လူသတ်သမားဂျေဖြစ်တဲ့ ဂျောင်တေးဂျူကို ဖမ်းမိပြီး
တရားသူကြီးဂန်ဘိနာ တရားစီရင်မယ့်နေ့မှာတော့ ဟန်ဒါအွန်အပါ၀င် နစ်နာသူမိသားစု၀င်တွေအားလုံး
တရားသူကြီးကိုစောင့်မျှော်နေခဲ့ကြပါတယ်။
အဲ့ဒီချိန် ဂန်ဘိနာကို
ပြန်ပေးဆွဲမှုနဲ့ ထောင်ကျနေတဲ့ ဂျောင်ဆွန်းဟိုတစ်ယောက် ထောင်ထဲမှာထိုင်နေရင်း
အကျဉ်းသားတစ်ယောက်က ခဲတံနဲ့ လည်ပင်းကိုထိုးပြီး တိုက်ခိုက်ခဲ့ပါတယ်။
ဂန်ဘိနာကတော့ တရားစီရင်ဖို့ တရားခွင်ကိုသွားမယ့်အချိန်မှာပဲ
ရုံးခန်းထဲမှာ ဘာအဲလ်က ရုတ်တရက် ပေါ်လာပြီး ဂန်ဘိနာကို နောက်ဆုံးတာ၀န်အဖြစ် ဂျောင်တေးဂျူကို
လွှတ်ပေးပြီးအရင်လို ငရဲကိုပို့ပေးဖိူ့ပြောခဲ့ပါတယ်။
ဂန်ဘိနာသာ ငြင်းခဲ့မယ်ဆိုရင်တော့ ဆိုးရွားစွာ
အပြစ်ဒဏ်ကိုခံစားရမှာဖြစ်ကြောင်း ပြောပြီး ပျောက်ကွယ်သွားခဲ့ပါတယ်။
ဂန်ဘိနာလည်း လန့်သွားခဲ့ပြီး ခဏအကြာမှာတော့ ဗဲလ်လက် ရောက်လာကာ
ဂျောင်ဆွန်းဟို တိုက်ခိုက်ခံရတဲ့ အကြောင်း ဂန်ဘိနာကို ပြောပြလိုက်ပါတယ်။
ဂန်ဘိနာလည်း အံ့ဩသွားပြီးနောက် တရားခွင်ကိုရောက်လာကာ ဒီနေ့အတွက် အမှုစစ်ဖိူ့ မရှိတော့တဲ့အကြောင်းနဲ့ မျက်မြင်သက်သေ ဖြစ်သူက
မတော်တဆမှုတစ်ခု ရှိခဲ့တာကြောင့် တရားခွင်ကို ၂ ရက်ရွှေ့ဆိုင်းမယ့်အကြောင်း ပြောလိုက်ပါေတာ့တယ်။
ဟန်ဒါအွန်နဲ့ နစ်နာသူမိသားစုတွေအားလုံးလည်း အံ့ဩသွားကြပြီး စိတ်ညစ်နေကြပါတယ်။
အဲ့ဒီချိန် ဟန်ဒါအွန်ဆီကို ဂျောင်ဆွန်းဟို
တိုက်ခိုက်ခံရတဲ့အကြောင်း အွန်းဆော့ဆီက မက်ဆေ့၀င်လာခဲ့ပါတယ်။
ဟန်ဒါအွန်လည်း အကြောင်းစုံကိုသိသွားပြီး
ဂျောင်တေးဂျူလက်ချက်ဆိုတာ သိနေခဲ့တာကြောင့် ဂျောင်တေးဂျူကို လှမ်းကြည့်လိုက်ပါတယ်။
ဂျောင်တေးဂျူကတော့ ဟန်ဒါအွန်ကို ကြည့်ကာ ပြုံးပြီး
တရားခွင်က ထွက်သွားခဲ့ပါတယ်။
ဟန်ဒါအွန်လည်း ရဲစခန်းကိုပြန်ရောက်လာပြီး အဖွဲ့မှူးတို့ကို
ဂျောင်ဆွန်းဟို အကြောင်းမေးလိုက်ပါတယ်။
အွန်းဆော့က ဂျောင်ဆွန်းဟို အသက်အန္တရယ်
မစိုးရိမ်ရတဲ့အကြောင်း ဟန်ဒါအွန်ကိုပြန်ပြောလိုက်ပါတယ်။
အွန်းဆော့နဲ့ စီနီယာဒုံဟွန်း ကတော့ ဂျောင်ဆွန်းဟိုပြောတဲ့
ကင်မရာနဲ့ ဗီဒီယိုကို အမတ်ဂျောင်အိမ်မှာ လုံး၀ရှာမတွေ့ခဲ့တာကြောင့်
ဂျောင်ဆွန်းဟိုတစ်ယောက် လုပ်ဇာတ်ခင်းနေတာလို့ ထင်နေပါတယ်။
အဖွဲ့မှူးကတော့
မသေချာသေးတာကြောင့်
အဆူံးထိသေချာရှာပြီး စောင့်ကြည့်ဖို့ အွန်းဆော့နဲ့ စီနီယာဒုံဟွန်းကို ပြောလိုက်ပါတယ်။
ဟန်ဒါအွန်ကိုတော့ ဂျောင်ဆွန်းဟိုအခြေနေကို
သေချာစောင့်ကြည့်နေဖို့ မှာလိုက်ပါတယ်။
ဟန်ဒါအွန်လည်း ဂျောင်ဆွန်းဟိုတက်နေတဲ့ ဆေးရုံကို
သွားကြည့်ခဲ့ပါတယ်။ ဂျောင်ဆွန်းဟိူကိုတွေ့တဲ့အခါမှာတော့ ဂျောင်ဆွန်းဟိုက
သူ့အစ်ကိုက သူ့ကိုသတ်ဖို့ လုပ်တာဖြစ်ကြောင်း ဟန်ဒါအွန်ကိုပြောပြရင်း ကြောက်နေခဲ့ပါတယ်။
ဟန်ဒါအွန်က ၂ ရက်အကြာမှာ
တရားခွင်ပြန်စမယ့်အကြောင်းပြောတဲ့အခါ ဂျောင်ဆွန်းဟိူက သူ့အစ်ကိုသတ်မှာ
ကြောက်ပြီး သက်သေမထွက်ဆိုတော့မယ့်အကြောင်း ဟန်ဒါအွန်ကိုပြန်ပြောကာ ကုတင်ပေါ်မှာ
စောင်ခြုံပုန်းနေခဲ့ပါတယ်။
ဟန်ဒါအွန်လည်း ဂျောင်ဆွန်းဟိုကို ပြောမရတာကြောင့် စိတ်ဓာတ်ကျသွားပြီး
ပြန်လာခဲ့ရပါတယ်။
အဲ့ဒီနောက်မှာတော့ ဟန်ဒါအွန်လည်း ဂန်ဘိနာကို ဂျောင်ဆွန်းဟိူ သက်သေမလုပ်တော့မယ့်အကြောင်း
လာပြောပြခဲ့ပါတယ်။
ဂန်ဘိနာလည်း ဂျောင်ဆွန်းဟိူကို စိတ်ပျက်ပြီး ပြောဆိုနေခဲ့ပါတယ်။
ဟန်ဒါအွန်ကတော့ ဂျောင်ဆွန်းဟိုလည်း အန္တရယ်များတာကြောင့် ငြင်းဆိုရတာကို နားလည်ပေးဖို့
ဂန်ဘိနာကိုပြန်ပြောလိုက်ပါတယ်။
အဲ့ဒီနောက် ဟန်ဒါအွန်က ဂျောင်တေးဂျူကို ဘယ်လိုဆက်လုပ်ကြမလဲလို့မေးလိုက်ပါတယ်။
ဂန်ဘိနာက သူ့မှာအကြံရှိကြောင်း ပြုံးရင်းပြောလိုက်ပါတယ်။
ဂန်ဘိနာဟာ ဂျောင်တေးဂျူကို နားနေခန်းမှာ သွားတွေ့ခဲ့ပြီး
ဂျောင်တေးဂျုကတော့ အရက်ကိူဇိမ်ခံသောက်နေခဲ့ပါတယ်။
ဂန်ဘိနာလည်း ဂျောင်ဆွန်းဟို အမေကို သတ်ခဲ့တဲ့
ဗီဒီယိုရိုက်ထားတဲ့ ကင်မရာကို ဘယ်မှာဖွက်ထားလဲဆိုတဲ့အကြောင်း မေးလိုက်ပါတယ်။
ဂျောင်တေးဂျူလည်း ပြုံးလိုက်ပြီး ကင်မရာထဲမှာ အရမ်းကောင်းတဲ့
ရိုက်ချက်တွေရှိတဲ့အကြောင်း ပြန်ပြောရင်း ဂန်ဘိနာကို ဘယ်မှာဖွက်ထားလဲဆိုတာ မပြောပြခဲ့ပါဘူး။
အဲ့တာကြောင့် ဂန်ဘိနာလည်း ဂျောင်တေးဂျုကို
အပေးယူတစ်ခုလုပ်ဖို့ ကမ်းလှမ်းလိုက်ပါတယ်။
စာတန်ခိုင်းသလို လူတွေကိုသတ်ပြီး အစိတ်အပိုင်းတွေကို
ဂန်ဘိနာဆီ ယူလာပေးနိုင်ရငိ လွှတ်ပေးမယ်လို့ပြောလိုက်ပါတယ်။
ဂန်ဘိနာလည်း ကိုင်လမ်သူ့မှာရှိတာကြောင့် စာတန်လို
မသေမျိူးဖြစ်ချင်ခဲ့ကြောင်း ပြောလိုက်ပါတယ်။
ဂျောင်တေးဂျူကတော့ ဂန်ဘိနာကို မုန်းတာကြောင့် လက်မခံဘဲ
ငြင်းလိုက်ပါတယ်။
ဂန်ဘိနာလည်း ပြုံးလိုက်ပြီး တခြားလူသတ်သမားရှာရတာ မခက်ကြောင်းပြန်ပြောရင်း
ထွက်သွားဖို့လုပ်လိုက်ပါတယ်။
အဲ့ဒီချိန်မှာပဲ ဂျောင်တေးဂျူ လည်း
လူဘယ်နှစ်ယောက်သတ်ပေးရမလဲလို့ ဂန်ဘိနာကိုပြန်မေးလိုက်ပြီး အရက်သောက်နေခဲ့ပါတယ်။
ဟန်ဒါအွန်ကတော့ ဂန်ဘိနာရဲ့ အကြံကို နားထောင်နေခဲ့ပြီး
ဂျောင်တေးဂျုက လွယ်လွယ်နဲ့ အလိမ်ခံပါ့မလားလို့ ပြန်မေးလိုက်ပါတယ်။
ဂန်ဘိနာလည်း သူကလွဲရင် တခြား တရားသူကြီးတွေ စီရင်တဲ့အခါ ဂျောင်တေးဂျူက
လုံး၀လွတ်မှာ မဟုတ်တာကြောင့် သူနဲ့ အပေးယူလုပ်တာ ပိုကောင်းမယ်လို့ ထင်တဲ့အကြောင်း ပြန်ပြောလိုက်ပါတယ်။
ဒါ့အပြင် ဂျောင်တေးဂျူက ကင်မရာထဲမှာ
ရိုက်ချက်တွေကောင်းတဲ့အကြောင်း ပြောခဲ့တာကြောင့် တခြားနစ်နာသူတွေရဲ့သေခါနီး
ပုံတွေပါ ရိုက်ထားနိုင်တယ်လို့ ဂန်ဘိနာက ပြောလိုက်ပါတယ်။
ဒါ့ကြောင့် ဂန်ဘိနာလည်း ဟန်ဒါအွန်ကို တရားခွင်မစခင် အမြန်ဆုံး ရှာခိုင်းခဲ့ပါတယ်။
ဟန်ဒါအွန်လည်း အတတ်နိင်ဆုံး ရှာပေးမယ့်အကြောင်း ပြန်ပြောလိုက်ပါတယ်။
ဂန်ဘိနာက ဂျောင်ဆွန်းဟိူ သက်သေ ထွက်ဆိုလာအောင်
သွားရိုက်ပေးရမလားလို့ ဟန်ဒါအွန်ကို ပြောလိုက်ပါတယ်။
ဟန်ဒါအွန်က စောင့်ကြည့်ဖို့ပြန်ပြောလိုက်ပြီး စိတ်ရင်းနဲ့လုပ်တာကသာ ပိုကောင်းတဲ့အကြောင်း ဂန်ဘိနာကို ပြောပါတယ်။
အဲ့တာကြောင့် ဂန်ဘိနာလည်း ပြံးပြီး ဟန်ဒါအွန်စကားကို
နားထောင်ခဲ့ပါတယ်။ နောက်နေ့ မနက်မှာတော့ တရားခွင်ရှေ့မှာ အဖွဲ့မှူးဂင်ဆိုယောင်းရဲ့
ခင်ပွန်းဖြစ်သူက တရားရုံးထဲမ၀င်ဘဲ ရပ်ကြည့်နေခဲ့ပါတယ်။
ဟန်ဒါအွန်လည်း မြင်သွားပြီး အဖွဲ့မှူးရဲ့ခင်ပွန်းဖြစ်သူကို နှစ်သိမ့်ကာ တရားခွင်ထဲကို
အတူတူ၀င်လာခဲ့ကြပါတယ်။
တရားခွင်ထဲမှာတော့ ဂန်ဘိနာက ထုံးစံအတိုင်း
ဂျောင်တေးဂျုကို မေးခွန်းမေးကာ စစ်မေးနေခဲ့ပါတယ်။
ဂျောင်တေးဂျူလည်း ဂန်ဘိနာကိုလှမ်းကြည့်လိုက်ပြီး
နားနေခန်းမှာတုန်းက ဂန်ဘိနာက အပေးယူလုပ်ထားပေမယ့် အရင်လိုပဲ မေးခွန်းတွေမေးမှာဖြစ်ကြောင်း
ကြိုပြောထားခဲ့တာကို တွေးလိုက်ပါတယ်။
အဲ့တာကြောင့် ဂျောင်တေးဂျူလည်း သူဘာမှမသိကြောင်းသာ
ထွက်ဆိုနေခဲ့ပါတယ်။
ဟန်ဒါအွန်နဲ့ နစ်နာသူမိသားစုတွေလည်း ဂျောင်တေးဂျူကို မကျေမနပ်ဖြစ်နေခဲ့ကြပါတယ်။
အဲ့ဒီနောက် ဂျောင်တေးဂျူရဲ့ ရှေ့နေက ဂျောင်ဆွန်းဟိုရဲ့
လွန်ခဲ့တဲ့၅နှစ်က၀ယ်ခဲ့တဲ့ သေနတ်နဲ့ကျည်ဆန်ရဲ့ပြေစာကို သက်သေအဖြစ် တင်သွင်းလိုက်ပါတယ်။
တစ်ဖက်က အမှုစစ်ကလည်း ဂျောင်ဆွန်းဟိုကတော့ သေနတ်၀ယ်ခဲ့ပေမယ့်
ပိုင်ရှင်ကတော့ ဂျောင်တေးဂျူသာဖြစ်ကြောင်း ပြောလိုက်ပါတယ်။
ရှေ့နေလည်း တစ်ဖက်သတ်စွပ်စွဲတဲ့အမြင်ဖြစ်ကြောင်းနဲ့
