ငရဲမှလာသော တရားသူကြီး အပိုင်း - ၁
မင်္ဂလာပါ။ BTM ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ စီရီးတွေကိုမှ ကြည့်ရှု့ခံစားချင်ကြပါတယ်ဆိုတဲ့ ပရိတ်သတ်တွေအတွက် ဒီတခါမှာတော့ IMDbမှာ 7.5/10 ရထိတားတဲ့ ကိုရီးယား romance,crime, drama နဲ့ fantasy တွေရောစပ်ထားတဲ့ The Judge From Hell ဆိုတဲ့ဇာတ်လမ်းတွဲကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
ဇာတ်လမ်းအစမှာတော့ သူ့ကိုယ်သူ နတ်ဆိုးတစ်ယောက်ပါလို့ဝန်ခံနေတဲ့ အမျိုးသမီးတစ်ယောက်ဟာ သူမဟာ “ဂန်ဘီနာ”
ဆိုတဲ့ လူသားတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲကို ငှားပြီး
ဝင်နေတာဖြစ်ကြောင်း ပြောလိုက်ပါတယ်။
သူမပြောတာတွေကို နားထောင်နေကြတဲ့ ပရိတ်သတ်တွေကတော့ လူသားတစ်ယောက်က
သူ့ကိုယ်သူနတ်ဆိုးပါဆိုပြီး ပြောနေတာကြောင့်
လှောင်ရယ်လေး ရယ်နေကြပါတယ်။
စကားပြောနေတဲ့အမျိုးသမီးကတော့
ဘေးကလူတွေကို ဂရုမစိုက်ဘဲ
သူမအနေနဲ့ “ဂန်ဘီနာ” ရဲ့ကိုယ်ထဲကို ဝင်နေရတာဟာ လိုလိုချင်ချင်နဲ့ ဝင်နေတာမဟုတ်ဘဲ အခြေအနေအရ ဝင်နေရတာဖြစ်ပေမယ့် “ဂန်ဘီနာ”
ရဲ့မျက်နှာကြောင့်
မှန်ကြည့်မိတိုင်းကျေနပ်နေမိကြောင်း ပြောလိုက်ပါတယ်။
ဘေးကပရိတ်သတ်ထဲက
ယောက်ျားတစ်ယောက်က စကားပြောနေတဲ့အမျိုးသမီးဟာ နတ်ဆိုးသာတကယ်ဖြစ်တယ်ဆိုရင် “ဂန်ဘီနာ”
ကတော့
သေသွားလားဆိုပြီးမေးလိုက်ပါတယ်။
တရားသူကြီးတစ်ယောက်ဖြစ်တဲ့ “ဂန်ဘီနာ” ဟာ လူပြတ်တဲ့တနေရာမှာ ဓားဒဏ်ရာနဲ့လဲကျနေခဲ့ပါတယ်။ ဓားဒဏ်ရာကြောင့်ထွက်လာတဲ့သွေးတွေဟာ သူမရဲ့ဘေးပတ်လည်က နှင်းတွေကိုတောင် နီစွေးစေခဲ့ပါတယ်။
“ဂန်ဘီနာ”
ဟာ
ခဏတော့ သေငယ်ဇောနဲ့ နောက်ဆုံးထွက်သက်ကိုရှူသွင်းနေခဲ့ပြီး ခဏအကြာမှာတော့ အသက်ထွက်သွားကာ
ငြိမ်ကျသွားခဲ့ပါတယ်။
“ဂန်ဘီနာ”
ဟာ
သေဆုံးအကြီးမှာတော့ သူမရဲ့ကိုယ်ထဲကနေ သူမရဲ့ဝိဉာဉ်ဟာထွက်သွားခဲ့ပြီး လဲကျနေတဲ့သူမရဲ့ခန္ဓာကိုယ်ကို
ပြန်ငေးကြည့်နေခဲ့ပါတယ်။
နောက်တော့
“ဂန်ဘီနာ” ဟာ သွေးစက်တွေအတိုင်းလျှောက်သွားခဲ့ပြီး သူမလျှောက်သွားနေတဲ့ လမ်းတစ်လျှောက်မှာရှိတဲ့ သွေးစက်တွေဟာ နှင်းဆီပန်းနီနီတွေအဖြစ် ပွင့်လာခဲ့ပါတယ်။
“ဂန်ဘီနာ”
ကတော့
နှင်းဆီပန်းတွေအတိုင်းလျှောက်သွားနေခဲ့ပြီး နှင်းတော့အလွန်မှာတော့ အလင်းတန်းတစ်ခုပေါ်လာခဲ့ကာ
မှန်နံရံလိုအရာတစ်ခုဟာ ကွဲအက်လာခဲ့ပြီး
တံခါးတစ်ခုပေါ်လာခဲ့ပါတယ်။
တံခါးပေါ်မှာကတော့
ငရဲခံနေရသူတွေရဲ့ နာကျင်မှုဝေဒနာတွေကြောင့် အော်ဟစ်နေခဲ့တဲ့ရုပ်ပုံတွေရှိနေခဲ့ပြီး
မျက်လုံးနီရဲရဲနဲ့ ဓားကိုင်ထားတဲ့လူတစ်ယောက်ရဲ့ပုံဟာ
တံခါးရဲ့အပေါ်ထိပ်ဆုံးမှာ ရှိနေခဲ့ပါတယ်။
“ဂန်ဘီနာ”
တစ်ယောက်
တံခါးကိုစိုက်ကြည့်နေတုန်းမှာ "ဒီကိုဝင်လာသမျှလူတွေအကုန်လုံး မင်းတို့မျှော်လင့်ချက်အကုန်လုံးကို စွန့်လွှတ်လိုက်ကြ" ဆိုတဲ့စာတန်းဟာ
ပေါ်လာခဲ့ပြီး ငရဲတံခါးကြီးလည်း ပွင့်သွားခဲ့ပါတယ်။
“ဂန်ဘီနာ” ဟာ သေဆုံးသွားခဲ့ပြီး ငရဲအတုကို သွားရမယ့်သူမက အပြစ်ခွဲခြားခြင်းစနစ်ကြောင့်
လူသတ်သမားတွေရဲ့ငရဲကို ကျရောက်သွားခဲ့ပါတယ်။
လူသတ်သမာများငရဲရဲ့ လက်ထောက်တရားသူကြီး
“ဗဲလ်လက်” ဟာ ဒီနေ့အတွက် နောက်ဆုံးတရားစီရင်ရမယ့်သူကို တရားစီရင်ပေးဖို့လုပ်နေတုန်းမှာ
တံခါးဝကနေ အူလည်လည်နဲ့ဝင်လာခဲ့တဲ့ “ဂန်ဘီနာ” ကိုတွေ့လိုက်တာကြောင့် လက်တလော
သူတရားစီရင်ပေးရမယ့်သူဟာ နောက်ဆုံးလူဖြစ်ကြောင်း တရားသူကြီးကို ပြောလိုက်ပါတယ်။
တရားသူကြီးကတော့
နောက်ဆုံးတရားစီရင်ရမယ့်အမျိုးသားကို တံဆိပ်ခတ်လိုက်ကာ ဂယ်ဟယ်နာကိုပို့လိုက်ဖို့ ပြောပါတယ်။
ဂယ်ဟယ်နာကိုပို့တယ်ဆိုတာကတော့
အပြစ်တွေလုပ်ထားတာတောင် ဝန်မခံနိုင်ဘဲငြင်းဆန်နေသေးတဲ့ လူသားတွေကို နဖူးမှာတံဆိပ်နှိပ်ကာ
ပြင်းထန်တဲ့အပြစ်ဒဏ်ကို ပေးတာပဲဖြစ်ပါတယ်။
တံဆိပ်နှိပ်ခံလိုက်ရရင်တော့
အပြစ်ပေးခံရသူဟာ အမှုန်တွေဖြစ်ကာ ပျောက်ကွယ်သွားမှာပဲဖြစ်ပါတယ်။
“ဂန်ဘီနာ” ဟာ သူ့ရှေ့မှာတင်တရားစီရင်တာကိုခံမြင်လိုက်ရတာကြောင့်
အံ့အားသင့်သွားကာ သူအလည်း တရားသူကြီးတစ်ယောက်ဖြစ်ကြောင်း ပြောလိုက်ပါတယ်။
တရားသူကြီးတွေဟာ
လူသတ်သမားငရဲကိုရောက်လေ့ရောက်ထမရှိတာကြောင့် ငရဲကတရားသူကြီးလည်း အံ့အားသင့်သွားကာ ထိုင်နေရာကနေ
“ဂန်ဘီနာ” ဆီကို စွေ့ကနဲ ရောက်လာခဲ့ပါတယ်။
“ဂန်ဘီနာ”
လည်း
ငရဲတရားသူကြီးက ရုတ်တရက်ကြီးသူ့နားရောက်လာတာကြောင့်
လန့်သွားကာ တရားသူကြီးဖြစ်ပြီး လူသတ်သမားငရဲကို ဘာကြောင့်ရောက်လာတယ်ဆိုတာကို သူ, မသိရကြောင်း၊ သူမကို
ပန်းခြံထဲမှာ တယောက်ယောက်က ဓားနဲ့ထိုးသွားခဲ့တာကြောင့် သူမဟာ ဒီနေရာကိုရောက်လာရတာသာဖြစ်ကြောင်း
ရှင်းပြလိုက်ပါတယ်။
ငရဲတရားသူကြီးကတော့
“ဂန်ဘီနာ” ရဲ့ဖြေရှင်းချက်ကို လက်မခံဘဲ ဒီနေရာဟာ လူသတ်သမားတွေပဲ ဝင်လို့ရတဲ့နေရာဖြစ်ကြောင်း ပြောလိုက်ပါတယ်။
“ဂန်ဘီနာ”
က
သူမဟာ လူတခါမှာမသတ်ဖူးကြောင်း ပြောပေမယ့် တရားသူကြီးကတော့ ဇွတ် တရားစီရင်ဖို့ လုပ်နေခဲ့ပါတယ်။
လက်ထောက်တရားသူကြီး
“ဗဲလ်လက်” က
မှားပြီးဝင်လာသူဖြစ်တာကြောင့် အတည်ပြုချက်ယူကြည့်ဖို့ အကြံပေးလိုက်သေးပေမယ့် တရားသူကြီးမ “ယူစတီးရှား”
ကတော့
ဒိနေရာကို ရောက်လာသူဖြစ်တာကြောင့်
သူ့စိတ်တိုင်းကျစီရင်မယ့်အကြောင်း ပြောကာ ခေါ်လာခဲ့ဖို့ ပြောလိုက်ပါတယ်။
အမြဲတမ်း
သူ့စိတ် သူ့သဘောအတိုင်းလုပ်တတ်တဲ့ တရားသူကြီး “ယူစတီးရှား”
ကတော့
လူမသတ်ပါဘူးဆိုပြီးငြင်းခဲ့တဲ့ “ဂန်ဘီနာ” ကို လူတယောက်ကိုသတ်ခဲ့ရင် ဂယ်ဟယ်နာမှာ
အနည်းဆုံး အနှစ်
၂ သောင်းလောက်နေရမှာဖြစ်ပေမယ့်၊ သူ့ကို
ရိုင်းရိုင်းစိူင်းစိုင်းပြောတာကြောင့် နှစ် ၅ သောင်း ပြစ်ဒဏ်ခံရမယ်ဆိုပြိး ဥပဒေအထက်မှာ
ငါရှိတယ်ဆိုတဲ့အထာနဲ့ အပြစ်ဒဏ်ချလိုက်ကာ
“ဗဲလ်လက်”
ကို
တံဆိပ်ရိုက်ခိုင်းလိုက်ပါတယ်။
“ဗဲလ်လက်” ကတော့ စရင်းထဲမှာမရှိတဲ့သူကို အပြစ်ပေးလိုက်မိရင် ဘာအဲလ်စိတ်ဆိုးသွားရင် ဘယ်လိုလုပ်မလဲဆိူပြီးမေးလိုက်ပါတယ်။
“ဗဲလ်လက်” က လက်နှေးနေတာကြောင့် “ယူစတီးရှား”
က
တံဆိပ်နှိပ်တဲ့ဟာကိုယူလိုက်ကာ
သူကိုယ်တိုင်ပဲ “ဂန်ဘီနာ” ကို တံဆိပ်နှ်ိပ်ကာ အပြစ်ပေးလိုက်ပါတယ်။
တရားစီရင်မှုပြီးသွားတာနဲ့တပြိုင်နက် ငရဲခန်းရဲ့တံခါးဟာ
ပွင့်လာခဲ့ပြီး ငရဲပြည်ရဲ့တာဝန်ခံ ဘာအဲလ်ဟာ
ဝင်ရောက်လာပါတယ်။
ဝင်လာတယ်ဆိုရင်ပဲ
သူ့ရဲ့နောက်က ကင်းမြီးကောက်လက်ချောင်းတွေ ထွက်လာခဲ့ပြီး “ယူစတီးရှား” ဟာ ငရဲအတုကိုသွားရမယ့်သူကို၊ ဂယ်ဟယ်နာကို
လူသတ်သမားအနေနဲ့ တံဆိပ်နှိပ်ပြိးပို့လိုက်တကြောင့်
အပြစ်ရှိ မရှိမေးလိုက်ပါတယ်။
တရားသူကြီး
“ယူစတီးရှား” ကတော့ ဘာအဲလ်ကို အရိုအသေပြုလိုက်ပြီး သူမမှာ အပြစ်မရှိကြောင်း ဒီကိုမှားဝင်လာတဲ့တစ်ယောက်ကို လွတ်ထွက်သွားတဲ့အစောင့်တွေမှာသာ အပြစ်ရှိကြောင်း
ခပ်တည်တည်နဲ့ ပြန်ပြောလိုက်ပါတယ်။
ဘာအဲလ်ကတော့
ယူစတိးရှားဟာ အပြစ်သားရဲ့စကားကိုသာ နားထောင်ခဲ့မယ်ဆိုရင်
ချက်ချင်းဖမ်းနိုင်မှာဖြစ်ကြောင်း ပြောလိုက်ပါတယ်။
တရားသူကြိးပီပီ
ဘယ်သူ့ကိုမှဂရုမစိူက်ချင်တဲ့ “ယူစတီးရှား” ကတော့ တရားသူကြီးရဲ့တာဝန်ဟာ
စီရင်ချက်ချဖို့သာဖြစ်ကြောင်း တရားခွင်မှာခံပြင်းကာပြောနေတဲ့ ပေါက်ပန်းလေးဆယ်စကားတွေကို နားထောင်ပေးဖို့မလိုကြောင်း ပြန်ပြောလိုက်ပါတယ်။
ဘာအဲလ်ကတော့
အပြစ်မရှိသူကိုမှားယွင်းတရားစီရင်တာကြောင့် “ယူစတီးရှား”
ကို
လူ့ပြည်ကိုသွား၊ ကိုယ့်အပြစ်ကိုကိုယ်မသိတဲ့အပြင်
ခွင့်လွှတ်မှုကိုပါတောင်းခံလိုမရတဲ့ အပြစ်သား ၁၀ ယောက်ကို တရားစီရင်ဖို့နဲ့၊
သူ့တို့ရဲ့အသက်ကိုနှုတ်ယူကာ
ငရဲကိုပို့ပေးရမယ်ဆိုပြီး
အပြစ်ပေးလိုက်ပါတယ်။
အဲဒီလူသတ်သမား
၁၀ ယောက်ကိုတရားစီရင်ဖို့အတွက် အချိန်ကတော့
၁ နှစ်ပဲရမှာဖြစ်ပါတယ်။ “ယူစတီးရှား”
နဲ့အတူတူ
လက်ထောက်တရားသူကြီးကိုလည်း လူ့ပြည်ကိုသွားဖို့ အမိန့်ချလိုက်တာကြောင့် လက်ထောက်တရားသူကြီးဖြစ်တဲ့
“ဗဲလ်လက်” လည်း
ညစ်သွားပါတယ်။
“ယူစတီးရှား”
ဟာ
သူခံယူရမယ့်အပြစ်အတွက် သေသွားတဲ့ “ဂန်ဘီနာ”
ရဲ့ကိုယ်ထဲဝင်ကာ
