှာတော့  “ဂန်ဘီနာ” ဟာ အခန်းထဲမှာ နှပ်နေတုန်း ဗီလာပိုင်ရှင်က အပြင်ကနေ အခန်းတံခါးလာခေါက်ခဲ့ပါတယ်။

ဘုရားကျောင်းသွားဖို့ လာခေါ်တယ်ထင်တာကြောင့်  “ဂန်ဘီနာ” လည်းအိပ်ချင်ဟန်ဆောင်နေလိုက်ပြီး အပြင်ကနေ ဆန်မုန့်လာပေးကြောင်းပြောမှ ထွက်ယူလိုက်ပါတယ်။

ဆန်မုန့်ယူအပြီးမှာတော့ ဘေးခန်းကနေ ဟန်ဒါအွန်ထွက်လာတာကိုတွေ့လိုက်ပြီး ဟန်ဒါအွန်က သူဟာ ဘေးခန်းကိုပြောင်းလာကြောင်းပြောတဲ့အတွက် ရုတ်တရက် ရင်ခုန်သွားပါတယ်။

ပြီးတော့ နတ်ဆိုးဟာ ရင်ခုန်ရလွန်းလို့ သတိလစ်သွားခဲ့ပါတော့တယ်။

ဟုတ်ကဲ့ပါရှင်။ အပိုင်း ၂ ကတော့ ဒီမှာတင်အဆုံးသတ်သွားခဲ့ပါပြီ။ နောက်နေ့မှာ အပိုင်းဆက်များကို စောင့်မျှော်အားပေးကြဖို့ ဖိတ်ခေါ်ပါရစေ။

အဆုံးထိအားပေးခဲ့ကြတဲ့ ပရိတ်သတ်အယောက်စီတိုင်းကို ကျေးဇူးအထူးတင်ရှိပါကြောင်းနဲ့၊ ပရိတ်သတ်များနဲ့တကွ တိုင်းပြည်နဲ့လူမျိုးကို အဆိပ်မခပ်တတ်သော သူများအားလုံး ကျန်းမာ၊ ဘေးကင်းကြပါစေ။

 

No comments:

Post a Comment

Search This Blog

Powered by Blogger.