တစ်သက်လုံး ဆေးသုံးလာခဲ့တဲ့လူရဲ့ ထွက်ဆိုချက်ကို ယုံကြည်လို့မရကြောင်း
ပြန်ချေပပြောဆိုပါတယ်။
အဲ့ဒီနောက်မှာတော့ အမှုစစ်က ဂျောင်တေးဂျု
လူသတ်ခဲ့စဉ်က မျက်မြင်သက်သေရှိကြောင်းနဲ့ ကျန်းမာေရး အခြေနေကြောင့်
တက်ရောက်ဖို့ကြာနေတာဖြစ်ကြောင်း ဂန်ဘိနာကိုခဏစောင့်ပေးဖို့ ပြောခဲ့ပါတယ်။
ရှေ့နေက မျက်မြင်သက်သေက တက်ရောက်ဖို့ ဆန္ဒမရှိတာကြောင့်သာ ကြာနေတာဖြစ်ကြောင်း
ပြန်ပြောလိုက်ပါတယ်။
ဒါကြောင့် ဂန်ဘိနာလည်း တရားခွင်ကို ရပ်ဖို့ပြောတော့မယ့်အချိန်မှာပဲ ဂျောင်ဆွန်းဟိုက
တရားခွင်ထဲကို ၀င်လာခဲ့ပါတယ်။
ဟန်ဒါအွန်ဟာ ဂျောင်ဆွန်းဟိုရောက်လာတာကိုကြည့်ပြီး
ပျော်သွားခဲ့ပါတယ်။
လွန်ခဲ့တဲ့ရက်က ဟန်ဒါအွန် ဆေးရုံလာကြည့်တဲ့နေ့မှာ
ဂျောင်ဆွန်းဟိုတစ်ယောက်သက်သေမထွက်ဆိုတော့မယ့်အကြောင်းပြောတာကြောင့် ပြန်ခါနီး မတရားအသတ်ခံရတဲ့အမေဖြစ်သူအတွက်
ပြန်စဉ်းစားဖို့ ဟန်ဒါအွန်ကပြောကာထွက်သွားခဲ့ပါတယ်။
အဲ့ဒီ့စကားကြောင့်ပဲ ဂျောင်ဆွန်းဟိုတစ်ယောက် တရားခွင်ကို ရောက်လာခဲ့တာဖြစ်ပါတယ်။
သက်သေထွက်ဆိုတဲ့အခါမှာတော့ ဂျောင်ဆွန်းဟိုက
အဖွဲ့မှူးဂင်ဆိူယောင်းကို ဓားနဲ့အရင် လက်ကိုထိုးခဲ့ကြောင်း နဲ့
အဲ့ဒီနောက်မှာတော့ဂျောင်တေးဂျုက လက်ကိုဖြတ်ခဲ့တာကို မြင်ခဲ့တဲ့အကြောင်း ပြောပြလိုက်ပါတယ်။
အမှုစစ်လည်း ဘာကြောင့်ဓားနဲ့ထိုးခဲ့တာလဲလို့ မေးလိုက်ပါတယ်။
ဂျောင်ဆွန်းဟိုကတော့ ဟွမ်ချွန်းရပ်ကွက်မှာတုန်းက မိန်းမတစ်ေယာက်ကို
တိူက်ခိုက်ခဲ့မိတာကြောင့် ဂျောင်တေးဂျူက အကြပ်ကိုင်ခဲ့တာဖြစ်ကြောင်း ပြောပြလိုက်ပါတယ်။
အမှုစစ်လည်း ဘာကြောင့် တိုက်ခိုက်ရတာလဲလို့မေးပြန်ပါတယ်။
ဂျောင်ဆွန်းဟိုလည်း ဟွမ်ချွန်း ဗီလာမှာနေသူတွေက မပြောင်းကြတာကြောင့်
အကုန်သတ်ပစ်ဖို့ ဂျောင်တေးဂျူကခိုင်းခဲ့တာဖြစ်ကြောင်း ပြောပြလိုက်ပြီး နစ်နာသူမိသားစု၀င်တွေဘက်ကိုလှည့်ကာ
တောင်းပန်ခဲ့ပါတယ်။
နစ်နာသူမိသားစု၀င်တွေလည်း ဂျောင်ဆွန်းဟိူကို မကျေနပ်တဲ့အကြည့်တွေနဲ့
ကြည့်နေခဲ့ကြပါတယ်။
အဲ့ဒီနောက် ဂျောင်တေးဂျူရဲ့ ရှေ့နေလည်း သေနတ်မှာ ဂျောင်ဆွန်းဟိုရဲ့လက်ေဗွရာ
တွေ့ထားကြောင်းပြောတဲ့အခါမှာတော့ ဂျောင်ဆွန်းဟိုက အစ်ကိုဖြစ်သူက သူ့လက်ဗွေရာတွေကို
သုတ်ခိုင်းခဲ့တာဖြစ်ကြောင်း ပြောပြလိုက်ပါတယ်။
ဒါ့အပြင် အစ်ကိုဖြစ်သူက ဟွမ်ချွန်းရပ်ကွက်က
ကျောင်းသားလေးကိုသတ်ခဲ့တာကို မြင်ခဲ့ပြီး ဘာမှမလုပ်ပေးနိင်ခဲ့တာကြောင့် စိတ်မကောင်းဖြစ်ကြောင်းလည်း
ပြောပြလိုက်ပါတယ်။
ဒါ့အပြင်ဂျောင်ဆွန်းဟိူက အစ်ကိုဖြစ်သူဟာ အမေကိုအငတ်ထားပြီး
သတ်ခဲ့တဲ့ vdကို သူ့ဆီပို့ခဲ့တာကြောင့် နတ်ဆိုးတစ်ကောင်ဖြစ်ကြောင်း ပြောကာ ဒေါသတွေ ထွက်နေခဲ့ပါတယ်။
ရှေ့နေလည်း ကင်မရာက ဘယ်မှာလဲလို့ ဂျောင်ဆွန်းဟိုကို
မေးလိုက်ပါတယ်။
ဂျောင်ဆွန်းဟိုလည်း
သူအကုန်မြင်ခဲ့ေကြာင်း ပြောပြေနခဲ့ပေမယ့်ရှေ့နေက သက်သေမရှိတာကြောင့် စွပ်စွဲမရေကြာင်းပြန်ပြောလိုက်ပါတယ်။
အဲဒီနောက် ဂန်ဘိနာလည်း တရားစီရင်တာကိုခဏနားလိုက်ပါတော့တယ်။
တခြားတဖက်မှာတော့ ရဲစခန်းမှာ အွန်းဆော့က
မြေအောက်ခန်းတစ်ခုကို ရှာတွေ့ခဲ့ေကြာင်း ပြာတိပြာယာနဲ့ လာပြောခဲ့ပါတယ်။
အဲ့တာကြောင့် ဟန်ဒါအွန်တို့ ရဲအဖွဲ့လည်း
မြေအောက်ခန်းကိုသွားရှာခဲ့ကြပြီး အထဲအရောက်မှာတော့ ဇိမ်ခံပစ္စည်းတွေနဲ့ဧည့်ခန်းလို
နေရာတစ်ခုကိုတွေ့လိုက်ရပါတယ်။
ဟန်ဒါအွန်တို့လည်း ဂျောင်တေးဂျူလာနေကြနေရာဖြစ်နိင်ကြောင်းပြောနေကြပြီး
ဗီဒီယိုတိတ်ခွေတွေကိုရှာကြပါတော့တယ်။
အဲ့ဒီနောက် ဟန်ဒါအွန်တစ်ယောက် သူ့မိသားစု အသတ်ခံရတုန်းက
ဗီဒီယိုအပြင် တခြားနစ်နာသူတွေရဲ့ တိတ်ခွေတွေပါ တွေ့လိုက်ရပါတယ်။
ဟန်ဒါအွန်ဟာ သူ့မိသားစုတိတ်ခွေကိုကြည့်ကာ မျက်ရည်ထွက်မတတ် ဒေါသတွေထွက်ရင်း
၀မ်းနည်းနေခဲ့ပါတယ်။
ဂန်ဘိနာလည်း ဟန်ဒါအွန်ပို့ပေးလိုက်တဲ့ ဗီဒီယိုတွေကို
လက်တော့နဲ့ ကြည့်နေခဲ့ပါတယ်။
ဂန်ဘိနာတစ်ယောက် ဟန်ဒါအွန်မိသားစု အသတ်ခံရတဲ့ vdကိုကြည့်ပြီး
စိတ်မကောင်းဖြစ်ကာ ငိုချင်နေပါပြီ။
အဲ့ဒီနောက်မှာတော့ တရားခွင်မှာ အမှုစစ်က ဂျောင်တေးဂျူ
သတ်ခဲ့တဲ့ ဗီဒီယိုသက်သေတွေရှိကြောင်း ပြောလိုက်ပါတယ်။
အဲ့တာကြောင့် ဂန်ဘိနာလည်း လူသတ်သမားဂျေဆိုတာ ၀န်ခံလားလို့
ဂျောင်တေးဂျူကို မေးလိုက်ပါတယ်။
ရှေ့နေလည်း ဂန်ဘိနာကို ပြန်ငြင်းဆိုဖို့ လုပ်တဲ့အခါမှာတော့ ဂျောင်တေးဂျူက တားလိုက်ပြီး
သူလုပ်ခဲ့တာဖြစ်ကြောင်း ၀န်ခံလိုက်ပါတယ်။
အကုန်လုံးလည်း အံ့ဩသွားကြပြီး စိတ်တိုသွားကြပါတော့တယ်။
အဲဒါကြောင့် ဂန်ဘိနာလည်း ဂျောင်တေးဂျူဟာ
ကိုယ့်ကိုကိုယ်၀န်ခံတဲ့အပြင် ဗီဒီယိုသက်သေတွေလည်း၁၃ခုရှိပြီး အပြစ်ရှိကြောင်းထင်ရှားတာကြောင့်
နစ်နာသူမိသားစုတွေကို နောက်ဆုံးအနေနဲ့ ဘာပြောချင်လဲလို့ မေးလိုက်ပါတယ်။
ဂျောင်တေးဂျူလည်း နစ်နာသူမိသားစုတွေဘက် လှည့်လိုက်ပြီး ပြောပါတယ်။ သူဟာ
ငယ်ငယ်ထဲက ဆင်းရဲခဲ့တာကြောင့် ဆင်းရဲတဲ့ဒဏ်ကို ကောင်းကောင်းနားလည်ကြောင်း၊ ဒါကြောင့် သူဟာ
ဆင်းရဲတွင်းထဲကနေ မာနကြောင့် အခုလိုမျိူးအခြေနေထိ ဖြစ်လာရကြောင်း ပြောနေပါတယ်။
အဲ့ဒီနောက်မှာတော့ သူဟာဆင်းရဲတဲ့လူတွေကိုမှရွေးသတ်ပြီး
ဆင်းရဲတွင်းထဲက ကယ်ပေးခဲ့တာကြောင့် သူ့ကိုတောင် ကျေးဇူးတင်ရမယ့်အကြောင်း
ပဒီးပဒါးတွေ ပြောပါတော့တယ်။
အဲ့ဒီချိန်မှာပဲ နစ်နာသူမိသားစု၀င်ထဲက တစ်ယောက်က
ဂျောင်တေးဂျူပြောတာတွေကို သည်းမခံနိင်တော့ဘဲ ထွက်လာပြီး ထိုးဖို့
လုပ်တာကြောင့် ရဲတွေက ၀င်ထိန်းလိုက်ရပါတယ်။
နစ်နာသူမိသားစု၀င်တွေအားလုံးလည်း စိတ်တိုနေကြပြီး
ဂျောင်တေးဂျူကိူ မကျေနပ်ဖြစ်နေကြပါတယ်။
အဲ့ဒီနောက်မှာတော့ ဂန်ဘိနာလည်း တရားခွင်ကို ခဏနားပြီး
ရုံးခန်းထဲမှာ ထိုင်စဉ်းစားနေခဲ့ပါတယ်။
ခဏအကြာမှာတော့ တရားခွင်ကိုပြန်စပြီး ဟန်ဒါအွန်က အဖွဲ့မှူး
ဂင်ဆိူယောင်း အတွက် ကြုံခဲ့ရတဲ့အဖြစ်ပျက်ကို မျက်မြင်ထွက်ဆိုနေခဲ့ပါတယ်။
နောက် ဟန်ဒါအွန်က ငယ်စဉ်က လူသတ်သမားဂျေ သတ်မှုမှာ နောက်ဆုံးကျန်ရစ်ခဲ့တဲ့
မျက်မြင်သက်သေဖြစ်တာကြောင့် ပြောပြချင်တဲ့အတွက် ဂန်ဘိနာကိုတောင်းဆိုခဲ့ပါတယ်။
ရှေ့နေ့လည်း အမှုနဲ့ မဆိုင်ကြောင်းထပြောတဲ့အခါမှာတော့ ဂန်ဘိနာက ရှေ့နေကို ထပ်၀င်မပြောဖို့
သတိပေးလိုက်ပါတယ်။
အဲ့တာကြောင့် ဟန်ဒါအွန်လည်း ငယ်စဉ်က လူသတ်သမားဂျေ
ဖြစ်တဲ့ ဂျောင်တေးဂျူဟာ ဟန်ဒါအွန် ပုန်းနေတဲ့ အခန်းတံခါးကိူ အတင်းဖွင့်ခိုင်းဖို့ ကြိုးစားခဲ့ပြီး
သူ့မိသားစုကိုသတ်ခဲ့တာ မြင်ခဲ့ကြောင်း ပြောပြလိုက်ပါတယ်။
အဲ့ဒီချိန်မှာပဲ ရှေ့ေနက အမှုနဲ့မဆိုင်ကြောင်း
ထပ်၀င်ပြောပြန်ပါတယ်။ ဂန်ဘိနာလည်း ရှေ့နေကို အစောင့်တွေနဲ့ အပြင်ကိုဆွဲထုတ်ခိုင်းလိုက်ပြီး ဟန်ဒါအွန်ကို ဆက်ပြောခိုင်းခဲ့ပါတယ်။
ဟန်ဒါအွန်လည်း လောကကြီးက
သူတို့ကိုမေ့သွားပေမယ့် ဥပဒေကတော့အမြဲရှိနေတာကြောင့် အပြစ်ရှိတဲ့သူကို
မျှမျှတတအပြစ်ပေးဖို့ ဂန်ဘိနာကို တောင်းဆိုခဲ့ပါတယ်။
ဂန်ဘိနာလည်း ဟန်ဒါအွန်ပြောတာကို စိုက်ကြည့်ရင်း
သေချာနားထောင်ပေးနေခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ ဂန်ဘိနာလည်း တရားခွင်ပြီးလို့ ပြန်ဖို့
ကားတံခါးဖွင့်တဲ့အချိန်မှာတော့ ကားထဲမှာ ဂါဘရီရယ်က ထိုင်နေခဲ့ပါတယ်။
အဲ့ဒီနောက် ဘာဂါဆိုင်ကိုအတူသွားကြပြီး ဂါဘရီရယ်က ဂန်ဘိနာကို
တရားခွင်မှာပင်ပန်းခဲ့တာကြောင့် မုန့်၀ယ်ကျွေးခဲ့ပါတယ်။