ကြုံလာသမျှဒုက္ခတွေကိုလည်း ခံစားရမှာဖြစ်ကြောင်းနဲ့ တကယ်ကို တာဝန်ကိုမကျေပွန်ပါက သေရမှာဖြစ်ကြောင်း
ပြောလိုက်တာကြောင့် ယူစတီးရှားက
မလုပ်နိုင်ကြောင်း ငြင်းလိုက်ပါတယ်။
ဒါ့ကြောင့်
ဘာအဲလ်က သူ့ရဲ့ကင်းမြီးကောက်လက်တစ်ခုနဲ့ ယူစတီးရှားကို ထိုးလိုက်ပြီး ပညာပြလိုက်တာကြောင့်
“ယူစတီးရှား” လည်း သွားတော့မယ့်အကြောင်း ဝန်ခံလိုက်ရပါတော့တယ်။
ဒီလိုနဲ့ “ယူစတီးရှား”
ဟာ
လူ့ပြည်ကိုရောက်လာခဲ့ပြီး နှင်းတောထဲမှာ လဲကျသေဆုံးနေပြီဖြစ်တဲ့ “ဂန်ဘီနာ”
ရဲ့အလောင်းဘေးကို ရောက်လာခဲ့ပါတယ်။
နောက်တော့
“ဂန်ဘီနာ” ရဲ့နဖူးကိုကိုင်လိုက်တာ “ဂန်ဘီနာ”
ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်ကို
အာရုံခံလိုက်ပါတယ်။
“ဂန်ဘီနာ”
ဟာ
mask တပ်ထားတဲ့လူတစ်ယောက်ရဲ့
ဓားနဲ့ထိုးကာ သတ်ဖြတ်တာကို ခံခဲ့ရတာဖြစ်ကြောင်းသိလိုက်သလို
သု့လည်ပင်းက လည်ဆွဲကနေတဆင့် တရားသူကြီးတစ်ယောက်ဖြစ်မှန်းလည်း သိလိုက်ရပါတယ်။
သူ့ကိုယ်သူ
လူသတ်သမားတွေကိုစီရင်တဲ့ငရဲကနေ မတရားသဖြင့်အပြစ်ပေးခံရသူပါဆိုပြီး ယုံကြည်နေတဲ့ ယူစတီရှားဟာ သူ့အပြစ်အတိုင်း ကျေပွန်အောင်ထမ်းဆောင်ဖို့အတွက် “ဂန်ဘီနာ”
ရဲ့ခန္ဓာကိုယ်ထဲကို
ဝင်ရောက်လိုက်ပါတယ်။
ယူစတီရှားဝင်လိုက်ပြီဆိုတာနဲ့
သေနေပြီဖြစ်တဲ့ “ဂန်ဘီနာ”
ဟာ
သတိပြန်ရလာပြီး ခရမ်းရောင်မျက်လုံးတွေ ပွင့်လာခဲ့ပါတယ်။
ဒီအကြောင်းတွေဟာ ဓားဒဏ်ရာရပြီးတဲ့နောက် ပြန်ကောင်းလာတဲ့
တရားသူကြီး “ဂန်ဘီနာ” က
စိတ်ကျန်းမာရေးဆရာဝန်တွေ စိတ်ပညာရှင်တွေကို ပြန်ပြောနေခဲ့တဲ့အကြောင်းတွေပဲ ဖြစ်ပါတယ်။
သူ့ကိုယ်သူ
ငရဲကလာတဲ့သူပါဆိုတဲ့ဇာတ်လမ်းကြီးကို တခမ်းတနား ပြောပြီးတဲ့နောက်မှာတော့ “ဂန်ဘီနာ”
က
ဆရာဝန်တွေကို သူမေးခွန်းမေးရတော့မယ့်အလှည့်လို့ ပြောလိုက်ပါတယ်။
အခုအထိ
သူပြောလာတာတွေဟာ အမှန်တွေလား ဒါမှမဟုတ် သူ့ကိုစစ်ဆေးနေကြသူတွေကို အရူးလုပ်ဖို့ ဖန်တီးထားတဲ့လုပ်ဇာတ်တွေလားဆိုပြီး ပြန်မေးလိုက်ပါတယ်။
နောက်တော့ “ဂန်ဘီနာ”
ဟာ
သူမကိုစိတ်ကျန်းမာရေးစစ်ဆေးတဲ့ ပါမောက္ခနဲ့အတူတူ
ထွက်လာခဲ့ပြီး ဓားဒဏ်ရာကနေ ပြန်သက်သာလာပြီးတဲ့နောက်ပိုင်းမှာ
ပါမောက္ခကြီးအနေနဲ့ သူ မသိအောင် ကျွေးတဲ့မုန့်တွေဟာ
စားလို့ကောင်းကြောင်းပြောလိုက်ပါတယ်။
ပါမောက္ခကတော့
ကုသမှုကိုရပ်လိုက်တာမျိုးမဟုတ်ဘဲနဲ့ ဒီဆေးရုံမှာမှမဟုတ်ဘဲ ဘယ်နေရာမှာပဲဖြစ်ဖြစ်ဆက်ပြီး
ကုသမှုလုပ်နေဖို့ပြောလိုက်ကာ “ဂန်ဘီနာ” ရဲ့ဆေးထောက်ခံစာကို ပေးလိုက်ပါတယ်။
“ဂန်ဘီနာ”
လည်း
သူ့ဆေးလက်မှတ်ကိုလှမ်းယူရင်း သူဟာ နတ်ဆိုးမဟုတ်ကြောင်း ပြောလိုက်ပါတယ်။
ဆေးလက်မှတ်ကိုကြည့်လိုက်တဲ့အခါမှာတော့
“ဂန်ဘီနာ” ကို PDSTလို့အတိုကောက်ခေါ်ကြတဲ့ ထိတ်လန့်စရာတစ်ခုခုကြောင့်
စိတ်ဒဏ်ရာရခြင်းဆိုတဲ့မှတ်ချက်နဲ့ ထင်ယောင်ထင်မှားဖြစ်ခြင်းဆိုတဲ့ မှတ်ချက်နှစ်ခုကို တွေ့လိုက်ပါတယ်။
“ဂန်ဘီနာ”
ကတော့
မှတ်ချက်နဲ့ပတ်သတ်ပြီးဘာမှမပြောဘဲ ကုသမှုအတွက် ကျေးဇူးတင်ကြောင်းသာပြောလိုက်ပြီး ကောင်းကောင်းနေဖို့နဲ့
ကောင်းကောင်းမနေရင်တော့ ငရဲကိုသွားရမှာဖြစ်ကြောင်း ပြောကာ လှည့်ထွက်လာလိုက်ပါတယ်။
“ဂန်ဘီနာ” ရဲ့ကိုယ်ထဲကိုဝင်နေတဲ့ “ယူစတီးရှား”
တစ်ယောက်
“ဂန်ဘီနာ” အဖြစ်နဲ့ ပထမဆုံးတာဝန်ကို ထမ်းဆောင်ဖို့အတွက် တရားရုံးတော်ကိုရောက်လာခဲ့ပါတယ်။
“ဂန်ဘီနာ” အနေနဲ့ ပထမဆုံးအမှုစစ်ဆေးရမယ့်သူကတော့ အကြမ်းဖက်ပြစ်မှုစုံစမ်းရေးအဖွဲ့
၂ က လက်ထောက်ဗိုလ်ကြီး ဟန်ဒါအွန်ပဲဖြစ်ပါတယ်။
“ဂန်ဘီနာ” ဟာ တရားသူကြိးထိုင်ခုံပေါ်ကို
တည်တည်ငြိမ်ငြိမ်နဲ့တက်ထိုင်လိုက်ပြီး အလုပ်များနေတာကြောင့် အမှုကို မြန်မြန်စစ်ဆေးမယ့်အကြောင်းပြောလိုက်ပြီး
တရားခံကို အမည်နဲ့အဖေအမည်ကို မေးမြန်းရင်း
ငရဲပြည်မှာတုန်းက
တခါမှမသောက်ရတဲ့အချိုရည်ဘူးကို ဖောက်သောက်လိုက်ပါတယ်။
တရားခံက
သူဟာ ဟန်ဒါအွန်ဖြစ်ကြောင်းပြောလိုက်တဲ့အခါမှာတော့ “ဂန်ဘီနာ”
က
အရင်တခါကလည်း လက်ရောက်မှုကျူးလွန်တာကြောင့် တရားရင်ဆိုင်ခဲ့ရဖူးကြောင်းကို ပြန်မေးလိုက်ပါတယ်။
ဟန်ဒါအွန်က
ဟုတ်တဲ့အကြောင်း ပြောလိုက်ချိန်မှာတော့
“ဂန်ဘီနာ” ဟာ သောက်လက်စအချိုရည်ဘူးကို မော့သောက်လိုက်ပြန်တာကြောင့်
တရားရုံးထဲကလူတချို့လည်း “ဂန်ဘီနာ” ရဲ့ ထီမမြင်လုပ်ရက်ကြောင့်
အံ့အားသင့်သွားကြပါတယ်။
“ဂန်ဘီနာ” ကတော့ ဘာကိုမှဂရုမစိုက်ဘဲ တရားခံဘက်ကိုလှည့်ကာ
ဒီတခါလည်း ရှေ့နေမပါပြန်တာဟာ ဘာကြောင့်လဲဆိုပြီးမေးလိုက်တဲ့အခါ တရားခံဟန်ဒါအွန်ကတော့
အခုဖြစ်ရပ်ဟာ သူ့အမှားဆိုပြီး မယူဆတာကြောင့်
ရှေ့နေမငှားတာသာဖြစ်ကြောင်း ပြန်ပြေလိုက်ပါတယ်။
တရားသူကြီး
“ဂန်ဘီနာ” ကတော့
တရားခံတွေအနေနဲ့ရှေ့နေငှားကြတယ်ဆိုတာဟာ အမှားလုပ်မိတာကြောင့် ငှားကြတာမဟုတ်ကြောင်းပြောလိုက်ပြီး တရားခံအနေနဲ့ တရားခွင်မှာ
နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်ရှိနေတာလားဆိုပြီး မေးလိုက်ပါတယ်။
ဟန်ဒါအွန်ကတော့
ယုံကြည်တယ်တော့မဟုတ်ပေမယ့် မျှတမှုသာရှိရင်တော ဥပဒေက ကာကွယ်ပေးမယ်ဆိုတာကိုတော့
ယုံကြည်ကြောင်း ပြန်ဖြေလိုက်ပါတယ်။
တရားသူကြီး
“ဂန်ဘီနာ” လည်း
တရားခံရဲ့အဖြေကိုသဘောကျသွားပြီး လက်ကျန်အချိုရည်ကို မော့သောက်ရင်း တရားပြိုင်ကိုဖမ်းတုန်းက အခြေအနေကိုမေးလိုက်ပါတယ်။
တရားခံဟန်ဒါအွန်က သူဟာ အရပ်သားတစ်ယောက်ကို တိုက်ခိုက်ကာ ထွက်ပြေးသွားတဲ့ သံသယတရားခံကို လိုက်ဖမ်းခဲ့တာဖြစ်ကြောင်း၊ တရားခံက ထွက်ပြေးသွားတာကြောင့် နောက်ကနေလိုက်ခဲ့ကြောင်း၊ ချောင်ပိတ်မိသွားတဲ့တနေရာအရောက်မှာတော့
တရားခံဟာ သူ့ကိုပြန်ပြီး ဓားနဲ့ချိန်လိုက်ပြီး သူ့အမေကဘယ်သူလဲဆိုတာသိလားဆိုပြီး မေးလိုက်ကြောင်း၊ နောက်တော့
သူက တရားခံရဲ့လက်ထဲကဓားကိုခြေထောက်နဲ့ကန်ထုတ်လိုက်ပြီး လက်ကိုလိမ်ကာဖမ်းချုပ်လိုက်ကြောင်း၊ နောက်တော့
ဥပဒေဆိုင်ရာခုခံကာကွယ်ပိုင်ခွင့်တွေကို ပြောပြခဲ့ကြောင်းတွ
တရားသူကြီးကို
ပြောပြလိုက်ပါတယ်။
တရားခံရဲ့စကားအဆုံးမှာတော့
“ဂန်ဘီနာ” ဟာ တရားခံဘာဆက်ဖြစ်သွားလဲဆိုပြီး စိတ်ဝင်တစားမေးလိုက်တာကြောင့်
ဟန်ဒါအွန်လည်း သူဖမ်းပေးခဲ့တဲ့တရားခံဟာ တရားရုံးကိုရောက်ခဲ့ပေမယ့် ဒဏ်ကြေးနဲ့တင်လွတ်သွားကြောင်း
ပြောလိုက်ပါတယ်။
ဒါ့အပြင်
တရားခံကိုဖမ်းတုန်းက ဓားကိုကန်လိုက်တာဟာ ဓားကိုမထိဘဲ လက်ကိုထိသွားတယ်ဆိုပြီး အငြင်းအခုန်လုပ်ကာ တရားခွင်ပြီးမှ အဖမ်းခံရတဲ့တရားခံက
တရားပြန်စွဲတာကိုခံရတာဖြစ်ကြောင်း ဟန်ဒါအွန်က ပြောပြလိုက်ပါတယ်။
တဖက်ရှေ့နေကတော့
အငြင်းအခုန်လုပ်တာမဟုတ်ဘဲ တကယ်ဖြစ်တာသာဖြစ်ကြောင်း ဆေးမှတ်တမ်းကိုကြည့်ပေးဖို့ကိုပါ
တရားသူကြီးကို ပြောလိုက်ပါတယ်။
“ဂန်ဘီနာ” ကတော့ တရားခံကိုလွယ်လွယ်လေး ထုတ်ပေးလိုက်တဲ့ ၂ ပတ်အတွင်းမှာတောင် ပြန်ကောင်းနိုင်ချေရှိကြောင်း
ခပ်တိုးတိုးလေးပြောလိုက်ကာ အချိုရည်လက်ကျန်ကို မော့သောက်နေပါတယ်။
နောက်တော့မှ
တရားခံဟာ ဘယ်လောက်ထိခိုက်သွားတယ်ဆိုတာကိုသိချင်တာကြောင့် ဆေးပညာဆိုင်ရာ စစ်ဆေးမှုအချက်အလက်တွေ
အပြည့်အစုံပါမလာတဲ့အကြောင်းကို မေးလိုက်ပါတယ်။
ရှေ့နေကတော့
နစ်နာသူဟာ လက်တလောမှာ သူ့ရဲ့ဒဏ်ရာကြောင့် ကောင်းကောင်းမစားနိုင်တဲ့ အခြေအနေဖြစ်ကြောင်း ပိုပိုသာသာလေးပြောလိုက်တာကြောင့်
“ဂန်ဘီနာ” လည်း အဆာခံပြီးသေလိုက်သင့်ကြောင်း အမြင်ကပ်ပုဒ်မနဲ့
ခပ်တိုးတိုးပြန်ပြောလိုက်ပါတယ်။
သူ့စကားကြောင့်
တရားရုံးတစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့သလို တရားလိုရှေ့နေလည်း နစ်နာသူကိုပြောတာ အရမ်းလွန်နေပြီဖြစ်က်ြောင်း လှမ်းပြောလိုက်ပါတယ်။
တရားသူကြီး “ဂန်ဘီနာ” ဟာ တချက်ပြုံးလိုက်ပြီး အရမ်းလွန်နေတာမဟုတ်ကြောင်း
အမှုစစ်တို့ဘက်ကသာ စိုးရိမ်လွန်နေတာသာဖြစ်ကြောင်း၊ ဓားကိုင်ထားတဲ့တရားခံကိုဖမ်းတဲ့နေရာမှာ
ဓားကိုင်လက်ကို ခြေထောက်နဲ့ကန်မထုတ်ဘဲ
ဓားလေးပေးပါခင်ဗျာဆိုပြီး ခယတောင်းလို့ရမလား
ဆိုပြီး ပြောလိုက်ပါတယ်။
ရှေ့နေကတော့
အခုလိုမျိုးအားအလွန်အကျွံမသုံးဘဲ ဖမ်းရင်တောင်ရနိုင်ကြောင်း ပြောလိုက်တာကြောင့် တရားသူကြီးလည်း
ဒါဟာ အားအလွန်အကျွံသုံးတာဆိုရင် ရှေ့နေတို့ဘက်ကလည်း တရားအလွန်အကျွံ စွဲတာသာဖြစ်ကြောင်းပြောလိုက်ပါတယ်။
နောက်တော့
တရားသူကြီးက ဒီလိုအသေးအဖွဲကိစ္စလောက်ကို တရားရုံးထဲရောက်အောင်လုပ်တယ်ဆိုပြီး ရှေ့နေကိုအပြစ်တင်လိုက်တာကြောင့် ရှေ့နေလည်း
ဒါဟာတရားရုံးဖြစ်တာကြောင့် ဆင်ဆင်ခြင်ခြင်ပြောဖို့ ပြောလိုက်ပါတယ်။
တရားသူကြိးကတော့
ဒီနေရာက ဘုရားကျောင်းမဟုတ်တာကြောင့် ဘာလေးစားသမှုမှမလိုကြောင်း ပြောလိုက်ပြီး တရားစွဲသူရဲ့အမေက
PTLလုပ်ငန်းစုရဲ့ဥက္ကဌဖြစ်ပြီး ရှေ့နေကြီးရဲ့ယောက္ခထီးနဲ့လည်း ကျောင်းနေဘက်ဖြစ်ကြောင်းကို
အောက်ဖဲလှန်လိုက်တာကြောင့် ရှေ့နေလည်း ငြိမ်ကျသွားပါတော့တယ်။
နောက်တော့
“ဂန်ဘီနာ” ဟာ လက်ကနာရီကိုကြည့်လိုက်ပြီး နောက်ကျနေပြီဖြစ်ကြောင်းပြောကာ
တရားခံကို နောက်ဆုံးလျောက်လဲချက်ပေးဖို့ ပြောလိုက်ပါတယ်။
ဒါကြောင့်
ဟန်ဒါအွန်လည်း တရားခံကိုဖမ်းပြီးတဲ့ညကတည်းက အိပ်မပျော်ကြောင်း တကယ်လို့ ဒီလိုသာတရားခွင်ကိုရောက်လာမယ်သာဆိုရင်
ခုလောက်တင်မဟုတ်ဘဲ ကန်ချင်ယောင်ဆောင်ပြီး လက်ကိုကန်ပစ်လိုက်မှာဖြစ်ကြောင်း လက်ထိပ်ခတ်တုန်းကလည်း လက်ကိုပြင်းပြင်းလေးလိမ်ခဲ့မှာဖြစ်ကြောင်း
ပြောပါတယ်။
တရားသူကြီးလည်း
ဟန်ဒါအွန့်စကားကြောင့် အံ့အားသင့်သွားပြီး အခုပြောနေတာဟာ အမှုကိုပြန်သုံးသပ်နေတာမဟုတ်ဘူးလားဆိုပြီး မေးလိုက်ပါတယ်။
ဟန်ဒါအွန်ကတော့
ဘာအပြစ်မှလုပ်မထားတာကြောင့် ပြန်သုံးသပ်စရာမလိုကြောင်း ပြောလိုက်တာကြေောင့် “ဂန်ဘီနာ”
လည်း
သဘောကျသွားပါတယ်။
နောက်တော့
စီရင်ချက်ချမယ့်အကြောင်းပြောကာ ဟန်ဒါအွန်ကို တရားသေလွှတ်ပေး လိုက်ပါတော့တယ်။
တရားရုံးရဲ့ရှေ့က တရားစီရင်ရေးနတ်ဘုရားမရုပ်တုရဲ့ရှေ့မှာတော့
ကလေးငယ်တသိုက်ရှ်ိနေခဲ့ပြီး ကလေးတွေဟာ သူတိုရဲ့ဆရာမကို ရုပ်တုနဲ့ပတ်သတ်တဲ့ သူတို့သိချင်တာကို
မေးနေကြပါတယ်။
ကလေးတွေမေးနေချိန်မှာ
တရားသူကြီးဖြစ်တဲ့ “ဂန်ဘီနာ” ကလည်း
တရားစီရင်ပြီးတာကြောင့် ပြန်ထွက်လာခဲ့ချိန်နဲ့ တည့်တည့်တိုးနေတာကြောင့် ဆရာမဖြစ်သူက
ကလေးတွေမေးတဲ့မေးခွန်းတွေကို ဖြေပေးဖို့ “ဂန်ဘီနာ” ကိုတောင်းဆိုလိုက်ပါတယ်။
ဒါ့ကြောင့်
“ဂန်ဘီနာ” လည်း အချိန်သိပ်မရတဲ့ကြားကနေဘဲ ကလေးတွေရဲ့မေးခွန်းတွေကို
ဖြေရပါတော့တယ်။
ဆရာမက
တရားသူကြီးဆိုကာခေါ်လိုက်တာကြောင့် “ဂန်ဘီနာ” က သူဟာ တရားသူကြီးမဟုတ်ကြောင်းပြောလိုက်ပါတယ်။
ကလေးတွေကတော့
တရားသူကြီးဝတ်စုံဝတ်ထားပြီး တရားသူကြီးမဟုတ်ကြောင်းပြောလာတဲ့ “ဂန်ဘီနာ”
ကို
လူလိမ်ဆိုပြီး အော်လိုက်ကြပါတယ်။
“ဂန်ဘီနာ” ကတော့ သူက နတ်ဆိုးတစ်ယောက်သာဖြစ်ကြောင်းပြောတာကြောင့်
ကလေးတွေက နတ်ဆိုးတွေဆိုတာ
ဂျိုပါကြောင်း ခု တရားသူကြီးကတော့ချောတာကြောင့် နတ်ဆီုး မဖြစ်နိုင်ကြောင်း
ပြောလိုက်ပါတယ်။
ကလေးတွေနဲ့
“ဂန်ဘီနာ” အဖွဲကျနေတုန်းမှာ ဟန်ဒါအွန်တယောက် တရားရုံးကထွက်လာချိန်နဲ့ကြုံခဲ့ကာ
“ဂန်ဘီနာ” ရဲ့ထူးခြားတဲ့ အပြောတွေကြောင့် ရပ်ကြည့်နေခဲ့ပါတယ်။
“ဂန်ဘီနာ” က ကလေးတွေကို မေးချငိတဲ့မေးခွန်းကဘာလဲဆိုပြီး
မေးလိုက်တဲ့အခါ ကလေးတွေက ရုပ်တုဘက်ကိုကြည့်လိုက်ပြီး ရုပ်တုရဲ့မျက်လုံးကို ဘာကြောင့်
အဝတ်နဲ့စည်းထားတာလဲဆိုပြီး မေးလိုက်ပါတယ်။
“ဂန်ဘီနာ” ကတော့ မျက်လုံးကိုအုပ်ထားတာဟာ
မကောင်းတဲ့သူနဲ့ တူတူပုန်းတမ်းကစားနေတာသာဖြစ်ကြောင်း
ပြောလိုက်ပါတယ်။
“ဓားကိုဘာကြောင့်ကိုင်ထားတာလဲ” ဆိုတဲ့အမေးကိုတော့ နောက်ကလိုက်ပြီး
ခုတ်ပစ်မလို့ဆိုပြီး ယောင်ပြောလိုက်ပြီးမှ ကလေးတွေရှေ့မှာ သတ်တာဖြတ်တာတွေ မပြောသင့်ကြောင်းသတိထားမိသွားကာ ဓားကိုင်ပြီး နောက်ကလိုက်ကာ ဆူပူတာဖြစ်ကြောင်း ပြောလိုက်ပါတယ်။
နောက်တော့
စိတ်ဝင်တစားနားထောင်နေကြတဲ့ကလေးတွေကိုကြည့်လိုက်ကာ အခုတော့ ရုပ်တုထဲကအမျိုးသမီးဟာ ဓားရှည်ကိုမကိုင်တော့ဘဲ
ဓားတိုလေးတွေကိုသာကိုင်ပြီး လူဆိုးတွေကို လိုက်တဲ့အကြောင်းကိုပြောရင်း အားပါသွားကာ လက်ဟန်ခြေဟန်တွေပါ
ပါကုန်တာကြောင့် ဆရာမက “ဂန်ဘီနာ” ကို သတိပေးလိုက်ရပါတယ်။
နောက်ထပ်ကလေးတယောက်က ရုပ်တုရဲ့လက်ထဲက ကိုင်ထားတဲ့ပစ္စည်းကို မေးလိုက်တဲ့အခါမှာတော့ “ဂန်ဘီနာ”
က
ချိန်ခွင်ဖြစ်ကြောင်းနဲ့ မကောင်းတဲ့လူတွေရဲ့အပြစ်ကို
ဘယ်လောက်ရှိတယ်ဆိုတာကို တိုင်းတာသာတာဖြစ်ကြောင်းပြောလိုက်ပါတယ်။
နောက်တော့
ကလေးတွေက ရုပ်တုရဲ့အမည်ကိုမေးလိုက်တဲ့အခါမှာတော့ ခပ်တည်တည်နဲ့ပဲ တရားမျှတမှုရဲ့နတ်ဘုရားမ
“ယူစတီးရှား” သာဖြစ်ကြောင်း ပြောလိုက်ပါတယ်။
ကလေးတစ်ယောက်က
တရားမျှတမှုဆိုတာဘာလဲဆိုပြီးမေးလိုက်ပြန်တာကြောင့် “ဂန်ဘီနာ”
က
တရားမျှတမှုဆိုတာ သဘောကောင်းတဲ့သူတွေက ပျော်ပျော်ရွှင်ရွှင်နေထိုင်ရပြီး လူဆိုးတွေက
အပြစ်ပေးခံရတာသာဖြစ်ကြောင်း ပြောလိုက်ပါတယ်။
ကလေးတယောက်က
ဘာကြောင့် လူဆိုးက ကောင်းကောင်းမွန်မွန် မနေရတာလဲဆိုပြီး မေးလာပြန်တာကြောင့် “ဂန်ဘီနာ”
လည်း
တရားမျှတမှုမရှိတာကြောင့်သာဖြစ်ကြောင်း ပြောလိုက်ပါတယ်။
နောက်တော့
ကလေးတွေကို သူနဲ့အတူတူလိုက်ပြောဖို့ ပြောလိုက်ပြီး တရားမျှတမှုက သေသွားပြီဆိုပြီး
သံပြိုင်အော်လိုက်ကြပါတယ်။
တရားသူကြီး
“ဂန်ဘီနာ” ရဲ့ထူးခြားတဲ့အပြောတွေ
အမူအရာတွေကို ဟန်ဒါဟွန်ကတော့ သဘောကျကာ တချိန်လုံးစောင့်ကြည့်နေခဲ့သလို “ဂန်ဘီနာ” တယောက် ပြေချင်ရာတွေပြောပြီးတဲ့နောက်
နာရီကိုကြည့်လိုက်ကာ နောက်ကျနေပြီဖြစ်ကြောင်းပြောရင်း အမြန်ပြေးထွက်လာတဲ့အခါမှာတော့ နောက်ကနေပြေးလိုက်လာခဲ့ပါတယ်။
နောက်တော့
ဟန်ဒါအွန်းက “ဂန်ဘီနာ” ဆီကိုသွားလိုက်ကာ နှုတ်ဆက်ပါတယ်။ “ဂန်ဘီနာ” ကတော့ ဟန်ဒါအွန်းကိုတွေ့တာနဲ့
မှတ်မိလိုက်ပြီး သူ့ရဲ့တရားသူကြီးဝတ်ရုံနဲ့ လည်ဆွဲကိုချွတ်ကာေပးလိူက်ပြီး ၅ လွှာက ရာဇဝတ်မှုဌာနခွဲ ၁၈ကို သွားပေးဖို့ပြောလိုက်ပါတယ်။
နောက်တော့ “ဂန်ဘီနာ”
က
ကားထဲဝင်ထိုင်လိုက်ချိန်မှာ ဟန်ဒါအွန်းက သူ့ကိုဘာကြောင့် အမှုကလွတ်ပေးတာလဲဆိုပြီး မေးလိုက်ပါတယ်။
“ဂန်ဘီနာ” ကတော့ သေဒဏ်ပေးရမှာလားဆိုကာ
ရွဲ့ပြောလိုက်ပြီး သူ တရားသူကြီးလုပ်နေတယ်ဆိုတာ သေဒဏ်ပေးပြီး
ငရဲကိုသွားသင့်တဲ့ကောင်တွေကို တရားစီရင်ခွင့်ရတာကြောင့်သာ ဖြစ်ကြောင်း ပြောလိုက်ပါတယ်။
နောက်တော့
လုပ်စရာရှိတာကို လုပ်တာသာဖြစ်တာေကြာင့်
သူ့ကိုကျေးဇူးမတင်ဖို့ပြောလိုက်ပြီး ထွက်သွားမယ် အလုပ်မာ ဟန်ဒါအွန်းက ကိစ္စရှိရင်ဆက်သွယ်ဖို့အတွက်
သူ့လိပ်စာကတ်ကို ထုတ်ပေးလိုက်ပါတယ်။
“ဂန်ဘီနာ” က မလိုကြောင်းပြောလိုက်ပေမယ့်
လိုရမယ်ရ,ဆိုပြီးလည်းပြောကာ
မျက်လုံးနဲ့ တခါပဲကြည့်လိုက်ပြီး ကားမောင်းကာထွက်သွားပါတော့တယ်။
တဖက်မှာတော့ “ဗဲလ်လက်”
ဟာလည်း
“ယူစတီးရှား” နဲ့အတူတူ အပြစ်ပေးခံထားရတာကြောင့် “ဂန်ဘီနာ”
ရဲ့ရုံးမှာ
အကူအနေနဲ့ ရောက်နေရပြန်ပါတယ်။
လူဆယ်ယောက်ကိုမြန်မြန်သတ်ပြီးရင်း
မြန်မြန်ငရဲပြည်ကိုပြန်ရမှာဖြစ်တာကြောင့် “ဗဲလ်လက်”
လည်း
ယောင်ကာ လူသတ်တာဒီလောက်ခက်လားဆိုပြီး လွှတ်ကနဲပြောလိုက်မိသွားပါတယ်။
ဒါကြောင့်
အတူရှိနေတဲ့လက်ထောက်တစ်ယောက်က သူ့စကားကို အံ့ဩပြီးပြန်မေးလိုက်တာခံရပြီး “ဗဲလ်လက်”
လည်း
ဟိုလိုလို ဒီလိုလိုလုပ်နေလိုက်ရပါတယ်။
သူတို့စကားပြောနေတုန်းမှာပဲ
ဟန်ဒါအွန်းက တရားသူကြီးဝတ်စုံတွေကိုင်ကာဝင်လာခဲ့ပြီး “ဂန်ဘီနာ”
က ပေးခိုင်းလိုက်တာဖြစ်ကြောင်းပြောကာ “ဗဲလ်လက်”
ကို
ပေးလိုက်ပါတယ်။
“ဂန်ဘီနာ” က အရေးကြီးကိစ္စရှိတာကြောင့်
သုတ်သုတ်ပြာပြာနဲ့ထွက်သွားကြောင်းကိုလည်း ဟန်ဒါအွန်က ပြောပြခဲ့ပါတယ်။
တဖက်မှာတော့ “ဂန်ဘီနာ”
ဟာ
ဘုရားကျောင်းတစ်ခုဆီကို ရောက်လာခဲ့ပါတယ်။
နတ်ဆိုးဖြစ်တာကြောင့်
လက်ဝါးကပ်တိုင်ရဲ့အစွမ်းတွေက သူ့မျက်စိကိုစူးစေတဲ့အတွက် “ဂန်ဘီနာ”
ဟာ
မျက်မှန်ကိုတပ်လိုက်ပြီး ဘုရားကျောင်းထဲကို ဝင်လာခဲ့ပါတယ်။
ဘုရားကျောင်းထဲမှာကတော့
ဝတ်ပြုဆုတောင်းနေတဲ့ ကောင်မလေးတစ်ယောက်ရှိနေပါတယ်။