ဂန်ဘိနာလည်း ဘာအဲလ်လာသွားတဲ့အကြောင်းနဲ့ အဖြစ်ပျက်တွေကို ဂါဘရီရယ်ကို ပြောပြလိုက်ပါတယ်။
ဂါဘရီရယ်က အရင်တိုင်း တရားခွင်က ပြန်လွှတ်ပေးဖို့ ဂန်ဘိနာကို ပြောလိုက်ပါတယ်။
ဂန်ဘိနာက ဟန်ဒါအွန်နဲ့ နစ်နာသူမိသားစု၀င်တွေ
အတွက်ကရော အရေးမကြီးဘူးလားလို့ ပြန်မေးလိုက်ပါတယ်။
ဂါဘရီရယ်လည်း ဂျောင်တေးဂျူကို မလွှတ်ပေးရင် ဂန်ဘိနာဟာ သေမှာဖြစ်တာကြောင့် သဘောတိုင်းသာလုပ်ဖို့
အကြံပေးလိုက်ပါတယ်။
ဂလယ်မိုရီ၊ဗဲလ်လက်နဲ့ သန့်ရှင်းရေးနတ်ဆိုးတို့ကလည်း ဂန်ဘိနာ
သေသွားမှာကြောင့် ဂျောင်တေးဂျူကိုအရင်လို လွှတ် ပေးလိုက်ဖို့ ဝိုင်းပြီး
ပြောနေခဲ့ကြပါတယ်။
ဂန်ဘိနာကတော့ ဟန်ဒါအွန်ကို သွားမပြောပြဖို့နဲ့
တရားသူကြီးဖြစ်တာကြောင့် သူ့ဆုံးဖြတ်ချက်အတိုင်း လုပ်မယ်လို့သာ ပြောပြီး ထွက်သွားခဲ့ပါတယ်။
ဂလယ်မိုရီတို့လည်း ဂန်ဘိနာစကားကြောင့် စိတ်ညစ်သွားကြပါတယ်။
အဲ့ဒီနောက် ဂန်ဘိနာက ဟန်ဒါအွန်ရဲ့ ကားလေးနားကို ရောက်လာခဲ့ပြီး မီးဖိုဘေးမှာ
ဟန်ဒါအွန်နဲ့အတူ စကားထိုင်ပြောခဲ့ကြပါတယ်။
ဂန်ဘိနာက တရားခွင်မှာ ဘာစီရင်ချက်ပဲချချ သူ့ကို
မမုန်းသွားဖို့ နဲ့ မုန်းသွားရင်လည်း သူ့ကိုမေ့ပစ်လိုက်ဖို့ ပြောလိုက်ပါတယ်။
ဟန်ဒါအွန်ကတော့ မုန်းသွားတာရော မေ့တာရော
လုံး၀ရှိလာမှာမဟုတ်တဲ့အကြောင်းပြောကာ လက်သန်းချိတ်ပြီး ကတိပေးလိုက်ပါတယ်။
ဂန်ဘိနာလည်း ပျော်သွားခဲ့ပြီး ဟန်ဒါအွန်ကို စိုက်ကြည့်ကာ
ပြုံးနေခဲ့ပါတော့တယ်။
နောက်နေ့မနက်တရားရုံးမှာတော့ ဟန်ဒါအွန်ကို
ပိုင်ရှင်မိန်းမက သူတို့လိုပဲ နစ်နာသူဖြစ်ခဲ့တာကြောင့် အားပေးနေခဲ့ပါတယ်။
အဲ့တာအပြင် ပိုင်ရှင်မိန်းမက သူ့သမီးလာတာကို မျှော်ေနခဲ့ပါတယ်။
မင်ဂျွန်းအမေလည်း ပိုင်ရှင်မိန်းမသမီးက မွေးဖွားဖို့လစေ့ခါနီးပြီမို့
လာတာကြာေနတာဖြစ်နိင်ကြောင်း ပြောကာ နှစ်သိမ့်ပေးနေခဲ့ပါတယ်။
အဲ့ဒီအချိန်မှာပဲ ပိုင်ရှင်မိန်းမရဲ့
သားမက်ဖြစ်သူကရောက်လာပြီး ပိုင်ရှင်မိန်းမကို လှမ်းခေါ်လိုက်ပါတယ်။
ပိုင်ရှင်မိန်းမလည်း အံ့ဩသွားပြီး သမီးဖြစ်သူကကတော့
ပဲကြာဇံသုပ် လုပ်ကျွေးဖို့ပြောကာ သားမိနှစ်ယောက် သင့်မြတ်သွားကြပြီး အတူတူထွက်သွားကြပါတယ်။
ဟန်ဒါအွန်လည်း သားမိနှစ်ယောက်ကို ပြုံးကြည့်နေခဲ့ပြီးနောက်
တရားမျှတမှု နတ်သမီးရုပ်တုကို ကြည့်နေခဲ့ပါတယ်။
မကြာခင်မှာတော့ တရားခွင်လည်းစတော့မှာကြောင့်
ဂန်ဘိနာတစ်ယောက် ၀တ်စုံပြည့်ကာ ရုံးခန်းထဲက မထွက်ခင်မှာပဲ နံရံမှာကပ်ထားတဲ့ တရားသူကြီး ကျမ်းကျိန်စာကို
လှမ်းကြည့်လိုက်ပါတယ်။
အဲ့ဒီနောက် ဂန်ဘိနာလည်း တရားခွင်ထဲကို၀င်လာခဲ့ပြီး နှုတ်ဆက်လိုက်ပါတယ်။
ဟန်ဒါအွန်ကတော့ ဂန်ဘိနာကို ကြည့်ပြီး
ပြုံးနေခဲ့ပါတယ်။
ဂန်ဘိနာလည်း အမိန့်မချခင် ဂျောင်တေးဂျုကို
နောက်ဆုံးပြောစရာစကား ရှိသေးလားလို့ မေးလိုက်ပါတယ်။
ဂျောင်တေးဂျုကတော့ တရားသူကြီးက အမြော်မြင်ရှိရှိ
အမိန့်ချမှတ်နိင်ဖို့ မျှော်လင့်တဲ့အကြောင်း ပြန်ပြောကာ ပြုံးနေပါတယ်။
ဒါကြောင့် ဂန်ဘိနာလည်း ဂျောင်တေးဂျုသတ်ခဲ့တဲ့
အမှုတွေအကုန်နီးပါး စွဲချက်တင်တဲ့ကာလ ကုန်သွားတာကြောင့် အဖွဲ့မှူးဂင်ဆိူယောင်းအမှုနဲ့ပဲ
ပြစ်ဒဏ်ချမှတ်ရမှာဖြစ်ကြောင်း ပြောလိုက်ပါတယ်။
ဒါပေမယ့်လည်း နစ်နာသူမိသားစု၀င်တွေက
အသနားခံစာတင်ခဲ့တာကြောင့် ဂန်ဘိနာက ထည့်သွင်းစဉ်းစားပေးမယ့်အကြောင်း ဆက်ပြောပါတယ်။ အဲ့ဒီနောက်မှာတော့
ဂန်ဘိနာက နစ်နာသူမိသားစု၀င်တွေရဲ့ ခံစားချက်ကိုပါ ထည့်သွင်းစဉ်းစားပေးပြီး ဂျောင်တေးဂျုကို
သေဒဏ်ချမှတ်လိုက်တာပါ။
ဂျောင်တေးဂျူကတော့ ရုတ်တရက်ကြောင်သွားခဲ့ပြီး
နစ်နာသူမိသားစု၀င်တွေလည်း ပျော်သွားကာ ဂန်ဘိနာကို
ကျေးဇူးတင်နေကြပါတော့တယ်။
ဟန်ဒါအွန်လည်း မျက်ရည်တွေဝဲကာ ဂန်ဘိနာကို
ပြုံးပြီးကြည့်နေခဲ့ပါတယ်။
ဂန်ဘိနာအကြောင်း မကောင်းသတင်းအမြဲ ရေးတဲ့
သတင်းထောက်လည်း ဒီတစ်ကြိမ်မှာတော့ ဂန်ဘိနာရဲ့ ဆုံးဖြတ်ချက်ကိုအံသြသွားခဲ့ပါတယ်။
ဂျောင်တေးဂျူလည်း ဂန်ဘိနာကို
မကျေနပ်တဲ့အကြည့်ကြည့်နေခဲ့ပြီး ဂျောင်တေးဂျုကို ရဲတွေလည်း ခေါ်သွားကြပါတော့တယ်။
အဲ့ဒီချိန် ဂန်ဘိနာလည်း မျက်ရည်ကျသွားခဲ့ပြီးတရားခွင်က လှည့်ပြန်မလို့လုပ်နေတုန်း
အဖွဲ့မှူးဂင်ဆိုယောင်းရဲ့ ခင်ပွန်းဖြစ်သူက ဂန်ဘိနာကို ကျေးဇူးတင်တဲ့အကြောင်း လှမ်းအော်ပြောလိုက်ပါတယ်။
အဲ့တာကြောင့် ဂန်ဘိနာလည်း မျက်ရည်ကျရင်းနဲ့ပဲ ပြုံးနေခဲ့ပြီး တရားခွင်က ထွက်သွားခဲ့ပါတော့တယ်။
အဲ့ဒီနောက်မှာတော့ ဂန်ဘိနာလည်း
တရားရုံးအပြင်ကိုထွက်လာခဲ့ပြီး သတင်းထောက်တွေ ဝိုင်းမေးတာခံရပါတော့တယ်။
အဲ့ဒီထဲကမှ ဂန်ဘိနာအကြောင်း အမြဲရေးတဲ့ သတငိးထောက်က
ဂန်ဘိနာက ဒီတစ်ခေါက်အမှုမှာ အခုလိုအမိန့်ချတာဟာ ၂၅ နှစ်က
လူသတ်မှုကြောင့်လားလို့ မေးလိုက်ပါတယ်။
ဂန်ဘိနာကတော့ လူသတ်မှူကျူးလွန်ရင် အမိန့်ချမှတ်တဲ့ ပုဒ်မကိုရွတ်ပြလိုက်ပြီး
ဥပဒေတိုင်း လုပ်ခဲ့တာဖြစ်ကြောင်း ပြောပြပြီးထွက်သွားခဲ့ပါတယ်။ သတင်းထောက်လည်း
ဂန်ဘိနာကိုအံ့ဩနေခဲ့ပြီး ပြုံးလိုက်မိပါတော့တယ်။
အဲ့ဒီနောက်မှာတော့ ဂန်ဘိနာက
ဟန်ဒါအွန်ဆီရောက်လာခဲ့ပြီး ဟန်ဒါအွန်က ပြေးဖက်လိုက်ပါတယ်။
ဂန်ဘိနာလည်း ပြုံးနေခဲ့ပြီး ဟန်ဒါအွန်က တစ်နေရာကို ခေါ်သွားစရာရှိတဲ့အကြောင်း
ပြောလိုက်ပါတယ်။
ဟန်ဒါအွန်ကတော့ ဂန်ဘိနာကို မိသားစုနဲ့ အဖွဲ့မှူး
ဂင်ဆိုေယာင်း ရဲ့ အရိုးပြာရှိတဲ့နေရာကို ခေါ်လာကာ နှုတ်ဆက်စကားပြောရင်း
ငိုနေခဲ့ပါတယ်။
ဂန်ဘိနာလည်း ဟန်ဒါအွန်က်ို ကြည့်ကာစိတ်မကောင်းဖြစ်နေပါတယ်။ အဲ့ဒီနောက်မှာတော့
ဂျောင်ဆွန်းဟိုကို ထောင်ဒဏ် ၁၅ နှစ်ချမှတ်လိုက်ပါတယ်။
တရားခွင်က ပြန်ထွက်လာချိန်မှာတော့ ဂန်ဘိနာက
အနားမှာရပ်ကြည့်နေခဲ့တာကြောင့် ဂျောင်ဆွန်းဟိုလည်း အမြန်ရုန်းကာ ပြေးထွက်လာခဲ့ပြီး စာရွက်တစ်ရွက်ကို
ဂန်ဘိနာလက်ထဲထည့်ပေးကာ ကူညီပေးဖို့ပြောခဲ့ပါတယ်။
ဂန်ဘိနာလည်း ဂျောင်ဆွန်းဟိုပေးတဲ့ စာရွက်ကို
လက်ထဲဖွက်ပြီး ယူထားလိုက်ပါတယ်။
အဲ့ဒီနောက်မှာတော့ တီဗီမှာ ဂန်ဘိနာရဲ့
တရားစီချင်ချက်ကို ဥပဒေအသိုင်းဝိုင်းက ရှုံ့ချနေခဲ့ပြီး ပြည်သူတွေကတော့ ထောက်ခံနေခဲ့တဲ့အကြောင်း
သတင်းေတွလာနေခဲ့ပါတယ်။
သတင်းကြည့်နေတဲ့ တရားသူကြီးချုပ်လည်း စိတ်ညစ်ပြီး တီဗီကို
ပိတ်လိုက်ပါတယ်။
အဲ့ဒီချိန် တရားသူကြီးချုပ်ဆီကိုဖုန်း၀င်လာခဲ့ပြီး လွှတ်တော်အမတ်တစ်ယောက်က
ဂျောင်တေးဂျူ အမှုကို မကျေနပ်ကြောင်းပြောဆိုနေခဲ့ပါတယ်။
တရားသူကြီးချုပ်လည်း ပေါက်ကွဲသွားပြီး အော်ဟစ်ပြောဆိုကာ
ဖုန်းကိုချပစ်လိုက်ပါတယ်။ တရားသူကြီးချုပ်လည်း အခုမှပဲ စိတ်ပေါ့ပါးသွားခဲ့ပြီး
ပျော်နေခဲ့ပါတော့တယ်။
ဂန်ဘိနာ ရုံးကိုရောက်တဲ့အချိန်မှာပဲ အကုန်လုံးက ကြိုဆို
နှုတ်ဆက်နေခဲ့ကြပါတယ်။
အဲ့ဒီချိန် ဂန်ဘိနာရဲ့ လုပ်ဖော်ကိုင်ဖက်လည်းရောက်လာပြီး ဂန်ဘိနာကို
မတရားစီရင်ချက် ချခိုင်းတဲ့ လွှတ်တော်အမတ်ဂျောင်အုပ်စုတို့ရဲ့ သတင်းတွေ ထွက်လာပြီဆိုတဲ့အကြောင်း
ပြောပြလိုက်ပါတယ်။
ဂန်ဘိနာလည်း သတင်းကြားပြီးအံ့ဩနေခဲ့ပါတယ်။ အဲ့ဒီနောက် ဂန်ဘိနာက
တရားသူကြီးချုပ်ရုံးခန်းကို
သွားပြီး ဘာကြောင့် ဒီလိုလုပ်ခဲ့တာလဲလို့မေးလိုက်ပါတယ်။
တရားသူကြီးချုပ်ကတော့ အလုပ်ပြုတ်သွားပြိး
ပစ္စည်းတွေသိမ်းနေခဲ့ပါတယ်။ ဒါ့အပြင် သူ့ကိုယ်သူ တရားသူကြီး တစ်ယောက်ဖြစ်ခဲ့တာကိူ သတိရသွားပြီး
အမြင်မှန်ရသွားကြောင်းပြောပြခဲ့ပါတယ်။
ဂန်ဘိနာကိုတော့ ပြည်သူတွေက ထောက်ခံနေတာကြောင့်