“ဂန်ဘီနာ”ဟာ ကောင်မလေးဆီကို လျှောက်သွားလိုက်ပြီး ဘုရားက ဆုတောင်းတာတွေအကုန်လုံးကို နားထောင်ပေမယ့် ဆုတောင်းတွေကိုတော့ ဖြည့်မပေးကြောင်း ကောင်မလေးကို ပြောလိုက်ပါတယ်။
ကောင်မလေးကတော့
သူနဲ့လည်းတခါမှမသိဘူးဘဲ စကားလာပြောနေတာကြောင့် “ဂန်ဘီနာ”
ကို
ဘယ်သူလဲဆိုပြီး မေးလိုက်ပါတယ်။
“ဂန်ဘီနာ” က သူဟာ ကောင်မလေးရဲ့အမှုကို ကိုင်တွယ်မယ့်တရားသူကြီးဖြစ်ကြောင်း ပြောလိုက်ပါတယ်။
တကယ်တော့
ကောင်မလေးကို သူ့ယောက်ျားက နှိပ်စက်ခဲ့တာဖြစ်ပြီး သေလောက်တဲ့ ဒဏ်ရာတွေကြောင့် မကျေမနပ်ဖြစ်ကာ ရဲကိုတိုင်ခဲ့တဲ့အတွက်
ယောက်ျားဖြစ်သူဟာ ထောင်ကျခဲ့ပါတယ်။
အမှုရင်ဆိုင်ပြီးရင်တောင်
ထောင်က လပိုင်းလောက်ပဲကျမှာဖြစ်ပြီး ထောင်ထဲကနေ တခါပြန်ထွက်လာခဲ့ရင်တော့ ယောက်ျားဖြစ်သူက
သေလုမျောပါး နှိပ်စက်ဦးမှာသိနေတာကြောင့်
ကောင်မလေးက ကြေအေးလက်မှတ်ထိုးပေးကာ အမှုကိုပိတ်ခဲ့ရပါတယ်။
သူမအတွက် နောက်ဆုံး ကိုးကွယ်စရာက ဘုရားသာဖြစ်တာကြောင့်
သူ့ခံစားချက်တွေကို ဘုရားဆီလာပြီး ပြောပြဆုတောင်းနေတာပဲဖြစ်ပါတယ်။
“ဂန်ဘီနာ” ကတော့ ကောင်မလေးရဲ့ယောက်ျားက
ကောင်မလေးကို အသက်သေလုနီးပါး နှိပ်စက်တာကိုသိထားပေမယ့်
ကောင်မလေးဘက်က ဘာကြောင့်ကျေအေးပေးချင်တာလဲဆိုတာကို တိတိကျကျသိချင်တာကြောင့် ကောင်မလေးဆီကိုရောက်လာခဲ့တာဖြစ်ပြီး
အမှန်တရားကို သူ့ကိုပြောပြဖို့အတွက်ကောင်မလေးကို တောင်းဆိုလိုက်ပါတယ်။
ကောင်မလေးကတော့
ဘာမှမပြောဘဲ “ဂန်ဘီနာ” ကိုစိုက်ကြည့်ကာ ဘုရားကျောင်းထဲကနေ ထွက်သွားခဲ့ပါတယ်။
“ဂန်ဘီနာ” လည်း ကောင်မလေးသွားရာနောက်ကို ဆက်လိုက်ရင်း သူသိချင်တာတွေကို အတင်းလိုက်မေးနေခဲ့တာကြောင့် ရဲနှစ်ယောက်နဲ့တွေ့ကာ
မသင်္ကာမှုနဲ့အစစ်ဆေးခံလိုက်ရပါတယ်။
“ဂန်ဘီနာ”
က
သူဟာတရားသူကြီးဖြစ်ကြောင်းပြောတာကြောင့် ရဲတွေက သက်သေခံကတ်ကို တောင်းလိုက်ပါတယ်။
“ဂန်ဘီနာ” လည်း ကတ်ကိုမတွေ့ရတာကြောင့်
အိတ်ထဲရှိသမျှ သွန်ချပြရင်းကနေ
ရဲတွေဟာ “ဂန်ဘီနာ” ရဲ စိတ်ပုံမှန်မဟုတ်ဆိုတဲ့
ကျန်းမာရေးထောက်ခံစာကို တွေ့လိုက်ရတာကြောင့်
ရဲစခန်းကို ခေါ်လာခဲ့လိုက်ပါတယ်။
“ဂန်ဘီနာ” ဟာ ရဲစခန်းရောက်တယ်ဆိုရင်ပဲ
ဟန်ဒါအွန်နဲ့ တွေ့ပါတယ်။ဟန်ဒါအွန်က
“ဂန်ဘီနာ” ဟာ တရားသူကြီးဖြစ်ကြောင်း ပြောလိုက်တာကြောင့်
“ဂန်ဘီနာ” ရဲ့ထွက်ချက်တချို့ကို ဟန်ဒါအွန်က ယူရတဲ့သူအဖြစ် တာဝန်ယူလိုက်ရပါတယ်။
ဟန်ဒါအွန်က
ဘာေကြောင့် ကောင်မလေးနောက်ကို လိုက်တာလဲဆိူပြီးမေးလိုက်တဲ့အခါ
“ဂန်ဘီနာ” က ကောင်မလေးမှာရှိတဲ့ ဖုံးကွယ်ထားတဲ့အမှန်တရားကို သိချင်တာကြောင့်သာဖြစ်ေကြာင်း ပြောလိုက်ပါတယ်။
ဒါ့ပြင်
ကောင်မလေးရဲ့တရားခွင်မှာ တာဝန်ကျတဲ့တရားသူကြီးက
သူဖြစ်ကြောင်းပြောလိုက်ပြီး သူဟာမျှတတဲ့ တရားခွင်ဖြစ်ဖို့အတွက် အလိမ်အညာမဟုတ်တဲ့ အမှန်တရားကို သိဖို့လိုအပ်တာကြောင့်
အခုလိုလုပ်တာဖြစ်ကြောင်း ပြောပြလိုက်ပါတယ်။
စစ်ဆေးချက်တွေ ယူပြီးတဲ့နောက်မှာတော့ နှစ်ယောက်သားအပြင်ကိုထွက်လာကြပြီး
ဟန်ဒါအွန်က “ဂန်ဘီနာ” ရဲ့ ဆေးလက်မှတ်ကိုပြန်ပေးကာ
“ဂန်ဘီနာ” ကို စိုက်ကြည့်နေလိုကိပါတယ်။
“ဂန်ဘီနာ” က ဟန်ဒါအွန်ရဲ့အကြည့်တွေကို နားလည်သွားတာေကြာင့် ဒီရွာသာကြီးလက်မှတ်ဟာ
ရွာသာကြီးက ရမ်းကုတွေလျောက်ဖြီးလိုက်တာသာဖြစ်ကြောင်း ပြောပြလိုက်ပါတယ်။
ဟန်ဒါအွန်ကတော့
“ဂန်ဘီနာ” ဟာ ကလေးတွေကို နတ်ဆိုးဖြစ်ကြောင်းပြောတာ ကြားလိုက်တဲ့အကြောင်းပြောလိုက်ပြီး နတ်ဆိုးရှိ
မရှိကိုမသိပေမယ့် ဘုရားသခင်ကတော့ မရှိနိုင်ကြောင်း ပြောလိုက်ပါတယ်။
ဟန်ဒါအွန်ကို
ဘာကြောင့်ဒီလိုမြင်တာလဲဆိုပြီး “ဂန်ဘီနာ” ကမေးလိုက်တဲ့အခါမှာတော့ လောကကြီး ဗရမ်းဗဒါဖြစ်နေတာဟာ ဘုရားသခင်မရှိတာကြောင့်သာဖြစ်ကြောင်း
ပြောလိုက်ပါတယ်။
“ဂန်ဘီနာ” ကတော့ ဟန်ဒါအွန် အထင်မှားနေတာသာဖြစ်ကြောင်းပြောတာကြောင့်
ဒီလောကကြီးကို အမှိုက်လိုဖြစ်အောင်လုပ်တဲ့သူက
ဘုရားရော မကောင်းဆိုးဝါးရောသာဖြစ်တယ်လို့
ပြောလိုက်ပါတယ်။
နောက်တော့
အမှုကိစ္စနည်းနည်းပါးပါးဆက်ပြောကြရင်း ဟန်ဒါအွန်က မနက်ဖြန်မှုကို အကောင်းဆုံးဖြစ်အောင်လုပ်ပေးဖို့
တောင်းဆိုလိုက်ပါတယ်။
နောက်တနေ့တရားခွင်မှာကတော့ ကောင်မလေးရဲ့ခင်ပွန်းဖြစ်တဲ့
တရားခံမွန်ဂျောင်ဂျွန်ဟာ ကောင်မလေးကို ဘယ်လိုနှိပ်စက်ခဲ့ကြောင်းတွေကို အမှုလိုက်ရှေ့နေက
ရုံးတော်ကို တင်ပြလိုက်ပါတယ်။
တရားခံရှေ့နေကတော့
ရိုက်နှက်တာတော့ဟုတ်ပေမယ့် နှိပ်စက်ခဲ့တာမရှိကြောင်း ပြန်ပြောလာတာကြောင့် တဖက်ရှေ့နေက ပုံတွေနဲ့တကွ
ရုံးတော်ကိုတင်ပြလိုက်ပါတယ်။
တရားခံမွန်ဂျောင်ဂျွန်ကတော့
သူဟာ သု့မိန်းမကိုရိုက်ခဲ့တဲ့နေရာမှာ သူ့ကိုယ်သူတောင်မသိဘဲ လုပ်မိခဲ့တာဖြစ်ကြောင်း၊ အတူတူသေလိုက်ကြဖို့ပြောတာကလည်း
သူ့မိန်းမ,မရှိဘဲ
နေမယ့်အတူတူ သေလိုက်တာကမှကောင်းသေးတယ်ဆိုပြီးတွေးမိတာကြောင့် အဲဒီ့လိုပြောတာဖြစ်ကြောင်း၊ သူဟာအရမ်းချစ်မိတာကြောင့် လုပ်မိတာသာဖြစ်ကြောင်းပြန်ပြီး လျှောက်လဲချက်ပေးခဲ့ကာ
ငိုနေခဲ့ပါတယ်။
“ဂန်ဘီနာ” ဟာ တရားခံကိုကြည့်ကာ ပါးနားဖြတ်ရိုက်ချင်နေသလို ဟန်ဒါအွန်ကလည်း
တရားခံကိုကြည့်ကာ ခေါင်းခါနေပါတယ်။
ပြစ်မှုအရ
ထောင်ဒဏ်တစ်နှစ်ချဖို့ တဖက် ရှေ့နေကတောင်းဆိုလိုက်တာကြောင့် တရားခံကို နောက်ဆုံးလျှောက်လဲချက်ပေးဖို့ တရားသုကြီးက
ပြောလိုက်ပါတယ်။
မွန်ဂျောင်ဂျွန်ကတော့
သူလုပ်ခဲ့တာတွေက ဇနီးဖြစ်သူကို ချစ်လို့သာဖြစ်ကြောင်းပြောလိုက်တာကြောင့် ဒီနေရာမှာတင်ပဲ
တရားခွင်ကို အဆုံးသတ်လိုက်ပါတယ်။
အပြင်ရောက်တဲ့အခါမှာတော့
တရားခံဟာ သူ့ယောက္ခမတွေကို တွေ့ခွင့်တောင်းပြီး
မင်ဂျောင်နေကောင်းလားဆိုပြီး မေးလိုက်ကာ
မထီတရီပြုံ့းပြလိုက်တာကြောင့် တရားလိုဖြစ်တဲ့ မင်ဂျောင်ရဲ့မိဘတွေလည်း မျက်နှာပျက်သွားခဲ့ကြပါတယ်။
နောက်တော့ “ဂန်ဘီနာ”
ဟာ
သူ့ရုံးခန်းဆီကိုပြန်လာခဲ့ပြီး အမှုကိုဆုံးဖြတ်ဖို့ကိစ္စ တွေးနေတုန်းမှာ သူ့လက်ထောက်ဖြစ်တဲ့ “ဗဲလ်လက်” က သူတို့ငရဲပြည်ကိုပြန်ဖို့အတွက်
အပြစ်ရှိသူကိုရှာ၊
တရားစီရင်ရေးမှာ အပြစ်လျော့ပြီးတရားစီရင်၊ ပြီးရင်ထောင်ချပစ်၊ နောက်ထောင်ကလွတ်လာတဲ့အခါမှာတော့
သတ်ပစ်၊ စတဲ့အအဆင့်ဆင့်ကိုလုပ်ဆောင်မှာဖြစ်ပြီး
ဒါက မလွယ်ကြောင်း၊
တကယ်တော့
လူဆယ်ယောက်လောက်သတ်တဲ့ တရားခံတစ်ယောက်ရှာပြီး အဲဒီတစ်ယောက်ကို သတ်ပစ်လိုက်ရင်တခါတည်း ကိစ္စအေးမယ့်အကြောင်း
ပြောလိုက်ပါတယ်။
ဒါပေမယ့်
ကွင်းဆက်လူသတ်သမားကို ရှာမတွေ့ဘဲ “ဗဲလ်လက်” က ပရမ်းဗတာအကြံတွေပေးတာကြောင့်
“ဂန်ဘီနာ” လည်း စိတ်တိုကာ “ဗဲလ်လက်”
ကို
မောင်းထုတ်လိုက်ပါတယ်။
နောက်တော့
ဟန်ဒါအွန်ဆီက ဖုန်းဆက်လာကာ တွေ့ချင်ကြောင်းပြောတာကြောင့် “ဂန်ဘီနာ”
လည်း
ဟန်ဒါအွန်နဲ့တွေ့ဖို့ ထွက်လာခဲ့ပါတယ်။
နှစ်ယောက်တွေ့ကြတဲ့အခါမှာတော့
ဟန်ဒါအွန်က သူဟာ တရားလိုကောင်မလေး ချာမင်ဂျောင်ရဲ့မိဘတွေနဲ့တွေ့ခဲ့ကြောင်းနဲ့
နောက်ကွယ်က အမှန်တရားတချို့ကို သိလာေကြာင်းပြောကာ
တရားခံကို အပြစ်ပေးနိုင်သမျှ များများလေးပေးဖို့ပြောတာကြောင့်
ဂန်ဘီနာလည်း
မင်ဂျောင်ရဲ့မိဘတွေနဲ့ သီးသန့်တွေ့ခွင့်တောင်းလိုက်ပါတယ်။
ဒါ့ကြောင့်
“ဂန်ဘီနာ” ဟာ ဟန်ဒါအွန်ရဲ့အဆက်အသွယ်နဲ့ မင်ဂျောင်ရဲ့မိဘတွေနဲ့
သီးသန့်တွေ့ဆုံခဲ့ရပါတယ်။
ဒီတွေ့ဆုံမှုကနေပြီး
မင်ဂျောင်ဘာကြောင့် ကျေအေးလက်မှတ်ကိုထိုးပေးခဲ့တယ်ဆိုတာကို “ဂန်ဘီနာ”
သိလိုက်ရပါတယ်။
တကယ်တော့
တရားခံ မွန်ဂျောင်ဂျွန်ဟာ ဇနီးဖြစ်တဲ့မင်ဂျောင်ကို နှိပ်စက်ခြိမ်းခြောက်ခဲ့ပါတယ်။
ဒါကြောင့်လည်း
မင်ဂျောင်က စိတ်ဆိုးကာ ရဲတိုင်ခဲ့တာဖြစ်ပြီး ဒီကနေမှ တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။
ဒါပေမယ့်
မင်ဂျောင်တွေးလိုက်တာကတော့ မွန်ဂျောင်ဂျွန်ဟာ တရားခံဆိုင်ပြီးတဲ့နောက် ထောင်ကျခဲ့ရင်တောင်
နှစ်နည်းနည်းပဲကျမှာဖ်ြစ်ပြီး ထောင်ကလွတ်လာပြီဆိုရင်တော့ မကျေနပ်ချက်နဲ့ ပိုပြီးနှိပ်စက်တော့မယ်ဆိုတာကို
တွေးမိလိုက်တာကြောင့် ကျေအေးပေးလိုက်တာဖြစ်ပါတယ်။
အမှန်အတိုင်းဆိုရင်တော့
သေဒဏ်ကျရင်တောင် မင်ဂျောင်က ပိုပြီးကျေနပ်နေဦးမှာပဲဖြစ်ပါတယ်။
ဒီအေကြာင်းတွေကို
“ဂန်ဘီနာ” တစ်ယောက်သိပြီ့းနောက်မှာတော့ သူဘာလုပ်ရမယ်ဆိုတာကို
သိသွားခဲ့ပါတယ်။
ဝတ်ကျေတန်းကျေအနေနဲ့ မင်ဂျောင်ရဲ့မိဘတွေရှေ့မှာတောင်
ပုလဲတွေဘာတွေခပြလိုက်ပြီး ဒီအကြောင်းကိုလည်း ဟန်ဒါအွန်ကို ပြောပြလိုက်ပါသေးတယ်။
တရားသူကြီးတစ်ယောက်ဖြစ်ပြီး တရားလိုကိုစော်ကားတာတွေ၊ ကလေးတွေကိုလည်း
တရားမျှတမှုဆိုမရှိဘူးဆိုပြီး ပြောတာတွေအပြင်
လှလှပပ ကြွကြွရွရွ ဝတ်စားကာသွားလာနေတာကြောင့်
သူ့ရဲ့အဖွဲ့က လူကြီးတချို့က “ဂန်ဘီနာ” ကို အပြစ်တင်နေပေမယ့်လည်း “ဂန်ဘီနာ”
ကတော့
ဂရုမစိုက်ဘဲ သူ့အတွေးနဲ့သူ ကျေနပ်နေတာပါ။
ရုံးခန်းထဲပြန်ရောက်တဲ့အခါမှာလည်း
“ဗဲလ်လက်” က တက်ကြွနေတဲ့ကြက်မဖြစ်နေတဲ့ “ဂန်ဘီနာ”
ကို
ဘာတွေပျော်နေတာလဲဆိုပြီးမေးလိုက်တာကြောင့် “ဂန်ဘီနာ”
လည်း
သူ့အတွက် တစ်ယောက်တွေ့ထားကြောင်းပြောလိုက်ပြီး မနက်ကျရင် စီရင်ချက်ချမယ့်အကြောင်းကိုပါ
ပြောလိုက်ပါတယ်။
“ဗဲလ်လက်” ကျတော့ “ဂန်ဘီနာ”
ရဲ့စီရင်ချက်ဟာ
လူသားတစ်ယောက်အတွက်တော့ တရားမမျှတကြောင်းပြောတာကြောင့် “ဗဲလ်လက်”
ကို
သူတို့ဟာလူသားတွေမဟုတ်ကြောင်း ပြန်ပြောလိုက်ပါတယ်။
ဒီလိုနဲ့ နောက်တနေ့တရားခွင့်ကိုရောက်တဲ့အခါမှာတော့
တရားသူကြီး “ဂန်ဘီနာ” ဟာ
တရားခံမွန်းဂျောင်းဂျွန်ကို အပြစ်ဒဏ်အဖြစ် ဒဏ်ငွေ လောက်သာချလိုက်ပြီး အမှုကနေ လွှတ်ပေးလိုက်တော့တာပါ။
သူ့ဆုံးဖြတ်ချက်ကြောင့်
မင်ဂျောင်ရဲ့မိဘတွေရော ဟန်ဒါအွန်ရော အားလုံးက အံ့အားသင့်သွားကြပါတယ်။
ဒါ့ကြောင့်ပဲ
ဟန်ဒါအွန်ဟာ “ဂန်ဘီနာ” ကိုသွားတွေ့ကာ အမှု့နဲ့ပတ်သတ်ပြီးဆုံးဖြတ်ချက်ကို
စေဒကတက်လိုက်သလို အပြစ်ကလွတ်ကာ အချုပ်ကထွက်လာတဲ့မွန်းဂျောင်းဂျွန်ကိုလည်း သွားတွေ့ပြီး
မကျေနပ်ကြောင်းအမူအရာတွေပြခဲ့ပြီး မင်ဂျောင်ကိုမထိဖို့ သွားပြောခဲ့ပါတယ်။
နောက်တော့ ဟန်ဒါအွန်နဲ့မင်ဂျောင်ရဲ့မိဘတွေဟာ မင်ဂျောင်ပုန်းနေတဲ့အိမ်ဆီကိုသွားကာ
စားစရာတချို့ပေးခဲ့ပြီး အဖေဖြစ်သူက သူနဲ့လိုက်နေဖို့ ပြောခဲ့ပါတယ်။
ဒါပေမယ့်
မင်ဂျောင်ကတော့ ကိုယ့်အပြစ်နဲ့ကိုယ်ပဲ
ခံတော့မယ်လို့တွေးလိုက်ကာ
မိဘတွေကို ထွက်တောင်မတွေ့ဘဲ အိမ်ကိုသာပြန်ခိုင်းလိုက်ပါတယ်။
ဟန်ဒါအွန်ကတော့
မင်ဂျောင်အတွက် လက်ပတ်နာရီတစ်ခုကို ပေးထားခဲ့ပြီးအရေးကြုံရင်
SOS ခလုတ်ကိုနှိပ်လိုက်ဖို့ ပြောထားခဲ့ပါတယ်။
ဒီလိုနဲ့ ဟန်ဒါအွန်ရဲ့အထူးစောင့်ရှောက်မှုနဲ့
မင်ဂျောင်ဟာ တစ်ပတ်လောက်လုံခြုံနေခဲ့ပါတယ်။
တစ်ပတ်ကြာပြီးနောက်မှာတော့
မွန်းဂျောင်းဂျွန်ဘက်က စဖောက်လာခဲ့ပြီး မင်ဂျောင်ဆီကိုသွားခဲ့ပါတယ်။
ဒါကို
စောင့်ကြည့်နေတဲ့ “ဂန်ဘီနာ” ကသိသွားပြီး သူအလုပ်စတော့မယ့်အကြောင်း ပြောကာ ထွက်သွားခဲ့ပါတယ်။
မွန်းဂျောင်းဂျွန်ဟာ တူတစ်လက်ကိုယူလိုက်ကာ မင်ဂျောင်ဆီကိုသွားလိုက်ပြီး
လာနေကျလူပုံစံနဲ့ တံခါးခေါက်လိုက်ပါတယ်။
မင်ဂျောင်က
စားစရာလာပို့တဲ့သူထင်တာကြောင့် ခဏအကြာမှာ တံခါးဖွင့်လိုက်ပြီး အဲဒီ့အခါမှာတော့ မွန်းဂျောင်းဂျွန်ဟာ
အခန်းထဲကိုအတင်းဝင်လိုက်ကာ မင်ဂျောင်ကို ရိုက်နှက်နှိပ်စက်ပါတော့တယ်။
ဒါ့ကြောင့်ပဲ
မွန်းဂျောင်းဂျွန်ပြန်သွားတဲ့အခါမှာတော့ မင်ဂျောင်ဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားပါတော့တယ်။
ဒီအဖြစ်အပျက်တွေကို
အကုန်ကြည့်နေတဲ့ “ဂန်ဘီနာ”
လည်း မွန်းဂျောင်းဂျွန်ရှိတဲ့နေရာကို သွားလိုက်ပြီး မွန်းဂျောင်းဂျွန်ကို သူ့အနားကိုလာဖိုလှမ်းခေါ်လိုက်ပါတယ်။
ပြီးတော့ ညုသလိုလို မူသလိုလိုလုပ်လိုက်ပြီး မျက်လုံးတွေက ခရမ်းရောင်ပြောင်းသွားကာ မွန်းဂျောင်းဂျွန်ကို ငရဲကိုပို့ပေးဖို့အတွက် သူ့ဓားကို နောက်ဘက်မှာဝှက်ကာ ထုတ်လိုက်ပါတော့တယ်။
တရားသူကြီး “ဂန်ဘီနာ” တယောက် တရားခံမွန်းဂျောင်းဂျွန်ကို
အပြစ်ကနေလွတ်ပေးလိုက်ပြီးတဲ့နောက် ငရဲပြည်ကနည်းတိုင်း တရားစီရင်ဖို့အတွက် မွန်းဂျောင်းဂျွန်ဆီကိုရောက်လာခဲ့ပါပြီ။
သူ့ရဲ့မာယာတွေနဲ့ တရားခံကိုအနားတိုးလာအောင်ခေါ်လိုက်ပြီး ဓားကိုထုတ်လိုက်ချိန်မှာပဲ၊
ဟန်ဒါအွန်တို့က ကားနဲ့ရောက်လာတာကြောင့် “ဂန်ဘီနာ”
လည်း ဓားကိုပြန်သိမ်းလိုက်ပြီး သူ မဟုတ်သလို နေနေလိုက်ပါတယ်။
ဟန်ဒါအွန်ကိုတွေ့လိုက်တာကြောင့် မွန်းဂျောင်းဂျွန်ဟာ
ဘာလို့ဒီကိုလာတာလဲဆိုပြီး မေးလိုက်ပါတယ်။
အစကတည်းက ဒေါသထွက်နေတဲ့ဟန်ဒါအွန်ကတော့
မွန်းဂျောင်းဂျွန်ဆီကိုပြေးလာလိုက်ပြီး လည်ပင်းကော်လာစကို ဆွဲလိုက်ကာ
မင်ဂျောင်းအနားကိုမလာဖို့ ပြောထားတာကိုတောင် ဘာကြောင့် လာတာလဲဆိုပြီး မေးလိုက်ပါတယ်။
မွန်းဂျောင်းဂျွန်ကတော့ သူဟာ ကလေးဘဝကတည်းက မေတ္တာတရားနဲ့ ဝေးလာရသူဖြစ်တာေကြာင့်
အခုလိုလုပ်မိတာသာဖြစ်ကြောင်း ပြောပါတယ်။
မိဘမရှိတဲ့သူတိုင်း မွန်းဂျောင်းဂျွန်လိုမဟုတ်ဘူးဆိုပြီး ဟန်ဒါအွန်က
လက်သီးနဲ့ထိုးဖို့ရွယ်လိုက်တဲ့အခါမှာ မွန်းဂျောင်းဂျွန်က ဥပဒေအရ သူ့ကို ကိုယ်ထိလက်ရောက်ကျူးလွန်လို့မရကြောင်း
သိထားတာေကြောင့် ထိုးချင်ထိုးလိုက်ဆိုပြီး မထီတရီနဲ့ ပြောလိုက်ပါတယ်။
ဒါေကြာင့် ဟန်ဒါအွန်လည်း လက်သီးနဲ့အားရပါးရထိုးပြီး
ထောင်ထဲဝင်မယ့်အကြောင်းပြောကာ မွန်းဂျောင်းဂျွန်ကို ထိုးချလိုက်ပါတယ်။
ဒါပေမယ့် ဘေးမှာရှိနေတဲ့ “ဂန်ဘီနာ” က
လက်ကိုဖမ်းဆွဲထားလိုက်ပြီး ဟန်ဒါအွန်ကို တားလိုက်ကာ အခုလိုလုပ်တာက အာဏာသုံးပြီး အကြမ်းဖက်တာ
ဖြစ်သွားမယ့်အကြောင်း ပြောလိုက်ပါတယ်။
နောက်တော့ တခြားရဲတွေပါရောက်လာခဲ့ပြီး မွန်းဂျောင်းဂျွန်ကို
ထိုးဖို့လုပ်နေတဲ့ ဟန်ဒါအွန်ကိုတားလိုက်ကာ မင်ဂျောင်ကို နောက်ကလိုက်ချောင်းမှုနဲ့ဆိုပြီး
မွန်းဂျောင်းဂျွန်ကို ဖမ်းသွားကြပါတယ်။
ဒါ့ကြောင့် “ဂန်ဘီနာ”
လည်း ဟန်ဒါအွန်နဲ့အတူတူ ကားနဲ့လိုက်လာခဲ့ပါတယ်။။
ဟန်ဒါအွန်ရဲ့ကားပေါ်မှာ လက်ဝါးကပ်တိုင်တစ်ခုကို ချိတ်ဆွဲထားတာကြောင့်
“ဂန်ဘီနာ” ဟာ လက်ဝါးကပ်တိုင်ရဲ့
စွမ်းအားကို ရင်မဆိုင်နိုင်တာကြောင့် လက်နဲ့ကာလိုက်ပြီး မျက်မှန်တပ်လိုက်ရပါတယ်။
ဟန်ဒါအွန်ကိုလည်း ဘုရားသခင်ကိုမယုံကြည်ကြောင်းပြောပြီး လက်ဝါးကပ်တိုင်တပ်ထားတာကြောင့်
အပြစ်တင်လိုက်ပါတယ်။
ဒါ့အပြင် ဘုရားကိုမယုံကြည်ဘဲ
နတ်ပြည်တော့သွားချင်ကြောင်းပြောကာ ခနဲ့လိုက်တဲ့အခါ ဟန်ဒါအွန်က
နတ်ပြည်လဲမသွားချင်ကြောင်း ပြန်ပြောပါတယ်။
နောက်တော့ “ဂန်ဘီနာ”
ကို မွန်းဂျောင်းဂျွန်ရှိတဲ့နေရာကို ဘာသွားလုပ်တာလဲဆိုပြီး မေးလိုက်ပါတယ်။
“ဂန်ဘီနာ” က သူတရားစီရင်လိုက်တဲ့သူဟာ ကောင်းကောင်းနေ,မနေကို
နောက်ကနေလိုက်ပြီး ကြည့်တာဖြစ်ကြောင်း ပြောလိုက်ပါတယ်။
ဟန်ဒါအွန်ကလည်း သူလည်း after service လုပ်စရာရှိကြောင်းပြောကာ
ဂတ်ဘိနာကိုကားနဲ့တင်ကာ မင်ဂျောင်းရဲ့တိုက်ခန်းကို မောင်းလာခဲ့ပါတယ်။
မင်ဂျောင်းရဲ့တိုက်ခန်းကိုရောက်တဲ့အခါမှာတော့ ဟန်ဒါအွန်က
တားထားတဲ့တိတ်ကို အောက်ကငုံ့ကာဝင်လာခဲ့ပေမယ့် “ဂန်ဘီနာ” ကတော့ တိတ်ကိုဆွဲဖယ်ကာ ဝင်လာလိုက်ပါတယ်။
“ဂန်ဘီနာ” ဟာ နတ်ဆိုးတစ်ယောက်ဖြစ်တာကြောင့်
မင်ဂျောင်းရဲ့တိုက်ခန်းကိုရောက်တာနဲ့ မွန်းဂျောင်းဂျွန်က မင်ဂျောင်းကို
ဘာတွေလုပ်ခဲ့တယ်ဆိုတာကို တကွက်ချင်း ပြန်မြင်ယောင်နေခဲ့ပါတယ်။
အခန်းထဲက သွေးစသွေးနတွေကို ကြည့်လိုက်ရင်နဲ့လည်း
ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကို သိနေခဲ့တာကြောင့် မချိပြုံးလေးပြုံးနေခဲ့ပါတယ်။
နေရာအတော်များများကိုလိုက်ကြည့်ပြီး
သူ့အမြင်နဲ့သူငြိမ်နေတဲ့ “ဂန်ဘီနာ” ကို
ဟန်ဒါအွန်က after service ကိုကြည့်ပြီး တရားခံကိုလွှတ်ပေးလိုက်တာအတွက် နောင်တရနေပြီလားဆိုပြီး
မေးလိုက်ပါတယ်။
“ဂန်ဘီနာ” က နောင်တရမနေကြောင်း ပြောလိုက်တာကြောင့်
ဟန်ဒါအွန်က တရားကြီးသာ ဒဏ်ငွေလောက်နဲ့မပြီးဘဲ ထောင်တစ်နှစ်လောက်သာချလိုက်မယ်ဆိုရင်
အနည်းဆုံးတော့ မင်ဂျောင်းတို့မိသားစုဟာ တစ်နှစ်လောက်တော့
စိတ်ချမ်းသာရမယ့်အေကြာင်းပြောလိုက်ပါတယ်။
၁ နှစ်ထောင်ချလိုက်ရင်တောင် ထောင်ကပြန်ထွက်လာရင်