အလုပ်ပြုတ်မှာမဟုတ်ဘဲ တစ်နေရာမှာ တစ်ပတ်လောက်အနားယူနေဖို့ အကြံပေးလိုက်ပါတယ်။
ဂန်ဘိနာက တရားသူကြီးချုပ်ကို ဘာလုပ်ကိုင်စားသောက်မှာလဲလို့
ပြန်မေးလိုက်ပါတယ်။
တရားသူကြီးချုပ်ကတော့ youtuber လုပ်မယ့်အကြောင်း ပြောပြလိုက်ပြီး နှစ်ယောက်သားပြုံးနေကြပါတယ်။
အဲ့ဒီနောက်မှာတော့ ဂျောင်တေးဂျူဆီ
ပိုင်ရှင်မိန်းမက ထောင်၀င်စာနဲ့ လာတွေ့ခဲ့ပါတယ်။
ပိုင်ရှင်မိန်းမလည်း သူအရမ်းသိချင်ခဲ့တဲ့ သူ့သားလေးကို
ဘာကြောင့် သတ်ခဲ့တဲ့အကြောင်းကိူ ဂျောင်တေးဂျုကိုမေးလိုက်ပါတယ်။
ဂျောင်တေးဂျုလည်း ပိုင်ရှင်မိန်းမရဲ့ သား သေသွားရတာဟာ ပိုင်ရှင်မိန်းမ
ဆင်းရဲလို့ဖြစ်ရကြောင်းနဲ့ သူသတ်ခဲ့တုန်းကဖြစ်စဉ်ကို ပြောပြပြီး ရယ်နေခဲ့ပါတယ်။
ဒါကြောင့် ပိုင်ရှင်မိန်းမလည်း လုံး၀ခွင့်မလွှတ်နိင်တဲ့အကြောင်း ပြောပြီး
ဒေါသထွက်နေခဲ့ပါတယ်။
ဂျောင်တေးဂျုကတော့ ဘုရားသခင်က သူ့ကို
ခွင့်လွှတ်ပြီးပြီဖြစ်ကြောင်းနဲ့ အကြာကြီး အသက်ရှည်ရှည်နဲ့ နေသွားရမယ့်အကြောင်း
ပြန်ပြောကာ ရယ်နေခဲ့ပါတယ်။
ပိုင်ရှင်မိန်းမလည်း စိတ်တိုသွားပြီး အော်ဟစ်ငိုယိုသောင်းကျန်းနေတာကြောင့်
ရဲတွေလည်း လာထိန်းလိုက်ရပါတယ်။
အဲ့ဒီနောက်မှာတော့ ပိုင်ရှင် မိန်းမလည်း
အိမ်ပြန်ရောက်လာပြီး ဂန်ဘိနာနဲ့ ဟန်ဒါအွန်က စောင့်နေခဲ့ပါတယ်။
အိမ်ထဲရောက်တဲ့အခါမှာတော့ ဂန်ဘိနာက ဂျောင်ဆွန်းဟိုပေးခဲ့တဲ့
စာရွက်ကို ပိုင်ရှင်မိန်းမကိုပေးလိုက်ပါတယ်။
ပိုင်ရှင်မိန်းမ ဖတ်ကြည့်တဲ့အခါမှာတော့ သားဖြစ်သူ
သေဆုံးတဲ့နေ့က ဂျောငိဆွန်းဟိူ ရှိနေခဲ့ပြီး သားဖြစ်သူချန်ခဲ့တဲ့
လက်ဆောင်လေးကို ကောက်ရထားခဲ့ပါတယ်။
ဂျောင်ဆွန်းဟိုလည်း သူ့အမေကိုသတိရတာကြောင့် မလွှတ်ပစ်ဘဲ
သိမ်းထားခဲ့ပြီး အခုမှ ပေးရတာဖြစ်ကြောင်း ရေးထားခဲ့ပါတယ်။
ပိုင်ရှင်မိန်းမလည်း လက်ဆောင်ကို
ထုတ်ကြည့်လိုက်တဲ့အခါမှာတော့ သားဖြစ်သူရေးထားတဲ့ ပိုစ့်ကတ်စာလေးဖြစ်နေပြီး အမေဖြစ်သူ လက်ကို နူးညံ့စေချင်တာကြောင့်
လက်လိမ်းခရမ်င်လေးကို လက်ဆောင်ပေးထားခဲ့တာဖြစ်ပါတယ်။
ပိုင်ရှင်မိန်းမလည်း သူ့သားပေးခဲ့တဲ့လက်လိမ်းခရင်မ်လေးကို
ထုတ်ကြည့်ရင်း ငိုနေခဲ့ပါတယ်။
အဲ့ဒီချိန် တစ်ဖက်မှာတော့ ဆေးရုံမှာ ဂျောင်ဆွန်းဟိူတစ်ယောက် ဆွဲကြိုးချ၊ အဆုံးစီရင်သွားခဲ့ပါပြီ။
ဂျောင်တေးဂျူကေတာ့ ထောင်ထဲမှာထိုင်ရင်း ထောင်ကထွက်လို့ရတဲ့ မြေပုံစာရွက်ကို
ခိုးပြီးကြည့်နေခဲ့ပါတယ်။
ကြည့်ပြီးတဲ့အခါမှာတော့ ပါးစပ်ထဲကို ထည့်ကာ လက်စေဖျာက်လိုက်ပါတယ်။
အဲ့ဒီချိန် ကင်းလှည့်နေတဲ့ ရဲကို
ညီဖြစ်သူသေဆုံးသွားတာကြောင့် ဈာပနာသွားဖို့ အထူးထွက်ခွာခွင့်ကို တောင်းဆိုလိုက်ပါတယ်။
ဂန်ဘိနာရဲ့ရုံးခန်းမှာ ဂန်ဘိနာကို ဗဲလ်လက်က
အခုလိုဆုံးဖြတ်ချက်ချလိုက်တဲ့အတွက် နောင်တမရဘူးလားလို့မေးနေခဲ့ပြီး ညကျရင်
နှုတ်ဆက်ပါတီကို လာဖို့ ၀မ်းနည်းစွာ ခေါ်နေခဲ့ပါတယ်။
ဂန်ဘိနာလည်း နားငြိးတဲ့အကြောင်းပြန်ပြောကာ ဗဲလ်လက်ကို မောင်းထုတ်လိုက်ပါတယ်။
ဗဲလ်လက်ထွက်သွားပြီး ဂန်ဘိနာလည်း အပြင်သွားဖို့ လုပ်နေတဲ့အချိန်မှာပဲ သေခြင်းတရားနတ်ဆိူးက ရောက်လာပြီး
ဂန်ဘိနာကိုသတ်ဖို့ စောင့်နေခဲ့ပါတယ်။
ဂန်ဘိနာလည်း အချိန်ခဏလောက်ပေးဖို့ကိုတောင်းဆိုလိုက်ပြီး ဟန်ဒါအွန်နဲ့ တံတားတစ်ခုမှာ လာတွေ့ခဲ့ပါတယ်။
ဟန်ဒါအွန်လည်း သတင်းထောက်တွေကြားက
မနည်းထွက်လာခဲ့ရတဲ့အကြောင်း ဂန်ဘိနာကိုပြောပြနေခဲ့ပါတယ်။
ဂန်ဘိနာကတော့ ဟန်ဒါအွန်ကို အရင်ကပြောခဲ့တဲ့ အနားမှာ အတူတူရှိပေးမယ့်ကတိကို
မတည်နိင်တော့ကြောင်း ပြောပြလိုက်ပါတယ်။
ဟန်ဒါအွန်လည်း ရုတ်တရက်ကြောင်သွားပေမယ့် နယ်ဘက်ကို
ပြောင်းရွှေ့ရမယ်လိူ့သာ ထင်သွားခဲ့ပါတယ်။
ဂန်ဘိနာလည်း ဟန်ဒါအွန်ကို ဘာမှထပ်မပြောပြတော့ဘဲ
ချစ်စရာကောင်းလို့ အသက်ရှင်ကျန်နေခဲ့တာလို့သာ ပြောလိုက်ပြီး
ရုတ်တရက်နမ်းလိုက်ပါတယ်။
တစ်ဖက်မှာတော့ ဂျောင်တေးဂျူက ညီဖြစ်သူဈာပနကနေ ရဲတွေကို
မျက်ချေဖြတ်ပြီးထွက်ပြေးသွားခဲ့ပါတယ်။
ဂန်ဘိနာလည်း ဟန်ဒါအွန်ကို နမ်းပြီးတဲ့နောက်မှာတော့ နှုတ်ဆက်စကားပြောကာ ထွက်သွားခဲ့ပါတော့တယ်။
ဟန်ဒါအွန်လည်း ဂန်ဘိနာရဲ့နှုတ်ဆက်စကားနည်းနည်း
ထူးဆန်းနေပေမယ့် အမှုမဲ့ အမှတ်မဲ့ ဖြစ်နေခဲ့ပါတယ်။
အဲ့ဒီနောက် ဟန်ဒါအွန်လည်း ရဲစခန်းပြန်ရောက်လာပြီး ဂန်ဘိနာရဲ့ နှုတ်ဆက်စကားက
ထူးဆန်းနေခဲ့တာကြောင့် ပြန်တွေးရင်း စိတ်ပူကာ သွားတွေ့ဖို့လုပ်နေတုန်း ဗဲလ်လက်နဲ့ ဂလယ်မိုရီက
ရောက်လာခဲ့ပါတယ်။
ဂလယ်မိုရီကဒေါသထွက်နေခဲ့ပြီး ဗဲလ်လက်က မပြောဖို့တားနေခဲ့ေပမယ့်လည်း
ဂလယ်မိုရီက ဂန်ဘိနာ သေတော့မှာကြောင့် အမြန်သွားကယ်ဖိူ့ ဟန်ဒါအွန်ကို
ပြောလိုက်ပါတယ်။
ဟန်ဒါအွန်လည်း အရမ်းစိတ်ပူသွားပြီး ဂန်ဘိနာဆီပြေးကာ လိုက်ရှာပါတော့တယ်။
အဲ့ဒီချိန်မှာတော့ ဂန်ဘိနာက သေခြင်းတရားနတ်ဆိူးဆီမှာ
ဓားနဲ့ထိုးကာ အသတ်ခံလိုက်ရပြီး ဖြစ်ပါတယ်။
ဟန်ဒါအွန်လည်း ဂန်ဘိနာ ရှိတဲ့ဆီကိုရောက်လာခဲ့ပြီး
သွေးတွေထွက်ကာ မေ့လဲနေတဲ့ ဂန်ဘိနာကို တွေ့လိုက်ရပါတော့တယ်။
ဟန်ဒါအွန်လည်း အော်ဟစ်ငိုယိုကာ အမြန်ကယ်နိုင်ဖို့ ဂန်ဘိနာကို ဆေးရုံပို့ပေးခဲ့ပါတယ်။
ဟန်ဒါအွန်တစ်ယောက် ဂန်ဘိနာကို အရေးပေါ်ခန်းထဲမှာ ဆရာ၀န်တွေ နှလုံးပြန်နှိုးအောင် လုပ်ပေးနေတာကိုကြည့်ရင်း
စိတ်ပူပြီးငိုနေခဲ့ပါတယ်။
ခဏအကြာမှာပဲ ဆရာ၀န်တွေလည်း လက်လျော့လိုက်ရပြီး
ဂန်ဘိနာလည်း နှလုံးခုန် ရပ်သွားခဲ့ပြီဖြစ်ပါတယ်။
အရေးပေါ်အခန်းအပြင်မှာတော့ ဟန်ဒါအွန်တစ်ယောက်
အသက်မဲ့သွားတဲ့ ဂန်ဘိနာကို ကြည့်ရင်း မငိုနိုင်တော့တဲ့အထိ စိတ်ဓာတ်ကျသွားခဲ့ပါတော့တယ်။
ဂန်ဘိနာတစ်ယောက် ဘာအဲလ်ရဲ့ အမိန့်ကိုမနာခံဘဲ
ဂျောင်တေးဂျုကို သေဒဏ်သာချပြီး ငရဲကိုမပို့ဘဲ
လွှတ်ပေးလိုက်တာကြောင့် သေခြင်းတရားနတ်ဆိုးရဲ့ ခေါ်ဆောင်ခြင်းကို ခံခဲ့ရပါတယ်။
ဒ့ါကြောင့် ဂန်ဘိနာလည်း ဆေးရုံမှာ
အသက်မဲ့သွားခဲ့ပြီးနောက်မှာတော့
ဟန်ဒါအွန်က
ဈာပနာတစ်ခုကို ၀မ်းနည်းစွာနဲ့ ရောက်လာခဲ့ပါတယ်။
အဲ့ဒီချိန် ဈာပနာထဲကနေ ဗဲလ်လက်ကလည်း ၀မ်းနည်းနေတဲ့မျက်နာနဲ့
ထွက်လာခဲ့ပါတယ်။
ဟန်ဒါအွန်လည်း ဗဲလ်လက်ကို ကြည့်ကာ
စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ ဈာပနခမ်းမထဲ ၀င်သွားခဲ့ပြီး အထဲမှာတော့
ဗီလာမှာနေတဲ့ အဖွားရဲ့ ဈာပနဖြစ်နေပါတယ်။
ဘေးမှာတော့ ပိုင်ရှင်မိန်းမက အဖွားရဲ့ မိသားစု၀င်အဖြစ်
ရှိနေပေးပါတယ်။ ပိုင်ရှင်မိန်းမလည်း ဟန်ဒါအွန်ကို နှုတ်ဆက်ရင်း
ဂန်ဘိနာရဲ့အခြေနေကို မေးလိုက်ပါတယ်။
ဟန်ဒါအွန်လည်း ပိုင်ရှင်မိန်းမကို စိတ်မကောင်းတဲ့မျက်နှာနဲ့ စိုက်ကြည့်နေလိုက်ပါတယ်။
တဖက်မှာတော့ ဆေးရုံမှာ အသက်မဲ့သွားခဲ့တဲ့ ဂန်ဘိနာကို ဆရာ၀န်တွေလည်း လက်လျှော့ပြီး ပိတ်ဖြူနဲ့ အုပ်လိုက်ပါတယ်။
ဟန်ဒါအွန်လည်း မျက်ရည်ကျရင်း ဂန်ဘိနာရဲ့
အလောင်းနားကို ဖြေးဖြေးချင်းသွားလိုက်ပါတယ်။
အဲ့ဒီနောက် ဂန်ဘိနာအပေါ်က ပိတ်ဖြူကို ဖယ်လိုက်ပြီး
အသက်မဲ့နေတဲ့ ဂန်ဘိနာမျက်နာကို စိုက်ကြည့်ရင်း ၀မ်းနည်းနေခဲ့ပါတယ်။
ဟန်ဒါအွန်တစ်ယောက် ဂန်ဘိနာကိုကြည့်ရင်း
ငိုနေခဲ့ပြီး မျက်ရည်စက်ကလည်း ဂန်ဘိနာ ပါးပြင်ပေါ်ကျသွားခဲ့ပါတယ်။
အဲ့ဒီချိန်မှာပဲ ဂန်ဘိနာက ရုတ်တရက် လှုပ်လာခဲ့ပြီး
နှလုံးတွေလည်း ပြန်ခုန်လာပါတော့တယ်။ ဟန်ဒါအွန်လည်း အံ့ဩသွားကာ
ဆရာ၀န်ကို ပြေးခေါ်လိုက်ပါတယ်။
ဂန်ဘိနာဟာ ငရဲမှာ ဘာအဲလ်နဲ့တွေ့ပြီး