ဒါမျိုးတွေမဖြစ်လာဘူးဆိုတာ မပြောနိူင်ကြောင်း “ဂန်ဘီနာ” ကပြောလိုက်တာကြောင့် ဟန်ဒါအွန်က
အနည်းဆုံးတော့ မင်ဂျောင်းတို့မိသားစုဟာ ဥပဒေက မျက်ကွယ်မပြုဘူးဆိုတာကို လက်ခံသွားကြရမှာဖြစ်ကြောင်း၊
တရားသူကြီးရဲ့စိရင်ချက်ဟာ နစ်နာသူတွေအတွက်တော့ ဒုတိယထိုးနှက်မှုသာဖြစ်ကြောင်း ပြောပါတယ်။
“ဂန်ဘီနာ” က သူ့ကိုအပြစ်လာတင်နေစရာမလိုကြောင်း သူက
ဥပဒေအတိုင်း စီရင်ချက်ချတာသာဖြစ်ကြောင်း နိုင်ငံရဲ့ဥပဒေကိုက ဒီအတိုင်းဖြစ်နေတာသာဖြစ်ကြောင်း
ဒီနည်းနဲ့ လူတွေအများကြီးသေနေကြတာဖြစ်ကြောင်း သတင်းစာထဲပါရင်တော့ လူသိများပြီးသနားကြကြောင်း
မပါရင်တော့ တိတ်တိတ်လေးပြီးသွားကြတယ်လို့ ပြောလိုက်ပါတယ်။
ဟန်ဒါအွန်ကတော့ “ဂန်ဘီနာ”
ရဲ့စကားကို ဘာမှတူန့်ပြန်မနေတော့ဘဲ မွန်းဂျောင်းဂျွန်ကို ဖမ်းဝရမ်းတောင်းကာဖမ်းမှာဖြစ်ကြောင်း
ဒီတခေါက်တော့ မွန်းဂျောင်းဂျွန်ဟာ အလွယ်တကူ လွတ်မြောက်နိုင်မှာမဟုတ်ကြောင်း
တရားသူကြီးတိုင်းက “ဂန်ဘီနာ” လိုမဟုတ်ကြောင်းပြောကာ
ထွက်သွားတာကြောင့် “ဂန်ဘီနာ” လည်း
ဒေါသထွက်ကာကျန်ရစ်ခဲ့ပါတယ်။
နောက်တရက်မှာတော့ ဟန်ဒါအွန်ဟာ တရားခံမွန်းဂျောင်းဂျွန်ကို
မင်ဂျောင်းအိမ်ကို သွားတာနဲ့ပတ်သတ်ပြီး စစ်ဆေးနေခဲ့ပါတယ်။
ဟန်ဒါအွန်က မင်ဂျောင်းရဲ့အိမ်တံခါးကို အတင်းဝင်တာလားဆိုပြှီး
မေးလိုက်တာကြောင့် မွန်းဂျောင်းဂျွန်က မဟုတ်ကြောင်း မင်ဂျောင်းက
ဖွင့်ပေးတာကြောင့်သာ ဝင်သွားတာဖြစ်ကြောင်းပြောလိုက်ပါတယ်။
ဒါ့အပြင် သူနဲ့အတူတူပါသွာတဲ့ တူ
အကြောင်းကိုမေးတဲ့အခါမှာလည်း မွန်းဂျောင်းဂျွန်က မင်ဂျောင်းရဲ့အိမ်မှာ တစ်ခုခုရိုက်စရာများလိုမလားဆိုတဲ့အတွေးနဲ့
ယူသွားတာသာဖြစ်ကြောင်း ပြောလိုက်သလို မွန်းဂျောင်းဂျွန်က
မင်ဂျောင်းကိုအကြမ်းဖက်တာတွေကိုလည်း ဝန်ခံခဲ့ပါတယ်။
ဒါ့ကြောင့် ဟန်ဒါအွန်က မွန်းဂျောင်းဂျွန်ထွက်သွားပြီးတဲ့နောက်မှာ
မင်ဂျောင်းက သူ့ကိုယ်သူကြိုးဆွဲချကာ သတ်သေခဲ့ကြောင်း ပြောပြလိုက်တဲ့အခါမှာတော့ တချိန်လုံးတည်ငြိမ်နေခဲ့တဲ့
မွန်းဂျောင်းဂျွန်ဟာ ရုတ်ကနဲထလိုက်ပြီး မင်ဂျောင်းသေသွားလား,မသေလားဆိုတာကို အတင်းမေးပါတော့တယ်။
ဟန်ဒါအွန်ကတော့ မွန်းဂျောင်းဂျွန်ကိုအေးဆေးကြည့်လိုက်ပြီး
သေဖို့မျှော်လင့်ထားတာမဟုတ်လားဆိုပြီး မေးလိုက်တာကြောင့် မွန်းဂျောင်းဂျွန်လည်း စိတ်မရှည်နိုင်တော့ဘဲ
သေ၊မသေကို အတင်းမေးပါတော့တယ်။ ဒါ့ကြောင့် ဟန်ဒါအွန်က မသေကြောင်း ပြောလိုက်ပါတယ်။
တကယ်တော့ “ဂန်ဘီနာ”
ကြည့်လိုက်ချိန်မှာ မင်ဂျောင်းဟာ ကြိုးဆွဲချကာ သတ်သေနေတာကြောင့် “ဂန်ဘီနာ” လည်း မင်ဂျောင်းတယောက်သေပြီဆိုပြီး
ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
ဒါပေမယ့် ကြိုးဆွဲချလိုက်တဲ့ မင်ဂျောင်းဆီကို ဟန်ဒါအွန်က
အရောက်ဦးခဲ့ပြီး မင်ဂျောင်းရဲ့အသက်ကို ကယ်တင်လိုက်နိုင်ပါတယ်။
ဒီအကြောင်းတွေကို ဟန်ဒါအွန်က မွန်းဂျောင်းဂျွန်ကို ပြောပြလိုက်တဲ့အခါမှာတော့
မင်ဂျောင်းမသေတာကိုသိသွားတဲ့ မွန်းဂျောင်းဂျွန်လည်း ကျေနပ်သွားကာ သူဟာ
မင်ဂျောင်းမရှိရင်မနေနိုင်ကြောင်း ပြောလိုက်ပါတယ်။
ဟန်ဒါအွန်က မင်ဂျောင်းက ကိုယ့်ကိုယ်ကို
သတ်သေဖို့ကြိုးစားတယ်ဆိုတဲ့ကိစ္စဟာ မွန်းဂျောင်းဂျွန်ကြောင့်သာဖြစ်ကြောင်း ပြောလိုက်တာကြောင့်
မွန်းဂျောင်းဂျွန်က မင်ဂျောင်းဟာ စိတ်ခံစားချက်မြင့်ပြီး
နည်းနည်းအိုဗာဖြစ်တတ်ကြောင်း၊ စုံတွဲတွေအနေနဲ့ ရန်ဖြစ်ကြတာဟာ
သာမန်အခြေအနေပဲဖြစ်ကြောင်း၊ အချစ်ရန်ပွဲမှာ အစိုးရကဝင်ပါတာဟာ အဓိပ္ပါယ်မရှိကြောင်း
ပြောလိုက်ပါတယ်။
ဟန်ဒါအွန်က အချစ်ရန်ပွဲအကြောင်းကို တရားရုံးကျရင်လည်း ပြောလိုက်လို့
ဆိုခဲ့ပြီး မွန်းဂျောင်းဂျွန်က နာရီကိုကြည့်လိုက်ပြီး ၆ နာရီကျော်သွားတာကြောင့် ပြန်လို့ရပြီလားဆိုပြီး
မေးလိုက်ပါတယ်။
အခြေအနေအရပြန်လွှတ်လိုက်ရပေမယ့် တရားခံမွန်းဂျောင်းဂျွန်ကို
ဟန်ဒါအွန်တို့ရဲ့ ရဲတပ်ဖွဲ့မှူးကလည်း မကျေမနပ်ဖြစ်နေခဲ့ပြီး ဖမ်းဝရမ်းရအောင်လျှောက်ဖို့ပြောလိုက်သလို
ဟန်ဒါအွန်ကိုလည်း မွန်းဂျောင်းဂျွန်ကို စောင့်ကြည့်ထားဖို့ပြောလိုက်တာကြောင့် ဟန်ဒါအွန်လည်း
မွန်းဂျောင်းဂျွန်နောက်ကို လိုက်သွားခဲ့ပါတယ်။
နောက်တော့ ကားနဲ့တင်ခေါ်လာခဲ့ပြီး မွန်းဂျောင်းဂျွန်ရဲ့အိမ်ကို
လိုက်ပို့လိုက်ပါတယ်။ဒါ့အပြင် မွန်းဂျောင်းဂျွန်ကိုလည်း တညလုံးဘယ်မှမထွက်ဖို့ အသိပေးလိုက်ပြီး
ပြန်ထွက်သွားပါတယ်။
ဟန်ဒါအွန်ပြောနေတာတွေကိုတော့ မွန်းဂျောင်းဂျွန်ရဲ့အိမ်နားမှာရောက်နေတဲ့
“ဂန်ဘီနာ” က ကြားနေရပြီး
သူ့အလုပ်မှာဝင်ရှုပ်တာကြောင့် မျက်နှာရှုံ့မဲ့နေပါတယ်။
တဖက်မှာတော့ ဗဲလ်လက်ဟာ “ဂန်ဘီနာ” ကိုမတွေ့တာကြောင့် စိတ်ပူကာ ဖုန်းကိုဆက်တိုက်ဆက်နေခဲ့ပြီး
တွေ့မယ့်တွေ့တော့လည်း သူ့ရှေ့တည့်တည့်မှာ လေးတိလေးကန်နဲ့ လမ်းလျှောက်နေတဲ့ “ဂန်ဘီနာ” ကိုတွေ့လိုက်ရပါတယ်။
ဒါ့ကြောင့် အဆင်ပြေလား ဘာညာတွေ အပြေးမေးခဲ့ပြီး “ဂန်ဘီနာ” ကတော့ သူ့ရုပ်က အလုပ်ပြီးလာတဲ့ရုပ် ပေါက်နေလားဆိုပြီး
ဘုတောလိုက်ပါတယ်။
နောက်တော့ “ဂန်ဘီနာ”
ဟာ ရေမိုးချိုးလိုက်ပြီး ဗဲလ်လက်ယူလာပေးတဲ့အချိုရည်ကို သောက်လိုက်ပါတယ်။
ဗဲလ်လက်က မင်ဂျောင်းကို သေ မသေမေးလိုက်တာကြောင့် “ဂန်ဘီနာ” က
မသေသေးကြောင်း အသက်ရှင်နေသေးကြောင်း ပြောလိုက်ပါတယ်။
နစ်နာသူက အသက်ရှင်နေသေးတယ်ဆိုရင် သူတို့ရဲ့တရားစီရင်မှုဟာ မဖြစ်နိုင်တာကိုသိနေတာကြောင့်
ဗဲလ်လက်ဟာ ဒိအမှုကတော့ ပြီးသွားပြီဆိုပြီး စိတ်ပျက်သွားခဲ့ပါတယ်။
“ဂန်ဘီနာ” ကတော့ လူတစ်ယောက်ဟာ နှလုံးခုန်နေတိုင်း
အသက်ရှင်တယ်ဆိုပြီးပြောမရကြောင်း၊ စိတ်သေသွားတယ်ဆိုရင်လည်း သေတာသာဖြစ်ကြောင်း
ပြောလိုက်ပါတယ်။
ဗဲလ်လက်ကတော့ “ဂန်ဘီနာ”
ပြောတာ သဘာဝကျပေမယ့် ဆရာဝန်က သေပြီဆိုပြီး အတည်ပြုပေးမှသာ သေတာဖြစ်ကြောင်း
စောဒကတက်လိုက်ပါတယ်။
ဗဲလ်လက်ရဲ့စကားကြောင့် “ဂန်ဘီနာ” က ဗဲလ်လက်ကိုစိုက်ကြည့်လိုက်ကာ
သေတာရှင်တာကို လူသားတွေရဲ့စံနှုန်းတွေနဲ့သာ လိုက်ပြီးတိုင်းတာနေမယ်ဆိုရင် သူတို့က
လူ့ပြည်ကို ဘာကြောင့်လာနေမှာလဲ ဆိုပြီးမေးလိုက်တာကြောင့် “ဂန်ဘီနာ” ဘာပြောပြော ခွန့်တုန့်မပြန်ရဲတဲ့
ဗဲလ်လက်ကတော့ ဟုတ်ကဲ့သာ လုပ်လိုက်ပါတယ်။
ဗဲလ်လက်က စိတ်သေတာဟာ လူသေတာမဟုတ်တာကြောင့် တရားစီရင်လို့ရ
မရ ပြောလိုက်တာကြောင့် “ဂန်ဘီနာ” က အဲဒါက
ပြဿနာမဟုတ်ကြောင်း ပြဿနာက ဟန်ဒါအွန်သာဖြစ်ကြောင်း ဟန်ဒါအွန်က သူ့အလုပ်မှာ ဝင်ဝင်ရှုပ်နေကြောင်း
ပြောပါတယ်။
ဟန်ဒါအွန်ဝင်ရှုပ်နေတယ်ဆိုရင် သတ်ပြစ်လိုက်ဖို့ ဗဲလ်လက်က
ပြောလိုက်တာကြောင့် “ဂန်ဘီနာ” က
သတ်လို့မရကြောင်း၊ သူတို့ကို အပြစ်ပေးစေခိုင်းလိုက်တာက လူသတ်မှုကျူးလွန်ထားပြီးတာတောင်
နောင်တမရတဲ့အပြစ်သားတွေကိုသာ ငရဲကိုပို့ဖို့ဖြစ်ကြောင်း ပြန်ပြောလိုက်ပါတယ်။
ဒါ့ပြင် ဟန်ဒါအွန်ကို ဒီအတိုင်းထားလိုက်ဖို့ပြောလိုက်ပြီး
တခုခုဆိူရင် စေဒကလိုက်တက်နေတတ်တဲ့ ဟန်ဒါအွန့်ပုံစံက ချစ်စရာကောင်းကြောင်း
ပြောလိုက်တာကြောင့် ဗဲလ်လက်က ဟန်ဒါအွန့်ကို ကြိုက်နေတာလားဆိုပြီး မေးလိုက်ပါတယ်။
“ဂန်ဘီနာ” က မဟုတ်ကြောင်း ငြင်းလိုက်တာကြောင့် ဗဲလ်လက်လည်း
ငြိမ်နေလိုက်ရပါတယ်။
နောက်တော့ တကယ်လို့ ဖမ်းဝရမ်းသာ ထုတ်ပေးလိုက်ရင်တော့ ဒီတစ်ခေါက်အမှုက
ပြီးပြီဖြစ်ကြောင်း ဗဲလ်လက်က ပြောလိုက်ပြန်ပါတယ်။
“ဂန်ဘီနာ” ကတေ့ာ ဖမ်းဝရမ်းကိုပယ်ချလိုက်မှာဖြစ်ကြောင်း ပြောလိုက်တာကြောင့်
ဗဲလ်လက်က ဒီတရားသူကြီးလို ကြောင်တောင်တောင်တရားသူကြိးထပ်မရှိနိုင်ကြောင်း
ပြောလိုက်ပါတယ်။
“ဂန်ဘီနာ”
မျှော်လင့်ထားခဲ့တဲ့အတိုင်း နောက်ထပ်တရားသူကြီးကလည်း
မွန်းဂျောင်းဂျွန်ရဲ့ဖမ်းဝရမ်းကို ပယ်ချလိုက်တာကြောင့် ရဲတွေလည်း မကျေမနပ်ဖြစ်သွားခဲ့ပြီး
အဖွဲ့မှူးက ဟန်ဒါအွန်ကို မင်ဂျောင်းရဲ့မိသားစုကို ကာကွယ်ပေးဖို့ ချက်ချင်းလွှတ်လိုက်ပါတယ်။
“ဂန်ဘီနာ” ကတော့ မွန်းဂျောင်းဂျွန်ရဲ့ဖမ်းဝရမ်းကို
ပယ်ချလိုက်တာကြောင့် သဘောတွေကျနေခဲ့ပါတယ်။
ဟန်ဒါအွန်ကတော့ သူ့တာဝန်အတိုင်း
မင်ဂျောင်တို့အိမ်ကိုသွားလိူက်ပြီး တံခါးကို သော့တွေဘာတွေသေချာ လုပ်ပေးခဲ့သလို
သေချာအောင်စစ်ဆေးတာတွေလည်း လုပ်ခဲ့ပြီး မှာစရာရှိတာတွေကိုလည်း သေချာမှာလိုက်ကာ
ပြန်ထွက်လာလိုက်ပါတယ်။
ဟန်ဒါအွန်ထွက်သွားပြိးတာနဲ့တပြိင်တည်း မွန်းဂျောင်းဂျွန်ဟာ ပုန်းနေရာကနေထွက်လာခဲ့ပြီး
အပြင်ဘက်ကြည့်ရတဲ့ ကင်မရာကို ဝါးသွားအောင်လုပ်လိုက်ကာ အသင့်ယူလာခဲ့တဲ့တူကို ထုတ်လိုက်ပြီး
ခလုတ်ကိုနှိပ်ဖို့ ပြင်လိုက်ပါတယ်။
အဲဒီ့အချိန်မှာပဲ မွန်းဂျောင်းဂျွန််ရဲ့ဖုန်းဟာ
ဝင်လာခဲ့ပြီး မွန်းဂျောင်းဂျွန်လည်းဖုန်းကိုကြည့်လိုက်ကာ ဘဲလ်ကိုမနှိပ်တော့ဘဲ
ထွက်သွားပါတော့တယ်။
မွန်းဂျောင်းဂျွန်ထွက်သွားပြီး အတော်ကြာပြီးတဲ့နောက်မှာတော့
အခန်ထဲမှာ ထိတ်ထိတ်လန့်လန့်နဲ့ စောင့်နေတဲ့မင်ဂျောင်းတို့ဆီကို လူတစ်ယောက်ရောက်လာခဲ့ပြီး
ဟန်ဒါအွန်ဖြစ်ကြောင်းပြောကာ တံခါးဖွင့်ခိုင်းလာပါတယ်။
ကင်မရာထဲကပုံရိပ်ဟာ ဝါးနေတာကြောင့် အရင်တခါ မွန်းဂျောင်းဂျွန်လာတုန်းကလည်း
ဒီပုံအတိုင်းတွေ့ဖူးထားတဲ့မင်ဂျောင်းဟာ မွန်းဂျောင်းဂျွန်လာတယ်ဆိုပြီး
ကြောက်လန့်နေတာကြောင့် အမေဖြစ်သူက မင်ဂျောင်းကို ဖက်ထားလိုက်ရပါတယ်။
မင်ဂျောင်းရဲ့အဖေက ရဲကိုဖုန်းဆက်ဖို့စိတ်ကူးလိုက်ပေမယ့်
ရဲကိုဖုန်းဆက်တိုင်လိုက်တာကြောင့် မွန်းဂျောင်းဂျွန်ကို ရဲကဖမ်းတယ်ဆိုရင်တောင်မှ
ခဏလောက်သာဖမ်းမှာဖြစ်ပြီး နောက်တော့ ပြန်လွတ်လာမှာဖြစ်တာကြောင့် ဖုန်းမဆက်တော့ဘဲ
ရင်ဆိုင်လိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။
ဒါ့ကြောင့် မင်ဂျောင်းကိုအခန်းထဲခေါ်သွားကာ တံခါးပိတ်ထားလိုက်ဖို့နဲ့
အပြင်ကဘာသံကြားကြားထွက်မလာဖို့ သူ့မိန်းမကိုပြောလိုက်ပါတယ်။
မင်ဂျောင်းတို့သားအမိအခန်းထဲရောက်ချိန်မှာတော့ အဖေဖြစ်သူဟာ
မီးဖိုချောင်က ဓားတစ်ချောင်းကိုယူလိုက်ကာ လာမယ့်ဘေးကိုပြေးတွေ့ဖို့အတွက် တံခါးကိုသွားဖွင့်လိုက်ပါတော့တယ်။
အဖေဖြစ်သူက တံခါးကိုဖွင့်လိုက်ပြီးတဲ့နောက်မှာတော့
အဝကနေဝင်လာသူကို ဓားနဲ့ဦးအောင်ထိုးချလိုက်ပါတယ်။
ဒါပေမယ့် ဝင်လာသူက ဟန်ဒါအွန်ဖြစ်နေတာကြောင့် ဟန်ဒါအွန်ဟာ
သူ့ကိုထိုးလာတဲ့ဓားကိုင်လက်ကိုဖမ်းချုပ်လိုက်ပြီး ဓားကို ကန်ထုတ်လိုက်ပါတယ်။
အဖေဖြစ်သူကတော့ ကြောက်နေတာကြောင့် ဝင်လာသူကိုတောင်မကြည့်ဘဲ သူ့သမီးရှိတဲ့အခန်းဝကိုပိတ်ရပ်ကာ
ဝင်လို့မရအောင်တားလိုက်ပါတယ်။
နောက်မှ ဟန်ဒါအွန်က သူဖြစ်ကြောင်းပြောတာကြောင့် စီတ်လျော့လိုက်ပြီး
အားလုံးထိုင်ကာ စကားပြောကြပါတယ်။
ဟန်ဒါအွန်က မင်ဂျောင်းတို့အတွက် စမက်နာရီတစ်လုံးစီလာပေးတာဖြစ်ကြောင်း
ပြောလိုက်ပြီး နာရီတွေကိုပေးလိုက်ပါတယ်။
မင်ဂျောင်းကတော့ သူလူရွေးမှားတာကြောင့်
မိဘတွေပါဒုက္ခရောက်ကြရကြောင်းပြောကာ နောင်တတွေရနေခဲ့ပါတယ်။
သူတို့စကားပြောနေကြတုန်းမှာ ဟန်ဒါအွန်ရဲ့ဖုန်းကဝင်လာတာကြောင့်
ဟန်ဒါအွန်လည်းဖုန်းကိုကိုင်ကာ စကားသွားပြောလိုက်ရပါတယ်။
ဖုန်းထဲကနေကြားလိုက်ရသတင်းကတော့ မွန်းဂျောင်းဂျွန်တစ်ယောက်
သေသွားပြီဆိုတဲ့ သတင်းပဲဖြစ်တာကြောင့် ဟန်ဒါအွန်လည်း အံ့ဩသွားကာ မင်ဂျောင်းတို့ကို
ကြည့်လိုက်မိပါတယ်။
ဟုတ်ပါတယ်။ မွန်းဂျောင်းဂျွန်ကိုသတ်လိုက်သူကတော့
ငရဲပြည်ကလာတဲ့တရားသူကြီး “ဂန်ဘီနာ” ပဲဖြစ်ပါတယ်။
“ဂန်ဘီနာ” ဟာ မွန်းဂျောင်းဂျွန်တယောက်
မင်ဂျောင်းအိမ်ရေ့ကိုအရောက်မှာ မက်ဆေ့ပို့ကာ မွန်းဂျောင်းဂျွန်ကို
တနေရာကိုလာခဲ့ဖို့ မင်ဂျောင်းဟန်ဆောင်ကာ ချိန်းလိုက်ပါတယ်။
မွန်းဂျောင်းဂျွန်ကတော့ မင်ဂျောင်းထင်ပြီး ရဲတိုင်ပြီး
လိမ်ခေါ်တယ်ဘာညာတွေပြောပေမယ့် တဖက်က မင်ဂျောင်းက မဟုတ်ကြောင်း အာမခံတာကြောင့်
မင်ဂျောင်းချိန်းတဲ့ဆီကို သွားလိုက်ပါတယ်။
ချိန်ထားတဲ့နေရာာဟာ လူပြတ်တဲ့နေရာဖြစ်တာကြောင့်
မွန်းဂျောင်းဂျွန်ဟာ စမ်းတဝါးဝါးနဲ့ရောက်လာခဲ့ပြိး ရောက်တဲ့အခါမှာတော့ သူတကယ်တွေ့လိုက်ရသူတွေကတော့
တရားသူကြီး “ဂန်ဘီနာ” တို့ပဲဖြစ်နေခဲ့ပါတယ်။
တရားသူကြီးကိုတွေ့လိုက်ရတာကြောင့် မွန်းဂျောင်းဂျွန်ဟာ
အံဩသွားကာ သူယူလာခဲ့တဲ့တူကို အမြန်ဖွက်လိုကိပြီး တရားသူကြီးကို ဘာကြောင့် ဒိနေရာမှာရောက်နေတာပါလဲ
ဆိုပြီးမေးလိုက်ပါတယ်။
“ဂန်ဘီနာ” ကလည်း လူသတ်ဖို့လာတာဖြစ်ကြောင်း
ပေါ်တင်ပဲပြောလိုက်ပါတယ်။
မွန်းဂျောင်းဂျွန်က မင်ဂျောင်းရှိတယ်ထင်တာကြောင့်
ထွက်လာခဲ့ဖို့ပြောလိုက်တဲ့အခါမျာတော့ ထွက်လာသူက ဗဲလ်လက်ပဲ ဖြစ်နေခဲ့ပါတယ်။
ဗဲလ်လက်က သူအလုပ်ဆင်းလို့ရပြီလားဆိုပြီး မေးလိုက်တာကြောင့် “ဂန်ဘီနာ” ကလည်းဆင်းလို့ရကြေင်း ပြောလိုက်ပါတယ်။
ဗဲလ်လက်ထွက်သွားပြီးတဲ့နောက်မှာတော့ “ဂန်ဘီနာ” ဟာ မွန်းဂျောင်းဂျွန်ကို နစ်နာသူမွန်ဂျောင်းကို
သတ်ခဲ့တယ်ဆိုတာကို ဝန်မခံဘဲ၊ နောင်တလည်းမရဘူးမဟုတ်လား ဆိုပြီးမေးကာ သူ့ရဲ့ငရဲတရားစီရင်မှုကို
စတင်လိုက်ပါတယ်။
မွန်းဂျောင်းဂျွန်ကတော့ မင်ဂျောင်က မသေကြောင်း မင်ဂျောင်းက
သူ့ကိုခွင့်လွတိကြောင်းပြောလိုက်တာကြောင့် “ဂန်ဘီနာ” က မင်ဂျောင်းကသေသွားကြောင်းနဲ့ မသေခင်ခွင့်လွှတ်မှု
တကယ်လုပ်သွားလားဆိုပြီး မေးပါတယ်။
နောက်တော့ ထပ်မေးမယ့် အကြာင်းပြောလိုက်ပြီး ကိုယ်လုပ်ထားတဲ့အပြစ်တွေကို
ဝန်ခံလားဆိုပြီး မေးလိုက်ပါတယ်။
ဘာမှန်းမသိတဲ့ မွန်းဂျောင်းဂျွန်ကတော့ သူ့ကို
တရားသူကြီးကိုယ်တိုင်ကပဲ အပြစ်ပေးပြီးပြီဖြစ်ကြောင်း ပြောလိုက်တဲ့အခါမှာတော့ သူရဲ့တရားစီရင်ရေးဟာ
အခုမှစတာဖြစ်ကြောင်း ပြောလိုက်ပြီး သူ့ရဲ့ ငရဲဓားကို ထုတ်လိုက်ပါတော့တယ်။
မွန်းဂျောင်းဂျွန်လည်း “ဂန်ဘီနာ” လက်ထဲက ဓားကိုတွေ့လိုက်ရတာနဲ့
ရဲကိုတိုင်မယ့်အကြောင်းပြောကာ ထွက်ပြေးပါတောတယ်။
မွန်းဂျောင်းဂျွန်ဟာ ပြေးရင်းပြေးရင်းနဲ့ ဆိုင်တစ်ခုထဲကို ရောက်သွားခဲ့ပါတယ်။
တကယ် သူရောက်သွားတာကတော့ ငရဲတရားသူကြီးယူစတီးရှားရဲ့
ဖန်တီးပုံရိပ်နယ်မြေထဲကို ရောက်သွားခဲ့တာပဲ ဖြစ်ပါတယ်။
သူ့ကမ္ဘာထဲကိုရောက်ပြီဖြစ်တာကြောင့် “ဂန်ဘီနာ” ဟာ မွန်းဂျောင်းဂျွန်ကို ညှို့လိုက်ပြီး
မွန်းဂျောင်းဂျွန်က မင်ဂျောင်းကိုလုပ်ထားခဲ့သလို တပုံစံတတည်းပြန်ခံရမယ့်အကြောင်း ပြောလိုက်ပါတယ်။
အဲဒီ့နောက်မှာတော့ မွန်းဂျောင်းဂျွန်ဟာ တချိန်က
မင်ဂျောင်းကို စိတ်ဒုက္ခအမျိုးမျိုးပေးခဲ့တဲ့ပုံစံတွေဖြစ်တဲ့ စားသောက်ဆိုင်မှာ
စားစရာတွေကို အတင်းကျွေးတာ အိမ်တွင်းအကြမ်းဖက်တာ၊ အချုပ်ကျအောင်လုပ်ခဲ့တာကြောင့် တူနဲ့ရိုက်ကာ
လက်စားပြန်ချေတာ၊ စတာတွေကို တစ်ခုပြိးတစ်ခု၊ တကွက်ချင်းစီ ပြန်ခံစားစေပါတော့တယ်။
နောက်ဆုံးမှာတော့ မွန်းဂျောင်းဂျွန်တစ်ယောက် “ဂန်ဘီနာ” ရဲ့ငရဲထဲမှာရောက်ခဲ့ကာ “ဂန်ဘီနာ” လက်စားချေသမျှကိုမခံနိုင်တော့တာကြောင့်
မင်ဂျောင်းလိုပဲ သူ့ကိုယ်သူ ကြိုးဆွဲချကာ သတ်သေလိုက်ပါတော့တယ်။
ကြိုးဆွဲချတယ်ဆိုပေမယ့် လည်ပင်းကကြိုးဟာ
တဖြည်းဖြည်းပြေလျော့သွားပြီး မွန်းဂျောင်းဂျွန်ဟာ “ဂန်ဘီနာ” ရှေ့ကိုပြန်ရောက်လာပါတယ်။
ပုံမှန်ဘဝကိုပြန်ရောက်လာတာကြောင့် မွန်းဂျောင်းဂျွန်ဟာ
ဒဏ်ရာရခဲ့တဲ့လက်တွေ ခြေထောက်တွေနဲ့ ကြိုးကွင်းစွပ်မိလိုက်တဲ့လည်ပင်းကိုလည်း အပြေးအလွားကြည့်လိုက်ပါတယ်။
“ဂန်ဘီနာ” ကတော့ တော်တော်လေးမှ
ခံစားလို့ကောင်းလားဆိုပြီးမေးလိုက်ပါတယ်။
ဒါ့ပြင် သူက ငရဲပြည်ကလာတဲ့နတ်ဆိုးဖြစ်ပြီး လူသတ်သမားတွေကို
အပြစ်ကိုပြန်ပြီးဆင်ခြင်စေဖို့ တရားစီရင်ပေးမယ့်အကြောင်းလည်း ပ်ြောလိုက်ပါတယ်။
ဘာမှမသိတဲ့ မွန်းဂျောင်းဂျွန်ကတော့ ငရဲပြည်ကလာပြီး
မင်ဂျောင်းအတွက် လက်စားချေဖို့လာတာလားဆိုပြီး မေးလိုက်ပါတယ်။
“ဂန်ဘီနာ” က သူဟာ လူသားတွေအတွက် ဘာမှမလုပ်ပေးကြောင်း မွန်းဂျောင်းဂျွန်တို့လို
လူသတ်သမားတွေကို ငရဲကိုပို့ပေးကာ လက်စသတ်ယုံသတ်သာဖြစ်ကြောင်း ပြောလိုက်ပါတယ်။
မွန်းဂျောင်းဂျွန်က မင်ဂျောင်းမသေသေးကြောင်းပြောတာကြောင့် “ဂန်ဘီနာ” က မင်ဂျောင်းဟာ လူမသေပေမယ့်
စိတ်သေသွားကြောင်းပြောလိုက်ကာ တရားစီရင်တော့မယ့်အေကြာင်း ပြောလိုက်ပါတယ်။