ထာ၀ရသေဆုံးခြင်းကို ထွက်သွားဖို့အတွက် လုပ်ခဲ့ပါတယ်။
ဂန်ဘိနာ ထွက်သွားဖို့လုပ်နေတုန်း အနောက်ကနေ
ရုတ်တရက် ဗီလာက အဖွားရဲ့ အသံကိုကြားလိုက်ရပါတယ်။
လှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ အဖွားပုံစံ ဂါဘရီရယ်
ဖြစ်နေခဲ့ပြီး သူ့ကိုယ်သူ မိတ်ဆက်လိုက်ပါတယ်။
ဘာအဲလ်လည်း ဂါဘရီရယ်ကို အရိုသေပေးလိုက်ပြီး အံ့ဩနေပါတယ်။
အဲ့ဒီနောက်မှာ ဂါဘရီရယ်က ဂန်ဘိနာဟာ ဂျောင်တေးဂျုကို သေဒဏ်ချပြီး
လူသားတွေကို စိတ်သက်သာအောင်လုပ်ပေးခဲ့တဲ့အပြင် သူ့အသက်သူ စတေးခံခဲ့တာကြောင့်
သနားစရာကောင်းတဲ့ လုပ်ရပ်ဖြစ်ကြောင်း ပြောလိုက်ပါတယ်။
အဲ့တာကြောင့်ပဲ ဘုရားသခင်က ဂန်ဘိနာကို
အသက်ရှင်ခွင့် ထပ်ပေးလိုက်ကြောင်း ဂါဘရီရယ်က လာပြောခဲ့တာပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဘာအဲလ်လည်း မတတ်နိင်တော့ဘဲ
ဂန်ဘိနာကို ကြည့်ပြီး ထွက်သွားပါတော့တယ်။
ဂန်ဘိနာလည်း အဖွားပုံစံ ဂါဘရီရယ်ကိုကြည့်ကာ
အံ့ဩနေခဲ့ပြီး ဒီကို ဘယ်လိုရောက်လာတာလဲလို့ မေးလိုက်ပါတယ်။
ဂါဘရီရယ်က ဘာမှမပြောဘဲ ပြုံးနေခဲ့တာကြောင့် ဂန်ဘိနာလည်း
သေသွားခဲ့တာလားလို့
အံ့ဩစွာနဲ့ ဂါဘရီရယ်ကိုမေးလိုက်ပါတယ်။
အဲ့ဒီချိန်ဗီလာမှာတော့ အဖွားက အိပ်နေရင်းပြုံးပြီး
သေဆုံးသွားခဲ့ပြီဖြစ်ပြီး အနားက ဖယောင်းတိုင်မီးတွေလည်း
ငြိမ်းသွားခဲ့ပါတယ်။
အဲဒီ့အချိန် ငရဲမှာတော့ ဂါဘရီရယ်က ဂန်ဘိနာဟာ
သူကယ်တင်ရမယ့် နောက်ဆုံးကောင်းမွန်သူ ဖြစ်ခဲ့တဲ့အကြောင်း ပြောပြလိုက်ပါတယ်။
ဂန်ဘိနာလည်း အရင်က ဂျောင်တေးဂျုကို ဘာကြောင့်မလွှတ်ပေးဖို့ ပြောခဲ့တာလဲလို့
မေးလိုက်ပါတယ်။
ဂါဘရီရယ်က ဂန်ဘိနာကို စမ်းသပ်ခဲ့တာဖြစ်ကြောင်း ပြောပြလိုက်တာကြောင့်
ဂန်ဘိနာလည်း ပြုံးနေမိပြီး ကောင်းကင်တမန်တော်မှ
ဟုတ်ရဲ့လားလို့ ပြန်ပြောလိုက်ပါတယ်။
အဲ့ဒီနောက် ဂါဘရီရယ်လည်း ဂန်ဘိနာကို လုပ်စရာတွေရှိသေးတာကြောင့်
လူ့ပြည်ကိုအမြန်ပြန်သွားဖို့ ပြောကာ ဗိုက်ကဒဏ်ရာကို သက်သာအောင် လုပ်ပေးလိုက်ပါတယ်။
ဂန်ဘိနာလည်း ဂါဘရီရယ်ကို နှုတ်ဆက်ပြီး ပြုံးနေခဲ့ပါတော့တယ်။ အဲ့ဒီနောက်မှာ ဂန်ဘိနာတစ်ယောက်ဆေး ရုံမှာပြန်နိးလာခဲ့ပါတယ်။
ဟန်ဒါအွန်လည်း အံ့ဩသွားပြီး
သူ့ကိုမှတ်မိလားလို့မေးလိုက်ပါတယ်။
ဂန်ဘိနာက
မမှတ်မိစရာမရှိကြောင်း ပြန်ပြောကာ ဗိုက်ကဒဏ်ရာကို ဆွဲခွာပစ်လိုက်ပြီး
ဘာမှမရှိကြောင်း ဟန်ဒါအွန်ကို ပြလိုက်ပါတယ်။
ဟန်ဒါအွန်လည်း ရှက်သွားပြီး
တစ်ဖက်ကိုသာ လှည့်နေခဲ့ပါတယ်။
ဂန်ဘိနာလည်း ဟန်ဒါအွန်ရှက်ေနတာေကြာင့် အကျီပြန်ဖူံးလိုက်ပါတယ်။
အဲ့ဒီချိန်မှာပဲ ဟန်ဒါအွန်ဆီကို ဂျောင်တေးဂျူ ဈာပနကနေ
ထွက်ပြေးပြီး လွတ်သွားတဲ့အကြောင်း
ဖုန်းဆက်လာပါတယ်။
ဟန်ဒါအွန်လည်း ဂျောင်တေးဂျူကိစ္စကို ပြောပြလိုက်ပြီး ဂန်ဘိနာ အံ့ဩနေပါတယ်။
မြို့ရဲ့တစ်နေရာမှာတော့ ဂျောင်တေးဂျူက
တရားခွင်မှာတုန်းက အမှုလိုက်ပေးတဲ့ရှေ့နေနဲ့ စကားပြောနေပါတယ်။
ရှေ့နေ့ဆီက ပတ်စ်ပို့
အတုလုပ်ခိုင်းတာကိုယူလိုက်ပြီး ဂျောင်တေးဂျူက ရှေ့နေအပြင် ဘယ်သူတွေသိသေးလဲလို့ မေးလိုက်ပါတယ်။
ရှေ့နေ့ကတော့ ပတ်စ့်ပိုအတုလုပ်ပေးသူနဲ့ သူပဲသိတာကြောင့်
စိတ်ချဖို့ ပြောလိုက်ပါတယ်။
ရှေ့နေ့က သူ့အတွက် ရှယ်ယာတွေပေးမယ့်အကြောင်း
စကားဟလိုက်ပါတယ်။
ဒါကြောင့် ဂျောင်တေးဂျုလည်း ဖုန်းခဏငှားဆက်ဖို့ ပြောလိုက်ပြီး ရှေ့နေ့လည်း ကားထဲ ငုံ့ယူနေတုန်း ခေါင်းကို ဂွနဲ့ ရိုက်ကာ
သတ်ပစ်လိုက်ပါတယ်။
နောက်တော့ ရှေ့နေရဲ့ ကားကိုယူကာ
ထွက်ပြေးသွားပါတယ်။
ဆေးရုံမှာကတော့ ဂျောင်တေးဂျုကို
သတ်ပစ်မှာလားလို့ ဟန်ဒါအွန်က ဂန်ဘိနာကို မေးလိုက်ပါတယ်။
ဂန်ဘိနာလည်း သေချာပေါက်
သတ်ပစ်မယ့်အကြောင်းပြန်ပြောလိုက်ပြီး ဟန်ဒါအွန်လည်း ရဲတစ်ယောက်ဖြစ်တာကြောင့် သတ်တာကို အားမပေးရဲ ဖြစ်နေခဲ့ပါတယ်။
ဒါ့ကြောင့် ခြေရာခံပြီး အရင်ဖမ်းပေးမယ်လို့
ဟန်ဒါအွန်ကပြောလိုက်ပါတယ်။
ဂန်ဘိနာကတော့ သူအရင်ရှာတွေ့ပြီး
ခဏလေးနဲ့ပြီးသွားမှာဖြစ်ကြောင်း ပြုံးပြီး ပြန်ပြောလိုက်ပါတယါ။
ဟန်ဒါအွန်လည်း ဂန်ဘိနာကို
ဂရုစိုက်ဖို့သာမှာလိုက်ပါတယ်။
ကားမောင်းပြီးထွက်ပြေးလာတဲ့ ဂျောင်တေးဂျူဆီကို
ဖုန်း၀င်လာပါတယ်။ ဖုန်းထဲမှာတော့ ပတ်စ်ပို့က အဆင်မပြေတာကြောင့် မနက်ဖြန် ပြန်လာခဲ့ဖို့ ဂျောင်တေးဂျုကို ပြောနေပါတယ်။
ဂျောင်တေးဂျုလည်း စိတ်တိုသွားပြီး
ကားကိုပြန်လှည့်လိုက်ပါတယ်။
တစ်ဖက်မှာတော့ ဂျောင်တေးဂျူကို
မှန်ထဲကနေ ဂန်ဘိနာက ကြည့်နေခဲ့တာဖြစ်ပါတယ်။
ဘေးမှာတော့ ဂလယ်မိုရီ၊ ဗဲလ်လက်နဲ့
သန့်ရှင်းရေးနတ်ဆိုးအဖွဲ့ကရှိနေခဲ့ပြီး ဂျောင်တေးဂျူကို သတ်တာကူညီဖို့အတွက် အဆင်သင့်ဖြစ်နေကြပြီဖြစ်ကြောင်း ဂန်ဘိနာကို ပျော်ရွှင်စွာပြောနေကြပါတယ်။
ဂန်ဘိနာလည်း ကွန်ဖီးဒန့်အပြည့်နဲ့ အကုန်လုံးကို
သေချာရှင်းလင်းဖို့ မှာလိုက်ပြီး ကားမောင်းကာ ထွက်သွားပါတယ်။
ဂလယ်မိုရီတို့လည်း ဂန်ဘိနာကို အားပေးရင်း အနောက်မှာ
ကျန်ခဲ့ပါတယ်။
တချိန်တည်းမှာပဲ သေသွားတဲ့ရှေ့နေအလောင်းဆီကို
ဟန်ဒါအွန်တို့ ရဲအဖွဲ့တွေ ရောက်လာခဲ့ကြပြီး
ဂျောင်တေးဂျူလက်ချက်မှန်းသိသွားကြပါတယ်။
ဒါကြောင့် ဟန်ဒါအွန်လည်း ရှေ့နေရဲ့ကားနဲ့
ထွက်ပြေးသွားတဲ့ ဂျောင်တေးဂျူကို မြန်မြန်ခြေရာခံဖို့ ပြောပါတယ်။
ဂျောင်တေးဂျူကတော့ သူ့အိမ်ဖြစ်တဲ့
အမတ်ဂျောင် အိမ်ကို ပြန်လာခဲ့ပြီး လေတချွန်ချွန်နဲ့ လှည့်ပတ်ကြည့်နေပါတယ်။
ခဏအကြာမှာတော့ အပေါ်ထပ်ကနေ ဂန်ဘိနာတစ်ယောက် ဆင်းလာခဲ့ပြီး
ဂျောင်တေးဂျူကို နှုတ်ဆက်လိုက်ပါတယ်။
ဂျောင်တေးဂျူလည်း စိတ်ပျက်သွားပြီး သူ့ကို
သစ္စာဖောက်သွားပြီး ပြုံးနေနိင်သေးတာလားလို့ မေးလိုက်ပါတယ်။
ဂန်ဘိနာကတော့ နတ်ဆိုးဆိုတာ အရင်ထဲက ဂျောင်တေးဂျူလို
ကောက်ကျစ်တတ်တဲ့အကြောင်း ပြန်ပြောလိုက်ပါတယ်။
ဒါကြောင့် ဂျောင်တေးဂျူလည်း စိတ်တိုသွားပြီး
ကျောက်တုံးတစ်ခုကို ယူကာ ဂန်ဘိနာကို ထုဖို့လုပ်ပါတယ်။
ဂန်ဘိနာလည်း သူ့အားနဲ့ပြန်ချတဲ့အခါမှာတော့
ကျောက်တုံးက ဂျောင်တေးဂျူ ခြေထောက်ပေါ် ပြန်ပြုတ်ကျသွားပါတယ်။
ဂျောင်တေးဂျူတစ်ယောက် ခြေထောက်နာလို့ ထိုင်နေတုန်း ဂန်ဘိနာက
အနားရောက်လာပြီး တရားခွင်ကို စတော့မှာဖြစ်ကြောင်းနဲ့
ကျူးလွန်ခဲ့တာတွေအတွက် ပြန်လည်သုံးသပ်တာမျိုးရှိခဲ့လားလို့ ဂျောင်တေးဂျုကို
မေးလိုက်ပါတယ်။
ဂျောင်တေးဂျုလည်း နောင်တရတဲ့ပုံမပေါ်ဘဲ
ပြန်ပြောနေခဲ့တာကြောင့် ဂန်ဘိနာလည်း သူ့ရဲ့နစ်နာသူတွေလို
ပြန်ခံစားရမယ့် နှိပ်စက်တဲ့ ကမ္ဘာဆီကို ဂျောင်တေးဂျုကို ခေါ်သွားပါတယ်။
ပထမနေရာကတော့ တောအုပ်တစ်ခုထဲမှာဖြစ်ပြီး
ဂန်ဘိနာက အမဲလိုက်သေနတ် ကိုင်ထားခဲ့ပါတယ်။
ဂျောင်တေးဂျုကို အရင်ကအမဲလိုက်ရတာကြိုက်ကြောင်း
သိထားတာကြောင့် အခုအမဲလိုက်ကြည့်ဖို့ လုပ်တာဖြစ်ကြောင်း ဂန်ဘိနာကပြောပါတယ်။
ဂျောင်တေးဂျူလည်း ကြောက်နေခဲ့ပြီး ဂန်ဘိနာလည်း
ပျင်းစရာကောင်းတယ်ဆိုကာ သေနတ်ကိုချကာ
ဒူးလေးကိုပြောင်းကိုင်ပြီး ပစ်ပါတယ်။
ဂျောင်တေးဂျုလည်း ကြောက်တာကြောင့် တောထဲကို
ထွက်ပြေးပါတယ်။
ဂျောင်တေးဂျူဟာ ထွက်ပြေးနေရင်း ဂန်ဘိနာလက်ချက်နဲ့ ဒဏ်ရာတွေရကုန်ပြီး မပြေးနိင်ဖြစ်နေပါတယ်။
အဲ့ဒီနောက်မှာတော့ ဂန်ဘိနာကအနားကိုရောက်လာပြီး ဒူးလေးနဲ့
နောက်ဆုံးတစ်ချက်ထပ်ပစ်ကာ ဂျောင်တေးဂျုကို သတ်ပစ်လိုက်ပါတယ်။
ဂျောင်တေးဂျုလည်း သေသွားပြီးနောက် ငရဲကိုရောက်လာပါတယ်။