ဒါကြောင့် မွန်းဂျောင်းဂျွန်က “ဂန်ဘီနာ” ကို ဒူးထောက်ကာတောင်းပန်လိုက်ပြီး
သူ့ကိုခွင့်လွှတ်ပေးဖို့ ပြောပါတော့တယ်။
မွန်းဂျောင်းဂျွန်တောင်းပန်နေချိန်မှာ “ဂန်ဘီနာ” ဆီကိုဖုန်းဝင်လာတာကြောင့် “ဂန်ဘီနာ” လည်းဖုန်းပြောနေခဲ့ပါတယ်။
မွန်းဂျောင်းဂျွန်ကတော့ “ဂန်ဘီနာ” ရဲ့အလစ်ကို ကြည့်လိုက်ပြီး “ဂန်ဘီနာ” ကို စပြီးတိုက်ခိုက်ပါတယ်။
အစပိုင်းမှာတော့ “ဂန်ဘီနာ”
က အလျော့ပေးထားတာကြောင့် မွန်းဂျောင်းဂျွန်တစ်ယောက် အသာစီးရသလိုနေခံပြီး နောက်တော့
ငရဲကလာသူဖြစ်တဲ့ တရားသူကြီးကပဲ မွန်းဂျောင်းဂျွန်ကို အနိုင်ယူလိုက်ပါတယ်။
“ဂန်ဘီနာ” ဟာ မွန်းဂျောင်းဂျွန်ရဲ့လက်တွေ ခြေထောက်တွေကို
ချိုးပစ်လိုက်ပြီး ဒဏ်ရာအပြင်းအထန်ရအောင် လုပ်လိုက်ပါတယ်။
နောက်တော့ မွန်းဂျောင်းဂျွန်ကို အပြစ်ကိုဝန်ခံမခံ
သေသင့်မသင့်စတာတွေကိုမေးလိုက်ပြီး တရားခံမွန်းဂျောင်းဂျွန်က အပြစ်ကိုဝန်ခံတာကြောင့်
သူ့ရဲ့ ငရဲဓားကိုထုတ်ကာ မွန်းဂျောင်းဂျွန်ရဲ့ဗိုက်ကိုထိုးကာ ငရဲကိုပို့လိုက်ပါတော့တယ်။
နောက်တော့ မွန်းဂျောင်းဂျွန်ရဲ့နဖူးမှာ တံဆိပ်တုံးထုလိုက်ကာ
မွန်းဂျောင်းဂျွန်ရဲ့ဝိဉာဉ်ကို ဂယ်ဟယ်နာကို ပို့လိုက်ပါတယ်။
နောက်တနေ့မှာတော့ မွန်းဂျောင်းဂျွန်ရဲ့အလောင်းကို ရဲတွေက
လမ်းဘေးတနေရာမှာ တွေ့လိုက်ရပါတယ်။
ရုပ်ပျက်ဆင်းပျက်သေဆူံးနေသလို နဖူးမှာလည်း
ဂယ်ဟယ်နာဆိုတဲ့စာကြောင်းကို တွေ့လိုက်ရပါတယ်။
အနီးက အိမ်ထဲကို ဝင်ကြည့်လိုက်တဲ့အခါမှာတော့ အိမ်က
အရမ်းကြီးကို သန့်ရှင်းနေတာကို တွေ့လိုက်ရပါတယ်။
“ဂန်ဘီနာ” တို့မှာက ငရဲကတက်လာတဲ့သူတွေ လုပ်လိုက်တဲ့ကိစ္စကို
နောက်ကလိုက်ပြီး သန့်ရှင်းရေးလုပ်ပေးတဲ့အဖွဲ့သီးသန့် ရှိပါတယ်။
“ဂန်ဘီနာ” က မွန်းဂျောင်းဂျွန်ကို သတ်ပြီးတဲ့နောက်မှာတော့ ဗဲလ်လက်က
ငရဲကသန့်ရှင်းရေးသမားတွေကို ခေါ်လိုက်ပြီး “ဂန်ဘီနာ” ရဲ့လက်စကိုရှင်းစေလိုက်တာကြောင့် ရဲတွေက
အလောင်းကိုတွေ့ကာ စစ်ဆေးတာတွေလုပ်နေချိန်မှာ “ဂန်ဘီနာ” ကတော့ ရှော့ပင်းထွက်မပျက်။ လည်ပတ်ကောင်းနေခဲ့ပါတယ်။
အပြစ်သားတစ်ယောက်ကို ငရဲပို့ပြီးပေမယ့် နောက်ထပ်အပြစ်သားတွေကို
ပို့ပေးရဦးမှာဖြစ်တာကြောင့် “ဂန်ဘီနာ” ဟာ
တညလုံးတခြားအမှုတွဲတွေကို လိုက်ရှာနေခဲ့ပါတယ်။
ဒါကြောင့် ဗဲလ်လက်ဟာ “ဂန်ဘီနာ” ဆီကိုရောက်လာခဲ့ပြီး
တရားရုံးထက်ပိုပြီး မကောင်းမှုတွေပြည့်နေတဲ့နေရာ ရှိသေးကြောင်းနဲ့ အဲ့ဒီ့နေရာကတော့
ရဲစခန်းဖြစ်ကြောင်း ပြောလိုက်ပါတယ်။
သိပ်ပြီးသဘောမပေါက်တဲ့ “ဂန်ဘီနာ” က ဗဲလ်လက်ကို သူ့ကိုရဲမေလုပ်စေချင်နေတာလားဆိုပြီး
မေးလိုက်တာကြောင့် ဗဲလ်လက်က ရဲမေလုပ်စရာမလိုကြောင်း၊ ရဲတပ်ဖွဲ့ထဲကတစ်ယောက်ယောက်ကို
ချည်းကပ်ကာ အတွင်းသတင်းကို မေးရင်ရကြောင်းပြောလိုက်ကာ “ဂန်ဘီနာ” နဲ့ရင်းနှီးတဲ့ ဟန်ဒါအွန်ကို ချည်းကပ်ဖို့ပြောလိုက်ပါတယ်။
“ဂန်ဘီနာ” ကတော့လက်မခံဘဲ အကြောင်းပြချက်တွေပေးနေချိန်မှာ စာရေးမတစ်ယောက်ဝင်လာကာ
တရားသူကြီးချုက်က တေွ့ချင်နေကြာင်းပြောလာတာကြောင့် “ဂန်ဘီနာ” လည်း တရားသူကြီးချုပ်ရဲ့ရုံးခန်းကို
သွားလိုက်ရပါတယ်။
တရားသူကြီးချုပ်က “ဂန်ဘီနာ”
ကိုတွေ့တယ်ဆိုရင်ပဲ မွန်းဂျောင်းဂျွန်အမှုနဲ့ပန်သတ်ပြီး “ဂန်ဘီနာ” စီရင်ချက်ချတာနဲ့ပတ်သတ်ပြီး
အပြစ်တင်ပါတော့တယ်။
“ဂန်ဘီနာ” က စောဒကတွေ ပြန်တက်နေတာကြောင့်
တရားသူကြီးချုပ်လည်း “ဂန်ဘီနာ” ဟာ
ဒဏ်ရာကြောင့် စိတ်ဒဏ်ရာအပြင်းအထန်ရပြီး ဒီလိုတွေလျောက်လုပ်နေတာကိုသိကြောင်း၊
ဒါပေမယ့် တရားသူကြီးတစ်ယောက်အနေနဲ့ အဝတ်အစား အနေအထိုင် မိတ်ကပ်ကစပြီး
ဂရုစိုက်ဖို့လိုကြောင်း ပြောလာပါတယ်။
“ဂန်ဘီနာ” ကတော့ သူ့လက်ကိုပြလိုက်ပြီး သူဟာ ယဉ်ယဉ်လေးတွေသာ ဝတ်ထာကြောင်းပြောလာတာေကြာင့်
တရားသူကြီးချုပ်လည်း အဝတ်အစားအနေအထိုင်နဲ့ ပတ်သတ်ပြီး ပြင်မယ်၊ မပြင်ဘူးဆိုတာကို ပြောဖို့
အော်လိုက်ပါတယ်။
“ဂန်ဘီနာ” ကလည်း မပြင်ဘူးဆိုပြီးပြန်အော်လိုက်ကာ ခေါင်းကိုငြိမ့်ပြလိုက်ပြိး
ပြန်ထွက်သွားပါတယ်။
တရားသူကြီးချုပ်ကတော့ “ဂန်ဘီနာ” ကိုကြည့်ပြီး လွှတ်တော်အမတ် ဂျောင်ကြောင့်သာမဟုတ်ရင်တော့
“ဂန်ဘီနာ” ကိုနယ်ကိုပို့လိုက်ပြီးဖြစ်ကြောင်း
ပြောလိုက်ပါတယ်။
နေ့လယ်စာစားချိန်မှာတော့ တခြားလုပ်ဖော်ကိုင်ဘက်တွေက
တရားသူကြီးချုပ်ရဲ့အထောင်းခံရတဲ့ “ဂန်ဘီနာ”
ကို အကျိုးအကြောင်းမေးတာတွေလုပ်ခဲ့သလို “ဂန်ဘီနာ”
ကလည်း အမတ်ဂျောင်နဲ့ပတ်သတ်ပြီး မေးခဲ့ပါတယ်။
ဒါကြောင့် “ဂန်ဘီနာ”
က သူမဟာ လွတ်တော်အမတ်ဂျောင်ရံသားအကြီးနဲ့ စေ့စပ်ခဲ့ပြိး
စေ့စပ်ပွဲပျက်ခဲ့ကြောင်းကိုလည်း သိခဲ့ရလိုက်ပါတယ်။ “ဂန်ဘီနာ” ဟာ လစာတွေ
ချေးငွေတွေကို အကုန်သုံးလိုက်ကာ ပြိုင်ကားတစ်စီးကိုဝယ်လိုက်တာကြောင့်
ဆင်းရဲသားရပ်ကွက်ဖြစ်တဲ့ ဟွမ်ချွန်းဗီလာမှာ သွားကာနေထိုင်နေခဲ့ရပါတယ်။
အခုလို ဆင်းရဲသားရပ်ကွက်မှာ သွားနေရတာကြောင့်လည်း ဗဲလ်လက်က “ဂန်ဘီနာ” ကိုအပြစ်တင်နေတာကြောင့် “ဂန်ဘီနာ” လည်း ကားကိုမောင်းကာ
ဗီလာဘက်ကိုပြန်လာခဲ့ပါတယ်။
နတ်ဆိုးတွေဖြစ်ကြတဲ့သူတို့အတွက် တိုက်တိုက်ဆိုင်ဆိုင်
အိမ်ပိုင်ရှင်ဟာ ဘာသာရေးသမားတစ်ယောက်ဖြစ်နေခဲ့ပြီး “ဂန်ဘီနာ” တို့ရောက်ရောက်ချင်းမှာပဲ ထွက်ကြိုကာ
သူ့အခန်းကိုဖိတ်လိုက်ပါတယ်။
မလိုက်ချင်ပေမယ့် အစားအသောက်နဲ့မျှားတာကြောင့် “ဂန်ဘီနာ” တို့လည်းလိုက်လာခဲ့ရပြီး
ပိုင်ရှင်ရဲ့အခန်းထဲမှာကတော့ တခြားအခန်းငှားတွေလည်း ရှိနေခဲ့ပါတယ်။တကယ်တော့ “ဂန်ဘီနာ” တို့နေနေတဲ့ ဟွန်ချွန်းဗီလာကို
အမတ်ဂျောင်ရဲ့သားဖြစ်တဲ့ ကုမ္ပဏီပိုင်ရှင်ကလိုချင်နေတာဖြစ်ပြီး အိမ်ပိုင်ရှင်က
သဘောမတူကြောင်းကို လက်မှတ်တွေစုနေတာပဲ ဖြစ်ပါတယ်။
ဒါကြောင့် “ဂန်ဘီနာ”
တို့လည်းလက်မှတ်ထိုးလိုက်ကြပြီး ပြန်မယ်ပြင်လိုက်ကြပါတယ်။ဒါပေမယ့်
အိမ်ပိုင်ရှင်ကတော့ ပြန်တော့မယ့် “ဂန်ဘီနာ” ကိုတားထားလိုက်ပြီး ဆုတောင်းစကားတွေပြောနေတာကြောင့်
“ဂန်ဘီနာ” လည်း ရှုံ့မဲ့နေခဲ့ပါတယ်။
နောက်တော့ ဘုရားသခင်ဆီက အခန်းကိုပြန်တော့ဆိုတဲ့ စကားပြန်ခဲ့ကြောင်းပြောလိုက်ပြီး
အခန်းကိုအမြန်ပြန်ပြေးခဲ့ပါတယ်။
အခန်းပြန်အရောက်မှာတော့ ငရဲပြည်ကိုမြန်မြန်ပြန်ရရေးအတွက်
ဟန်ဒါအွန်ကိုချည်းကပ်ကာ ကွင်းဆက်လူသတ်သမားတွေကိုစုံစမ်းဖို့ စိတ်ကူးလိုက်ပါတယ်။
ဒါကြောင့် ဝက်သားကင်ကောင်းကောင်းကိုဝယ်လိုက်ပြီး
ဟန်ဒါအွန်လာတဲ့ လမ်းကနေစောင့်လိုက်ကာ အတူတူသောက်ကြဖို့ ဖိတ်လိုက်ပါတယ်။
အစမှာတော့ ဟန်ဒါအွန်က ငြင်းနေသေးပြီး နောက်တော့လည်း “ဂန်ဘီနာ” က အကြပ်ကိုင်တာကြောင့် လိုက်လာကာ
အတူတူသောက်လိုက်ရပါတယ်။
အတူတူ စားကြသောက်ကြရင်း “ဂန်ဘီနာ” က ရဲတွေဖမ်းမမိသေးတဲ့ လူသတ်သမားတွေအကြောင်း
မေးလိုက်ပေမယ့် ဟန်ဒါအွန်ကတော့ မပြောဘဲ တင်းခံနေတာကြောင့် မူးအောင်တိုက်လိုက်ပြီး
ဟန်ဒါအွန် အမူးလွန်ချိန်မှာတော့ သူသိချင်တာတွေကို မေးလိုက်ပါတယ်။
ဒါပေမယ့် မထင်မှတ်စရာတစ်ခုကတော့ ဟန်ဒါအွန်က သူဟာ
ကွင်းဆက်လူသတ်သမားဖြစ်ကြောင်း လူသုံးယောက်ကိုတောင် သတ်ခဲ့တာဖြစ်ကြောင်း
ပြောပြလိုက်တာပါ။
အစပိူင်းမှာ ဟန်ဒါအွန် မူးမုးနဲ့လျှောက်ပြောနေတယ်ထင်ပေမယ့် နောက်တော့
အတည်ပြောနေတာမှန်း သိသွားတာကြောင့် “ဂန်ဘီနာ”
လည်း သဘောကျသွားပြီး တရားစီရင်မယ့်အကြောင်း ပြောလိုက်ပါတယ်။
“ဂန်ဘီနာ”
ဟာ ဟန်ဒါအွန်ကို လူသတ်ခဲ့တဲ့အတွက် နောင်တရသလား၊ အပြစ်ကိုဝန်ခံသလား စတဲ့
ငရဲတရားစီရင်ခန်းတွေအတိုင်း မေးလိုက်ပြီး၊ ဘာမပြော ညာမပြောနဲ့ ဓားထုတ်လိုက်ကာ
သတ်ပစ်လိုက်ပါတော့တယ်။
ဟုတ်ကဲ့ပါရှင်။ အပိုင်း ၁ ကတော့ ဒီမှာတင်အဆုံးသတ်သွားခဲ့ပါပြီ။
နောက်နေ့မှာ အပိုင်းဆက်များကို စောင့်မျှော်အားပေးကြဖို့ ဖိတ်ခေါ်ပါရစေ။
အဆုံးထိအားပေးခဲ့ကြတဲ့ ပရိတ်သတ်အယောက်စီတိုင်းကို ကျေးဇူးအထူးတင်ရှိပါကြောင်းနဲ့၊ ပရိတ်သတ်များနဲ့တကွ တိုင်းပြည်နဲ့လူမျိုးကို အဆိပ်မခပ်တတ်သော သူများအားလုံး ကျန်းမာ၊ ဘေးကင်းကြပါစေ။
No comments:
Post a Comment