ငရဲမှာ ဂန်ဘိနာရဲ့ တရားစီရင်တဲ့နေရာကို ရောက်နေခဲ့ပြီး ဂျောင်တေးဂျူရဲ့
အဖေဖြစ်သူကို
ဂန်ဘိနာကခေါ်လိုက်ပါတယ်။
ဂျောင်တေးဂျုလည်း အဖေဖြစ်သူကိုမြင်တာကြောင့် အံ့ဩသွားပါတယ်။ ဂန်ဘိနာက နောက်ကျောကိုဓားနဲ့ထိုးခံခဲ့ရလို့ နာကျဉ်းနေတဲ့ အဖေဖြစ်သူနဲ့ သားရဲ့ တိုက်ခိုက်ပွဲကို ကြည့်ချင်ပြီး နိုင်တဲ့သူကိုလွတ်ပေးမယ်လိူ့ပြောကာ
ဓားတွေချပေးလိုက်ပါတယ်။
အမတ်ဂျောင်လည်း ဂျောင်တေးဂျုကို
မကျေနပ်တဲ့အကြည့်တွေနဲ့ကြည့်ကာ ဓားကိုကောက်ယူလိုက်ပါတယ်။
ဂျောင်တေးဂျုလည်း အဖေဖြစ်သူ အဖိုးကြီးကို နိုင်မယ်လို့ထင်ကာ
ဓားကို ကောက်ယူလိုက်ပါတယ်။
နောက်တော့ ဂျောင်တေးဂျူက သားသမီးအတွက်
အနစ်နာခံတယ်လို့တွေးကာ မခံပြင်းဖို့အကြောင်း အမတ်ဂျောင်ကိုပြောလိုက်ပါတယ်။
အမတ်ဂျောင်ကတော့ ဂျောင်တေးဂျုကို သူ့သားမဟုတ်တာကြောင့်
မခံပြင်းဘူးလို့ ပြန်ပြောကာ စတိုက်ခိုက်ကြပါတယ်။
နှစ်ယောက်သား တိုက်ခိုက်နေကြရင်း အမတ်ဂျောင်က ရုတ်တရက်
စာတန်အဖြစ် ပြောင်းလဲသွားတာကြောင့် ဂျောင်တေးဂျုလည်း လန့်သွားပါတယ်။
အဲ့ဒီနောက်မှာတော့ စာတန်နဲ့ ဂျောင်တေးဂျူနှစ်ယောက် ဆက်တိုက်ခိုက်ကြရင်း နောက်ဆုံးမှာတော့ ဂျောင်တေးဂျုပဲရှုံးပြီး
သေသွားခဲ့ပြန်ပါတယ်။
အဲ့ဒီချိန် စာတန်ကိုတော့
နတ်ဆိူးအစောင့်ကပြန်ခေါ်သွားခဲ့ပြီး ဂန်ဘိနာလည်း ဂျောင်တေးဂျုအနားလာကာ နောက်ထပ်တစ်နေရာ သွားဖို့ရှိသေးကြောင်း ပြောလိုက်ပါတယ်။
နောက်တစ်နေရာမှာတော့ ဂျောင်တေးဂျုတစ်ယောက်
ဟန်ဒါအွန်ရဲ့ မိသားစုအိမ်မှာ နိုးလာခဲ့ပါတယ်။
ဂျောင်တေးဂျူက ဂန်ဘိနာကို စိတ်တိုနေခဲ့ပြီး
သတ်ပစ်မယ်လို့ပြောနေပါတယ်။ ဂန်ဘိနာက ရောက်လာခဲ့ပြီး ဒီအိမ်ကို မမှတ်မိဘူးလားလို့ ဂျောင်တေးဂျုကိူမေးပါတယ်။
ဂျောင်တေးဂျူလည်း စိတ်တိုသွားပြီး ကတ်ကြေးနဲ့ ပြေးထိုးဖို့ လုပ်တဲ့အချိန်မှာ ဂန်ဘိနာက ဂျောင်တေးဂျူလက်ကို ပုဆိန်နဲ့ ဖြတ်ပစ်လိုက်ပါတယ်။
ဂျောင်တေးဂျူလည်း လက်ပြတ်သွားတာကြောင့်
နာကျင်လွန်းလို့ အော်ဟစ်နေပါတယ်။
ဂန်ဘိနာက သူချစ်ရတဲ့ သူရဲ့ မိသားစုတွေအပြင် တခြားနစ်နာသူတွေကိုပါ ကိုယ်လက်ေတွဖြတ်ပစ်ခဲ့တာေကြာင့် အခုလို လက်ကို ပြန်ဖြတ်ပစ်ရတာဖြစ်ကြောင်း
ပြောပြလိုက်ပါတယ်။
ဂျောင်တေးဂျုကတော့ ဆင်းရဲတဲ့ ပိုးမွားတွေကို
ကူညီပေးခဲ့တာဖြစ်ကြောင်းပြောရင်း ဂန်ဘိနာကို ဒေါသထွက်နေပါတယ်။
ဂန်ဘိနာလည်း
ဂျောင်တေးဂျူရဲ့ ကျန်တဲ့ လက်နဲ့ ခြေထောက်ကို ဖြတ်ဖို့အနားကပ်လာပါတယ်။
ဂျောင်တေးဂျူလည်း ကြောက်တာကြောင့် မှားသွားကြောင်းပြန်တောင်းပန်နေခဲ့ပြီး ဂန်ဘိနာလည်း ဂျောင်တေးဂျူကိူ ပုဆိန်နဲ့ ခုတ်ဖြတ်ပစ်လိုက်ပါတယတယ်။
အဲ့ဒီနောက် ဂျောင်တေးဂျုတစ်ယောက် အမတ်ဂျောင်
အိမ်ကိုပြန်ရောက်လာခဲ့ပြီး ဂန်ဘိနာကို နာနေပြီဖြစ်တာကြောင့်
အသက်ချမ်းသာပေးဖို့ ဘယ်လိုလုပ်ပေးရမလဲလို့ ပြောလိုက်ပါတယ်။
ဂန်ဘိနာက ဂျောင်တေးဂျူကို
ထောင်၀တ်စုံ၀တ်ခိုင်းလိုက်ပါတယ်။
ဂျောင်တေးဂျူလည်း သူ့ကိုဂန်ဘိနာလွှတ်ပေးမယ်ထင်တာကြောင့် ထောင်၀တ်စုံ၀တ်လိုက်ပါတယ်။
အဲ့ဒီနောက် ဂန်ဘိနာက ဂျောင်တေးဂျုကို ရိုက်ကာ
ထိုးကြိတ်ပါတယ်။
လဲကျသွားတဲ့ ဂျောင်တေးဂျူရဲ့ ခြေထောက်ကို ဆွဲကာ
လိမ်ချိုးပစ်ပါတယ်။ ဂျောင်တေးဂျူလည်း နာကျင်လွန်းတဲ့အတွက်
အော်ဟစ်နေရပါတယ်။
ဂျောင်တေးဂျုလည်း နာတာကြောင့် ပြန်ကုန်းထတဲ့အခါမှာတော့ ဂန်ဘိနာက ခေါင်းကို တက်နင်းချလိုက်ပြီး ဂျောင်တေးဂျူ ခေါင်းလည်း
ခုံထဲကျွံ၀င်သွားပါတယ်။
အဲ့ဒီနောက် ဂန်ဘိနာလည်း ဂျောင်တေးဂျုကို
ဆက်တိုက် ထိုးကြိတ်နေခဲ့ပြီး ဂျောင်တေးဂျူလည်း မျက်နာတစ်ခုလုံး ရစရာမရှိအောင် ဖူးယောင်နေပါတယ်။
အဲ့ဒီေနာက် ဂန်ဘိနာက ဂျောင်တေးဂျူကို နစ်နာသူတွေအတွက် တောင်းပန်ခိုင်းပါတယ်။
ဂျောင်တေးဂျူလည်း တောင်းပန်လိုက်ပြီး ဂန်ဘိနာကတော့
တောင်းပန်ရုံနဲ့ အပြစ်မကင်းသေးတာကြောင့်
ငရဲကိုပို့မယ့်အကြောင်းပြောလိုက်ပါတယ်။
ဂျောင်တေးဂျူလည်း ငရဲကိုပို့မယ်ပြောတာကြောင့် စိတ်တိုသွားပြီး ဂန်ဘိနာကိုပြန်ပြောတဲ့အခါမှာတော့ ဂန်ဘိနာက နောင်တမရသေးတဲ့
ဂျောင်တေးဂျူကို လည်ပင်းညစ်ကာ ငရဲဓားနဲ့
ထိုးပစ်လိုက်ပါတယ်။
အဲ့ဒီနောက် ငရဲတံခါးလည်းပွင့်လာပြီး ဂျောင်တေးဂျူ ဝိဉာဉ်လည်း ငရဲကိုရောက်သွားပါတယ်။
ဂန်ဘိနာကတော့
သေသွားတဲ့ဂျောင်တေးဂျုကို
အမုန်းတရားတွေနဲ့ စိုက်ကြည့်လိုက်ပြီး ထွက်သွားပါတော့တယ်။
မနက်ရောက်တဲ့အခါမှာတော့ ဂျောင်တေးဂျူအိမ်ကို ရဲတွေ
ရောက်လာပါတယ်။
အိမ်ရဲ့ ပန်းခြံထဲမှာတော့ ဂျောင်တေးဂျူကြောင့် သေဆုံးသွားတဲ့
သူတွေရဲ့ နာမည်နဲ့ အခေါင်းတွေကို တန်းစီထားပြီး အရှေ့မှာတော့
ဂျောင်တေးဂျုအလောင်းကို ကြိုးဆွဲချတဲ့ပုံစံနဲ့လုပ်ထားပါတယ်။
အဲ့တာကြောင့် ဟန်ဒါအွန်တို့အဖွဲ့အားလုံးလည်း
အံ့ဩနေပါတော့တယ်။
အခေါင်းတစ်ခုမှာတော့ အဖွဲ့မှူးဂင်ဆိုယောင်း
နာမည်နဲ့မို့ ဟန်ဒါအွန်အပြင်၊ စီနီယာဒုံဟွန်း၊ အွန်းဆော့နဲ့ အဖွဲ့မှူးတို့ပါ
အားလုံး အခေါင်းနားမှာ ရပ်ကြည့်ရင်း ၀မ်းနည်းနေကြပါတယ်။
အဲ့ဒီနောက်မှာတော့ ဗီလာကအဖွားဈာပနကို
လာနှုတ်ဆက်တဲ့
ဟန်ဒါအွန်ကို ပိုင်ရှင်မိန်းမက ဂန်ဘိနာအခြေနေကို မေးပါတယ်။
ဟန်ဒါအွန်လည်း ဂန်ဘိနာကိုလှမ်းကြည့်လိုက်တဲ့အခါမှာတော့ ဂန်ဘိနာတစ်ယောက် ဈာပနမှာကျွေးတဲ့ အစားသောက်တွေကို အားရပါးရ စားသောက်နေပါတယ်။
ဗဲလ်လက်လည်း ဂန်ဘိနာကို ဈာပနမှာကျွေးတဲ့ ထမင်းက
အရမ်းစားကောင်းနေလို့လားလို့ မေးလိုက်ပါတယ်။
ဂန်ဘိနာကတော့ အသားတွေ ဆန်ကိတ်တွေ ထပ်ယူလာဖို့သာ
ဗဲလ်လက်ကို ပြန်ပြောလိုက်ပါတယ်။
အဲ့ဒီချိန် ဂလယ်မိုရီက ရောက်လာပြီး
ဂန်ဘိနာအတွက် အသားနဲ့ ဆန်ကိတ်တွေ လာချပေးပါတယ်။
ဂန်ဘိနာလည်း အံဩသွားပြီး ဂလယ်မိုရီကို
ဒီလိုနေရာကို ဘာကြောင့် ရောက်လာတာလဲလို့ မေးလိုက်ပါတယ်။
ဂလယ်မိုရီလည်း ဂန်ဘိနာကို
ကယ်ခဲ့တဲ့လူရဲ့ ဈာပနဖြစ်တာကြောင့် လာခဲ့တာဖြစ်ေကြာင်း ပြန်ပြောလိုက်ပါတယ်။
အဲ့ဒီနောက် သန့်ရှင်းရေးနတ်ဆိူးအဖွဲ့လည်း ရောက်လာပြီး
ဂန်ဘိနာကို ဂုဏ်ပြုကြောင်း ပြောလိုက်ပါတယ်။
ဒါ့အပြင် အမတ်ဂျောင်အိမ်မှာ
ဂျောင်တေးဂျူသေဆူံးသွားတဲ့သတင်းနဲ့ ဂန်ဘိနာပြောတဲ့အတိုင်း
သန့်ရှင်းပြင်ဆင်ခဲ့တဲ့ပုံစံကို ဖုန်းနဲ့ဖွင့်ပြလိုက်ပါတယ်။
ဂန်ဘိနာ က ကြည့်လိုက်ပြီး ဘာမှဆက်မပြောဘဲအစားဆက်စားနေပါတယ်။ ဂလယ်မိုရီကတော့ သက်သေတွေကို သေချာရှင်းခဲ့တယ်မလားလို့ သန့်ရှင်းရေးနတ်ဆိူးအဖွဲ့ကို
မေးလိုက်ပါတယ်။
သန့်ရှင်းရေးနတ်ဆိူးအဖွဲ့လည်း သေချာရှင်းလင်းခဲ့ပြီး
အလောင်းကိုလည်း သေချာပြင်ဆင်ခဲ့ကြောင်းပြောပါတယ်။
ဂန်ဘိနာလည်း သန့်ရှင်းရေးနတ်ဆိုးအဖွဲ့ကို
ချီးကျူးပေးလိုက်ပြီး ခဏအကြာမှာတော့ ဟန်ဒါအွန်ရောက်လာပါတယ်။
ဂန်ဘိနာဟာ ဗီလာက အဖွားကို သွားနှုတ်ဆက်ပါတယ်။
သူ့အနောက်မှာတော့ ဗဲလ်လက်နဲ့ ဂလယ်မိုရီတို့အုပ်စုလည်း နှုတ်ဆက်ဖို့အတွက်ရပ်နေခဲ့ကြပါတယ်။
ဂန်ဘိနာကတော့ အဖွားကို နှုတ်ဆက်ရင်း အစားသောက်တွေ ငန်ပေမယ့် အသားကတော့ အရသာရှိကြောင်းပြောလိုက်ပါတယ်။
ပိုင်ရှင်မိန်းမနဲ့ ဗဲလ်လက်လည်း ဂန်ဘိနာစကားကြောင့်
ရုတ်တရက် ကြောင်သွားကြပါတယ်။
အဲ့ဒီနောက် အကုန်လုံးလည်း ပြန်ပြုံးသွားကြပြီး ဂန်ဘိနာကိုကြည့်နေပါတယ်။ ဂန်ဘိနာလည်း အဖွားကို နောက်တခါ ဒို့နဲ့အရင်ဆုံးပြန်တွေ့ကြရအောင် သူငယ်ချင်းလို့ပြောရင်း နှုတ်ဆက်ပါတယ်။
အဲ့ဒီနောက်မှာတော့ ဂန်ဘိနာနဲ့ ဟန်ဒါအွန်က
ညဘက်အပြင်မှာ ထိုင်ရင်းအေးဆေးစကားပြောနေခဲ့ကြပါတယ်။
ဟန်ဒါအွန်က ဂန်ဘိနာကို
၀မ်းနည်းနေတဲ့မျက်လုံးတွေနဲ့ကြည့်ရင်း ငရဲကိုပြန်မသွားဖို့ပြောလိုက်ပါတယ်။
ဂန်ဘိနာလည်း ဟန်ဒါအွန်ကို ပြန်ပြုံးပြလိုက်ပြီး ခဏလောက်တော့
နေလို့ရသေးကြောင်း ပြန်ပြောလိုက်ပါတယ်။
မကြာသေးခင်က ဂန်ဘိနာက ဘာအဲလ်နဲ့တွေ့ခဲ့ပြီး
ဘာအဲလ်က ဂန်ဘိနာကိုငရဲပြန်ဖို့ လာခေါ်ခဲ့ပါတယ်။
ဂန်ဘိနာလည်း ဘာအဲလ်ကို ငရဲမှာ သူကအရင်ရာထူးပဲလားလို့
မေးလိုက်ပါတယ်။ ဘာအဲလ်လည်း ရာထူးမပြောင်းဘဲ အရင်လို သူ့ပေါ်
သစ္စာစောင့်သိတဲ့သူ ဖြစ်ရမယ့်အကြောင်း ပြန်ပြောလိုက်ပါတယ်။
အဲဒါကြောင့် ဂန်ဘိနာလည်း တောင်းဆိုစရာရှိကြောင်းပြောလိုက်ပြီး
လက်ခံပေးရင် အရင်လို ငရဲမှာ ဘာအဲလ်ေပါ်သစ္စာစောင့်သိပြီး အမှုထမ်းပေးမယ်လို့
ပြန်ပြောပါတယ်။
အဲ့ဒီနောက်မှာတော့ ဘာအဲလ်ဆီက ခွင့် (၃)နှစ်ရခဲ့ပြီးပြီဖြစ်ေကြာင်း ဟန်ဒါအွန်ကိုပြောပြပါတယ်။
ဟန်ဒါအွန်လည်း (၃)နှစ်ဆိုပေမယ့်
၀မ်းနည်းတဲ့မျက်လုံးတွေနဲ့ဂန်ဘိနာကို စိုက်ကြည့်နေတာမို့
ဂန်ဘိနာက လူသားတွေလို ထာ၀ရအတူပျော်ရွှင်မယ်ဆိုတဲ့ ကတိကိုမပေးနိင်ပေမယ့် ၃နှစ်အတွင်းတော့ သူနဲ့ပျော်ပျော်ရွှင်ရွှင်နေပေးဖို့ တောင်းဆိုလိုက်ပါတယ်။
ဟန်ဒါအွန်လည်း ပြုံးလိုက်ပြီး
ဂန်ဘိနာကို ဖက်ထားလိုက်ပါတယ်။
အဲ့ဒီနောက်မှာတော့ ဂန်ဘိနာက
သူ့ရုံးခန်းမှာ နယ်ဘက်ပြောင်းရတော့မှာမို့ ပစ္စည်းတွေသိမ်းနေပါတယ်။
အတူအလုပ်လုပ်ေနကြစာရေးမလည်း ဂန်ဘိနာကိုလာနှုတ်ဆက်ပါတယ်။
ဗဲလ်လက်လည်း ဂန်ဘိနာကို ပစ္စည်းတွေကူသယ်ပေးမယ့်အကြောင်း ပြောကာ စိတ်မကောင်းဖြစ်နေပါတယ်။
ဂန်ဘိနာလည်း ဗဲလ်လက်ကို အဆင်ပြေတဲ့အကြောင်းပြန်ပြောပြီး ခဏနေမှ တွေ့ကြမယ်လို့ပြောလိုက်ပါတယ်။
ဗဲလ်လက် ထွက်သွားပြီးတဲ့နောက်မှာတော့ ဂန်ဘိနာလည်း စားပွဲပေါ်က တရားသူကြီး ဂန်ဘိနာဆိုတဲ့ ဆိုင်းဘုတ်လေးကိုကြည့်နေပါတယ်။
ခဏအကြာမှာတော့ ဂန်ဘိနာလည်း
ပစ္စည်းသယ်ရင်း ပြန်ဖို့ အောက်ထပ်ဆင်းလာတဲ့အခါမှာတော့ ထမင်းအတူစားနေကြ လုပ်ဖော်ကိုင်ဖက်နှစ်ယောက်နဲ့ တွေ့ပြန်ပါတယ်။
လုပ်ဖော်ကိုင်ဖက်နှစ်ယောက်လည်း ဂန်ဘိနာကို အရင်က မုန်းခဲ့ပေမယ့် နောက်ဆုံးတရားစီရင်ချက်ကြောင့် အခုတော့ သဘောကျသွားပြီဖြစ်ကြောင်း ပြောလိုက်ပါတယ်။
ဂန်ဘိနာလည်း အရင်လိုရန်ပြန်လုပ်မနေတော့ဘဲ
လုပ်ဖော်ကိုင်ဖက်နှစ်ယောက်က်ို သေချာနှုတ်ဆက်လိုက်ပြီး ထွက်သွားပါတော့တယ်။
အဲ့ဒီနောက်မှာတော့ ဟွမ်ချွန်းဗီလာရှေ့မှာ
ဂန်ဘိနာက နယ်ဘက်မှာ တရားသူကြီးတာ၀န်ကျတာမို့ ပြောင်းတော့မှာကြောင့် အကုန်လုံးကို နှုတ်ဆက်နေခဲ့ပါတယ်။
အဲ့ဒီချိန် မင်ဂျွန်းလည်း သူ,ကြီးလာရင်
ဂန်ဘိနာလို ကြည့်ကောင်းတဲ့
တရားသူကြီးဖြစ်ချင်ကြောင်း ပြောလိုက်ပါတယ်။
ဂန်ဘိနာကတော့ တရားသူကြီးဖြစ်ချင်ရင် စာကြိုးစားဖို့
မင်ဂျွန်းကိုပြန်ပြောလိုက်ပါတယ်။
အဲ့ဒီနောက် ဟန်ဒါအွန်လည်း သူလိုက်မပို့လည်း အဆင်ပြေလို့လားလို့ ဂန်ဘိနာကိုမေးလိုက်ပါတယ်။
ဂန်ဘိနာလည်း ဟန်ဒါအွန် ခဏခဏမေးနေတာကြောင့် တကယ်အဆင်ပြေကြောင်း ပြန်ပြောကာ အားလုံးကိုနှုတ်ဆက်ပြီး
ကားမောင်းထွက်သွားပါတယ်။
၂နှစ်ကြာပြီးနောက်မှာတော့ ဂန်ဘိနာတစ်ယောက်
မိန်းမနှစ်ယောက်ရန်ဖြစ်နေတာကို တရားခွင်မှာ စီရင်ပေးနေရပါတယ်။
တရားခွင်ပြီးတဲ့အခါမှာ ဂန်ဘိနာလည်း
ခေါင်းကိုက်နေတုန်း ရုံးက လုပ်ဖော်ကိုင်ဖက်တွေက လာနှုတ်ဆက်ပါတယ်။
ဂန်ဘိနာလည်း ပြုံးပြုံးရွှင်ရွှင်နဲ့
ပြန်နှုတ်ဆက်လိုက်ပြီး လုပ်ဖော်ကိုင်ဖက်တွေက ဟန်ဒါအွန် ထပ်ရောက်လာတဲ့ အကြောင်းပြောလိုက်ပါတယ်။
ဒါကြောင့် ဂန်ဘိနာလည်း ပျော်သွားပြီး ဟန်ဒါအွန်ဆီကို
ထွက်သွားပါတယ်။
ဟန်ဒါအွန်ကတော့ ကမ်းခြေဘက်ကိုကြည့်ရင်း
ဂန်ဘိနာကိုစောင့်နေပါတယ်။
ခဏအကြာမှာတော့ ဂန်ဘိနာလည်းရောက်လာပြီး ဟန်ဒါအွန့်ခါးကို
အနောက်ကနေဖက်လိုက်ပါတယ်။
ဟန်ဒါအွန်လည်း ပျော်သွားပြီး ဂန်ဘိနာနဲ့ အတူတူ လမ်းလျှောက်ကြရင်း အချင်းချင်းကျီစားကာ စ,နောက်နေကြပါတယ်။
အဲ့ဒီချိန်မှာပဲ ဂန်ဘိနာဆီ ဖုန်း၀င်လာခဲ့တာကြောင့် ဂန်ဘိနာလည်း ဖုန်းကိုထုတ်ကိုင်လိုက်ပါတယ်။
ဂန်ဘိနာလည်း ဖုန်းပြောရင်း အံ့ဩသွားပြီး မကြာခင် ဆိုးလ်တရားရုံးကို ပြောင်းလာရတော့မယ့်အကြောင်း
ဟန်ဒါအွန်ကိုပြောပြလိုက်ပါတယ်။
ဟန်ဒါအွန်လည်း ပျော်သွားပြီး ဆိုးလ်ရောက်ရင် ဘယ်သူ့ကိုအတွေ့ချင်ဆုံးလဲလို့
ဂန်ဘိနာကိုမေးလိုက်ပါတယ်။
ဂန်ဘိနာလည်း သူတွေ့ချင်တဲ့သူတွေတော့ မဟုတ်ဘဲ
ဘယ်လိုနေထိုင်နေကြတယ်ဆိုတာပဲ သိချင်ကြောင်း ပြန်ပြောလိုက်ပါတယ်။
အဲ့ဒီနောက်မှာတော့ ဂန်ဘိနာက
သူတရားစီရင်ခဲ့တဲ့ နစ်နာသူမိသားစုတွေရဲ့ အခြေနေတွေကို
တစ်ယောက်ချင်းစီလိုက်ကြည့်ခဲ့ပါတယ်။
ပထမဆုံးတစ်ယောက်ဖြစ်တဲ့ ရည်းစားရဲ့ရိုက်နှက်တာေတွကို
ခံရပြီး သတ်သေဖို့အထိကြိုးစားခဲ့တဲ့ ချာမင်ဂျောင်းကလည်း အရင်လို
စိတ်ဒဏ်ရာတွေနဲ့ အပြင်မထွက်ရဲတာမျိုး မရှိတော့ပဲ အလုပ်ခွင်မှာ ပျော်ရွှင်စွာနဲ့ အလုပ်လုပ်နေနိင်ခဲ့ပြီ ဖြစ်ပါတယ်။
ဂန်ဘိနာကတော့ စားသောက်ဆိုင်မှာ ချာမင်းဂျောင်းအတွက် ဟင်းတွေ ဝယ်ကျွေးခဲ့ပြီး မတွေ့ခင်မှာပဲ ထွက်သွားပါတယ်။
အဲ့ဒီနောက် သမီးဖြစ်သူနဲ့ မြေးတွေကိုဆုံးရှုံးခဲ့ရတဲ့ အမေဖြစ်သူရဲ့အခြေနေကိုလည်း ဂန်ဘိနာတစ်ယောက် မသိမသာလာရောက် ကြည့်ရှုပါတယ်။
အဲ့ဒီအပြင် အဖေဖြစ်သူ ရေနှစ်အသတ်ခံရတဲ့
ဂျီဟိုတို့မြေးအဖွားဆီကိုလည်း လာတွေ့ခဲ့ပြီး ဂန်ဘိနာတစ်ယောက် ထမင်းသွားစားခဲ့ပါတယ်။
ဂျီဟိူအဖွားကတော့ ဂန်ဘိနာကို ဟင်းတွေထုပ်ကာ ထည့်ပေးနေပြီး
များများစားဖို့ ပြောနေပါတယ်။
အဲ့ဒီချိန် အဖွားလည်း အလုပ်များတာကြောင့်
ထွက်သွားတုန်း ပုံဆွဲနေတဲ့ဂျီဟိုက ဂန်ဘိနာကို သူဆွဲထားတဲ့ ဂန်ဘိနာရဲ့ပုံလာပြပါတယ်။
ဂန်ဘိနာလည်း ပုံထဲမှာ သူရုပ်ဆိုးနေတာကြောင့် ပန်းချီကို
ဝါသနာအရပဲ ဆွဲဖို့သာ ပြုံးရင်း
ဂျီဟိုကိုပြောနေခဲ့ပါတော့တယ်။
အဲ့ဒီနောက် အဖေဆုံးရှုံးခဲ့ရတဲ့ ကင်ဆာသည်လေး ယူဂယောင်းဆီကိုလည်း သွားကြည့်ပါတယ်။
ယူဂယောင်းကိုတော့ သန့်ရှင်ရေးဆိုးနတ်ဆိူးအဖွဲ့က ဆောင်းဘင်းက
ကြိုက်နေခဲ့တာဖြစ်ပြီး ကူညီပေးနေပါတယ်။
အဲ့တာကြောင့် ဂန်ဘိနာက ဆောင်းဘင်းကိူ
ပုံမှန်မဟုတ်တဲ့အကြောင်း ပြောနေတုန်း သန့်ရှင်းရေးနတ်ဆိုး ဂင်ဂျယ်ဟွန်းက
ဗဲလ်လက်လည်း ပုံမှန်မဟုတ်တဲ့အကြောင်း ဂန်ဘိနာကို ယောင်ပြီးပြောမိသွားပါတယ်။
ဂန်ဘိနာလည်း အံ့ဩသွားပြီး ဘယ်လို
ပုံမှန်မဟုတ်တာလဲလို့ပြန်မေးလိုက်ပါတယ်။
တစ်ဖက်မှာတော့ ဗဲလ်လက်က
ခရစ်ယာန်ဘုရားကျောင်းမသွားတော့ဘဲ ဘုန်းကြီးကျောင်းကို ရောက်နေခဲ့တာဖြစ်ပါတယ်။
ဘုန်းကြီးကျောင်းမှာ ခေါင်းလောင်းထိုးရင်း
ဘုန်းကြီးကို မကြာခင် ဘုန်းကြီး၀တ်တော့မယ့်အကြောင်း ပြောနေတာပါ။
အဲ့ဒီနောက် ဂန်ဘိနာလည်း ဟွမ်းချွန်းဗီလာကို ရောက်လာပါတယ်။
ဟွမ်းချွန်းရပ်ကွက်က အရင်လိုတိတ်ဆိတ်နေတဲ့နေရာ မဟုတ်တော့ဘဲ ကလေးတွေလည်း ပျော်ပါးဆော့ကစားနေခဲ့ပြီး သာယာတဲ့ ရပ်ကွက်လေးဖြစ်နေခဲ့ပြီ ဖြစ်ပါတယ်။
ဂန်ဘိနာလည်း အဲ့ဒီမြင်ကွင်းကြောင့်
စိတ်ချမ်းသာနေပြီး ဗီလာထဲ ၀င်သွားပါတယ်။
အဲ့ဒီနောက် ပိုင်ရှင် မိန်းမအိမ်မှာ
ဂန်ဘိနာအပါ၀င် အကုန်လုံးစုပေါင်းပြီး ပျော်ရွှင်စွာ စားသောက်နေကြပါတယ်။
မင်ဂျွန်းအမေကလည်း ဆိုင်လေးတစ်ဆိုင်ပိုင်တဲ့သူဖြစ်လာခဲ့ပြီး
ပိုင်ရှင်မိန်းမလည်း သမီးနဲ့သားမက်နဲ့မြေးလေးနဲ့အတူ ပျော်ရွှင်နေပြီဖြစ်ပါတယ်။
ဂန်ဘိနာလည်း သားဖြစ်သူဆုံးရှုံးထားတဲ့ ပိုင်ရှင်မိန်းမ
ပျော်နေတာကို ကြည့်နေပါတယ်။
ပိုင်ရှင် မိန်းမရဲ့ အိမ်နံရံမှာတော့
ဆုံးသွားတဲ့သားအပြင် မိသားစုဓာတ်ပုံလေးတွေ အများကြီးတိုးလာတာကိုလည်း တွေ့လိုက်ရတာကြောင့် ဂန်ဘိနာလည်း ပြုံးနေပါတယ်။
ပိုင်ရှင် မိန်းမရဲ့ သမီးက ဂန်ဘိနာကို အရာအားလုံးအတွက်
ကျေးဇူးတင်ကြောင်း ပြောနေပါတယ်။
ပိုင်ရှင်မိန်းမလည်း ဂန်ဘိနာကို
ပြုံးကြည့်ပြီး ကျေးဇူးတင်နေပါတယ်။ အဲ့ဒီနောက်မှာတော့ ဂန်ဘိနာနဲ့ ဟန်ဒါအွန်က ခေါင်မိုးထပ်မှာ အတူတူထိုင်ရင်း အခုလို ဂန်ဘိနာ ဆိုးလ်ကိုပြန်ရောက်လာတာကြောင့်
ဟန်ဒါအွန်က အရမ်းလွမ်းနေခဲ့ကြောင်းပြောကာ ပျော်ရွှငိစရာ
ကောင်းတဲ့ညလေးကို အတူတူကုန်ဆုံးခဲ့ကြပါတော့တယ်။
နောက်နေ့မှာတော့
အဖွဲ့မှူးဂင်ဆိုယောင်း အိမ်မှာ ဒါဟီက အဖေဖြစ်သူ မနက်စာကျွေးတာကို အသည်းသန်တွေ ငြင်းပြီး ကျောင်းသွားဖို့ လောနေပါတယ်။
ဒါဟီတစ်ယောက်
လောလောနဲ့ အပြင်ရောက်ပြီးခါမှ အထဲပြန်၀င်ကာ အမေဖြစ်သူ ဓာတ်ပုံကို
ကျောင်းသွားေတာ့မယ့် အကြောင်းပြောကာ နှုတ်ဆက်ပြီး ပြန်ထွက်သွားပါတယ်။
ဟန်ဒါအွန်လည်း ပြုံးနေခဲ့ပြီး ဒါဟီအဖေလည်း ဒါဟီကိုကြည့်ပြီး
ရယ်နေပါတယ်။
ဟန်ဒါအွန်တို့မိသားစုလည်း အဖွဲ့မှူး
မရှိတော့ပေမယ့် မိသားစုတွေ အတူတူ ရှေ့ဆက်ပြီး ပျော်ရွှင်စွာနေကြပါတယ်။
အဲ့ဒီေနာက် ဂန်ဘိနာလည်း ဆိုးလ်တရားရုံးကို
အလုပ်တက်ဖို့ ရောက်လာပါတယ်။
တရားရုံးရှေ့မှာတော့ အရင်လို ဂန်ဘိနာကို
ဆဲဆိုထားတဲ့ ပိုစတာတွေမရှိတော့ဘဲ ပြန်လည်ကြိုဆိုပြီး ကျေးဇူးတင်ထားကြတဲ့ ပိုစတာတွေပဲရှိနေပါတယ်။
ဂန်ဘိနာ ရုံးခန်းထဲ၀င်လာတဲ့အချိန်မှာတော့ စာရေးမနဲ့
ဗဲလ်လက်တို့က ကြိုဆိုပေးပါတယ်။
ဂန်ဘိနာလည်း ကျေးဇူးတင်ကြောင်းပြောလိုက်ပြီး စာရေးမလည်း
ဂန်ဘိနာအကြောင်း အမြဲ သတင်းရေးတဲ့ သတင်းထောက်က
အခုတော့ ကောင်းကောင်းမွန်မွန်ရေးထားကြောင်း ပြောပြပါတယ်။
ဂန်ဘိနာလည်း သတင်းထောက်နာမည်ကို စပ်စုပြီးတဲ့နောက်မှာတော့
ရုံးခန်းထဲ၀င်သွားပါတယ်။
ရုံးခန်းထဲမှာတော့ သူထိုင်နေကြနေရာလေးနဲ့
နာမည်ဆိုင်းဘုတ်ကိုကြည့်ကာ ပျှော်ရွင်စွာနဲ့ အလုပ်လုပ်ဖို့
ထိုင်လိုက်ပေမယ့်လည်း ဗဲလ်လက်ယူလာတဲ့ အမှုဖိုင်တွေကြောင့် ဂန်ဘိနာတစ်ယောက် စိတ်ညစ်သွားပါတယ်။
အဲ့ဒီနောက် ဂန်ဘိနာတစ်ယောက် ထမင်းအတူစားနေကြ
လုပ်ဖော်ကိုင်ဖက်နှစ်ယောက်နဲ့ အတူထမင်းစားရင်း
တရားသူကြီးချုပ်ရဲ့ ယူကျု့ချန်နယ်ကို ကြည့်ရင်းဝေဖန်နေပါတယ်။
အဲ့ဒီချိန် လုပ်ဖော်ကိုင်ဖက်နှစ်ယောက်ကလည်း
လက်ထပ်တော့မှာဖြစ်တာကြောင့် ဂန်ဘိနာကို ဖိတ်စာပေးလိုက်ပါတယ်။
ဂန်ဘိနာလည်း နှစ်ယောက်သား ဘယ်လိုဖြစ်ပြီး
ကြိုက်သွားကြမှန်းမသိတာကြောင့် အံ့ဩရင်း မျက်စိရှက်နေပါတော့တယ်။
ဂန်ဘိနာဟာ လုပ်ဖော်ကိုင်ဖက်နှစ်ယောက်ဆီက
ထမင်းစားပြန်လာရင်း ဒါဟီက ဂန်ဘိနာကို လမ်းမှာတွေ့ပြီး သူနဲ့အတူပါလာတဲ့
သူငယ်ချင်း ကောင်လေးကို မိတ်ဆက်ပေးနေပါတယ်။
သူငယ်ချင်းကောင်လေးကလည်း ဂန်ဘိနာကို
မုန့်၀ယ်ကျွေးခိုင်းခဲ့တာကြောင့် သူံးယောက်သား မုန့်အတူတူသွားစားကြပါတယ်။
ဆိုင်ရောက်တဲ့အခါမှာတော့ ဂန်ဘိနာလည်း
ဒါဟီကို ရေခဲမုန့်သွားယူခိုင်းလိုက်ပြီး သူငယ်ချင်းကောင်လေးကို အကဲခတ်ကာ ခုနက စကားပြောရိုင်းတဲ့အကြောင်း ပြောလိုက်ပါတယ်။
သူငယ်ချင်းကောင်လေးလည်း သူငယ်ချင်းအချင်းချင်း ပြောလို့မရဘူးလားလို့ ပြန်ပြောပါတယ်။
ဂန်ဘိနာလည်း သူငယ်ချင်းဆိုတဲ့စကားကြောင့် ထူးဆန်းသွားပြီး မှန်ကိုကြည့်လိုက်တဲ့အခါမှာတော့ ဂါဘရီရယ်ဖြစ်နေတာကို တွေ့လိုက်ရပါတော့တယ်။
အဲ့ဒါကြောင့် ဂန်ဘိနာလည်း သူ့သူငယ်ချင်း
ဂါဘရီရယ်ဖြစ်တဲ့ ဒါဟီရဲ့ သူငယ်ချင်းကောင်လေးကို ပြုံးပြီးကြည့်နေပါတော့တယ်။
အဲ့ဒီနောက် ဂန်ဘိနာ ရုံးခန်းထဲမှာ
အလုပ်လုပ်နေတုန်း ရုတ်တရက် ဘာအဲလ် ရောက်လာပါတယ်။
လူစီဖာက ဂန်ဘိနာကို အပြစ်ကျူးလွန်သူ ၁၀ယောက်ကို
ငရဲပို့ပေးနိင်ရင် လူဖြစ်ခွင့်ပေးမယ့်အကြောင်း ဘာအဲလ်က လာပြောပြတာပဲ ဖြစ်ပါတယ်။ အဲဒါကြောင့်ဘာအဲလ်က
ဂန်ဘိနာကိုလည်း
အခုထိ သူ့ရဲ့နေရာ ဆက်ခံသူအဖြစ်ရှိ
နေစေချင်သေးတာကြောင့် ဒီအခွင့်ရေးကို လက်လွှတ်စေချင်နေခဲ့ပါတယ်။
နောက်တော့ ဘာအဲလ်လည်း ဂန်ဘိနာကို
အမြန်ရွေးချယ်ဖို့ပြောခဲ့ပြီး ထွက်သွားပါတယ်။
ဂန်ဘိနာလည်း ရုတ်တရက် စဉ်းစားရခက်ကာ
အကြပ်ရိုက်နေပါတယ်။
နိုဘူံးရဲစခန်းမှာတော့ အဖွဲ့မှုးကဟန်ဒါအွန်တို့
အုပ်စုကိုနောက်အမှုတွေအတွက် တရားခံကို ကြိုးစားရှာကြဖို့ ပြောနေပါတယ်။
အွန်းဆော့လည်း သူကြိုးစားတော့မယ့်အကြောင်းပြောကာ အမှုဖိုင်ဖာဘူးတွေ
အများကြီးသယ်ကာ ထွက်သွားပါတယ်။
အဲ့ဒီချိန် ဟန်ဒါအွန်လည်း မက်ဆေ့၀င်လာတာကြောင့်
ဖုန်းကို ဖွင့်ကြည့်လိုက်ပါတယ်။
ဂန်ဘိနာဆီက မက်ဆေ့ဖြစ်ပြီး ပြောစရာရှိတာကြောင့် တွေ့မယ့်အကြောင်း ပြောထားတာဖြစ်ပါတယ်။
ဟန်ဒါအွန်ဟာ ဂန်ဘိနာနဲ့
ညဘက်တူတူလမ်းလျှောက်ကြရင်း ဘာအဲလ် ပြောသွားတဲ့အကြောင်းတွေ သိလိုက်ရပါတယ်။
ဂန်ဘိနာက လူသားဖြစ်ချင်ပေမယ့် အရင်လို လူသတ်ရပြီး နစ်နာသူတွေခံစားရတာကို
မကြည့်ချင်တော့တဲ့အကြောင်း ဟန်ဒါအွန်ကို ပြောပြပါတယ်။
ဟန်ဒါအွန်လည်း အရင်ကသူ့ကို
ဂျောင်တေးဂျုကို သတ်မသတ် ရွေးချယ်ခိုင်းတုန်းက ဘယ်လိုပဲဖြစ်ဖြစ် ဂန်ဘိနာက ယုံကြည်ပေးခဲ့တာကြောင့် အခုလည်း ဂန်ဘိနာကိူ ဘယ်လိုဆုံးဖြတ်ချက်ပဲချချ ယုံကြည်နေမယ်လို့ ဟန်ဒါအွန်က ပြန်ပြောလိုက်ပါတယ်။
ဂန်ဘိနာလည်း ဟန်ဒါအွန်ကိုကြည့်ကာ ပြုံးလိုက်ပြီး
နှစ်ယောက်သား လက်ချင်းချိတ်ကာ အတူတူ ထွက်သွားခဲ့ကြပါတယ်။
နောက်နေ့ မနက်မှာတော့
ဂန်ဘိနာတစ်ယောက် တရားခွင်မှာ တရားစီရင်နေပါတယ်။
နစ်နာသူ မိသားစု၀င်ကငိုနေခဲ့ပြီး
တရားခံကတော့ နောင်တရနေတဲ့ပုံမပေါက်ဘဲ ဂန်ဘိနာကိုတောင် မထိမဲ့မြင်လုပ်နေပါတယ်။
အဲ့တာကြောင့် ဂန်ဘိနာလည်း စိတ်တိုနေပြီး
သောက်နေကြ အအေးဘူးကိုလုံးချေပစ်ရင်း တရားခွင်က ခဏနားကာ ထွက်သွားပါတယ်။
ဂန်ဘိနာဟာ အမှုကိစ္စ ဖုန်းပြောရင်းနဲ့ အပြင်ကို
ထွက်လာခဲ့ပါတယ်။
အပြင်မှာတော့ မူကြိုကလေးတွေက တရားမျှတမှု
နတ်သမီးရုပ်တုကိုကြည့်ကာ သူတို့ဆရာမကို မေးနေခဲ့ပါတယ်။
ဆရာမလည်း ဂန်ဘိနာဖြတ်သွားတာကိုမြင်တာကြောင့်
ကလေးတွေကို ရုပ်တုအကြောင်း ပြောပြပေးဖို့ တောင်းဆိုလိုက်ပါတယ်။
ဂန်ဘိနာလည်း ပြန်ငြင်းလိုက်ပြီး သွားတော့မလို့လုပ်နေတုန်း
ကလေးတွေက တရားသူကြီး မဟုတ်ဘူးလို့ထင်တဲ့အကြောင်း လှမ်းပြောလိုက်တာကြောင့်
ဂန်ဘိနာလည်း အပြောမခံနိင်တော့ဘဲ ရုပ်တုအကြောင်း ကလေးတွေကို ရှင်းပြလိုက်ပါတယ်။
ကောင်းတဲ့သူတွေက ပျော်ပျော်နေရပြီး မကောင်းတဲ့သူတွေက
အပြစ်ပေးခံရတဲ့ အကြောင်း ကလေးတွေကိုရှင်းပြပါတယ်။
အဲ့ဒါကြောင့် ကလေးတွေလည်း ဂန်ဘိနာကို ကောင်းတဲ့
တရားသူကြီးလား မကောင်းတဲ့တရားသူကြီးလားလို့ ပြန်မေးလိုက်ပါတယ်။
ဂန်ဘိနာကတော့ သူ့ကိုယ်သူ ငရဲကနေ လာတဲ့
တရားသူကြီးဖြစ်ကြောင်း ပြုံးပြုံးကြီး ပြောလိုက်ပြီး
ဇာတ်လမ်းလေးလည်း ဒီမှာပဲ ပြီးဆုံးသွားပါတော့တယ်။
အဆုံးထိအားပေးခဲ့ကြတဲ့
ပရိတ်သတ်အယောက်စီတိုင်းကို
ကျေးဇူးအထူးတင်ရှိပါ ကြောင်းနဲ့၊
ပရိတ်သတ်များနဲ့တကွ
တိုင်းပြည်နဲ့လူမျိုးကို
အဆိပ်မခပ်သူများအားလုံး
ကျန်းမာ၊ ဘေးကင်းကြပါစေကြောင်း
တင်ဆက်သူကျမ “ချစ်ခွန်းချို”မှ
ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်ရှင်။
No comments:
Post a Comment